သမိုင်းထဲက ပျောက်ဆုံးနေတဲ့ ကျန်းစစ်သားမင်းကြီး ရဲ့ အရိန္ဒမာလှံတော်

သမိုင်းထဲက ပျောက်ဆုံးနေတဲ့ ကျန်းစစ်သားမင်းကြီး ရဲ့ အရိန္ဒမာလှံတော်

 

 

သိကြားမင်း သည် ဘီစီ ၆၀၆ ခုနှစ် တွင် ဒဂုန်၌နန်း တက်ခဲ့သည့် ဒဂုန်မင်းဆက် ၏ ၃၂ ဆက်မြောက် ဘုရင် ဥက္ကလာပ မင်းကြီး ၏ ခမည်းတော် ဖြစ်သည် ဟု ဆိုသည်။

သိကြားမင်း နှင့် ကြင်ယာတော် မယ်လမုတို့ မှ ဥက္ကလာပမင်းကြီး ကို ဖွားမြင်ခဲ့ခြင်း ဖြစ်သည် ဟု ဆို၏။ရွှေတိဂုံစေတီတော် တည်စဉ် ကလည်း သိကြားမင်း သည် သားတော် ဥက္ကလာပမင်းကြီး ၊ ကုန်သည်ညီနောင်တို့နှင့် အတူ ပါခဲ့သေး သည်။

သိကြားမင်း၏ အရိန္ဒမာလှံတံကို အစောဆုံး ဆက်သခံခဲ့ရသူမှာ ဒွတ္တဘောင်မင်း ဖြစ်သည် ဟု ဆိုပါ သည် ။ဒွတ္တဘောင် သည် သိကြားမင်းနှင့် အတော်အတန် ရင်းနှီးသူဟု ဆိုနိုင် ပါသည် ။ အဘယ်ကြောင့်ဆိုသော် ဘုံအဆင့်ဆင့်ပါ နန်းတော် ၃ ဆောင် ပြီးစီးချိန်တွင် သိကြားမင်းကိုယ်တိုင် ဒွတ္တဘောင်မင်း၏ လက်ကို ဆွဲလျက် နန်းတင်ပေး ခဲ့ခြင်း ဖြစ်သည် ။

ထိုစဉ်တွင် သိကြားမင်း က ဒွတ္တဘောင်အား အရိန္ဒမာ လှံတံကို ပေးအပ်ခဲ့ခြင်း ဖြစ်သည် ။အရိန္ဒမာ သည် ပုဂံခေတ်ဦး တွင် ပြန်လည် ပေါ်ပေါက်လာခဲ့ပြန်သည်။ ပုဂံတွင် မင်းလောင်းပေါ်နေသည်ကို သွားရောက်ကြည့်ရှုလိုသည့် ကွမ်းဆော်လုလင်အား အဘိုးအိုယောင်ဆောင်ထား သည့် သိကြားမင်းက မြင်းကိုပေးအပ်ရာတွင် အရိန္ဒမာလှံတံ လည်း ပါဝင်ခဲ့ သည် ။

ကွမ်းဆော် လုလင် သည် ကျောင်းဖြူမင်းအဖြစ် ပုဂံတွင် ထီးနန်းစိုးစံခဲ့ပြီးနောက် နန်းကျသွားသော အခါ အရိန္ဒ မာလှံတံက သားတော် အနော်ရထာမင်းထံ သို့ ရောက်ရှိသွားပါသည်။စုက္ကတေးမင်းက အမိကွဲ ညီတော် အနော်ရထာ မင်းသားအပေါ် မောက် မာစော်ကား လာသည် ကို နန်းကျဘုရင် ကျောင်းဖြူမင်းက မကျေမနပ်ဖြစ် ကာ တန်ခိုးထက်လှသော အရိန္ဒမာလှံတံကို သားတော် အနော်ရထာထံ သို့ လွှဲပြောင်းပေးအပ်ခဲ့ခြင်း ဖြစ်သည်။

အနော်ရထာ လက်ထက် တွင် အရိန္ဒမာလှံတံက အထူးထင်ရှား ခဲ့သည် ။ ထို့ကြောင့်လည်း အရိန္ဒမာလှံတံအကြောင်း နှောင်းခေတ်ပြည်သူတို့ သိရှိလာခဲ့ရခြင်း ဖြစ်သည်။ အနော်ရထာ ဘုရင်ဖြစ်လာပြီးနောက် ဥဿာပဲခူးမှပြန် လာသော ကျန်စစ်သားအပေါ် မဏိစန္ဒာမင်းသမီးနှင့် ပတ်သက်၍ သံသယရှိ အမျက်တော်ရှကာ အရိန္ဒမာလှံတံဖြင့် ပစ်လိုက်သည် ။

ဤတွင် အရိန္ဒမာလှံတံက နှောင်ကြိုး ကို ထိမှန်ပြတ်တောက် သွားရာ ကျန်စစ်သား က လှံတံ ကို ကောက်ယူပြေးတော့သည် ။ သို့ဖြင့် အရိန္ဒ မာလှံတံသည် ကျန်စစ်သားလက်ထဲ သို့ ရောက်သွား၏ ။ကျန်စစ်သား သည် ကျောင်းဖြူရပ်ရှိ မထီးကျောင်း သို့ ရောက်သောအခါ သံပုရာချဉ်သီးများကို လှံတံဖြင့် ထိုးဆွတ်စားသောက်လေရာ သံပုရာသီးများက ချိုမြသွားသည်ဟု ဆိုပါသည်။

ကျန်စစ်သားနှင့် သိကြားမင်းတို့ကလည်း အလွမ်းသင့်ကြဟန် တူပါသည်။ သိကြားမင်းသည် မိမိ၏ အရိန္ဒမာလှံတံ ကျန်စစ်သားလက်တွင်း သို့ ရောက်သွားသည် ကို ကျေကျေ နပ်နပ် လက်ခံထားပုံရသည်။အနော်ရထာမင်းလက်ထက်က မပြီးပြတ်ခဲ့သည့် ရွှေစည်း ခုံစေတီတော်ကို ဆက်လက်တည်ထား ကိုးကွယ်ခဲ့ရာတွင် သိကြားမင်းသည် ပန်းရံကြီးယောင်ဆောင်၍ ဝင်ရောက်ကူညီခဲ့သေး သည် ဆို၏။

သိကြားမင်းက ကျောက်ရွေလုပ်ငန်း၊ သရွတ်ကျံ လုပ်ငန်းများကိုလည်း စေ့စပ်သေချာမှုရှိစေရန် ပါဝင်လုပ်ဆောင်ခဲ့သေးသည်။ထို့ပြင် ရွှေစည်းခုံစေတီတော် အရှေ့တောင်ထောင့်မှ ကျောက်ခြင်္သေ့ရုပ်တုကိုပင် ဝင်ရောက်ထုလုပ်ပေး ခဲ့သည် ဆို ပါသည်။

ကျန်စစ်သား၏ အရိန္ဒ မာလှံတံသည် သူ့အားဆက်ခံသည့် မြေးတော် အလောင်း စည်သူမင်းထံ သို့ ဆက်လက်ရောက် ရှိသွားသည် ဟု မှန်းဆရ ပါသည်။ သို့သော် ရာဇဝင်ကျမ်းများတွင် အရိန္ဒမာလှံတံအကြောင်း စိုးစဉ်းမျှ မတွေ့ရတော့။

အလောင်းစည်သူမင်းကို ဘိသိက်ပေးခဲ့သူက သိကြားမင်းကိုယ် တိုင် ဖြစ်ပါသည်။ သို့ကြောင့်လည်း အရိန္ဒမာလှံတံသည် အလောင်းစည်သူထံတွင် ရှိမည်ဟု မှန်းဆမိခြင်း ဖြစ်သည်။ပုဂံခေတ်၊ အင်းဝ ခေတ် စသည့် ခေတ်အဆက်ဆက်သာ ပြောင်းလဲသွားသည်။ အရိန္ဒမာ အကြောင်းက သဲလွန်စပင် မရတော့။

အရိန္ဒမာလှံတံ ရာဇဝင်ထဲမှ ပျောက်ဆုံးသွားခြင်း ကို ဘဝင်မကျ ဖြစ်နေမိသည်။ မဆီမဆိုင် အတွေးက အရိန္ဒမာဆီ သို့ ရောက်နေမိသည်။ရာဇဝင်ကျမ်းများ၊ သမိုင်းစာအုပ်များ ကို ဖတ်တိုင်း သတိထား ရှာဖွေရမည့် ဝေါဟာရများထဲ တွင် အရိန္ဒမာ ပါလာသည် ။အရိန္ဒမာလှံ ဘယ်ရောက်သွားသနည်း။

ရာဇဝင်ကျမ်းများကို ဖတ်ရင်း အတွေးပေါက်လာ မိသည်။အရိန္ဒမာလှံသည် သိကြားမင်းပိုင် လှံတံဖြစ်သည် ။ တန်ခိုးထက်သော လှံတံ လည်း ဖြစ်သည်။ သံပုရာသီး အချဉ်ကိုပင် ချိုနိုင်အောင် စွမ်းဆောင်နိုင်စွမ်းရှိသော ပစ္စည်းဖြစ်သည်။သိကြားမင်းက ဘုရင်တစ်ပါးပါးအပေါ် စိတ်ခုပြီး အရိန္ဒမာလှံတံ ကို ပြန်လည် သိမ်းယူသွားလေသလား အတွေးနယ်ချဲ့မိသည်။

နောက်ဆုံးတော့ ပျောက်သောသူ ရှာရင်တွေ့ ဆိုသကဲ့သို့ အရိန္ဒမာလှံတံကို အမှတ်မထင် ပြန်လည်တွေ့ရှိရတော့သ ည်။ အလောင်းမင်းတရားကြီး ၏ အမိန့်တော်များထဲတွင် အမှတ်မထင် တွေ့ရှိရခြင်းဖြစ်၏ ။၉ ဧပြီ ၁၇၅၆ တွင် သိကြားမင်းထံ မှ စာလွှာအဖြစ် အမိန့်တော်ထုတ်ပြန်ရာ၌ အရိန္ဒမာလှံတံ ပါဝင်လာခဲ့ခြင်း ဖြစ်ပါသည်။

သိကြားမင်းထံမှ စာလွှာ၌ “ငါ့ကို လည်း ဘုရားသခင် ပရိနိဗ္ဗာန် ယူတော်မူခါနီး ၌ သာသနာတော်မြတ် ကို စောင်မရမည် အမိန့် တော်ရှိ၍ ကုန်းဘောင်ပြည်မင်းကို ငါ စောင်မရသည်။

ဆင်ဖြူလည်း ၅ စီး ငါပေးပြီ ။ အရိန္ဒမာလှံလည်း ငါ အပ်ပြီ´´ ဟူ၍ ပါရှိ ပါသည်။ယင်းနောက်ပိုင်း ၌အလောင်းမင်းတရား အမိန့်တော်များတွင် “အရိန္ဒမာ စကြာရွှေလှံရ အဆောင်ဆောင်သော ပြာသာဒ်သခင် ဖြစ်တော်မူသော´´ စသည်ဖြင့် ထည့်သွင်းဖော်ပြလာ ပါသည်။

သို့သော် အလောင်းမင်းတရားနောက်ပိုင်း ဆက်ခံကြသည့် ကုန်းဘောင်မင်းများလက်ထ က်တွင် အရိန္ဒမာလှံတံအကြောင်း လုံးဝ ဖော်ပြခြင်း မရှိတော့ချေ ။အရိန္ဒမာလှံတံကား ပျောက်ခြင်းမ လှ ပျောက်သွားပြန်လေပြီ။…

Credit

 

Zawgyi

 

သမိုင္းထဲက ေပ်ာက္ဆုံးေနတဲ့ က်န္းစစ္သားမင္းႀကီး ရဲ႕ အရိႏၵမာလွံေတာ္

 

 

သိၾကားမင္း သည္ ဘီစီ ၆၀၆ ခုႏွစ္ တြင္ ဒဂုန္၌နန္း တက္ခဲ့သည့္ ဒဂုန္မင္းဆက္ ၏ ၃၂ ဆက္ေျမာက္ ဘုရင္ ဥကၠလာပ မင္းႀကီး ၏ ခမည္းေတာ္ ျဖစ္သည္ ဟု ဆိုသည္။

သိၾကားမင္း ႏွင့္ ၾကင္ယာေတာ္ မယ္လမုတို႔ မွ ဥကၠလာပမင္းႀကီး ကို ဖြားျမင္ခဲ့ျခင္း ျဖစ္သည္ ဟု ဆို၏။ေ႐ႊတိဂုံေစတီေတာ္ တည္စဥ္ ကလည္း သိၾကားမင္း သည္ သားေတာ္ ဥကၠလာပမင္းႀကီး ၊ ကုန္သည္ညီေနာင္တို႔ႏွင့္ အတူ ပါခဲ့ေသး သည္။

သိၾကားမင္း၏ အရိႏၵမာလွံတံကို အေစာဆုံး ဆက္သခံခဲ့ရသူမွာ ဒြတၱေဘာင္မင္း ျဖစ္သည္ ဟု ဆိုပါ သည္ ။ဒြတၱေဘာင္ သည္ သိၾကားမင္းႏွင့္ အေတာ္အတန္ ရင္းႏွီးသူဟု ဆိုနိုင္ ပါသည္ ။ အဘယ္ေၾကာင့္ဆိုေသာ္ ဘုံအဆင့္ဆင့္ပါ နန္းေတာ္ ၃ ေဆာင္ ၿပီးစီးခ်ိန္တြင္ သိၾကားမင္းကိုယ္တိုင္ ဒြတၱေဘာင္မင္း၏ လက္ကို ဆြဲလ်က္ နန္းတင္ေပး ခဲ့ျခင္း ျဖစ္သည္ ။

ထိုစဥ္တြင္ သိၾကားမင္း က ဒြတၱေဘာင္အား အရိႏၵမာ လွံတံကို ေပးအပ္ခဲ့ျခင္း ျဖစ္သည္ ။အရိႏၵမာ သည္ ပုဂံေခတ္ဦး တြင္ ျပန္လည္ ေပၚေပါက္လာခဲ့ျပန္သည္။ ပုဂံတြင္ မင္းေလာင္းေပၚေနသည္ကို သြားေရာက္ၾကည့္ရႈလိုသည့္ ကြမ္းေဆာ္လုလင္အား အဘိုးအိုေယာင္ေဆာင္ထား သည့္ သိၾကားမင္းက ျမင္းကိုေပးအပ္ရာတြင္ အရိႏၵမာလွံတံ လည္း ပါဝင္ခဲ့ သည္ ။

ကြမ္းေဆာ္ လုလင္ သည္ ေက်ာင္းျဖဴမင္းအျဖစ္ ပုဂံတြင္ ထီးနန္းစိုးစံခဲ့ၿပီးေနာက္ နန္းက်သြားေသာ အခါ အရိႏၵ မာလွံတံက သားေတာ္ အေနာ္ရထာမင္းထံ သို႔ ေရာက္ရွိသြားပါသည္။စုကၠေတးမင္းက အမိကြဲ ညီေတာ္ အေနာ္ရထာ မင္းသားအေပၚ ေမာက္ မာေစာ္ကား လာသည္ ကို နန္းက်ဘဳရင္ ေက်ာင္းျဖဴမင္းက မေက်မနပ္ျဖစ္ ကာ တန္ခိုးထက္လွေသာ အရိႏၵမာလွံတံကို သားေတာ္ အေနာ္ရထာထံ သို႔ လႊဲေျပာင္းေပးအပ္ခဲ့ျခင္း ျဖစ္သည္။

အေနာ္ရထာ လက္ထက္ တြင္ အရိႏၵမာလွံတံက အထူးထင္ရွား ခဲ့သည္ ။ ထို႔ေၾကာင့္လည္း အရိႏၵမာလွံတံအေၾကာင္း ေႏွာင္းေခတ္ျပည္သူတို႔ သိရွိလာခဲ့ရျခင္း ျဖစ္သည္။ အေနာ္ရထာ ဘုရင္ျဖစ္လာၿပီးေနာက္ ဥႆာပဲခူးမွျပန္ လာေသာ က်န္စစ္သားအေပၚ မဏိစႏၵာမင္းသမီးႏွင့္ ပတ္သက္၍ သံသယရွိ အမ်က္ေတာ္ရွကာ အရိႏၵမာလွံတံျဖင့္ ပစ္လိုက္သည္ ။

ဤတြင္ အရိႏၵမာလွံတံက ေႏွာင္ႀကိဳး ကို ထိမွန္ျပတ္ေတာက္ သြားရာ က်န္စစ္သား က လွံတံ ကို ေကာက္ယူေျပးေတာ့သည္ ။ သို႔ျဖင့္ အရိႏၵ မာလွံတံသည္ က်န္စစ္သားလက္ထဲ သို႔ ေရာက္သြား၏ ။က်န္စစ္သား သည္ ေက်ာင္းျဖဴရပ္ရွိ မထီးေက်ာင္း သို႔ ေရာက္ေသာအခါ သံပုရာခ်ဥ္သီးမ်ားကို လွံတံျဖင့္ ထိုးဆြတ္စားေသာက္ေလရာ သံပုရာသီးမ်ားက ခ်ိဳျမသြားသည္ဟု ဆိုပါသည္။

က်န္စစ္သားႏွင့္ သိၾကားမင္းတို႔ကလည္း အလြမ္းသင့္ၾကဟန္ တူပါသည္။ သိၾကားမင္းသည္ မိမိ၏ အရိႏၵမာလွံတံ က်န္စစ္သားလက္တြင္း သို႔ ေရာက္သြားသည္ ကို ေက်ေက် နပ္နပ္ လက္ခံထားပုံရသည္။အေနာ္ရထာမင္းလက္ထက္က မၿပီးျပတ္ခဲ့သည့္ ေ႐ႊစည္း ခုံေစတီေတာ္ကို ဆက္လက္တည္ထား ကိုးကြယ္ခဲ့ရာတြင္ သိၾကားမင္းသည္ ပန္းရံႀကီးေယာင္ေဆာင္၍ ဝင္ေရာက္ကူညီခဲ့ေသး သည္ ဆို၏။

သိၾကားမင္းက ေက်ာက္ေ႐ြလုပ္ငန္း၊ သ႐ြတ္က်ံ လုပ္ငန္းမ်ားကိုလည္း ေစ့စပ္ေသခ်ာမႈရွိေစရန္ ပါဝင္လုပ္ေဆာင္ခဲ့ေသးသည္။ထို႔ျပင္ ေ႐ႊစည္းခုံေစတီေတာ္ အေရွ႕ေတာင္ေထာင့္မွ ေက်ာက္ျခေသၤ့႐ုပ္တုကိုပင္ ဝင္ေရာက္ထုလုပ္ေပး ခဲ့သည္ ဆို ပါသည္။

က်န္စစ္သား၏ အရိႏၵ မာလွံတံသည္ သူ႕အားဆက္ခံသည့္ ေျမးေတာ္ အေလာင္း စည္သူမင္းထံ သို႔ ဆက္လက္ေရာက္ ရွိသြားသည္ ဟု မွန္းဆရ ပါသည္။ သို႔ေသာ္ ရာဇဝင္က်မ္းမ်ားတြင္ အရိႏၵမာလွံတံအေၾကာင္း စိုးစဥ္းမွ် မေတြ႕ရေတာ့။

အေလာင္းစည္သူမင္းကို ဘိသိက္ေပးခဲ့သူက သိၾကားမင္းကိုယ္ တိုင္ ျဖစ္ပါသည္။ သို႔ေၾကာင့္လည္း အရိႏၵမာလွံတံသည္ အေလာင္းစည္သူထံတြင္ ရွိမည္ဟု မွန္းဆမိျခင္း ျဖစ္သည္။ပုဂံေခတ္၊ အင္းဝ ေခတ္ စသည့္ ေခတ္အဆက္ဆက္သာ ေျပာင္းလဲသြားသည္။ အရိႏၵမာ အေၾကာင္းက သဲလြန္စပင္ မရေတာ့။

အရိႏၵမာလွံတံ ရာဇဝင္ထဲမွ ေပ်ာက္ဆုံးသြားျခင္း ကို ဘဝင္မက် ျဖစ္ေနမိသည္။ မဆီမဆိုင္ အေတြးက အရိႏၵမာဆီ သို႔ ေရာက္ေနမိသည္။ရာဇဝင္က်မ္းမ်ား၊ သမိုင္းစာအုပ္မ်ား ကို ဖတ္တိုင္း သတိထား ရွာေဖြရမည့္ ေဝါဟာရမ်ားထဲ တြင္ အရိႏၵမာ ပါလာသည္ ။အရိႏၵမာလွံ ဘယ္ေရာက္သြားသနည္း။

ရာဇဝင္က်မ္းမ်ားကို ဖတ္ရင္း အေတြးေပါက္လာ မိသည္။အရိႏၵမာလွံသည္ သိၾကားမင္းပိုင္ လွံတံျဖစ္သည္ ။ တန္ခိုးထက္ေသာ လွံတံ လည္း ျဖစ္သည္။ သံပုရာသီး အခ်ဥ္ကိုပင္ ခ်ိဳနိုင္ေအာင္ စြမ္းေဆာင္နိုင္စြမ္းရွိေသာ ပစၥည္းျဖစ္သည္။သိၾကားမင္းက ဘုရင္တစ္ပါးပါးအေပၚ စိတ္ခုၿပီး အရိႏၵမာလွံတံ ကို ျပန္လည္ သိမ္းယူသြားေလသလား အေတြးနယ္ခ်ဲ့မိသည္။

ေနာက္ဆုံးေတာ့ ေပ်ာက္ေသာသူ ရွာရင္ေတြ႕ ဆိုသကဲ့သို႔ အရိႏၵမာလွံတံကို အမွတ္မထင္ ျပန္လည္ေတြ႕ရွိရေတာ့သ ည္။ အေလာင္းမင္းတရားႀကီး ၏ အမိန႔္ေတာ္မ်ားထဲတြင္ အမွတ္မထင္ ေတြ႕ရွိရျခင္းျဖစ္၏ ။၉ ဧၿပီ ၁၇၅၆ တြင္ သိၾကားမင္းထံ မွ စာလႊာအျဖစ္ အမိန႔္ေတာ္ထုတ္ျပန္ရာ၌ အရိႏၵမာလွံတံ ပါဝင္လာခဲ့ျခင္း ျဖစ္ပါသည္။

သိၾကားမင္းထံမွ စာလႊာ၌ “ငါ့ကို လည္း ဘုရားသခင္ ပရိနိဗၺာန္ ယူေတာ္မူခါနီး ၌ သာသနာေတာ္ျမတ္ ကို ေစာင္မရမည္ အမိန႔္ ေတာ္ရွိ၍ ကုန္းေဘာင္ျပည္မင္းကို ငါ ေစာင္မရသည္။

ဆင္ျဖဴလည္း ၅ စီး ငါေပးၿပီ ။ အရိႏၵမာလွံလည္း ငါ အပ္ၿပီ´´ ဟူ၍ ပါရွိ ပါသည္။ယင္းေနာက္ပိုင္း ၌အေလာင္းမင္းတရား အမိန႔္ေတာ္မ်ားတြင္ “အရိႏၵမာ စၾကာေ႐ႊလွံရ အေဆာင္ေဆာင္ေသာ ျပာသာဒ္သခင္ ျဖစ္ေတာ္မူေသာ´´ စသည္ျဖင့္ ထည့္သြင္းေဖာ္ျပလာ ပါသည္။

သို႔ေသာ္ အေလာင္းမင္းတရားေနာက္ပိုင္း ဆက္ခံၾကသည့္ ကုန္းေဘာင္မင္းမ်ားလက္ထ က္တြင္ အရိႏၵမာလွံတံအေၾကာင္း လုံးဝ ေဖာ္ျပျခင္း မရွိေတာ့ေခ် ။အရိႏၵမာလွံတံကား ေပ်ာက္ျခင္းမ လွ ေပ်ာက္သြားျပန္ေလၿပီ။…

Credit

 

 

 

 

 

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *