ဂျပန်နိုင်ငံရဲ့သမိုင်းမှာ ပထမဆုံး ​လူမည်းဆာမူရိုင်း

ဂျပန်နိုင်ငံရဲ့သမိုင်းမှာ ပထမဆုံး ​လူမည်းဆာမူရိုင်း

 

 

ဆာမူရိုင်း လို့ ဆိုလိုက်တာနဲ့ ကျွန်တော်တို့အများစု သိထားကြတာက ဂျပန်လူမျိုးသူရဲကောင်းတွေ ဆိုတာပါ။ အာရှတိုက်က ဂျပန်လူမျိုး နဲ့ အာဖရိကတိုက်က လူမည်းတို့ဟာ ဆက်စပ်ခြင်းမရှိပေမယ့် ဂျပန်နိုင်ငံသမိုင်းမှာတော့ ရှားရှားပါးပါး လူမည်းဆာမူရိုင်းတယောက်ရှိခဲ့ဖူးပါတယ်။

သူ့ရဲ့နာမည်ကတော့ ယာဆူခဲ Yasuke ဖြစ်ပြီး ဂျပန်နိုင်ငံရဲ့ထင်ရှားတဲ့ခေတ်တခေတ်ဖြစ်တဲ့ ဆဲန်ဂိုကုခေတ် Sengoku period မှာ ပေါ်ပေါက်ခဲ့ပါတယ်။

ဆဲန်ဂိုကုခေတ် ကတော့ အေဒီ ၁၄၆၇ ကနေ ၁၆၁၅ အထိဖြစ်ပြီး အဲဒီခေတ်ကို ပြည်တွင်းခေါင်းဆောင်အချင်းချင်း အပြိုင်အဆိုင်တိုက်ခိုက်ကြတဲ့ခေတ် (သို့) လက်နက်ကိုင် ပြည်တွင်းပဋိပက္ခများ ဖြစ်ပွားနေသည့် စစ်ပြိုင်ခေတ် လို့ လူသိများပါတယ်။ အဲဒီအချိန်က ထင်ရှားတဲ့စစ်ခေါင်းဆောင်တွေကတော့ နိုဘူနာဂါ ၊ တိုယိုတိုမီ ဟီဒဲယို နဲ့ တိုကူဂါဝါ အီယဆု တို့ဖြစ်ပါတယ်။

 

ယာဆူခဲ ဂျပန်ကိုရောက်လာတာကတော့ ပေါ်တူဂီတွေနဲ့ သက်ဆိုင်ပါတယ်။ ၁၅ ရာစု တဝိုက်က ပေါ်တူဂီတွေဟာ အာရှတလွှားကို စီးပွားကုန်သွယ်ရေးလုပ်တဲ့အထဲမှာ ဂျပန်နိုင်ငံလည်းအပါအဝင်ဖြစ်ပါတယ်။

စီးပွားရေးနဲ့အတူ တပါတည်းပါလာတာကတော့ ခရစ်ယာန်သာသနာပြု အဖွဲ့တွေဖြစ်ပြီး ဒီလို ခရစ်ယာန်ဘာသာပြန့်ပွားရေးကြောင့် ဂျပန်လူမျိုး ၂သိန်းကျော်ဟာ ခရစ်ယာန်ဘာသာဝင်တွေဖြစ်ကုန်ကြပါတယ်။ အဲဒီမှာ ၁၅၇၉ ခုနှစ်လောက်က ခရစ်ယာန်ဘုန်းတော်ကြီးတပါးဖြစ်တဲ့ Alessandro Valignano နဲ့ အတူ သူ့ရဲ့အစေအပါးဖြစ်တဲ့ ယာဆူခဲတို့ဟာ ဂျပန်နိုင်ငံကို ရောက်ရှိလာကြတာဖြစ်ပါတယ်။

ယာဆူခဲ ကို အာဖရိကတိုက်က မိုဇမ်ဘစ်နိုင်ငံမှာ မွေးဖွားခဲ့ပြီး အဲဒီတုန်းက ကျွန်စနစ်ရှိနေတဲ့အတွက် သူဟာ အစေအပါးတယောက်အဖြစ်နဲ့ ပေါ်တူဂီလူမျိုးတွေဆီကနေတဆင့် ဘုန်းတော်ကြီးထံရောက်ရှိခဲ့တာဖြစ်နိုင်တယ် လို့ လေ့လာသူတွေက ဆိုကြပါတယ်။

 

ဒီလို နဲ့ ယာဆူခဲ ဂျပန်ကိုရောက်လာတဲ့အခါမှာ မြင်သူတိုင်းက သူ့ကို တအံတသြကြည့်ရှု့ကြရပါတယ်။ အရပ်ကြီး ကလန်ကလား နဲ့ အနက်ရောင်ဆေးသုတ်ထားသကဲ့သို့ အသားအရေကို ပိုင်ဆိုင်ထားတဲ့ သူလိုလူမျိုးကို ဂျပန်တွေ တခါမှ မမြင်ဖူးကြလို့ ဖြစ်ပါတယ်။

ဒီသတင်းဟာ အိုဒါ နိုဘူနာဂါအထိ ရောက်ရှိသွားချိန်မှာတော့ ယာဆူခဲ ဟာ စစ်ခေါင်းဆောင်ရဲ့ ခေါ်ယူတွေ့ဆုံခြင်းကို ခံခဲ့ရပါတယ်။ နိုဘူနာဂါကိုယ်တိုင်က ယာဆူခဲရဲ့ အသားအရောင်ဟာ မင်အနက်နဲ့ဆိုးထားတာပဲဖြစ်တယ်လို့ ယုံကြည်ပြီး သူ့အမှုထမ်းတွေကိုတောင် ယာဆူခဲရဲ့ ခန္ဓာကိုယ်ကို ပွတ်သပ်ကာ စစ်ဆေးကြည့်ခိုင်းခဲ့ပါသေးတယ်။

နောက်ပိုင်းမှာတော့ အာဖရိကန်တွေရဲ့ အသားအရောင်ဟာ မူလကတည်းက ဒီလိုမည်းနက်တဲ့အရောင်ဖြစ်တယ် ဆိုတာကို လက်ခံသွားခဲ့ပါတယ်။ ကျန်းမာကြံ့ခိုင်ပြီး ထွားထွားကြိုင်းကြိုင်း နဲ့ မည်းနက်တဲ့အသားအရောင်ရှိတဲ့ ယာဆူခဲကို နိုဘူနာဂါ သဘောကျသွားခဲ့ပြီး သူ့ဆီမှာ အမှုထမ်းစေခဲ့ပါတယ်။

မှတ်တမ်းတခုထဲမှာတော့ ယာဆူခဲရဲ့ အရပ်ဟာ ၆ပေ ၂လက်မ ရှိတယ် လို့ ဖော်ပြထားပါတယ်။ ယာဆူခဲဟာ ဂျပန်စကားနည်းနည်းတတ်တာကြောင့် နိုဘူနာဂါနဲ့ ကိုယ်တိုင် ပြောဆိုဆက်သွယ်နိုင်တဲ့အပြင် သခင်ဖြစ်သူ ဘုန်းတော်ကြီး သင်ကြားပြသပေးထားတာကြောင့် ဂျပန်တို့ရဲ့ ရိုးရာယဉ်ကျေးမှု ကျင့်ဝတ်များနဲ့လည်း ရင်းနှီးထားသူဖြစ်ပါတယ်။

နိုဘူနာဂါဟာ ယာဆူခဲကို ဘူရှီဒိုခေါ် ကျင့်ဝတ်များအပြင် ဆာမူရိုင်းတို့ရဲ့ တိုက်ခိုက်ရေးပညာများကို သင်ကြားစေခဲ့ပါတယ်။ ဒီလိုနဲ့ ယာဆူခဲဟာ နိုဘူနာဂါရဲ့ တဦးတည်းသာ လူမည်းဆာမူရိုင်းဖြစ်လာခဲ့ပါတယ်။ နိုဘူနာဂါက သူ့ကို အိမ်တဆောင် နဲ့ ကာတာနာဓားတလက်တို့ကို ချီးမြှင့်ခဲ့ပါတယ်။

၁၅၈၂ Takeda clan ရဲ့နောက်ဆုံးလက်ကျန်အင်အားကို နှိမ်နှင်းခဲ့တဲ့ Tenmokuzan တိုက်ပွဲမှာတော့ ယာဆူခဲဟာ နိုဘူနာဂါရဲ့တပ်သားတယောက်အဖြစ် ပါဝင်တိုက်ခိုက်ခဲ့ပါတယ်။ အဲဒီနောက်တော့ နိုဘူနာဂါဟာ ယာဆူခဲကို သူ့ရဲ့အနီးကပ်တပ်သားအဖြစ် အမြဲတစေခေါ်သွားပါတော့တယ်။

ယာဆူခဲဟာလည်း လူမည်းတယောက်ဆိုပေမယ့် ဆာမူရိုင်းတို့ရဲ့ “သခင်တစ်ယောက်ကို အသက်ပေး၍ သစ္စာရှိခြင်း၊ တာဝန်ကို ကျေပွန်စွာထမ်းဆောင်ခြင်းသည် စစ်သူရဲတစ်ယောက်၏ ဂုဏ်သိက္ခာရှိသော အပြုအမူနှင့် လမ်းစဉ်” ဆိုတဲ့ ဘူရှီဒို သွေးဟာ သူ့ကိုယ်ထဲမှာ အမြစ်တွယ်နေခဲ့ပြီဖြစ်ပါတယ်။

၁၅၈၂ ခုနှစ် ဇွန်လမှာတော့ နိုဘူနာဂါဟာ သူ့တပ်တွေကို လူစုခွဲစေခဲ့ပြီး သူကိုယ်တိုင်ကတော့ ကျိုတိုမြို့က Honno-Ji ဘုရားကျောင်းမှာ အနားယူနေခဲ့ပါတယ်။ ဒီအချိန်မှာပဲ သူအားကိုးရတဲ့ စစ်သူကြီးတယောက်ဖြစ်သူ Akechi Mitsuhide ရဲ့ သစ္စာဖောက်ခြင်းကို ခံရပါတော့တယ်။

လုံခြုံရေးအနည်းငယ်သာ ရှိနေတဲ့အချိန်မှာ Akechi Mitsuhide က သူ့ရဲ့စစ်တပ်နဲ့ ဝိုင်းပြီးတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ အင်အားမမျှပေမယ့် ယာဆူခဲဟာ သခင်ဖြစ်သူအတွက် ကြိုးစားပြီး အစွမ်းကုန်တိုက်ခိုက်ပေးခဲ့ပါတယ်။ အဆမတန်အင်အားများနေတဲ့ ရန်သူရဲ့ဓားချက်နဲ့ မသေလိုတဲ့ နိုဘူနာဂါဟာ သူ့ကိုယ်သူ အဆုံးစီရင်သွားပါတော့တယ်။

နိုဘူနာဂါ အဆုံးစီရင်ပြီးပြီးချင်းမှာပဲ ယာဆူခဲဟာ ရန်သူ့လက်ကနေ အလွတ်ရုန်းကာ မြင်းတစီးနဲ့ Nijō နန်းတော်ကို အမြန်သွားခဲ့ပါတယ်။ ဒီလိုသွားရခြင်းကတော့ နန်းတော်မှာ နိုဘူနာဂါရဲ့ သားဖြစ်သူ နိုဘူတာဒါ ရှိနေပြီး စစ်သူကြီးသစ္စာဖောက်သွားတဲ့အကြောင်း သတင်းပို့မလို့ဖြစ်ပါတယ်။

ဒါပေမယ့် သူ နန်းတော်ကို ရောက်ပြီးပြီးချင်းမှာပဲ Akechi Mitsuhide တပ်တွေရောက်လာပြီး ဝိုင်းဝန်းတိုက်ခိုက်ကြတဲ့နောက်မှာ နိုဘူတာဒါဟာလည်း ဖခင်လိုပဲ သူ့ကိုယ်သူ အဆုံးစီရင်သွားပြန်ပါတယ်။

ယာဆူခဲ အနေနဲ့ ရန်သူတွေကို အစွမ်းကုန်တိုက်ခိုက်ခဲ့ပေမယ့် နောက်ဆုံးမှာတော့ အင်အားများလွန်းတာကြောင့် မတတ်နိုင်တော့ပဲ အဖမ်းခံခဲ့ရပြီး Akechi ထံ ပို့ဆောင်ခံခဲ့ရပါတယ်။

Akechi ကတော့ ယာဆူခဲဟာ ဂျပန်လူမျိုးတယောက်မဟုတ်တဲ့အပြင် သူကိုယ်တိုင်ကလည်း မနှစ်မြို့တာကြောင့် နောက်ဆုံးမှာတော့ ယာဆူခဲကို ကျိုတိုမှာရှိတဲ့ ခရစ်ယာန်ဘုရားကျောင်းတကျောင်းကို ပို့ဆောင်စေလိုက်ပါတော့တယ်။

အဲဒီနောက်ပိုင်းမှာတော့ ယာဆူခဲအကြောင်း မှတ်တမ်းတစုံတရာမတွေ့တော့တဲ့အတွက် သူဘယ်ရောက်သွားကြောင်း ဘာတွေလုပ်ခဲ့ကြောင်းကိုတော့ ဘယ်သူမှ မသိနိုင်တော့ပါဘူး။

ဒါပေမယ့် ဂျပန်နိုင်ငံရဲ့ သမိုင်းမှာတော့ လူမည်းတယောက်ဟာ သစ္စာစောင့်သိတဲ့ ဆာမူရိုင်းတယောက်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးကြောင်းကိုတော့ အားလုံးအမှတ်ရနေဦးမှာဖြစ်ပါတယ်။

 

credit

 

zawgyi

 

ဂ်ပန္နိုင္ငံရဲ႕သမိုင္းမွာ ပထမဆုံး ​လူမည္းဆာမူရိုင္း

 

 

ဆာမူရိုင္း လို႔ ဆိုလိုက္တာနဲ႕ ကြၽန္ေတာ္တို႔အမ်ားစု သိထားၾကတာက ဂ်ပန္လူမ်ိဳးသူရဲေကာင္းေတြ ဆိုတာပါ။ အာရွတိုက္က ဂ်ပန္လူမ်ိဳး နဲ႕ အာဖရိကတိုက္က လူမည္းတို႔ဟာ ဆက္စပ္ျခင္းမရွိေပမယ့္ ဂ်ပန္နိုင္ငံသမိုင္းမွာေတာ့ ရွားရွားပါးပါး လူမည္းဆာမူရိုင္းတေယာက္ရွိခဲ့ဖူးပါတယ္။

သူ႕ရဲ႕နာမည္ကေတာ့ ယာဆူခဲ Yasuke ျဖစ္ၿပီး ဂ်ပန္နိုင္ငံရဲ႕ထင္ရွားတဲ့ေခတ္တေခတ္ျဖစ္တဲ့ ဆဲန္ဂိုကုေခတ္ Sengoku period မွာ ေပၚေပါက္ခဲ့ပါတယ္။

ဆဲန္ဂိုကုေခတ္ ကေတာ့ ေအဒီ ၁၄၆၇ ကေန ၁၆၁၅ အထိျဖစ္ၿပီး အဲဒီေခတ္ကို ျပည္တြင္းေခါင္းေဆာင္အခ်င္းခ်င္း အၿပိဳင္အဆိုင္တိုက္ခိုက္ၾကတဲ့ေခတ္ (သို႔) လက္နက္ကိုင္ ျပည္တြင္းပဋိပကၡမ်ား ျဖစ္ပြားေနသည့္ စစ္ၿပိဳင္ေခတ္ လို႔ လူသိမ်ားပါတယ္။ အဲဒီအခ်ိန္က ထင္ရွားတဲ့စစ္ေခါင္းေဆာင္ေတြကေတာ့ နိုဘူနာဂါ ၊ တိုယိုတိုမီ ဟီဒဲယို နဲ႕ တိုကူဂါဝါ အီယဆု တို႔ျဖစ္ပါတယ္။

 

ယာဆူခဲ ဂ်ပန္ကိုေရာက္လာတာကေတာ့ ေပၚတူဂီေတြနဲ႕ သက္ဆိုင္ပါတယ္။ ၁၅ ရာစု တဝိုက္က ေပၚတူဂီေတြဟာ အာရွတလႊားကို စီးပြားကုန္သြယ္ေရးလုပ္တဲ့အထဲမွာ ဂ်ပန္နိုင္ငံလည္းအပါအဝင္ျဖစ္ပါတယ္။

စီးပြားေရးနဲ႕အတူ တပါတည္းပါလာတာကေတာ့ ခရစ္ယာန္သာသနာျပဳ အဖြဲ႕ေတြျဖစ္ၿပီး ဒီလို ခရစ္ယာန္ဘာသာျပန႔္ပြားေရးေၾကာင့္ ဂ်ပန္လူမ်ိဳး ၂သိန္းေက်ာ္ဟာ ခရစ္ယာန္ဘာသာဝင္ေတြျဖစ္ကုန္ၾကပါတယ္။ အဲဒီမွာ ၁၅၇၉ ခုႏွစ္ေလာက္က ခရစ္ယာန္ဘုန္းေတာ္ႀကီးတပါးျဖစ္တဲ့ Alessandro Valignano နဲ႕ အတူ သူ႕ရဲ႕အေစအပါးျဖစ္တဲ့ ယာဆူခဲတို႔ဟာ ဂ်ပန္နိုင္ငံကို ေရာက္ရွိလာၾကတာျဖစ္ပါတယ္။

ယာဆူခဲ ကို အာဖရိကတိုက္က မိုဇမ္ဘစ္နိုင္ငံမွာ ေမြးဖြားခဲ့ၿပီး အဲဒီတုန္းက ကြၽန္စနစ္ရွိေနတဲ့အတြက္ သူဟာ အေစအပါးတေယာက္အျဖစ္နဲ႕ ေပၚတူဂီလူမ်ိဳးေတြဆီကေနတဆင့္ ဘုန္းေတာ္ႀကီးထံေရာက္ရွိခဲ့တာျဖစ္နိုင္တယ္ လို႔ ေလ့လာသူေတြက ဆိုၾကပါတယ္။

 

ဒီလို နဲ႕ ယာဆူခဲ ဂ်ပန္ကိုေရာက္လာတဲ့အခါမွာ ျမင္သူတိုင္းက သူ႕ကို တအံတၾသၾကည့္ရႈ႕ၾကရပါတယ္။ အရပ္ႀကီး ကလန္ကလား နဲ႕ အနက္ေရာင္ေဆးသုတ္ထားသကဲ့သို႔ အသားအေရကို ပိုင္ဆိုင္ထားတဲ့ သူလိုလူမ်ိဳးကို ဂ်ပန္ေတြ တခါမွ မျမင္ဖူးၾကလို႔ ျဖစ္ပါတယ္။

ဒီသတင္းဟာ အိုဒါ နိုဘူနာဂါအထိ ေရာက္ရွိသြားခ်ိန္မွာေတာ့ ယာဆူခဲ ဟာ စစ္ေခါင္းေဆာင္ရဲ႕ ေခၚယူေတြ႕ဆုံျခင္းကို ခံခဲ့ရပါတယ္။ နိုဘူနာဂါကိုယ္တိုင္က ယာဆူခဲရဲ႕ အသားအေရာင္ဟာ မင္အနက္နဲ႕ဆိုးထားတာပဲျဖစ္တယ္လို႔ ယုံၾကည္ၿပီး သူ႕အမႈထမ္းေတြကိုေတာင္ ယာဆူခဲရဲ႕ ခႏၶာကိုယ္ကို ပြတ္သပ္ကာ စစ္ေဆးၾကည့္ခိုင္းခဲ့ပါေသးတယ္။

ေနာက္ပိုင္းမွာေတာ့ အာဖရိကန္ေတြရဲ႕ အသားအေရာင္ဟာ မူလကတည္းက ဒီလိုမည္းနက္တဲ့အေရာင္ျဖစ္တယ္ ဆိုတာကို လက္ခံသြားခဲ့ပါတယ္။ က်န္းမာႀကံ့ခိုင္ၿပီး ထြားထြားႀကိဳင္းႀကိဳင္း နဲ႕ မည္းနက္တဲ့အသားအေရာင္ရွိတဲ့ ယာဆူခဲကို နိုဘူနာဂါ သေဘာက်သြားခဲ့ၿပီး သူ႕ဆီမွာ အမႈထမ္းေစခဲ့ပါတယ္။

မွတ္တမ္းတခုထဲမွာေတာ့ ယာဆူခဲရဲ႕ အရပ္ဟာ ၆ေပ ၂လက္မ ရွိတယ္ လို႔ ေဖာ္ျပထားပါတယ္။ ယာဆူခဲဟာ ဂ်ပန္စကားနည္းနည္းတတ္တာေၾကာင့္ နိုဘူနာဂါနဲ႕ ကိုယ္တိုင္ ေျပာဆိုဆက္သြယ္နိုင္တဲ့အျပင္ သခင္ျဖစ္သူ ဘုန္းေတာ္ႀကီး သင္ၾကားျပသေပးထားတာေၾကာင့္ ဂ်ပန္တို႔ရဲ႕ ရိုးရာယဥ္ေက်းမႈ က်င့္ဝတ္မ်ားနဲ႕လည္း ရင္းႏွီးထားသူျဖစ္ပါတယ္။

နိုဘူနာဂါဟာ ယာဆူခဲကို ဘူရွီဒိုေခၚ က်င့္ဝတ္မ်ားအျပင္ ဆာမူရိုင္းတို႔ရဲ႕ တိုက္ခိုက္ေရးပညာမ်ားကို သင္ၾကားေစခဲ့ပါတယ္။ ဒီလိုနဲ႕ ယာဆူခဲဟာ နိုဘူနာဂါရဲ႕ တဦးတည္းသာ လူမည္းဆာမူရိုင္းျဖစ္လာခဲ့ပါတယ္။ နိုဘူနာဂါက သူ႕ကို အိမ္တေဆာင္ နဲ႕ ကာတာနာဓားတလက္တို႔ကို ခ်ီးျမႇင့္ခဲ့ပါတယ္။

၁၅၈၂ Takeda clan ရဲ႕ေနာက္ဆုံးလက္က်န္အင္အားကို ႏွိမ္ႏွင္းခဲ့တဲ့ Tenmokuzan တိုက္ပြဲမွာေတာ့ ယာဆူခဲဟာ နိုဘူနာဂါရဲ႕တပ္သားတေယာက္အျဖစ္ ပါဝင္တိုက္ခိုက္ခဲ့ပါတယ္။ အဲဒီေနာက္ေတာ့ နိုဘူနာဂါဟာ ယာဆူခဲကို သူ႕ရဲ႕အနီးကပ္တပ္သားအျဖစ္ အၿမဲတေစေခၚသြားပါေတာ့တယ္။

ယာဆူခဲဟာလည္း လူမည္းတေယာက္ဆိုေပမယ့္ ဆာမူရိုင္းတို႔ရဲ႕ “သခင္တစ္ေယာက္ကို အသက္ေပး၍ သစၥာရွိျခင္း၊ တာဝန္ကို ေက်ပြန္စြာထမ္းေဆာင္ျခင္းသည္ စစ္သူရဲတစ္ေယာက္၏ ဂုဏ္သိကၡာရွိေသာ အျပဳအမူႏွင့္ လမ္းစဥ္” ဆိုတဲ့ ဘူရွီဒို ေသြးဟာ သူ႕ကိုယ္ထဲမွာ အျမစ္တြယ္ေနခဲ့ၿပီျဖစ္ပါတယ္။

၁၅၈၂ ခုႏွစ္ ဇြန္လမွာေတာ့ နိုဘူနာဂါဟာ သူ႕တပ္ေတြကို လူစုခြဲေစခဲ့ၿပီး သူကိုယ္တိုင္ကေတာ့ က်ိဳတိုၿမိဳ႕က Honno-Ji ဘုရားေက်ာင္းမွာ အနားယူေနခဲ့ပါတယ္။ ဒီအခ်ိန္မွာပဲ သူအားကိုးရတဲ့ စစ္သူႀကီးတေယာက္ျဖစ္သူ Akechi Mitsuhide ရဲ႕ သစၥာေဖာက္ျခင္းကို ခံရပါေတာ့တယ္။

လုံၿခဳံေရးအနည္းငယ္သာ ရွိေနတဲ့အခ်ိန္မွာ Akechi Mitsuhide က သူ႕ရဲ႕စစ္တပ္နဲ႕ ဝိုင္းၿပီးတိုက္ခိုက္ခဲ့တာျဖစ္ပါတယ္။ အင္အားမမွ်ေပမယ့္ ယာဆူခဲဟာ သခင္ျဖစ္သူအတြက္ ႀကိဳးစားၿပီး အစြမ္းကုန္တိုက္ခိုက္ေပးခဲ့ပါတယ္။ အဆမတန္အင္အားမ်ားေနတဲ့ ရန္သူရဲ႕ဓားခ်က္နဲ႕ မေသလိုတဲ့ နိုဘူနာဂါဟာ သူ႕ကိုယ္သူ အဆုံးစီရင္သြားပါေတာ့တယ္။

နိုဘူနာဂါ အဆုံးစီရင္ၿပီးၿပီးခ်င္းမွာပဲ ယာဆူခဲဟာ ရန္သူ႕လက္ကေန အလြတ္႐ုန္းကာ ျမင္းတစီးနဲ႕ Nijō နန္းေတာ္ကို အျမန္သြားခဲ့ပါတယ္။ ဒီလိုသြားရျခင္းကေတာ့ နန္းေတာ္မွာ နိုဘူနာဂါရဲ႕ သားျဖစ္သူ နိုဘူတာဒါ ရွိေနၿပီး စစ္သူႀကီးသစၥာေဖာက္သြားတဲ့အေၾကာင္း သတင္းပို႔မလို႔ျဖစ္ပါတယ္။

ဒါေပမယ့္ သူ နန္းေတာ္ကို ေရာက္ၿပီးၿပီးခ်င္းမွာပဲ Akechi Mitsuhide တပ္ေတြေရာက္လာၿပီး ဝိုင္းဝန္းတိုက္ခိုက္ၾကတဲ့ေနာက္မွာ နိုဘူတာဒါဟာလည္း ဖခင္လိုပဲ သူ႕ကိုယ္သူ အဆုံးစီရင္သြားျပန္ပါတယ္။

ယာဆူခဲ အေနနဲ႕ ရန္သူေတြကို အစြမ္းကုန္တိုက္ခိုက္ခဲ့ေပမယ့္ ေနာက္ဆုံးမွာေတာ့ အင္အားမ်ားလြန္းတာေၾကာင့္ မတတ္နိုင္ေတာ့ပဲ အဖမ္းခံခဲ့ရၿပီး Akechi ထံ ပို႔ေဆာင္ခံခဲ့ရပါတယ္။

Akechi ကေတာ့ ယာဆူခဲဟာ ဂ်ပန္လူမ်ိဳးတေယာက္မဟုတ္တဲ့အျပင္ သူကိုယ္တိုင္ကလည္း မႏွစ္ၿမိဳ႕တာေၾကာင့္ ေနာက္ဆုံးမွာေတာ့ ယာဆူခဲကို က်ိဳတိုမွာရွိတဲ့ ခရစ္ယာန္ဘုရားေက်ာင္းတေက်ာင္းကို ပို႔ေဆာင္ေစလိုက္ပါေတာ့တယ္။

အဲဒီေနာက္ပိုင္းမွာေတာ့ ယာဆူခဲအေၾကာင္း မွတ္တမ္းတစုံတရာမေတြ႕ေတာ့တဲ့အတြက္ သူဘယ္ေရာက္သြားေၾကာင္း ဘာေတြလုပ္ခဲ့ေၾကာင္းကိုေတာ့ ဘယ္သူမွ မသိနိုင္ေတာ့ပါဘူး။

ဒါေပမယ့္ ဂ်ပန္နိုင္ငံရဲ႕ သမိုင္းမွာေတာ့ လူမည္းတေယာက္ဟာ သစၥာေစာင့္သိတဲ့ ဆာမူရိုင္းတေယာက္အျဖစ္ တာဝန္ထမ္းေဆာင္ခဲ့ဖူးေၾကာင္းကိုေတာ့ အားလုံးအမွတ္ရေနဦးမွာျဖစ္ပါတယ္။

 

credit

 

 

 

 

 

 

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *