နာမည်ကြီးပင်လယ်ဓားပြကြီး ကပ္ပတိန် ဂျက်စပဲရိုး ခေါင်းပေါ်ရှိ မြန်မာနိုင်ငံထုတ် ငါးပြားစေ့အကြောင်း

နာမည်ကြီးပင်လယ်ဓားပြကြီး ကပ္ပတိန် ဂျက်စပဲရိုး ခေါင်းပေါ်ရှိ မြန်မာနိုင်ငံထုတ် ငါးပြားစေ့အကြောင်း

 

 

Pirate of the Carribean ဇာတ်ကားတွေထဲက ဇာတ်လိုက်ကျော် ပင်လယ်ဓားပြကြီး ကပ္ပတိန် ဂျက်စပဲရိုး Captain Jack Sparrow နဖူးပေါ်မှာတွဲလောင်းဆွဲထားတဲ့ သူ့ရဲ့အဆောင်လေးကို မိတ်ဆွေတို့ သတိထားမိမှာပါ

အဲ့သည့်အဆောင်လေးမှာ ပစ္စည်း ၈ မျိုးပါတဲ့အတွက် Jack Sparrow piece of eight လို့ခေါ်ပါတယ်။

ဒင်္ဂါးလေး တစ်ပြားပါပြီး ပုတီးစိလေးတွေ သီထားပါတယ်။ Jack ပထမဆုံး ဓါးမြတိုက်ခဲ့တဲ့ ပြင်သစ်သင်္ဘောက ရရှိတာဖြစ်ပြီး

ဒင်္ဂါးလေးကို ကံကောင်းစေတဲ့အဆောင်အဖြစ်Jack က သူ့နဖူးခေါင်းစီးမှာ အမြတ်တနိုး ဆွဲထားပါသတဲ့ဒါမရှိရင် Jack Sparrow ဘုန်းနိမ့်မယ်ဆိုတာ သိတဲ့ သူ့ရန်သူတွေဟာ အဲ့ဒီအဆောင်လေးကို မရမက လိုက်လုပါတယ်။

Captain Jolly Roger ဆိုရင် လောင်းကစားလုပ်ပြီး လုဖူးပါတယ် ဒါပေမယ့် သူမရခဲ့ပါဘူးနောက်ဆုံးတော့ At World’s End ထဲမှာ Jack ရဲ့ အဆောင်လေးကို Hector Barbossa ဖြတ်ထုတ်လိုက်တာကြောင့်Jack ကံဆိုးသွားပြီး

ရေဘဝဲကြီး ခံတွင်းထဲကို သက်ဆင်းသွားရပါတော့တယ် ဒါက piece of eight အကြောင်းပါစကားမစပ် မိတ်ဆွေတို့ သတိထားမိပါသလား သေချာကြည့်ကြည့်ပါ အဲ့သည့် ဒင်္ဂါးလေးဟာ ၁၉၆၂ ခုနှစ်ထုတ် မြန်မာငွေ ငါးပြား ဖြစ်နေပါတယ်

ကျွန်တော်လည်း တလောက HD ကြည့်မိမှ သတိထားမိတာပါ ဒါနဲ့ internet မှာရှာကြည့်ပါတယ်။

Disney က ဘာပြောထားသလဲဆိုတော့ဒင်္ဂါးလေးက ထိုင်းက ရှေးဟောင်း ဒင်္ဂါးလေးဖြစ်ပြီး ပုတီးစိလေးတွေကတော့ မော်ရိုကိုက ဖြစ်ပါတယ်တဲ့။

ကျွန်တော်လည်း တတ်စွမ်းသမျှ ယိုးဒယားဒင်္ဂါးတွေ ရှာကြည့်ပါတယ်ပုံစံတူလုံးဝ မရှိပါခင်ဗျာသူတို့ ပိုက်ဆံတွေမှာ ထိုင်းဘုရင်ပုံနဲ့ စေတီပုထိုးပုံတွေသာ သွန်းလောင်းပါတယ် ကေသရာဇာ ခြင်္သေ့ပုံ မရှိပါဘူးသေချာတိုက်ကြည့်ပါဒါ ၁၉၆၂ ထုတ် မြန်မာ့ပိုက်ဆံ ငါးပြားသာဖြစ်ပါတယ်။

ဒါကြောင့် ကမ္ဘာကျော် Captain Jack Sparrow ဟာမြန်မာ့ငါးပြားကို တရိုတသေ ချိတ်ဆွဲ တိုက်ပွဲဝင်ခဲ့တာဖြစ်ပြီး

မြန်မာ့ငါးပြား မရှိတော့တဲ့အတွက် သူကံဆိုးသွားရတာ ဖြစ်ကြောင်း ပြောပြရင်း ငါးပြားရှင်မြန်မာလူမျိုးတစ်ယောက် အနေနဲ့သင်လည်း ဂုဏ်ယူနိုင်ကြောင်း တင်ဆက်လိုက်ရပါတယ်။

Credit

 

Zawgyi

 

နာမည္ႀကီးပင္လယ္ဓားျပႀကီး ကပၸတိန္ ဂ်က္စပဲရိုး ေခါင္းေပၚရွိ ျမန္မာနိုင္ငံထုတ္ ငါးျပားေစ့အေၾကာင္း

 

 

Pirate of the Carribean ဇာတ္ကားေတြထဲက ဇာတ္လိုက္ေက်ာ္ ပင္လယ္ဓားျပႀကီး ကပၸတိန္ ဂ်က္စပဲရိုး Captain Jack Sparrow နဖူးေပၚမွာတြဲေလာင္းဆြဲထားတဲ့ သူ႕ရဲ႕အေဆာင္ေလးကို မိတ္ေဆြတို႔ သတိထားမိမွာပါ

အဲ့သည့္အေဆာင္ေလးမွာ ပစၥည္း ၈ မ်ိဳးပါတဲ့အတြက္ Jack Sparrow piece of eight လို႔ေခၚပါတယ္။

ဒဂၤါးေလး တစ္ျပားပါၿပီး ပုတီးစိေလးေတြ သီထားပါတယ္။ Jack ပထမဆုံး ဓါးျမတိုက္ခဲ့တဲ့ ျပင္သစ္သေဘၤာက ရရွိတာျဖစ္ၿပီး

ဒဂၤါးေလးကို ကံေကာင္းေစတဲ့အေဆာင္အျဖစ္Jack က သူ႕နဖူးေခါင္းစီးမွာ အျမတ္တနိုး ဆြဲထားပါသတဲ့ဒါမရွိရင္ Jack Sparrow ဘုန္းနိမ့္မယ္ဆိုတာ သိတဲ့ သူ႕ရန္သူေတြဟာ အဲ့ဒီအေဆာင္ေလးကို မရမက လိုက္လုပါတယ္။

Captain Jolly Roger ဆိုရင္ ေလာင္းကစားလုပ္ၿပီး လုဖူးပါတယ္ ဒါေပမယ့္ သူမရခဲ့ပါဘူးေနာက္ဆုံးေတာ့ At World’s End ထဲမွာ Jack ရဲ႕ အေဆာင္ေလးကို Hector Barbossa ျဖတ္ထုတ္လိုက္တာေၾကာင့္Jack ကံဆိုးသြားၿပီး

ေရဘဝဲႀကီး ခံတြင္းထဲကို သက္ဆင္းသြားရပါေတာ့တယ္ ဒါက piece of eight အေၾကာင္းပါစကားမစပ္ မိတ္ေဆြတို႔ သတိထားမိပါသလား ေသခ်ာၾကည့္ၾကည့္ပါ အဲ့သည့္ ဒဂၤါးေလးဟာ ၁၉၆၂ ခုႏွစ္ထုတ္ ျမန္မာေငြ ငါးျပား ျဖစ္ေနပါတယ္

ကြၽန္ေတာ္လည္း တေလာက HD ၾကည့္မိမွ သတိထားမိတာပါ ဒါနဲ႕ internet မွာရွာၾကည့္ပါတယ္။

Disney က ဘာေျပာထားသလဲဆိုေတာ့ဒဂၤါးေလးက ထိုင္းက ေရွးေဟာင္း ဒဂၤါးေလးျဖစ္ၿပီး ပုတီးစိေလးေတြကေတာ့ ေမာ္ရိုကိုက ျဖစ္ပါတယ္တဲ့။

ကြၽန္ေတာ္လည္း တတ္စြမ္းသမွ် ယိုးဒယားဒဂၤါးေတြ ရွာၾကည့္ပါတယ္ပုံစံတူလုံးဝ မရွိပါခင္ဗ်ာသူတို႔ ပိုက္ဆံေတြမွာ ထိုင္းဘုရင္ပုံနဲ႕ ေစတီပုထိုးပုံေတြသာ သြန္းေလာင္းပါတယ္ ေကသရာဇာ ျခေသၤ့ပုံ မရွိပါဘူးေသခ်ာတိုက္ၾကည့္ပါဒါ ၁၉၆၂ ထုတ္ ျမန္မာ့ပိုက္ဆံ ငါးျပားသာျဖစ္ပါတယ္။

ဒါေၾကာင့္ ကမာၻေက်ာ္ Captain Jack Sparrow ဟာျမန္မာ့ငါးျပားကို တရိုတေသ ခ်ိတ္ဆြဲ တိုက္ပြဲဝင္ခဲ့တာျဖစ္ၿပီး

ျမန္မာ့ငါးျပား မရွိေတာ့တဲ့အတြက္ သူကံဆိုးသြားရတာ ျဖစ္ေၾကာင္း ေျပာျပရင္း ငါးျပားရွင္ျမန္မာလူမ်ိဳးတစ္ေယာက္ အေနနဲ႕သင္လည္း ဂုဏ္ယူနိုင္ေၾကာင္း တင္ဆက္လိုက္ရပါတယ္။

Credit

 

 

 

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *