ပထမမြန်မာနိုင်ငံတော် ပျက်စီးရခြင်းအစ (သို့မဟုတ်) ငဆောင်ချမ်းတိုက်ပွဲ

ပထမမြန်မာနိုင်ငံတော် ပျက်စီးရခြင်းအစ (သို့မဟုတ်) ငဆောင်ချမ်းတိုက်ပွဲ

 

 

ငဆောင်ချမ်းတိုက်ပွဲသည် ပုဂံမင်းဆက် နရသီဟပတေ့မင်းလက်ထက် မြန်မာ့သက္ကရာဇ် ၆၄၃ ခု (ခရစ် ၁၂၇၇)ခုနှစ်၌ တာတာလူမျိုးတို့နှင့် မြန် မာလူမျိုးတို့ စစ်ဖြစ်ကြ၍ တိုက်ခိုက်သော တိုက်ပွဲဖြစ်သည်။

ငဆောင်ချမ်း အရပ်တွင် စစ်ပြိုင်ကြသည်ကို အစွဲပြု၍ ငဆောင်ချမ်းတိုက် ပွဲဟု တွင်သည်။ ငဆောင်းချမ်းအရပ်သည် ဗန်းမော်မြို့၏အရှေ့ဘက်ပြည်ထောင်စု မြန်မာနိုင်ငံတော်နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ နယ်စပ်ဒေသလောက်တွင် ရှိ၏။

 

ထိုငဆောင်းချမ်းတိုက်ပွဲသည် မြန်မာနိုင်ငံ၏ သမိုင်းလမ်းကြောင်းကို ပြောင်းလဲစေခဲ့သော တိုက်ပွဲဟုလည်း ဆိုနိုင် သည်။ ပထမမြန်မာနိုင်ငံတော် ပျက်စီးရခြင်း အကြောင်းတစ်ရပ်မှာ မြန်မာနိုင်ငံသို့ တာတာခေါ်တရုတ်တို့ ချင်းနင်းဝင်ရောက် လာသော ကြောင့် ဖြစ်၏။

ထိုတိုက်ပွဲဖြစ်ရခြင်းမှာ မြန်မာသက္ကရာဇ် ၆၄၃ ခု၊ နရသီဟပတေ့မင်းလက်ထက်တွင် တရုတ် ဦးတည်ဘွားက ရှေးယခင်မြန်မာမင်းတစ်ပါးသည် ရွှေအိုး၊ ငွေထမင်းအိုး၊ ရွှေပေါင်းချောင် ၊ ငွေပေါင်းချောင်၊ ရွှေယောက်မ၊ ငွေယောက်မ၊ ရွှေဟင်းချို၊ ငွေဟင်းချိုတို့ကို ဆက်ဘူးသည်ဟူ၍ တရုတ်သံ အဖွဲ့ဝင် အမတ်တစ်ကျိပ်နှင့် မြင်းသည် ၁ဝဝဝ တို့ကို စေ၍ လာတောင်း၏။

 

ထိုသို့ တောင်းဆိုလာခြင်းသည် အခြေအမြစ် မရှိ၊ မဟုတ်မမှန်ဘဲ စော်ကားရန်စသည်ဟု မြန်မာတို့က ယူဆနေစဉ် တရုတ်သံတို့သည် မင်းကြီးရှေ့တော်တွင် မတော်မရော် မကျစ်မလစ်ပြုချေ၍ အမတ်တစ်ကျိပ်နှင့် မြင်းသည် ၁ဝဝဝ ကို တစ်ယောက်မလွတ်သတ်လေဟူ၍ အမိန့်တော်ရှိ၏။

အမတ်တို့လည်း မင်းကြီးအာဏာကို ကြောက်၍ တစ်ယောက်မလွတ် သတ်လေ၏။သံတို့အား သတ်လေသော အကြောင်းကို တရုတ် ဥတည်ဘွားကြားလေသော် အမျက်ပြင်းစွာ ထွက်၍ မြင်းသည် ၆,ဝဝဝ,ဝဝဝ ခြေသည် ၂ဝ,ဝဝဝ,ဝဝဝ မျှလောက်သော စစ်အင်္ဂါ တို့ကို စီရင်၍ချီလာ ၏။

တရုတ် ဥတည်ဘွားက စစ်သည် ချီလာပြီဟူ၍ နရသီဟပတေ့မင်းကြီး ကြားတော်မူလေသော် စစ်သူကြီး အနန္တပစ္စည်းနှင့် ရန္တပစ္စည်းတို့အား ကြည်းရေ ၈,ဝဝဝ,ဝဝဝ သော ဆင်လုံးမြင်းရင်းနှင့်တကွ ချီတက်၍ ခုခံ တိုက်ခိုက်စေသည်။

မြန်မာစစ်သည်တို့သည် ငဆောင်ချမ်းသို့ ရောက်သော်ရောက်နေနှင့်သော တရုတ်စစ်သည်တို့နှင့် အတန်ကွာ ဗန်းမော်မြစ်ငူတွင် ကျုံးမြောင်းလုပ်၍ နားနေသည်။

တရုတ်စစ်သည်တို့ကား မြန်မာစစ်သည်တို့ရောက်ကြောင်း သိသည်နှင့်တပြိုင်နက်သစ်ကြီးဝါးကြီးများဖြင့် ထူထပ်သောတောများရှိရာ လွင်ပြင်သို့ ဆင်းသက်လာလေသည်။ တရုတ်စစ်သည်တို့ ချီတက်လာလျှင် မြန်မာစစ်သည်တို့သည် ဆင်တပ်ကို ရှေ့တွင် တင်ကာ ချီတက်တိုက်ခိုက်လေ၏။

မြန် မာတပ်များ၏ တိုက်စည်၊ တိုက်မောင်းနှင့် စစ်သည်တော်တို့၏ ကြွေးကြော်သံမှာ ပဲ့တင်ထပ်မျှရှိသည်။ တရုတ်စစ်သည်တို့၏မြင်းများမှာ စစ်ဆင်တို့ကို မတွေ့ဘူးသည်အတွက် မြင်လျှင်ချက်ချင်း ကြောက်လန့်ခြင်းဖြစ်၍ တရုတ်စစ်တပ်ပျက်လေသည်။

တရုတ်စစ်ဗိုလ်လည်း စစ်ပရိယာယ်ကို တစ်မျိုးပြင်၍ သူ၏စစ်သည်များအား မြင်းမှ ဆင်းစေပြီးလျှင်၊ ခြေလျင်ချီတက်ကာ မြားမိုးရွာစေ သည်။မြန်မာစစ်သည်တို့က ပြန်လည်ခုခံကြသော်လည်းတရုတ်တို့၏ မြားဒဏ်ပြင်းထန်လွန်းသည်ကို ဆင်များမခံနိုင်သဖြင့် ဆင်တပ်ပျက်ရလေသည်။

ဆင်တပ်ပျက်သည်ကို တွေ့ရသော တရုတ်တပ်တို့မှာ တစ်အားတက်ကာ မြင်းတပ်ကို ဖွဲ့စည်း၍ စုပေါင်း တိုက်ခိုက်လေသည်။ မြင်းနှင့်ခြေလျင်တပ်မှ မြန်မာစစ်သည်တို့လည်း ရဲရဲဝံ့ဝံ့ ခုခံတိုက်ခိုက်၏။ ထိုသို့တစ်ဖက်နှင့် တစ်ဖက် လေးမြားများဖြင့် ပစ်ခတ်တိုက်ခိုက်ရာတွင် မြန်မာတို့သည် တရုတ်စစ်သည်တို့ကဲ့သို့ သံချပ်အင်္ကျီများ ဝတ်ဆင်ထားခြင်း မရှိသဖြင့် အထိအခိုက်များလေသည်။

နှစ်ဖက်စစ် သည် တို့သည် မြားကုန်ကြသောအခါ ရရာဓား၊ လှံ၊ လက်နက်တို့ဖြင့် ထိုးခုတ် တိုက်ခိုက်ကြ၏။ နှစ်ဖက်စလုံးတွင် စစ်ကူများ အဆက်မ ပြတ် ရောက်လာသည်နှင့်အမျှ တိုက်ပွဲမှာ ပြင်းထန်ရကား နှစ်ဖက်လုံးမှ အကျအဆုံးများလှလေသည်။ စစ်မြေပြင်အလုံးတွင် လူနာ၊ မြင်း နာ၊ လူသေ၊ မြင်းသေကောင် တို့ဖြင့် ဖုံးလွှမ်းနေတော့သည်။

ဤသို့ အပြင်းအထန်တိုက်ပွဲမှာ နံနက်မှသည် မွန်းတည့်ထိ ကြာလေသည်။ နောက်ဆုံးတွင် မြန်မာတို့ လက်ခြေပန်းကျသဖြင့် တရုတ်တို့မြစ်ကိုကူးနိုင်သော ကြောင့် ငဆောင်ချမ်းပျက်လေသည်။ဤငဆောင်ချမ်းတိုက်ပွဲနှင့် စပ်လျဉ်း၍ ပုဂံမင်းနန်သူရွာ၊ လေးထောင့်ကန် မြောက်ကျောင်းကျောက်စာတွင် ‘အနန္တ ပစ္စည်းလေ ငဆောင်ချမ်းမြို့နေရလေ၏။

ပြည်ထဲပျက်စီးသည် ဖြစ်ခဲ့၏။’ဟု ရေးထိုးထားသည်ကို တွေ့ရသည်။ တရုတ်တို့သည် ဆက်လက်ချီတက်ရာ အနန္တပစ္စည်း၊ ရန္တပစ္စည်း စစ်သူ ကြီး နှစ်ယောက်သည် ဆုတ်ခဲ့ကြ၍ မန်လည်တောင်ရံအရှေ့၌ မြို့ ၂ မြို့တည်၍ ခံပြန်၏။ ထိုမြို့တွင် အနန္တပစ္စည်းကျဆုံး သဖြင့် တရုတ်တို့သည် တရုတ်မော်သို့တိုင်အောင် ချီတက်လေသည်။

ပုဂံပြည့်ရှင် နရသီဟပတေ့ကား အောက်မြန်မာနိုင်ငံ အရောက် စုန်၍ပြေးသည်ကို အစွဲပြု၍ တရုတ်ပြေးမင်းဟု တွင်သည်။ယင်းသို့ မြန်မာပြည်အတွင်းသို့ ငဆောင်ချမ်း ဝင်ရောက် လာ၍ ငဆောင်ချမ်းတိုက်ပွဲတွင် တရုတ်စစ်သည်တို့၏ မြား စွမ်းပြနိုင်ခဲ့ပုံကို မြင်းစိုင်းငါးစီးရှင်သီဆိုသည့် မြင်းစိုင်းမြို့ဘွဲ့ ကာချင်းတွင်၊ ‘တရုတ်လာသည် ရိုင်ရိုင်လော၊ ရိုင်ရိုင်။

မြားမိုးရွာသည်၊ ဖြိုင်ဖြိုင်လော၊ ဖြိုင်ဖြိုင်။ လင်းပြင်ပြည့်မျှ၊ ငှက်လင်းတ၊ လတိုင်းလော၊ လတိုင်းလတိုင်း။ မြင်းသည်သိန်းသန်း၊ များစွာလွန်းသည်။ ထက်ဝန်းရံသ၊ မနိုင်မနိုင်။’ဟု တွေ့ရှိရ လေသည်။

 

credit

Zawgyi

 

ပထမျမန္မာနိုင္ငံေတာ္ ပ်က္စီးရျခင္းအစ (သို႔မဟုတ္) ငေဆာင္ခ်မ္းတိုက္ပြဲ

 

 

ငေဆာင္ခ်မ္းတိုက္ပြဲသည္ ပုဂံမင္းဆက္ နရသီဟပေတ့မင္းလက္ထက္ ျမန္မာ့သကၠရာဇ္ ၆၄၃ ခု (ခရစ္ ၁၂၇၇)ခုႏွစ္၌ တာတာလူမ်ိဳးတို႔ႏွင့္ ျမန္ မာလူမ်ိဳးတို႔ စစ္ျဖစ္ၾက၍ တိုက္ခိုက္ေသာ တိုက္ပြဲျဖစ္သည္။

ငေဆာင္ခ်မ္း အရပ္တြင္ စစ္ၿပိဳင္ၾကသည္ကို အစြဲျပဳ၍ ငေဆာင္ခ်မ္းတိုက္ ပြဲဟု တြင္သည္။ ငေဆာင္းခ်မ္းအရပ္သည္ ဗန္းေမာ္ၿမိဳ႕၏အေရွ႕ဘက္ျပည္ေထာင္စု ျမန္မာနိုင္ငံေတာ္ႏွင့္ တ႐ုတ္ျပည္သူ႕သမၼတနိုင္ငံ နယ္စပ္ေဒသေလာက္တြင္ ရွိ၏။

 

ထိုငေဆာင္းခ်မ္းတိုက္ပြဲသည္ ျမန္မာနိုင္ငံ၏ သမိုင္းလမ္းေၾကာင္းကို ေျပာင္းလဲေစခဲ့ေသာ တိုက္ပြဲဟုလည္း ဆိုနိုင္ သည္။ ပထမျမန္မာနိုင္ငံေတာ္ ပ်က္စီးရျခင္း အေၾကာင္းတစ္ရပ္မွာ ျမန္မာနိုင္ငံသို႔ တာတာေခၚတ႐ုတ္တို႔ ခ်င္းနင္းဝင္ေရာက္ လာေသာ ေၾကာင့္ ျဖစ္၏။

ထိုတိုက္ပြဲျဖစ္ရျခင္းမွာ ျမန္မာသကၠရာဇ္ ၆၄၃ ခု၊ နရသီဟပေတ့မင္းလက္ထက္တြင္ တ႐ုတ္ ဦးတည္ဘြားက ေရွးယခင္ျမန္မာမင္းတစ္ပါးသည္ ေ႐ႊအိုး၊ ေငြထမင္းအိုး၊ ေ႐ႊေပါင္းေခ်ာင္ ၊ ေငြေပါင္းေခ်ာင္၊ ေ႐ႊေယာက္မ၊ ေငြေယာက္မ၊ ေ႐ႊဟင္းခ်ိဳ၊ ေငြဟင္းခ်ိဳတို႔ကို ဆက္ဘူးသည္ဟူ၍ တ႐ုတ္သံ အဖြဲ႕ဝင္ အမတ္တစ္က်ိပ္ႏွင့္ ျမင္းသည္ ၁ဝဝဝ တို႔ကို ေစ၍ လာေတာင္း၏။

 

ထိုသို႔ ေတာင္းဆိုလာျခင္းသည္ အေျခအျမစ္ မရွိ၊ မဟုတ္မမွန္ဘဲ ေစာ္ကားရန္စသည္ဟု ျမန္မာတို႔က ယူဆေနစဥ္ တ႐ုတ္သံတို႔သည္ မင္းႀကီးေရွ႕ေတာ္တြင္ မေတာ္မေရာ္ မက်စ္မလစ္ျပဳေခ်၍ အမတ္တစ္က်ိပ္ႏွင့္ ျမင္းသည္ ၁ဝဝဝ ကို တစ္ေယာက္မလြတ္သတ္ေလဟူ၍ အမိန႔္ေတာ္ရွိ၏။

အမတ္တို႔လည္း မင္းႀကီးအာဏာကို ေၾကာက္၍ တစ္ေယာက္မလြတ္ သတ္ေလ၏။သံတို႔အား သတ္ေလေသာ အေၾကာင္းကို တ႐ုတ္ ဥတည္ဘြားၾကားေလေသာ္ အမ်က္ျပင္းစြာ ထြက္၍ ျမင္းသည္ ၆,ဝဝဝ,ဝဝဝ ေျခသည္ ၂ဝ,ဝဝဝ,ဝဝဝ မွ်ေလာက္ေသာ စစ္အဂၤါ တို႔ကို စီရင္၍ခ်ီလာ ၏။

တ႐ုတ္ ဥတည္ဘြားက စစ္သည္ ခ်ီလာၿပီဟူ၍ နရသီဟပေတ့မင္းႀကီး ၾကားေတာ္မူေလေသာ္ စစ္သူႀကီး အနႏၲပစၥည္းႏွင့္ ရႏၲပစၥည္းတို႔အား ၾကည္းေရ ၈,ဝဝဝ,ဝဝဝ ေသာ ဆင္လုံးျမင္းရင္းႏွင့္တကြ ခ်ီတက္၍ ခုခံ တိုက္ခိုက္ေစသည္။

ျမန္မာစစ္သည္တို႔သည္ ငေဆာင္ခ်မ္းသို႔ ေရာက္ေသာ္ေရာက္ေနႏွင့္ေသာ တ႐ုတ္စစ္သည္တို႔ႏွင့္ အတန္ကြာ ဗန္းေမာ္ျမစ္ငူတြင္ က်ဳံးေျမာင္းလုပ္၍ နားေနသည္။

တ႐ုတ္စစ္သည္တို႔ကား ျမန္မာစစ္သည္တို႔ေရာက္ေၾကာင္း သိသည္ႏွင့္တၿပိဳင္နက္သစ္ႀကီးဝါးႀကီးမ်ားျဖင့္ ထူထပ္ေသာေတာမ်ားရွိရာ လြင္ျပင္သို႔ ဆင္းသက္လာေလသည္။ တ႐ုတ္စစ္သည္တို႔ ခ်ီတက္လာလွ်င္ ျမန္မာစစ္သည္တို႔သည္ ဆင္တပ္ကို ေရွ႕တြင္ တင္ကာ ခ်ီတက္တိုက္ခိုက္ေလ၏။

ျမန္ မာတပ္မ်ား၏ တိုက္စည္၊ တိုက္ေမာင္းႏွင့္ စစ္သည္ေတာ္တို႔၏ ေႂကြးေၾကာ္သံမွာ ပဲ့တင္ထပ္မွ်ရွိသည္။ တ႐ုတ္စစ္သည္တို႔၏ျမင္းမ်ားမွာ စစ္ဆင္တို႔ကို မေတြ႕ဘူးသည္အတြက္ ျမင္လွ်င္ခ်က္ခ်င္း ေၾကာက္လန႔္ျခင္းျဖစ္၍ တ႐ုတ္စစ္တပ္ပ်က္ေလသည္။

တ႐ုတ္စစ္ဗိုလ္လည္း စစ္ပရိယာယ္ကို တစ္မ်ိဳးျပင္၍ သူ၏စစ္သည္မ်ားအား ျမင္းမွ ဆင္းေစၿပီးလွ်င္၊ ေျခလ်င္ခ်ီတက္ကာ ျမားမိုး႐ြာေစ သည္။ျမန္မာစစ္သည္တို႔က ျပန္လည္ခုခံၾကေသာ္လည္းတ႐ုတ္တို႔၏ ျမားဒဏ္ျပင္းထန္လြန္းသည္ကို ဆင္မ်ားမခံနိုင္သျဖင့္ ဆင္တပ္ပ်က္ရေလသည္။

ဆင္တပ္ပ်က္သည္ကို ေတြ႕ရေသာ တ႐ုတ္တပ္တို႔မွာ တစ္အားတက္ကာ ျမင္းတပ္ကို ဖြဲ႕စည္း၍ စုေပါင္း တိုက္ခိုက္ေလသည္။ ျမင္းႏွင့္ေျခလ်င္တပ္မွ ျမန္မာစစ္သည္တို႔လည္း ရဲရဲဝံ့ဝံ့ ခုခံတိုက္ခိုက္၏။ ထိုသို႔တစ္ဖက္ႏွင့္ တစ္ဖက္ ေလးျမားမ်ားျဖင့္ ပစ္ခတ္တိုက္ခိုက္ရာတြင္ ျမန္မာတို႔သည္ တ႐ုတ္စစ္သည္တို႔ကဲ့သို႔ သံခ်ပ္အကၤ်ီမ်ား ဝတ္ဆင္ထားျခင္း မရွိသျဖင့္ အထိအခိုက္မ်ားေလသည္။

ႏွစ္ဖက္စစ္ သည္ တို႔သည္ ျမားကုန္ၾကေသာအခါ ရရာဓား၊ လွံ၊ လက္နက္တို႔ျဖင့္ ထိုးခုတ္ တိုက္ခိုက္ၾက၏။ ႏွစ္ဖက္စလုံးတြင္ စစ္ကူမ်ား အဆက္မ ျပတ္ ေရာက္လာသည္ႏွင့္အမွ် တိုက္ပြဲမွာ ျပင္းထန္ရကား ႏွစ္ဖက္လုံးမွ အက်အဆုံးမ်ားလွေလသည္။ စစ္ေျမျပင္အလုံးတြင္ လူနာ၊ ျမင္း နာ၊ လူေသ၊ ျမင္းေသေကာင္ တို႔ျဖင့္ ဖုံးလႊမ္းေနေတာ့သည္။

ဤသို႔ အျပင္းအထန္တိုက္ပြဲမွာ နံနက္မွသည္ မြန္းတည့္ထိ ၾကာေလသည္။ ေနာက္ဆုံးတြင္ ျမန္မာတို႔ လက္ေျခပန္းက်သျဖင့္ တ႐ုတ္တို႔ျမစ္ကိုကူးနိုင္ေသာ ေၾကာင့္ ငေဆာင္ခ်မ္းပ်က္ေလသည္။ဤငေဆာင္ခ်မ္းတိုက္ပြဲႏွင့္ စပ္လ်ဥ္း၍ ပုဂံမင္းနန္သူ႐ြာ၊ ေလးေထာင့္ကန္ ေျမာက္ေက်ာင္းေက်ာက္စာတြင္ ‘အနႏၲ ပစၥည္းေလ ငေဆာင္ခ်မ္းၿမိဳ႕ေနရေလ၏။

ျပည္ထဲပ်က္စီးသည္ ျဖစ္ခဲ့၏။’ဟု ေရးထိုးထားသည္ကို ေတြ႕ရသည္။ တ႐ုတ္တို႔သည္ ဆက္လက္ခ်ီတက္ရာ အနႏၲပစၥည္း၊ ရႏၲပစၥည္း စစ္သူ ႀကီး ႏွစ္ေယာက္သည္ ဆုတ္ခဲ့ၾက၍ မန္လည္ေတာင္ရံအေရွ႕၌ ၿမိဳ႕ ၂ ၿမိဳ႕တည္၍ ခံျပန္၏။ ထိုၿမိဳ႕တြင္ အနႏၲပစၥည္းက်ဆဳံး သျဖင့္ တ႐ုတ္တို႔သည္ တ႐ုတ္ေမာ္သို႔တိုင္ေအာင္ ခ်ီတက္ေလသည္။

ပုဂံျပည့္ရွင္ နရသီဟပေတ့ကား ေအာက္ျမန္မာနိုင္ငံ အေရာက္ စုန္၍ေျပးသည္ကို အစြဲျပဳ၍ တ႐ုတ္ေျပးမင္းဟု တြင္သည္။ယင္းသို႔ ျမန္မာျပည္အတြင္းသို႔ ငေဆာင္ခ်မ္း ဝင္ေရာက္ လာ၍ ငေဆာင္ခ်မ္းတိုက္ပြဲတြင္ တ႐ုတ္စစ္သည္တို႔၏ ျမား စြမ္းျပနိုင္ခဲ့ပုံကို ျမင္းစိုင္းငါးစီးရွင္သီဆိုသည့္ ျမင္းစိုင္းၿမိဳ႕ဘြဲ႕ ကာခ်င္းတြင္၊ ‘တ႐ုတ္လာသည္ ရိုင္ရိုင္ေလာ၊ ရိုင္ရိုင္။

ျမားမိုး႐ြာသည္၊ ၿဖိဳင္ၿဖိဳင္ေလာ၊ ၿဖိဳင္ၿဖိဳင္။ လင္းျပင္ျပည့္မွ်၊ ငွက္လင္းတ၊ လတိုင္းေလာ၊ လတိုင္းလတိုင္း။ ျမင္းသည္သိန္းသန္း၊ မ်ားစြာလြန္းသည္။ ထက္ဝန္းရံသ၊ မနိုင္မနိုင္။’ဟု ေတြ႕ရွိရ ေလသည္။

 

credit

 

 

 

 

 

 

 

 

 

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *