အလောင်းမင်းတရားကြီးနှင့်သူ၏လက်နက်ဆန်းများ

အလောင်းမင်းတရားကြီးနှင့်သူ၏လက်နက်ဆန်းများ

 

 

အေဒီ၁၇၅၂ခုနှစ်တွင်အဘက်ဘက်မှယိုယွင်းနေသောအင်းဝနေပြည်တော်ကိုဟံသာဝတီတပ်များကချီတက်သိမ်းပိုက်နိုင်ခဲ့ပြီး၊ရှင်ဘုရင်၊မိဖုရားနှင့်တကွအထူးထူးသောနန်းစဉ်ရတနာများ၊ဆင်မြင်းလူသူအများကိုဟံသာဝတီသို့ဆောင်ယူခဲ့ကြသည်။

ထိုသို့အင်းဝကိုမွန်တို့လွှမ်းမိုးမိသောအခါအလောင်းမင်းတရားကြီးဦးအောင်ဇေယျသည်ဟံသာဝတီသစ္စာကိုမခံယူဘဲမိမိကိုယ်တော်တိုင်သာတစ်ထီးတစ်နန်းထူထောင်ရန်အတွက်၊ဧရာဝတီနှင့်ချင်းတွင်းမြစ်နှစ်သွယ်စပ်ကြားဒေသကိုခြေကုပ်ယူကာမွန်တို့သိမ်းပိုက်ထားသောဗမာပိုင်နယ်မြေများကိုပြန်လည်သိမ်းယူရန်ကြိုးပမ်းခဲ့သည်။

ကြိုးပမ်းရာတွင်အခက်အခဲများစွာကိုကြုံတွေ့ခဲ့ရသည်။ထိုအခက်အခဲများကိုကျော်လွှားရန်အလောင်းမင်းတရားကြီးသည်အောက်ဖော်ပြပါရိုးရှင်းထိရောက်သောတီထွင်မှုများကိုအသုံးချခဲ့လေသည်။

 

(၁)သစ်စေးသရိုးကိုင်ခမောက်ထူကြီးများသန်လျင်မြို့ကိုသိမ်းပိုက်ရာတွင်စတင်အသုံးချခဲ့သည်။သန်လျင်မြို့ရိုးပေါ်လှေကားထောင်၍တက်သောမုဆိုးဖိုသားတို့အပေါ်သို့ဟံသာဝတီသားတို့သည်ကျိုက်ကျိုက်ဆူအောင်ပူလောင်လှသောပွဲလျက်ရည်၊ခဲရည်တို့ကိုလောင်းချရာအသေအပျောက်လွန်စွာများခဲ့သည်။

ထိုအခါအလောင်းမင်းတရားကြီးကခမောက်များကိုနဂိုထက်အရွယ်အစားပိုမိုကြီးမားပြီးအပူဒဏ်ပိုမိုခံနိုင်အောင်သစ်စေးထူထူသုတ်စေကာရဲမက်တော်တို့ကိုဆောင်းစေခဲ့သည်။ထိုအခါတွင်မုဆိုးဖိုသားတို့အလွယ်တကူမြို့ရိုးပေါ်သို့ရောက်ရှိကာတိုက်ခိုက်နိုင်ခဲ့သည်။

(၂)ကောက်ရိုးခြင်းလုံးကြီးများပြည်မြို့ကိုသိမ်းပိုက်ရာတွင်စတင်အသုံးချခဲ့သည်။ပြည်ရွှေဆံတော်ဘုရားအနီးတွင်မွန်တို့ခံတပ်အခိုင်အမာစွဲ၍ခုခံခဲ့သည်။ခံတပ်သည်အုတ်မြို့ဖြစ်သည့်အပြင်အဝေးပစ်လက်နက်များဖြစ်သည့်အမြောက်၊စိန်ပြောင်းမှသည်မီးပေါက်သေနတ်၊လေးမြားတို့အထိစုံလင်စွာစီမံထား၍ရဲမက်တော်များအထိအရှများခဲ့သည်။

(ပထမတိုက်ပွဲတွင်မိဖုရားခေါင်ကြီး(မယ်ယွန်းစံ)၏မောင်တော်အရင်းအပါအဝင်ဗိုလ်ငါးဦးမှာပွဲချင်းပြီးကျဆုံးခဲ့သည်ဆို၏)။ထိုအခါအလောင်းမင်းတရားကြီးကအ၀ခြောက်ပေ၊အလျားပေနှစ်ဆယ်ကျော်သုံးဆယ်ရှိသောခြင်းလုံးကြီးများရက်ပြီးလျှင်ကောက်ရိုးအပြည့်ထည့်စေ၏။

 

ထို့နောက်ရဲမက်တို့အားခြင်းလုံးကြီးများကိုအကာအကွယ်ယူစေကာမြို့ရိုးအနီးသို့လှိမ့်၍သွားစေ၏။မီးပေါက်ကျည်ဆံ၊အမြောက်ဆံနှင့်မြားတံတို့သည်ခြင်းလုံးကြီးများနှင့်အတွေ့တွင်မူမည်သို့မျှသုံးမရတော့ချေ။

 

(၃)ငရုတ်သီးမှိုင်းပြည်မြို့တောင်မျက်နှာကိုတိုက်စဉ်ကဖြစ်သည်။မွန်တို့သည်မြို့ရိုးပေါ်မှပင်မြဲမြဲရပ်တည်ကာခုခံနေကြသည်။ပစ်စရာမြားတံ၊ကျည်ဆံများကုန်သည့်အခါတွင်လည်းပြန်မဆင်းဘဲဓါးများလှံများကိုကိုင်စွဲကာမုဆိုးဖိုသားတို့တက်လျှင်ခုတ်ချရန်အသင့်စောင့်နေကြသည်။

ထိုအခါဦးအောင်ဇေယျကဝါးလုံးကိုးတောင်ဆယ်တောင်ခန့်ကိုထိပ်တွင်ရှုးမီးတင်ကာယမ်းနှင့်ငရုတ်ခြောက်ကိုညက်အောင်ထောင်း၍ထိုရှုးမီးထဲသို့ထည့်စေ၏။ထို့နောက်မြို့ရိုးပေါ်မှမွန်တို့ထံထိုရှုးမီးများကိုအောက်မှထိုး၍မှိုင်းတိုက်သည်တွင်မရပ်မတည်နိုင်ဘဲပြေးဆင်းကြရလေသည်။(ကုန်းဘောင်ခေတ်ဓာတ်ငွေ့လက်နက်ဟုဆိုရပေမည်။)

 

(၄)လှည်းရထားကြီးများရွှေညောင်ပင်ခံတပ်ကိုတိုက်စဉ်ကအသုံးပြုခဲ့သည်ဆို၏။ထုလက်ကိုးသစ်ခန့်ထူသောပျဉ်ပြားကြီးများကိုဆက်စပ်၍ခံတပ်လှည်းရထားကြီးများတည်လုပ်စေခြင်းပင်ဖြစ်သည်။ရထားမှာပြောင်းသေနတ်များပစ်ရန်အပေါက်ကိုဝဲယာရှေ့တို့တွင်ဖောက်ကာရထားတွင်းတွင်ဗိုလ်မှုး၊သူရဲသူခက်များလိုက်ပါရ၏။

တစ်စီးလျှင်အမြောက်သုံးလက်၊သံကရနက်တစ်ဆယ်၊ရှုးမီးတစ်ဆယ်၊ရဲတင်း၊ပုဆိန်တစ်ဆယ့်နှစ်၊နားပန်စောင့်သေနတ်နှစ်ဆယ်နှင့်ရထားတွန်းရသူငါးဆယ်စီရှိသည်ဟုမှတ်တမ်းများကဆိုသည်။ခြေလျင်တပ်များသည်ထိုရထားကြီးများနောက်ကကွယ်၍လိုက်ရသည်ဆို၏။

မတိုက်ခိုက်မီစစ်ရေးပြသဘောမျိုးဖြင့်မင်းတရားကြီးရှေ့တွင်ရထားတပ်ကြီးချီတက်ပြရာတပ်အလယ်မှရထားအပေါ်တွင်ခေါင်းပေါင်းပေါင်းကာဟန်ပါပါလိုက်ပါလာသောလူတစ်ယောက်ကိုမြင်သဖြင့်မေးတော်မူရာ”ကျွန်းဆုံမြို့သူကြီးရန်အောင်ကျော်သူပါဘုရား”ဟုလျှောက်ထားလေလျှင်“မာတလိနန္ဒ”ဟူသောဘွဲ့ကိုပေးသနားတော်မူလေ၏။

ထိုရထားကြီးများကိုတည်ဆောက်ရသည်မှာခဲယဉ်းဟန်တူသည်။နောက်ပိုင်းတိုက်ပွဲများတွင်အသုံးချသည်ကိုမတွေ့ရတော့ပေ။(ဤသည်တို့မှာအလောင်းမင်းတရားကြီး၏ထိုခေတ်အခါကလွယ်လွယ်ကူကူနှင့်ထိရောက်သောတီထွင်မှုများသာဖြစ်သည်။

ထိုသို့ဉာဏ်ပြေးတော်မူသောကြောင့်သာဝါးရင်းတုတ်နှင့်ထန်းလုံးခံတပ်မှသည်ကုန်းဘောင်ဧကရာဇ်နိုင်ငံတော်ကြီးကိုတည်ထောင်နိုင်ခဲ့ခြင်းဖြစ်ပေမည်ဟုထင်မိပါကြောင်းရေးသားတင်ပြလိုက်ရပါသည်။

 

Credit

 

Zawgyi

 

အေလာင္းမင္းတရားႀကီးႏွင့္သူ၏လက္နက္ဆန္းမ်ား

 

 

ေအဒီ၁၇၅၂ခုႏွစ္တြင္အဘက္ဘက္မွယိုယြင္းေနေသာအင္းဝေနျပည္ေတာ္ကိုဟံသာဝတီတပ္မ်ားကခ်ီတက္သိမ္းပိုက္နိုင္ခဲ့ၿပီး၊ရွင္ဘုရင္၊မိဖုရားႏွင့္တကြအထူးထူးေသာနန္းစဥ္ရတနာမ်ား၊ဆင္ျမင္းလူသူအမ်ားကိုဟံသာဝတီသို႔ေဆာင္ယူခဲ့ၾကသည္။

ထိုသို႔အင္းဝကိုမြန္တို႔လႊမ္းမိုးမိေသာအခါအေလာင္းမင္းတရားႀကီးဦးေအာင္ေဇယ်သည္ဟံသာဝတီသစၥာကိုမခံယူဘဲမိမိကိုယ္ေတာ္တိုင္သာတစ္ထီးတစ္နန္းထူေထာင္ရန္အတြက္၊ဧရာဝတီႏွင့္ခ်င္းတြင္းျမစ္ႏွစ္သြယ္စပ္ၾကားေဒသကိုေျခကုပ္ယူကာမြန္တို႔သိမ္းပိုက္ထားေသာဗမာပိုင္နယ္ေျမမ်ားကိုျပန္လည္သိမ္းယူရန္ႀကိဳးပမ္းခဲ့သည္။

ႀကိဳးပမ္းရာတြင္အခက္အခဲမ်ားစြာကိုႀကဳံေတြ႕ခဲ့ရသည္။ထိုအခက္အခဲမ်ားကိုေက်ာ္လႊားရန္အေလာင္းမင္းတရားႀကီးသည္ေအာက္ေဖာ္ျပပါရိုးရွင္းထိေရာက္ေသာတီထြင္မႈမ်ားကိုအသုံးခ်ခဲ့ေလသည္။

 

(၁)သစ္ေစးသရိုးကိုင္ခေမာက္ထူႀကီးမ်ားသန္လ်င္ၿမိဳ႕ကိုသိမ္းပိုက္ရာတြင္စတင္အသုံးခ်ခဲ့သည္။သန္လ်င္ၿမိဳ႕ရိုးေပၚေလွကားေထာင္၍တက္ေသာမုဆိုးဖိုသားတို႔အေပၚသို႔ဟံသာဝတီသားတို႔သည္က်ိဳက္က်ိဳက္ဆူေအာင္ပူေလာင္လွေသာပြဲလ်က္ရည္၊ခဲရည္တို႔ကိုေလာင္းခ်ရာအေသအေပ်ာက္လြန္စြာမ်ားခဲ့သည္။

ထိုအခါအေလာင္းမင္းတရားႀကီးကခေမာက္မ်ားကိုနဂိုထက္အ႐ြယ္အစားပိုမိုႀကီးမားၿပီးအပူဒဏ္ပိုမိုခံနိုင္ေအာင္သစ္ေစးထူထူသုတ္ေစကာရဲမက္ေတာ္တို႔ကိုေဆာင္းေစခဲ့သည္။ထိုအခါတြင္မုဆိုးဖိုသားတို႔အလြယ္တကူၿမိဳ႕ရိုးေပၚသို႔ေရာက္ရွိကာတိုက္ခိုက္နိုင္ခဲ့သည္။

(၂)ေကာက္ရိုးျခင္းလုံးႀကီးမ်ားျပည္ၿမိဳ႕ကိုသိမ္းပိုက္ရာတြင္စတင္အသုံးခ်ခဲ့သည္။ျပည္ေ႐ႊဆံေတာ္ဘုရားအနီးတြင္မြန္တို႔ခံတပ္အခိုင္အမာစြဲ၍ခုခံခဲ့သည္။ခံတပ္သည္အုတ္ၿမိဳ႕ျဖစ္သည့္အျပင္အေဝးပစ္လက္နက္မ်ားျဖစ္သည့္အေျမာက္၊စိန္ေျပာင္းမွသည္မီးေပါက္ေသနတ္၊ေလးျမားတို႔အထိစုံလင္စြာစီမံထား၍ရဲမက္ေတာ္မ်ားအထိအရွမ်ားခဲ့သည္။

(ပထမတိုက္ပြဲတြင္မိဖုရားေခါင္ႀကီး(မယ္ယြန္းစံ)၏ေမာင္ေတာ္အရင္းအပါအဝင္ဗိုလ္ငါးဦးမွာပြဲခ်င္းၿပီးက်ဆဳံးခဲ့သည္ဆို၏)။ထိုအခါအေလာင္းမင္းတရားႀကီးကအ၀ေျခာက္ေပ၊အလ်ားေပႏွစ္ဆယ္ေက်ာ္သုံးဆယ္ရွိေသာျခင္းလုံးႀကီးမ်ားရက္ၿပီးလွ်င္ေကာက္ရိုးအျပည့္ထည့္ေစ၏။

 

ထို႔ေနာက္ရဲမက္တို႔အားျခင္းလုံးႀကီးမ်ားကိုအကာအကြယ္ယူေစကာၿမိဳ႕ရိုးအနီးသို႔လွိမ့္၍သြားေစ၏။မီးေပါက္က်ည္ဆံ၊အေျမာက္ဆံႏွင့္ျမားတံတို႔သည္ျခင္းလုံးႀကီးမ်ားႏွင့္အေတြ႕တြင္မူမည္သို႔မွ်သုံးမရေတာ့ေခ်။

 

(၃)င႐ုတ္သီးမွိုင္းျပည္ၿမိဳ႕ေတာင္မ်က္ႏွာကိုတိုက္စဥ္ကျဖစ္သည္။မြန္တို႔သည္ၿမိဳ႕ရိုးေပၚမွပင္ၿမဲၿမဲရပ္တည္ကာခုခံေနၾကသည္။ပစ္စရာျမားတံ၊က်ည္ဆံမ်ားကုန္သည့္အခါတြင္လည္းျပန္မဆင္းဘဲဓါးမ်ားလွံမ်ားကိုကိုင္စြဲကာမုဆိုးဖိုသားတို႔တက္လွ်င္ခုတ္ခ်ရန္အသင့္ေစာင့္ေနၾကသည္။

ထိုအခါဦးေအာင္ေဇယ်ကဝါးလုံးကိုးေတာင္ဆယ္ေတာင္ခန႔္ကိုထိပ္တြင္ရႈးမီးတင္ကာယမ္းႏွင့္င႐ုတ္ေျခာက္ကိုညက္ေအာင္ေထာင္း၍ထိုရႈးမီးထဲသို႔ထည့္ေစ၏။ထို႔ေနာက္ၿမိဳ႕ရိုးေပၚမွမြန္တို႔ထံထိုရႈးမီးမ်ားကိုေအာက္မွထိုး၍မွိုင္းတိုက္သည္တြင္မရပ္မတည္နိုင္ဘဲေျပးဆင္းၾကရေလသည္။(ကုန္းေဘာင္ေခတ္ဓာတ္ေငြ႕လက္နက္ဟုဆိုရေပမည္။)

 

(၄)လွည္းရထားႀကီးမ်ားေ႐ႊေညာင္ပင္ခံတပ္ကိုတိုက္စဥ္ကအသုံးျပဳခဲ့သည္ဆို၏။ထုလက္ကိုးသစ္ခန႔္ထူေသာပ်ဥ္ျပားႀကီးမ်ားကိုဆက္စပ္၍ခံတပ္လွည္းရထားႀကီးမ်ားတည္လုပ္ေစျခင္းပင္ျဖစ္သည္။ရထားမွာေျပာင္းေသနတ္မ်ားပစ္ရန္အေပါက္ကိုဝဲယာေရွ႕တို႔တြင္ေဖာက္ကာရထားတြင္းတြင္ဗိုလ္မႈး၊သူရဲသူခက္မ်ားလိုက္ပါရ၏။

တစ္စီးလွ်င္အေျမာက္သုံးလက္၊သံကရနက္တစ္ဆယ္၊ရႈးမီးတစ္ဆယ္၊ရဲတင္း၊ပုဆိန္တစ္ဆယ့္ႏွစ္၊နားပန္ေစာင့္ေသနတ္ႏွစ္ဆယ္ႏွင့္ရထားတြန္းရသူငါးဆယ္စီရွိသည္ဟုမွတ္တမ္းမ်ားကဆိုသည္။ေျခလ်င္တပ္မ်ားသည္ထိုရထားႀကီးမ်ားေနာက္ကကြယ္၍လိုက္ရသည္ဆို၏။

မတိုက္ခိုက္မီစစ္ေရးျပသေဘာမ်ိဳးျဖင့္မင္းတရားႀကီးေရွ႕တြင္ရထားတပ္ႀကီးခ်ီတက္ျပရာတပ္အလယ္မွရထားအေပၚတြင္ေခါင္းေပါင္းေပါင္းကာဟန္ပါပါလိုက္ပါလာေသာလူတစ္ေယာက္ကိုျမင္သျဖင့္ေမးေတာ္မူရာ”ကြၽန္းဆုံၿမိဳ႕သူႀကီးရန္ေအာင္ေက်ာ္သူပါဘုရား”ဟုေလွ်ာက္ထားေလလွ်င္“မာတလိနႏၵ”ဟူေသာဘြဲ႕ကိုေပးသနားေတာ္မူေလ၏။

ထိုရထားႀကီးမ်ားကိုတည္ေဆာက္ရသည္မွာခဲယဥ္းဟန္တူသည္။ေနာက္ပိုင္းတိုက္ပြဲမ်ားတြင္အသုံးခ်သည္ကိုမေတြ႕ရေတာ့ေပ။(ဤသည္တို႔မွာအေလာင္းမင္းတရားႀကီး၏ထိုေခတ္အခါကလြယ္လြယ္ကူကူႏွင့္ထိေရာက္ေသာတီထြင္မႈမ်ားသာျဖစ္သည္။

ထိုသို႔ဉာဏ္ေျပးေတာ္မူေသာေၾကာင့္သာဝါးရင္းတုတ္ႏွင့္ထန္းလုံးခံတပ္မွသည္ကုန္းေဘာင္ဧကရာဇ္နိုင္ငံေတာ္ႀကီးကိုတည္ေထာင္နိုင္ခဲ့ျခင္းျဖစ္ေပမည္ဟုထင္မိပါေၾကာင္းေရးသားတင္ျပလိုက္ရပါသည္။

 

Credit

 

 

Leave a Reply

Your email address will not be published. Required fields are marked *