ကန့်ဘလူမြို့နယ်၊ ကျွန်းလှမြို့သူ တွေရဲ့ ညီညွှတ်လှတဲ့ ပိတောက်သပိတ်

မင်္ဂလာ ပါ ပရိတ်သတ်ကြီး တို့ရေ ဒီကနေ့ မြန်မာတစ်နိုင်ငံလုံးကပြည်သူတွေများစွာဟာ ဘယ်လောက်ဖိဖိတစ်ပြည်သူလုံးရဲ့ ညီညွှတ် လှတဲ့စွမ်းအားကိုပြသလိုက်ပါပြီ။

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှု စတင်ဖြစ်ပေါ် တည်းကမြန်မာပြည်သူတွေများစွာဟာဒီမတရားမှုအပေါ် လက်သင့်မခံနိုင် ကြတဲ့အတွက်တော်လှန်မှုတွေကို ဆက်တိုက်ဆိုသလိုပြုလုပ်လာခဲ့ကြတာပါ။

မြန်မာပြည်သူတွေဟာဒီတော်လှန်ရေးတိုက်ပွဲကြီး ကိုဆက်တိုက်တိုက်ပွဲဝင် လာ ခဲ့ ကြ ရင်း စတေးခဲ့ရတဲ့အသက်ပေါင်းများစွာ အဖမ်းဆီး ခံခဲ့ရတဲ့သူရဲ ကောင်းတွေများစွာရှိလို့နေခဲ့ပါတယ်။

မြန်မာပြည်သူပေါင်းများစွာအာ ဏာ ရှင် စ နစ် ဆိုး အောက် မှာ သွေးမြေကျခဲ့ရပြီး အဖိနှိပ်ခံခဲ့ရပေမဲ့လဲ ဒီကနေ့ မြန်မာပြည်သူ တွေများစွာဟာ ဒီမတရားမှုကြီး ကိုကမ္ဘာကသိအောင်ပြန်လည် ပြုလုပ်လာခဲ့ကြပါပြီ။

ရန်ကုန်မြို့ တွင်းမှာလဲ ကားသပိတ် တွေ၊ လူထုသပိတ်တွေ၊ သံပုံးတီးမှုတွေပြန်လည် လှုပ်ရှားလာခဲ့ကြပြီး ကန့်ဘလူမြို့နယ်၊ ကျွန်းလှ  မြို့ သူတွေဟာလဲ ညီ ညွှတ် လှတဲ့ ပိတောက်ပန်းသပိတ် ကိုပြုလုပ်လာခဲ့ကြပါတယ်။

ပိတောက်ပန်းလေး တွေဟာနွေအခါ မှာပွင့်ကြပေမဲ့လဲဘယ် လောက် ပဲနေပူဒဏ်ပြင်းပါစေ သူတို့ ရဲ့ အလှအပ၊ သူတို့ရဲ့ ထုံသင်းမှုတွေကို အလျော့မခံပဲအလှပဆုံးပွင့်လန်းကြသူတွေပဲဖြစ်ပါတယ်။

ကျွန်းလှမြို့ သူလေး တွေဟာဆိုင်ကယ်မောင်း ပြီးလက်တစ်ဖက်က လက်သုံးချောင်း ထောင်ကာ ပိတောက်ပန်း လေးတွေကို ဝေ နေအောင် ပန်ပြီးသပိတ်ဆင် နွှဲ ကြတာဟာတကယ့်ကို ကြက်သီး ထစရာညီညွှတ်မှုပဲဖြစ်ပါတယ်။

မြန် မာပြည်သူတွေ အားလုံးရဲ့ ညီ ညွှတ် မှုနဲ့ အတူဒီမတရားမှု ကြီးကို အမြန်ဆုံးအောင်ပွဲဆင်နိုင်ကြပါစေ။ ဖတ်ရှု အားပေးခဲ့ကြတဲ့ ပရိတ်သတ်ကြီးသာယာတဲ့ နေ့ရက်များပိုင်ဆိုင်နိုင်ကြပါစေ။

Photo Credit

Likes:
0 0
Views:
790
Article Categories:
NEWS

Leave a Reply

Your email address will not be published. Required fields are marked *