အဖေတူသား (သို့မဟုတ်) အဖေထက်ခြေတစ်လှမ်းသာသူ (သို့မဟုတ်) မင်းရဲကျော်စွာ ရာဇဓိရာဇ်

အဖေတူသား (သို့မဟုတ်) အဖေထက်ခြေတစ်လှမ်းသာသူ (သို့မဟုတ်) မင်းရဲကျော်စွာ ရာဇဓိရာဇ်

 

 

အင်းဝ- ဟံသာဝတီ နှစ်လေးဆယ်စစ်ပွဲ(မြန်မာ-မွန်)က ဒိတ်ဒိတ်ကြဲ သူရဲကောင်းစစ်ဘုရင်နှစ်ယောက်ကို သမိုင်းစိတ်ဝင်စားသူတိုင်း သိကြမယ်ထင်ပါတယ်

သူတို့နှစ်ယောက် အပြန်အလှန်ကစားခဲ့တဲ့ ပွဲတွေဟာပေါက် ပေါက် ဆုတ်စားပြီး ထိုင်ကြည့်ရတဲ့ တကယ့်ပွဲကြီးပွဲကောင်းတွေပါသမိုင်းစာမျက်နှာ ထက်မှာလည်း ဝေဝေဆာဆာ နေရာယူခဲ့ပါတယ်

သမိုင်းစိတ်ဝင်စားသူတို့ ရှုထောင့်အမျိုးမျိုးနဲ့ ပြန်ပြောပြန်ရေး ပြန်သုံးသပ်ကြပြီး မပါမပြီးပြောရတဲ့အကြောင်းအရာတွေဖြစ်ခဲ့ပါတယ်

ရုတ်တရက် တေးသံရှင် ခင်ညွှန့်ရီရဲ့ ဗိုလ်အောင်ဆန်းဂုဏ်ပြုတေးက အပိုဒ်လေးကိုသွားသတိရမိပါတယ်

….? အော် ဘုရင့်နောင်နဲ့ ရာဇဓိရာဇ်တို့လို မင်းရဲကျော်စွာ ပမာပုံဆောင်အလောင်းဘုရားတို့လိုကွယ် မကြောက်တမ်းမရွံ့တမ်း မြန်မာ တွေအောင်ပန်းဝင့်ကြရှာလေတယ် ရာဇဝင် အတ္ထုပ္ပတ္တိလည်းရှိရမယ် …?

ဆိုတော့ ရဲရင့်မှုရဲ့ ပြယုဂ် သူရဲကောင်း ပြယုဂ်တွေ အဖြစ် သမိုင်းတွင်ကျန်ရစ်ခဲ့တဲ့သူတို့နှစ်ယောက်ဟာ ခေတ်ပြိုင်လူနှစ်ဦး ဖြစ်ခဲ့တဲ့အပြင် ထိပ်တိုက်ဆုံစည်းယုံမက ပက်သက်ဆက်နွှယ် နေခဲ့တာ တကယ်ကို စိတ်ဝင်စားစရာအပြည့်ပါ ။

 

ဂူတစ်ဂူမှာခြင်္သေ့ နှစ်ကောင်အောင်းမရဖူးပဲ ပြောရမလား ကျားနဲ့ဆင်လယ်ပြင်မှာတွေ့ပဲ ဆိုရမလား ဒိတ်ဒိတ်ကြဲ စစ်ဘုရင်နှစ်ယောက်ဟာ ရန်သူဖြစ်နေကြတဲ့ အခါ စိတ်ဝင်စားစရာ အခန်းကဏ္ဍ စုံစုံလင်လင် နဲ့ လောကဇာတ်ခုံမှာ ပိုထင်ရှားလာတယ်လို့ထင်မိပါတယ် ။

 

မြန်မာရာဇဝင်မှာအသက်ငယ်ဆုံးစစ်ဘုရင်အဖြစ်ကျော်ကြားတဲ့ အင်းဝအိမ်ရှေ့စံ မင်းရဲကျော်စွာ ဟာ ဟံသာဝတီ ဘုရင် ရာဇဓိရာဇ် နဲ့ ကျောင်းတော်က ရန်စ ရှိသူပါ ဘယ်လိုရန်စလဲဆိုရင် သူ့ဟာ အရင်ဘဝက ရာဇဓိရာဇ်ရဲ့ သား ဘောလောကျန်းဒေါ ဖြစ်ခဲ့ပါတယ်

ဘောလောကျန်းဒေါ ဟာ ရာဇဓိရာဇ် နဲ့ ငယ်ချစ်တလမေဒေါရဲ့သားတော်ဖြစ်ပြီး ရာဇဓိရာဇ် ရဲ့သားသမီးတွေထဲ နန်းမွေခံရမယ့် first born သားကြီးသြရသပါတလမေဒေါနဲ့ ရာဇဓိရာဇ် ရဲ့ ဂန္တဝင်ချစ်ထုံးကတော့ အဆုံးသတ်မလှတဲ့ချစ်ဦးပုံပြင်လေးတစ်ပုဒ်အဖြစ်ရင့်နင့်ဖွယ်ရာအဆုံးသတ်သွားခဲ့ရပါတယ်

တလမေဒေါသေတဲ့အခါ ရာဇဓိရာဇ်ဟာ သားတော် ဘောလောကျန်းဒေါလေးကို သီးသန့်အိမ်တော်ဆောက်ပြီး အထိန်းတော်နှင်းအံကောင်းလက်အပ်ပါတယ်

အခြွေအရံနဲ့ထားပါတယ် သားသမီးခုနှစ်ဆယ်ရှိပြီး အမျိုးအင်အားတောင့်တဲ့ မြောင်းမြစား လောက်ဖျားရဲ့ ပုန်ကန်မှုကိုနှိမ်နှင်းပြီး ဘာမကြာ အင်းဝနဲ့ စစ်ဆက်ခင်းရတဲ့ ရာဇဓိရာဇ် ဟာ စစ်မြေပြင်မှာအချိန်ကုန်လို့နေပါတယ်

တဖြည်းဖြည်း အရွယ်ရလာတဲ့ ဘောလောကျန်းဒေါကလည်း စစ်ရေးစစ်ရာ စိတ်ဝင်စားပြီး ဆင်စီးမြင်းစီးကျင်လည်တဲ့ မင်းသားတစ်ပါးဖြစ်လာပါတော့တယ် ရာဇဓိရာဇ် မင်းသားဘဝက ဆင်တွေကို ကိုယ်တိုင်ကျော့တာ ကျုံးသွင်းတာတွေလုပ်ခဲ့တယ်

 

ဘောလောကျန်းဒေါကျလည်း ဆင်စွယ်ချွင်စီးတဲ့ ကောင်မျိုးပါ
ဒီကောင်လေးဟာ အဖေတူသားပါသူနဲ့တူလွန်းလှတဲ့ ဒီသားကိုကြည့်ပြီး လန့်လာတာက ရာဇဓိရာဇ်ပါ။ တလမေဒေါ ကိစ္စမှာ သူလွန်ထားတော့ သားက လက်စားပြန်ချေမှာလို့ သူထင်လာပုံရပါတယ်။

ဘောလောကျန်းဒေါ အနေနဲ့ကလည်း သူ့မေကိစ္စကို အရွယ်ရလို့ သိလာတော့ မနာဘဲတော့ရှိမှာမဟုတ်ဖူး နာမှာပါ ဒီတော့ သားယောက်ျားလေးတွေအရွယ်ရလေအဖေနဲ့မတည့်လေထုံးစံတိုင်း ပြောတာဆိုတာ ဘုတော တောတာတွေ ကန့်လန့်တိုက်တာတွေရှိကောင်းရှိပါလိမ့်မယ် ဒီခါ သားအဖကြားမှာလည်း အဖုထစ်သေးသေးလေးတွေ ရှိခဲ့ရာ…

အခြွေအရံ ပေါလှတဲ့ ဘောလောကျန်းဒေါ ရွှေနန်းက ဝိုင်းချစ်တဲ့ ဘောလောကျန်းဒေါ ဟာသူ့အလိုလို အင်အားခိုင်မာလာပါပြီ
ဒီတော့ ရာဇဓိရာဇ် ဟာ ငါ့ကို တစ်နေ့ပုန်ကန်မှာပဲ ဆိုပြီးကွပ်မျက်ခိုင်းပါတော့တယ် ။

[ ဘောလောကျန်းဒေါ က သဘောရိုးနဲ့လူအင်အား စုစည်းတာကို မိဖုရားခေါင်ပီယရာဇ(မွေ့မနိတ်) တို့ဖက်က ကုန်းတိုက်တာတွေရှိတဲ့တွက် ရာဇဓိရာဇ် ခေါ်စစ်တယ်ဆိုပါတယ် မင်းသားက ချေချေငံငံ မပြောတာနဲ့ တွေ့ကြသလားမသိပါဖူး]

ရာဇဓိရာဇ် အရေးတော်ပုံ ကျမ်းမှာတော့ သူနဲ့တူတဲ့သူသား အခြွေရံပေါလှတော့ ပုန်ကန်ရင်ခက်ပြီဆိုပြီး အဲကောင်ဗိန်လက်အပ်သတ်ခိုင်းပါတယ်

ဘောလောကျန်းဒေါ ဟာ သူ့မေတွက် ဘယ်လောက်စိတ်ဆိုးဆိုး သူအဖေကိုတော့ ပြန်သတ်ဖို့ စိတ်မကူးတဲ့ ကောင်လေးပါ ဒီတော့ စိတ်နာပြီး အသတ်မခံရခင် ရွှေမော်ဓော ဘုရားတက်ခွင့်တောင်းတယ် သူဝတ်ထားတဲ့မင်းသားအဆောင်အယောင်တွေ ချွတ်လှူပြီး သစ္စာဓိဌာန်ပြုရင်း နာကျည်းစွာ ဆုတစ်ခုတောင်းပြီးသူ့မယ်တော်လိုပဲ စိန်နဲ့သံပုရာသောက်လို့ ကိုယ့်ကိုယ်ကိုသတ်သေသွားခဲ့ပါတယ်

“ငါဟာ မင်းသားတို့တပ်အပ်တဲ့ အဌာရသကို လေ့ကျင့်သင် ကြားခြင်းသာဖြစ်ပြီး ဖခင်ကိုပုန်ကန်ဖို့လုပ်ခဲ့တာ မဟုတ်တဲ့တွက် အပြစ်မရှိပါ လှည့်ဖျားရာမှာကျွမ်းကျင်တဲ့ ဆီသည်မ(မွေ့မနတ်)စကားကိုယုံနေတယ်။

credit

 

Zawgyi

 

အေဖတူသား (သို႔မဟုတ္) အေဖထက္ေျခတစ္လွမ္းသာသူ (သို႔မဟုတ္) မင္းရဲေက်ာ္စြာ ရာဇဓိရာဇ္

 

 

အင္းဝ- ဟံသာဝတီ ႏွစ္ေလးဆယ္စစ္ပြဲ(ျမန္မာ-မြန္)က ဒိတ္ဒိတ္ႀကဲ သူရဲေကာင္းစစ္ဘုရင္ႏွစ္ေယာက္ကို သမိုင္းစိတ္ဝင္စားသူတိုင္း သိၾကမယ္ထင္ပါတယ္

သူတို႔ႏွစ္ေယာက္ အျပန္အလွန္ကစားခဲ့တဲ့ ပြဲေတြဟာေပါက္ ေပါက္ ဆုတ္စားၿပီး ထိုင္ၾကည့္ရတဲ့ တကယ့္ပြဲႀကီးပြဲေကာင္းေတြပါသမိုင္းစာမ်က္ႏွာ ထက္မွာလည္း ေဝေဝဆာဆာ ေနရာယူခဲ့ပါတယ္

သမိုင္းစိတ္ဝင္စားသူတို႔ ရႈေထာင့္အမ်ိဳးမ်ိဳးနဲ႕ ျပန္ေျပာျပန္ေရး ျပန္သုံးသပ္ၾကၿပီး မပါမၿပီးေျပာရတဲ့အေၾကာင္းအရာေတြျဖစ္ခဲ့ပါတယ္

႐ုတ္တရက္ ေတးသံရွင္ ခင္ၫႊန့္ရီရဲ႕ ဗိုလ္ေအာင္ဆန္းဂုဏ္ျပဳေတးက အပိုဒ္ေလးကိုသြားသတိရမိပါတယ္

….? ေအာ္ ဘုရင့္ေနာင္နဲ႕ ရာဇဓိရာဇ္တို႔လို မင္းရဲေက်ာ္စြာ ပမာပုံေဆာင္အေလာင္းဘုရားတို႔လိုကြယ္ မေၾကာက္တမ္းမ႐ြံ႕တမ္း ျမန္မာ ေတြေအာင္ပန္းဝင့္ၾကရွာေလတယ္ ရာဇဝင္ အတၳဳပၸတၱိလည္းရွိရမယ္ …?

ဆိုေတာ့ ရဲရင့္မႈရဲ႕ ျပယုဂ္ သူရဲေကာင္း ျပယုဂ္ေတြ အျဖစ္ သမိုင္းတြင္က်န္ရစ္ခဲ့တဲ့သူတို႔ႏွစ္ေယာက္ဟာ ေခတ္ၿပိဳင္လူႏွစ္ဦး ျဖစ္ခဲ့တဲ့အျပင္ ထိပ္တိုက္ဆုံစည္းယုံမက ပက္သက္ဆက္ႏႊယ္ ေနခဲ့တာ တကယ္ကို စိတ္ဝင္စားစရာအျပည့္ပါ ။

 

ဂူတစ္ဂူမွာျခေသၤ့ ႏွစ္ေကာင္ေအာင္းမရဖူးပဲ ေျပာရမလား က်ားနဲ႕ဆင္လယ္ျပင္မွာေတြ႕ပဲ ဆိုရမလား ဒိတ္ဒိတ္ႀကဲ စစ္ဘုရင္ႏွစ္ေယာက္ဟာ ရန္သူျဖစ္ေနၾကတဲ့ အခါ စိတ္ဝင္စားစရာ အခန္းက႑ စုံစုံလင္လင္ နဲ႕ ေလာကဇာတ္ခုံမွာ ပိုထင္ရွားလာတယ္လို႔ထင္မိပါတယ္ ။

 

ျမန္မာရာဇဝင္မွာအသက္ငယ္ဆုံးစစ္ဘုရင္အျဖစ္ေက်ာ္ၾကားတဲ့ အင္းဝအိမ္ေရွ႕စံ မင္းရဲေက်ာ္စြာ ဟာ ဟံသာဝတီ ဘုရင္ ရာဇဓိရာဇ္ နဲ႕ ေက်ာင္းေတာ္က ရန္စ ရွိသူပါ ဘယ္လိုရန္စလဲဆိုရင္ သူ႕ဟာ အရင္ဘဝက ရာဇဓိရာဇ္ရဲ႕ သား ေဘာေလာက်န္းေဒါ ျဖစ္ခဲ့ပါတယ္

ေဘာေလာက်န္းေဒါ ဟာ ရာဇဓိရာဇ္ နဲ႕ ငယ္ခ်စ္တလေမေဒါရဲ႕သားေတာ္ျဖစ္ၿပီး ရာဇဓိရာဇ္ ရဲ႕သားသမီးေတြထဲ နန္းေမြခံရမယ့္ first born သားႀကီးၾသရသပါတလေမေဒါနဲ႕ ရာဇဓိရာဇ္ ရဲ႕ ဂႏၲဝင္ခ်စ္ထုံးကေတာ့ အဆုံးသတ္မလွတဲ့ခ်စ္ဦးပုံျပင္ေလးတစ္ပုဒ္အျဖစ္ရင့္နင့္ဖြယ္ရာအဆုံးသတ္သြားခဲ့ရပါတယ္

တလေမေဒါေသတဲ့အခါ ရာဇဓိရာဇ္ဟာ သားေတာ္ ေဘာေလာက်န္းေဒါေလးကို သီးသန့္အိမ္ေတာ္ေဆာက္ၿပီး အထိန္းေတာ္ႏွင္းအံေကာင္းလက္အပ္ပါတယ္

အေႁခြအရံနဲ႕ထားပါတယ္ သားသမီးခုႏွစ္ဆယ္ရွိၿပီး အမ်ိဳးအင္အားေတာင့္တဲ့ ေျမာင္းျမစား ေလာက္ဖ်ားရဲ႕ ပုန္ကန္မႈကိုႏွိမ္ႏွင္းၿပီး ဘာမၾကာ အင္းဝနဲ႕ စစ္ဆက္ခင္းရတဲ့ ရာဇဓိရာဇ္ ဟာ စစ္ေျမျပင္မွာအခ်ိန္ကုန္လို႔ေနပါတယ္

တျဖည္းျဖည္း အ႐ြယ္ရလာတဲ့ ေဘာေလာက်န္းေဒါကလည္း စစ္ေရးစစ္ရာ စိတ္ဝင္စားၿပီး ဆင္စီးျမင္းစီးက်င္လည္တဲ့ မင္းသားတစ္ပါးျဖစ္လာပါေတာ့တယ္ ရာဇဓိရာဇ္ မင္းသားဘဝက ဆင္ေတြကို ကိုယ္တိုင္ေက်ာ့တာ က်ဳံးသြင္းတာေတြလုပ္ခဲ့တယ္

 

ေဘာေလာက်န္းေဒါက်လည္း ဆင္စြယ္ခြၽင္စီးတဲ့ ေကာင္မ်ိဳးပါ
ဒီေကာင္ေလးဟာ အေဖတူသားပါသူနဲ႕တူလြန္းလွတဲ့ ဒီသားကိုၾကည့္ၿပီး လန့္လာတာက ရာဇဓိရာဇ္ပါ။ တလေမေဒါ ကိစၥမွာ သူလြန္ထားေတာ့ သားက လက္စားျပန္ေခ်မွာလို႔ သူထင္လာပုံရပါတယ္။

ေဘာေလာက်န္းေဒါ အေနနဲ႕ကလည္း သူ႕ေမကိစၥကို အ႐ြယ္ရလို႔ သိလာေတာ့ မနာဘဲေတာ့ရွိမွာမဟုတ္ဖူး နာမွာပါ ဒီေတာ့ သားေယာက္်ားေလးေတြအ႐ြယ္ရေလအေဖနဲ႕မတည့္ေလထုံးစံတိုင္း ေျပာတာဆိုတာ ဘုေတာ ေတာတာေတြ ကန့္လန့္တိုက္တာေတြရွိေကာင္းရွိပါလိမ့္မယ္ ဒီခါ သားအဖၾကားမွာလည္း အဖုထစ္ေသးေသးေလးေတြ ရွိခဲ့ရာ…

အေႁခြအရံ ေပါလွတဲ့ ေဘာေလာက်န္းေဒါ ေ႐ႊနန္းက ဝိုင္းခ်စ္တဲ့ ေဘာေလာက်န္းေဒါ ဟာသူ႕အလိုလို အင္အားခိုင္မာလာပါၿပီ
ဒီေတာ့ ရာဇဓိရာဇ္ ဟာ ငါ့ကို တစ္ေန႕ပုန္ကန္မွာပဲ ဆိုၿပီးကြပ္မ်က္ခိုင္းပါေတာ့တယ္ ။

[ ေဘာေလာက်န္းေဒါ က သေဘာရိုးနဲ႕လူအင္အား စုစည္းတာကို မိဖုရားေခါင္ပီယရာဇ(ေမြ႕မနိတ္) တို႔ဖက္က ကုန္းတိုက္တာေတြရွိတဲ့တြက္ ရာဇဓိရာဇ္ ေခၚစစ္တယ္ဆိုပါတယ္ မင္းသားက ေခ်ေခ်ငံငံ မေျပာတာနဲ႕ ေတြ႕ၾကသလားမသိပါဖူး]

ရာဇဓိရာဇ္ အေရးေတာ္ပုံ က်မ္းမွာေတာ့ သူနဲ႕တူတဲ့သူသား အေႁခြရံေပါလွေတာ့ ပုန္ကန္ရင္ခက္ၿပီဆိုၿပီး အဲေကာင္ဗိန္လက္အပ္သတ္ခိုင္းပါတယ္

ေဘာေလာက်န္းေဒါ ဟာ သူ႕ေမတြက္ ဘယ္ေလာက္စိတ္ဆိုးဆိုး သူအေဖကိုေတာ့ ျပန္သတ္ဖို႔ စိတ္မကူးတဲ့ ေကာင္ေလးပါ ဒီေတာ့ စိတ္နာၿပီး အသတ္မခံရခင္ ေ႐ႊေမာ္ေဓာ ဘုရားတက္ခြင့္ေတာင္းတယ္ သူဝတ္ထားတဲ့မင္းသားအေဆာင္အေယာင္ေတြ ခြၽတ္လႉၿပီး သစၥာဓိဌာန္ျပဳရင္း နာက်ည္းစြာ ဆုတစ္ခုေတာင္းၿပီးသူ႕မယ္ေတာ္လိုပဲ စိန္နဲ႕သံပုရာေသာက္လို႔ ကိုယ့္ကိုယ္ကိုသတ္ေသသြားခဲ့ပါတယ္

“ငါဟာ မင္းသားတို႔တပ္အပ္တဲ့ အဌာရသကို ေလ့က်င့္သင္ ၾကားျခင္းသာျဖစ္ၿပီး ဖခင္ကိုပုန္ကန္ဖို႔လုပ္ခဲ့တာ မဟုတ္တဲ့တြက္ အျပစ္မရွိပါ လွည့္ဖ်ားရာမွာကြၽမ္းက်င္တဲ့ ဆီသည္မ(ေမြ႕မနတ္)စကားကိုယုံေနတယ္။

credit

 

 

Leave a Reply

Your email address will not be published. Required fields are marked *