မြန်မာရာဇဝင်ထဲက မွန်ဘုရင်မကြီး ရှင်စောပု အကြောင်း

မြန်မာရာဇဝင်ထဲက မွန်ဘုရင်မကြီး ရှင်စောပု အကြောင်း

 

 

ရှင်စောပုသည် မွန်တို့၏ မဂဒူးမင်းဆက်တွင် ၁၅ ဆက်မြောက်မင်းဖြစ်သည်။ရွှေတိဂုံစေတီ မွန်ကျောက်စာနှင့် အခြား မွန်ကျောက်စာများတွင် ဂြီတြိဘုဝနာဒိတျ ပြဝရ ဓမ္မဇေတြ လောကျနာထပြဝရ မဟာဓမ္မ ရာဇာဓိရာဇာဒေဝီ ဘွဲ့ခံ ဝိဟာရဒေဝီ ဟူ၍လည်းကောင်း၊ ဗညာထာဝ် ဟူ၍လည်းကောင်း ပါရှိသည်။

မွန်ရာဇဝင်တွင် ဝိဟာရဒေဝီ၊ ဝိသုဒ္ဓရာဇာ၊ ဣတ္ထိရာဇာ၊ဗညားထောဝ် (မင်းအို) နှင့် သေဝ်စါဝ်ပေါအ် (ရှင် စောပု) ဟူ၍ နာမည်အမျိုးမျိုးဖြင့် ဖော်ပြပါရှိလေသည်။ရှင်စောပုသည် မွန်ရာဇဝင်တွင် အလွန်ထင်ရှားသည့် ရာဇာဓိရာဇ်ဘုရင် နှင့် မိ ဘုရား ဒလသုဒ္ဓမာယာ တို့မှာ ဖွားမြင်သော သမီးတော် ဖြစ်သည်။

နေ့နံအရ ဝိဟာရဒေဝီ ဟု စတင်ခေါ်တွင်ခဲ့ဟန် တူလေသည်။ ယင်းနှင့်အတူ တစ်မိတည်းတွင် ဖွားမြင်သူကား မောင်တော် ဗညားရံ (ဗညာရာံ/ဗညားရာမ်) ဖြစ်လေသည်။သက္ကရာဇ် ၇၇၅ ခုနှစ်တွင် ခမည်းတော် ရာဇာဓိရာဇ် ရှိစဉ်ကပင် အသက် ၂၀ အရွယ်ရှိပြီဖြစ်သော ရှင်စောပုအား တူတော် သမိန်စည်သူနှင့် စုံဖက်စေခဲ့သည်။

ရှင်စောပုတွင် သမီးနှစ်ယောက်နှင့် သားတစ်ယောက် ထွန်းကားခဲ့လေသည်။ သမီးနှစ်ယောက်ကို မိပကောထော် (မိပ္ကူထဝ်) နှင့် မိပကောသင်(မိပ္ကူဩန်)၊ သားကို ဗညားဗရူး (ဗညာဗရောဝ်) ဟူ၍ အမည်ပေးလေ၏။သက္ကရာဇ် ၇၈၀ ပြည့်နှစ်တွင် ဗညားဗရူးကို ဖွားမြင်ပြီးနောက် မြောက်သားတော် သမိန်စည်သူ ကံကုန်လေသည်။

ထို့နောက်တွင် ရှင်စောပုသည် မောင်တော် ဗညားကျန်းနှင့်အတူ ဒဂုန်တွင် စံနေရသည်။ သက္ကရာဇ် ၇၈၃ ခုနှစ်တွင် ခမည်းတော် ရာဇာဓိရာဇ် နတ်ရွာစံ၍ သားတော်ကြီး ဗညားဓမ္မရာဇာ(ဗညားကျန်း) နန်းတက်လေသည်။

ထိုမင်း၏ လက်ထက်တွင် ရှင်စောပု အင်းဝသို့ ပါတော်မူ၍ သီဟသူ မှအစ မိုးညှင်းမင်းတရားအထိ အင်းဝမင်း(၄)ဆက်တို့၏ မိဖုရားအဖြစ် အင်းဝတွင် (၇)နှစ် ကြာမျှ စံနေခဲ့ရလေသည်။အင်းဝသို့ ရှင်စောပု ပါတော်မူပုံကို မွန်ရာဇဝင်များတွင် တမျိုးဖြစ်ပြီးလျှင် မြန်မာရာဇဝင်များ၌ တဖုံ ဟူ၍ နှစ်မျိုးနှစ်ဖုံ ဖော်ပြထားလေသည်။

 

မြန်မာရာဇဝင်များ ဖြစ်သော ဦးကုလား ၊ မှန်နန်း နှင့် သုသောဓိတမဟာရာဇဝင်များအရ သိရသည်မှာ ဟံသာဝတီတွင် ဗညားရံ (ဗညားရာံ/ဗညားရာမ)နှင့် ညီတော်အထွေး ဒဂုန်စား ဗညားကျန်းတို့ ပုန်ကန်ကြလေ၏။(ရာဇာဓိရာဇ်အရေးတော်ပုံကျမ်းတွင်မူ ညီနောင် သုံးပါးဟုမဆိုပဲ ညီနောင် နှစ်ပါးသာပြကာဗညားဓမ္မရာဇာ သည် ဗညားကျန်းဟုဆိုပါသည်။)

)ဟံသာဝတီတွင် အချင်းချင်း မညီမညွတ် ဖြစ်နေကြောင်းကို အင်းဝဘုရင် ဆင်ဖြူရှင် သီဟသူ ကြားရလျှင် အခွင့်ကောင်း အခါကောင်းကို ယူပြီးသော် ဟံသာဝတီသို့ စုန်ဆင်း၍ တိုက်ခိုက်လေ၏။ အင်းဝတို့က တိုက်လာလျှင် ညီနောင်တို့ ပြန်၍ ညီညွတ်ကြသည်။

ဗညားဓမ္မရာဇာသည် ဗညားရံကို ဒဂုန်စားအဖြစ် ပြောင်းပေး၍ ဗညားကျန်းကို မုတ္တမစားအဖြစ် စေလွှတ်သည်။ အင်းဝတပ်တို့သည် ပုသိမ်နှင့် ဒလ(ယခု တွံတေး) တို့ကို အောင်မြင်ပြီးနောက် ဒဂုန်ကို ဆက်လက် တိုက်ခိုက်သော်လည်း ချက်ချင်း မဝင်နိုင်သဖြင့် ကြည်းကြောင်း၊ ရေကြောင်းဖြင့် ဝိုင်းရံထား၏။

ယင်းသို့ ဝိုင်းရံထားရာ၌ တစ်လခန့် ကြာလတ်သော် ဒဂုန်စား ဗညားရံ မခံနိုင်တော့သဖြင့် စစ်ပြေငြိမ်းရန် ကမ်းလှမ်းပြီးလျှင် နှမတော် ရှင်စောပုကို ဆက်သလိုက်လေသည်။ ဗညားရံသည် ပြာသာဒ်သုံးဆောင် ဆောက်ပြီးလျှင် နှမတော်ကို သီရိတြိဘုဝနာဒိတျ ပြဝရအတုလ အဂ္ဂမဟာ ဓမ္မရာဇာဓိရာဇ မဟာဒေဝီ ဟူသော အမည်၊ မိဖုရားကြီးတို့၏ အဆောင်အယောင်နှင့် တကွ ကိုယ်လုပ်အမျိုးသမီး သုံးကျိပ် အထိန်းအချီ ခန့် ရန်း၍ ရွှေဝေါနှင့် မွန် မြန်မာအမတ် ဝိုင်းရံပြီးလျှင် သီဟသူမင်း ထံသို့ ပို့လေသည်။

သီဟသူလည်း မိမိဖောင်တော်ထက်မှ လက်လှမ်းဆီး ကြိုကာ အင်းဝသို့ ဆောင်သွားသည်။ ရှင်စောပုသည် အပြင်အလျာ အရောင်အဆင်း ကောင်းမြတ်လှသောကြောင့် သီဟသူမင်း အလွန် လေးမြတ်တော်မူ လေသည်။သို့ရာတွင် မွန်ရာဇာဝင်၊ ပေမူ၊ ပတ်လတ်ပုံနှိပ်မူနှင့် ပီဒဗျူ ရှမစ်တို့ ပြန်ဆိုသည့် ဟံသာဝတီမင်းဆက် ရာဇဝင်မူများအရ သိရပြန်သည်မှာ ရှင်စောပုသည် ဆံတော်ရှင် ဒဂုန်ဘုရားသို့ မကြာခဏ ကြွရောက်ဖူးမြှော်လေ့ရှိသည်။

ထိုသို့ အစောင့် အရှောက် နည်းပါးစွာဖြင့် ရှင်စောပုသည် ဟံသာဝတီနှင့် ဒဂုန်သို့ ဘုရားဖူးရန် သွားလာနေကြောင်းကို အင်းဝဘုရင် ကြားသိရလျှင် မိမိအား ပမာမခန့်၍သာ ထိုသို့ အစောင့်အရှောက် နည်းပါးစွာဖြင့် သွားလာနေခြင်း ဖြစ်သည်ဟု ယူဆပြီး ရှင်စောပုအား ဖမ်းယူရန် မင်းနန္ဒသူအား စစ်တပ်အင်အား လုံလောက်စွာဖြင့် ဒဂုန်အနီး တောစခန်းတနေရာသို့ စေလွှတ်လိုက်လေသည်။

ရှင်စောပုလည်း ဟံသာဝတီမှ ဒဂုန်သို့ ဆံတော်ရှင်ဘုရား ဖူးမြော်ရန် ဥပုသ်နေ့တစ်နေ့တွင် ယခင်နည်းအတိုင်း ဆင်စီး၍ အစောင့်အရှောက် နည်းပါးစွာဖြင့် ထွက်ခွာလာရာ ဒဂုန်အနီးတောစခန်းသို့ ဆိုက်ရောက် လာသောအခါ အဆင်သင့် စောင့်နေသည့် မင်းနန္ဒသူသည် စစ်တပ်ဖြင့် ဝိုင်းရံပြီးလျှင် ရှင်စောပုအား ဆင်ထက်မှ မဆင်းစေဘဲ အသာတကြည် အင်းဝသို့ ခေါ်ဆောင်သွားသည်ဟု ဖြစ်လေသည်။

ထို အကြောင်းအရာနှစ်ရပ်တွင် ပထမအကြောင်း အရာမှာ ပိုမိုခိုင်လုံပြီးလက်ခံနိုင်ဖွယ်ရှိပေသည်။မည်သို့ဆိုစေ ရှင်စောပုသည် အင်းဝသို့ ပါတော်မူခဲ့ရပြီးလျှင် အင်းဝဘုရင်၏ မိဖုရားကြီးအဖြစ် နေခဲ့ရသည်ကိုကား မွန်၊ မြန်မာ ရာဇဝင်များ အားလုံးက ဖော်ပြကြပေသည်။ ရှင်စောပုသည် အင်းဝတွင် မိဖုရားကြီးတပါးအဖြစ် စံနေရလင့်ကစား မပျော်ပိုက်ပေ။

အင်းဝတွင် သီဟသူနှင့် သုံးနှစ်၊ မင်းလှငယ်နှင့် သုံးလ၊ ကလေးကျေးတောင်ညိုမင်းနှင့် ခုနှစ်လ၊ မိုးညှင်းမင်းတရားနှင့် သုံးနှစ် စုစုပေါင်း (၇)နှစ် ကြာခဲ့လေသည်။ ထိုမျှသော ကာလပတ်လုံး မိဖုရားကြီး၏ စည်းစိမ်ချမ်းသာကို တပ်မက်မောခြင်း မရှိဘဲ မိမိ၏နေရင်း ဟံသာဝတီသို့သာ ပြန်လိုလှ၍ ဒဂုန်ဆံတော်ရှင်၏ ခြေတော်ရင်းတွင် ဥပုသ်သီတင်း ဆောက်တည်ကာ ဒါန၊ သီလ၊ ဘာဝနာ အလုပ်တို့ကိုသာ ဆောင်ရွက်နေလိုစိတ် ပြင်း ပြနေခဲ့လေသည်။

ဟံသာဝတီတွင် ရှင်စောပု ရှိစဉ်က သားအမှတ်စားခဲ့၍ ရဟန်းပြုပေးခဲ့သော ပိဋကဓရ မည်သော ရဟန်းတစ်ပါးသည် မယ်တော်ကြီးအလား ကျေးဇူးကြီးလှသော ရှင်စောပု ဟံသာဝတီသို့ ပြန်လည်ရောက်ရှိရေးကို တွေးတော အားထုတ်ခဲ့လေသည်။

ပိဋကဓရသည် ရှင်သာမဏေ ဘဝကပင် ပုဂံသို့ သွားရောက်ပြီးလျှင် ပိဋကတ်သုံးပုံကို ငါးနှစ်မျှ သင်ကြားတတ်မြောက်ခဲ့၍ ဟံသာဝတီသို့ ပြန်ရောက်သောအခါ မွန်၊ ဗမာ နှစ်ဘာသာဖြင့် တရားဓမ္မ ဟောကြားရာတွင် အလွန် ကျော်ကြားလေသည်။ ပိဋကဓရသည် ရှင်စောပုအား ကူညီနိုင်ရန် ဓမ္မဉာဏဘွဲ့ အမည်ရှိ အခြားမွန်ရဟန်းတစ်ပါးနှင့် တိုင်ပင်နှီးနှောပြီးလျှင် အင်းဝသို့ ကြွလာခဲ့ကြလေသည်။

အင်းဝသို့ရောက်လျှင် ထိုရဟန်းတို့ တရားဟော အလွန်ကောင်းသည်ဟု ကျော်ကြားလေသည်။ထိုအချိန်ကာလသည် မိုးညှင်းမင်းတရားလက်ထက် သက္က ရာဇ် ၇၉၁ ခုနှစ်ဖြစ်ပေသည်။ပိဋကဓရတို့ ရောက်လတ်လျှင် ရှင်စောပုသည် ထိုရဟန်းတို့နှင့် လျှို့ဝှက်စွာ အဆက်အသွယ်ပြုလျက် ဟံသာဝတီသို့ ထွက်ပြေးရန် စီစဉ်သည်။

ထို့နောက် မိဖုရားကြီးသည် ကြိုတင် စီစဉ်ထားသည့်အတိုင်း ချိပ်ရည်ဖြင့် ဖော်စပ်ထားသော ဆေးကို သောက်လေလျှင် ဝမ်းက အနီအဝါ သွေးဝမ်းများ ကျလတ်သည်။ အထိန်းတော်များလည်း စိုးရိမ်စွာဖြင့် မင်းကြီးအား သံတော်ဦးတင်၏။ ရောဂါကူးစက်မည် စိုး၍ ရှင်စောပုအခန်းသို့ နန်းတွင်းသူများ မဝင်လိုကြဘဲ ရှောင်ရှားနေကြသည်။

ရှင်စောပုလည်း မိမိဝေဒနာ ကြီးစွာ ခံစားနေရသဖြင့် ကံမကုန်မီ ပိဋကဓရနှင့် ဓမ္မဉာဏတို့၏ တရားတော်တို့ကို နာကြားလိုသည်ဟု လျှောက်သည်။မင်းကြီးလည်း ယုံကြည်၍ ရဟန်းနှစ်ပါးအား အချိန်မရွေးပင် ထွက်ခွင့်ပေးသည်။ အချိန်းအချက် ပြုထားသည့်နေ့တွင် ပိဋကဓရ နှင့် ဓမ္မဉာဏတို့
ရဟန်းနှစ်ပါးလည်း သိက္ခာချ၍ သာမဏေအဖြစ်ဖြင့် နေကြသည်။

ထိုညဉ့်သန်းခေါင်ယံအချိန်တွင် အဝတ်အစား သေတ္တာကြီးတလုံးအတွင်းသို့ ရှင်စောပုအား ဝင်စေ၍ အဝတ်အထည်များဖြင့် ဖုံးကွယ်ကာ ရဟန်းနှစ်ပါးတို့က သေတ္တာကို တဖက်စီဆွဲလျက် အခန်းအတွင်းမှ ထွက်သည်။ နန်းတော်တံခါးစောင့်များ မေးလျှုင် ရှင်စောပု လှူလိုက်သော ပစ္စည်းများဟု ဆိုသဖြင့် မည်သို့မျှ ရှာဖွေခြင်း မပြုဘဲ လွှတ်လိုက်၏။

ထို့နောက် မြို့အနောက် လုံးတော်ပေါက်မှ ထွက်ကာ ကြိုတင်စီစဉ်ထား သည့်အတိုင်း ရဟန်းနှစ်ပါးနှင့် တကာနှစ်ယောက်တို့သည် ရှင်စောပုအား လှေပေါ်တင်ပြီးသော် ဟံသာဝတီသို့ စုန်ပြေးလေသည်။မိုးညှင်းမင်းတရားသည် အမတ်ကြီးအား လှော်ကားငါးစင်းနှင့် လက်ပြည့်လှော်၍ လိုက်စေသော်လည်း မတွေ့ရချေ။ ရှင်စောပုတို့လူစုသည် နေ့တွင်း တောတွင်း၌ ပုန်း၍ ညဉ့်အခါတွင်သာ စုန်ဆင်းကြသည်။

မိုးညှင်းမင်းတရားလည်း ရှင်စောပုသည် အင်းဝ၌ မပျော်ပိုက်သဖြင့် ပြေးလေသည်ကို ဆင်ခြင်မိ၍ ရှိစေတော့ဟု ဆိုကာ ဟံသာဝတီအရောက် လိုက်လံ တိုက် ခိုက်ခြင်း မပြုတော့ပေ။ထိုအချိန်တွင် ဟံသာဝတီပြည်၌ ဗညားရံ ထီးနန်းစိုးစံနေသည်။ ဗညားရံသည် နှမတော် ပြန်ရောက်လာလျှင် ဝမ်းမြောက် ဝမ်းသာရှိ၍ နန်းတွင်း၌ အိမ်ဆောက်နေစေသည်။

 

ရှင်စောပုသည် ဟံသာဝတီပြည်သို့ ပြန်ရောက်ပြီးနောက်တွင် ပိဋကဓရနှင့် ဓမ္မဉာဏတို့အား ရဟန်းသိက္ခာ အသစ်ပြန်တင်ပေးခြင်း၊ ရဟန်းနှစ်ပါး သီတင်းသုံးရန် ကျောင်းတဆောင် ဆောက်ပေးခြင်း၊ ရဟန်းသံဃာ တော် အများအပြား ဆွမ်းကပ်လှူခြင်း စသော ကုသိုလ်ကောင်းမှု အများအပြားကို ပြုလုပ်လေသည်။သက္ကရာဇ် ၈ဝ၈ ခုနှစ်တွင် ဗညားရံ လွန်လေရာ ရှင်စောပု၏ သားတော် ဗညားဗရူး နန်းတက်သည်။

 

ဗညားဗရူး လုပ်ကြံခံရသောကြောင့် လွန်ပြန်သော် ရှင်စောပု၏ မောင်တော် ဖြစ်သော ဗညားကျန်းသည် ထီးနန်းရိုက်ရာကို ဆက်ခံသည်။ (မွန်မူတွင် ဗညားကျန်းထောဟုဆိုသည်။)ဗညားကျန်းလည်း နန်းသက် မကြာရှည်ချေ။

ဗညားကျန်း လွန်လျှင် ဗညားရံ၏ သားတော် လိတ်မွတ်ထော် (မမောဟ်ထာဝ် ရှင်စောပု၏ တူတော်) နန်းတက်၍ မင်းကျင့်တရားနှင့်မညီသဖြင့် မှုးမတ်တို့လုပ်ကြံရာ ခြောက်လမျှသာ နန်းစံရလေသည်။

(မွန်မူတွင် ခုနှစ်လဟုဆိုသည်။)မင်းမော်ဓော ဟုလည်း ခေါ် တွင်သော လိတ်မွတ်ထော်၏ ထီးနန်းရိုက်ရာကို အရီးတော် ရှင်စောပုက ၈၁၄ ခုနှစ်တွင် ဆက်ခံ၍ ဟံသာဝတီပြည်ကြီးအား အုပ်ချုပ်မင်း လုပ်သည်။ နန်းတက်သည့်အခါတွင် သက်တော် ၆ဝ နီးပါးခန့်ပြီး ဖြစ်ရာ ရှင်စောပုသည် ဗညားထော (ဗညားထာဝ်) သို့မဟုတ် မင်းအို ဟူ သော အမည်ကို ခံယူလေသည်။

ဘုရင်မကြီးအား ပြည်သူပြည်သားတို့က ကြည်ဖြူနှစ်လိုကြသည်တကြောင်း၊ ထို့ပြင် အထက်တွင် အင်းဝတို့အချင်းချင်း တိုက်ခိုက်နေကြ၍တကြောင်း ဘုရင်မကြီးလက်ထက်တွင် ဟံသာဝတီသည် စစ်မက်ဘေးမှ ကင်းလွတ်နေ၍ အေးချမ်းသာယာနေလေသည်။

Credit

 

Zawgyi

ျမန္မာရာဇဝင္ထဲက မြန္ဘုရင္မႀကီး ရွင္ေစာပု အေၾကာင္း

 

 

ရွင္ေစာပုသည္ မြန္တို႔၏ မဂဒူးမင္းဆက္တြင္ ၁၅ ဆက္ေျမာက္မင္းျဖစ္သည္။ေ႐ႊတိဂုံေစတီ မြန္ေက်ာက္စာႏွင့္ အျခား မြန္ေက်ာက္စာမ်ားတြင္ ၿဂီႀတိဘုဝနာဒိတ် ျပဝရ ဓမၼေဇၾတ ေလာက်နာထျပဝရ မဟာဓမၼ ရာဇာဓိရာဇာေဒဝီ ဘြဲ႕ခံ ဝိဟာရေဒဝီ ဟူ၍လည္းေကာင္း၊ ဗညာထာဝ္ ဟူ၍လည္းေကာင္း ပါရွိသည္။

မြန္ရာဇဝင္တြင္ ဝိဟာရေဒဝီ၊ ဝိသုဒၶရာဇာ၊ ဣတၳိရာဇာ၊ဗညားေထာဝ္ (မင္းအို) ႏွင့္ ေသဝ္စါဝ္ေပါအ္ (ရွင္ ေစာပု) ဟူ၍ နာမည္အမ်ိဳးမ်ိဳးျဖင့္ ေဖာ္ျပပါရွိေလသည္။ရွင္ေစာပုသည္ မြန္ရာဇဝင္တြင္ အလြန္ထင္ရွားသည့္ ရာဇာဓိရာဇ္ဘုရင္ ႏွင့္ မိ ဘုရား ဒလသုဒၶမာယာ တို႔မွာ ဖြားျမင္ေသာ သမီးေတာ္ ျဖစ္သည္။

ေန႕နံအရ ဝိဟာရေဒဝီ ဟု စတင္ေခၚတြင္ခဲ့ဟန္ တူေလသည္။ ယင္းႏွင့္အတူ တစ္မိတည္းတြင္ ဖြားျမင္သူကား ေမာင္ေတာ္ ဗညားရံ (ဗညာရာံ/ဗညားရာမ္) ျဖစ္ေလသည္။သကၠရာဇ္ ၇၇၅ ခုႏွစ္တြင္ ခမည္းေတာ္ ရာဇာဓိရာဇ္ ရွိစဥ္ကပင္ အသက္ ၂၀ အ႐ြယ္ရွိၿပီျဖစ္ေသာ ရွင္ေစာပုအား တူေတာ္ သမိန္စည္သူႏွင့္ စုံဖက္ေစခဲ့သည္။

ရွင္ေစာပုတြင္ သမီးႏွစ္ေယာက္ႏွင့္ သားတစ္ေယာက္ ထြန္းကားခဲ့ေလသည္။ သမီးႏွစ္ေယာက္ကို မိပေကာေထာ္ (မိပၠဴထဝ္) ႏွင့္ မိပေကာသင္(မိပၠဴဩန္)၊ သားကို ဗညားဗ႐ူး (ဗညာဗေရာဝ္) ဟူ၍ အမည္ေပးေလ၏။သကၠရာဇ္ ၇၈၀ ျပည့္ႏွစ္တြင္ ဗညားဗ႐ူးကို ဖြားျမင္ၿပီးေနာက္ ေျမာက္သားေတာ္ သမိန္စည္သူ ကံကုန္ေလသည္။

ထို႔ေနာက္တြင္ ရွင္ေစာပုသည္ ေမာင္ေတာ္ ဗညားက်န္းႏွင့္အတူ ဒဂုန္တြင္ စံေနရသည္။ သကၠရာဇ္ ၇၈၃ ခုႏွစ္တြင္ ခမည္းေတာ္ ရာဇာဓိရာဇ္ နတ္႐ြာစံ၍ သားေတာ္ႀကီး ဗညားဓမၼရာဇာ(ဗညားက်န္း) နန္းတက္ေလသည္။

ထိုမင္း၏ လက္ထက္တြင္ ရွင္ေစာပု အင္းဝသို႔ ပါေတာ္မူ၍ သီဟသူ မွအစ မိုးညွင္းမင္းတရားအထိ အင္းဝမင္း(၄)ဆက္တို႔၏ မိဖုရားအျဖစ္ အင္းဝတြင္ (၇)ႏွစ္ ၾကာမွ် စံေနခဲ့ရေလသည္။အင္းဝသို႔ ရွင္ေစာပု ပါေတာ္မူပုံကို မြန္ရာဇဝင္မ်ားတြင္ တမ်ိဳးျဖစ္ၿပီးလွ်င္ ျမန္မာရာဇဝင္မ်ား၌ တဖုံ ဟူ၍ ႏွစ္မ်ိဳးႏွစ္ဖုံ ေဖာ္ျပထားေလသည္။

 

ျမန္မာရာဇဝင္မ်ား ျဖစ္ေသာ ဦးကုလား ၊ မွန္နန္း ႏွင့္ သုေသာဓိတမဟာရာဇဝင္မ်ားအရ သိရသည္မွာ ဟံသာဝတီတြင္ ဗညားရံ (ဗညားရာံ/ဗညားရာမ)ႏွင့္ ညီေတာ္အေထြး ဒဂုန္စား ဗညားက်န္းတို႔ ပုန္ကန္ၾကေလ၏။(ရာဇာဓိရာဇ္အေရးေတာ္ပုံက်မ္းတြင္မူ ညီေနာင္ သုံးပါးဟုမဆိုပဲ ညီေနာင္ ႏွစ္ပါးသာျပကာဗညားဓမၼရာဇာ သည္ ဗညားက်န္းဟုဆိုပါသည္။)

)ဟံသာဝတီတြင္ အခ်င္းခ်င္း မညီမၫြတ္ ျဖစ္ေနေၾကာင္းကို အင္းဝဘုရင္ ဆင္ျဖဴရွင္ သီဟသူ ၾကားရလွ်င္ အခြင့္ေကာင္း အခါေကာင္းကို ယူၿပီးေသာ္ ဟံသာဝတီသို႔ စုန္ဆင္း၍ တိုက္ခိုက္ေလ၏။ အင္းဝတို႔က တိုက္လာလွ်င္ ညီေနာင္တို႔ ျပန္၍ ညီၫြတ္ၾကသည္။

ဗညားဓမၼရာဇာသည္ ဗညားရံကို ဒဂုန္စားအျဖစ္ ေျပာင္းေပး၍ ဗညားက်န္းကို မုတၱမစားအျဖစ္ ေစလႊတ္သည္။ အင္းဝတပ္တို႔သည္ ပုသိမ္ႏွင့္ ဒလ(ယခု တြံေတး) တို႔ကို ေအာင္ျမင္ၿပီးေနာက္ ဒဂုန္ကို ဆက္လက္ တိုက္ခိုက္ေသာ္လည္း ခ်က္ခ်င္း မဝင္နိုင္သျဖင့္ ၾကည္းေၾကာင္း၊ ေရေၾကာင္းျဖင့္ ဝိုင္းရံထား၏။

ယင္းသို႔ ဝိုင္းရံထားရာ၌ တစ္လခန႔္ ၾကာလတ္ေသာ္ ဒဂုန္စား ဗညားရံ မခံနိုင္ေတာ့သျဖင့္ စစ္ေျပၿငိမ္းရန္ ကမ္းလွမ္းၿပီးလွ်င္ ႏွမေတာ္ ရွင္ေစာပုကို ဆက္သလိုက္ေလသည္။ ဗညားရံသည္ ျပာသာဒ္သုံးေဆာင္ ေဆာက္ၿပီးလွ်င္ ႏွမေတာ္ကို သီရိႀတိဘုဝနာဒိတ် ျပဝရအတုလ အဂၢမဟာ ဓမၼရာဇာဓိရာဇ မဟာေဒဝီ ဟူေသာ အမည္၊ မိဖုရားႀကီးတို႔၏ အေဆာင္အေယာင္ႏွင့္ တကြ ကိုယ္လုပ္အမ်ိဳးသမီး သုံးက်ိပ္ အထိန္းအခ်ီ ခန႔္ ရန္း၍ ေ႐ႊေဝါႏွင့္ မြန္ ျမန္မာအမတ္ ဝိုင္းရံၿပီးလွ်င္ သီဟသူမင္း ထံသို႔ ပို႔ေလသည္။

သီဟသူလည္း မိမိေဖာင္ေတာ္ထက္မွ လက္လွမ္းဆီး ႀကိဳကာ အင္းဝသို႔ ေဆာင္သြားသည္။ ရွင္ေစာပုသည္ အျပင္အလ်ာ အေရာင္အဆင္း ေကာင္းျမတ္လွေသာေၾကာင့္ သီဟသူမင္း အလြန္ ေလးျမတ္ေတာ္မူ ေလသည္။သို႔ရာတြင္ မြန္ရာဇာဝင္၊ ေပမူ၊ ပတ္လတ္ပုံႏွိပ္မူႏွင့္ ပီဒဗ်ဴ ရွမစ္တို႔ ျပန္ဆိုသည့္ ဟံသာဝတီမင္းဆက္ ရာဇဝင္မူမ်ားအရ သိရျပန္သည္မွာ ရွင္ေစာပုသည္ ဆံေတာ္ရွင္ ဒဂုန္ဘုရားသို႔ မၾကာခဏ ႂကြေရာက္ဖူးျမႇော္ေလ့ရွိသည္။

ထိုသို႔ အေစာင့္ အေရွာက္ နည္းပါးစြာျဖင့္ ရွင္ေစာပုသည္ ဟံသာဝတီႏွင့္ ဒဂုန္သို႔ ဘုရားဖူးရန္ သြားလာေနေၾကာင္းကို အင္းဝဘုရင္ ၾကားသိရလွ်င္ မိမိအား ပမာမခန႔္၍သာ ထိုသို႔ အေစာင့္အေရွာက္ နည္းပါးစြာျဖင့္ သြားလာေနျခင္း ျဖစ္သည္ဟု ယူဆၿပီး ရွင္ေစာပုအား ဖမ္းယူရန္ မင္းနႏၵသူအား စစ္တပ္အင္အား လုံေလာက္စြာျဖင့္ ဒဂုန္အနီး ေတာစခန္းတေနရာသို႔ ေစလႊတ္လိုက္ေလသည္။

ရွင္ေစာပုလည္း ဟံသာဝတီမွ ဒဂုန္သို႔ ဆံေတာ္ရွင္ဘုရား ဖူးေျမာ္ရန္ ဥပုသ္ေန႕တစ္ေန႕တြင္ ယခင္နည္းအတိုင္း ဆင္စီး၍ အေစာင့္အေရွာက္ နည္းပါးစြာျဖင့္ ထြက္ခြာလာရာ ဒဂုန္အနီးေတာစခန္းသို႔ ဆိုက္ေရာက္ လာေသာအခါ အဆင္သင့္ ေစာင့္ေနသည့္ မင္းနႏၵသူသည္ စစ္တပ္ျဖင့္ ဝိုင္းရံၿပီးလွ်င္ ရွင္ေစာပုအား ဆင္ထက္မွ မဆင္းေစဘဲ အသာတၾကည္ အင္းဝသို႔ ေခၚေဆာင္သြားသည္ဟု ျဖစ္ေလသည္။

ထို အေၾကာင္းအရာႏွစ္ရပ္တြင္ ပထမအေၾကာင္း အရာမွာ ပိုမိုခိုင္လုံၿပီးလက္ခံနိုင္ဖြယ္ရွိေပသည္။မည္သို႔ဆိုေစ ရွင္ေစာပုသည္ အင္းဝသို႔ ပါေတာ္မူခဲ့ရၿပီးလွ်င္ အင္းဝဘုရင္၏ မိဖုရားႀကီးအျဖစ္ ေနခဲ့ရသည္ကိုကား မြန္၊ ျမန္မာ ရာဇဝင္မ်ား အားလုံးက ေဖာ္ျပၾကေပသည္။ ရွင္ေစာပုသည္ အင္းဝတြင္ မိဖုရားႀကီးတပါးအျဖစ္ စံေနရလင့္ကစား မေပ်ာ္ပိုက္ေပ။

အင္းဝတြင္ သီဟသူႏွင့္ သုံးႏွစ္၊ မင္းလွငယ္ႏွင့္ သုံးလ၊ ကေလးေက်းေတာင္ညိုမင္းႏွင့္ ခုႏွစ္လ၊ မိုးညွင္းမင္းတရားႏွင့္ သုံးႏွစ္ စုစုေပါင္း (၇)ႏွစ္ ၾကာခဲ့ေလသည္။ ထိုမွ်ေသာ ကာလပတ္လုံး မိဖုရားႀကီး၏ စည္းစိမ္ခ်မ္းသာကို တပ္မက္ေမာျခင္း မရွိဘဲ မိမိ၏ေနရင္း ဟံသာဝတီသို႔သာ ျပန္လိုလွ၍ ဒဂုန္ဆံေတာ္ရွင္၏ ေျခေတာ္ရင္းတြင္ ဥပုသ္သီတင္း ေဆာက္တည္ကာ ဒါန၊ သီလ၊ ဘာဝနာ အလုပ္တို႔ကိုသာ ေဆာင္႐ြက္ေနလိုစိတ္ ျပင္း ျပေနခဲ့ေလသည္။

ဟံသာဝတီတြင္ ရွင္ေစာပု ရွိစဥ္က သားအမွတ္စားခဲ့၍ ရဟန္းျပဳေပးခဲ့ေသာ ပိဋကဓရ မည္ေသာ ရဟန္းတစ္ပါးသည္ မယ္ေတာ္ႀကီးအလား ေက်းဇူးႀကီးလွေသာ ရွင္ေစာပု ဟံသာဝတီသို႔ ျပန္လည္ေရာက္ရွိေရးကို ေတြးေတာ အားထုတ္ခဲ့ေလသည္။

ပိဋကဓရသည္ ရွင္သာမေဏ ဘဝကပင္ ပုဂံသို႔ သြားေရာက္ၿပီးလွ်င္ ပိဋကတ္သုံးပုံကို ငါးႏွစ္မွ် သင္ၾကားတတ္ေျမာက္ခဲ့၍ ဟံသာဝတီသို႔ ျပန္ေရာက္ေသာအခါ မြန္၊ ဗမာ ႏွစ္ဘာသာျဖင့္ တရားဓမၼ ေဟာၾကားရာတြင္ အလြန္ ေက်ာ္ၾကားေလသည္။ ပိဋကဓရသည္ ရွင္ေစာပုအား ကူညီနိုင္ရန္ ဓမၼဉာဏဘြဲ႕ အမည္ရွိ အျခားမြန္ရဟန္းတစ္ပါးႏွင့္ တိုင္ပင္ႏွီးေႏွာၿပီးလွ်င္ အင္းဝသို႔ ႂကြလာခဲ့ၾကေလသည္။

အင္းဝသို႔ေရာက္လွ်င္ ထိုရဟန္းတို႔ တရားေဟာ အလြန္ေကာင္းသည္ဟု ေက်ာ္ၾကားေလသည္။ထိုအခ်ိန္ကာလသည္ မိုးညွင္းမင္းတရားလက္ထက္ သကၠ ရာဇ္ ၇၉၁ ခုႏွစ္ျဖစ္ေပသည္။ပိဋကဓရတို႔ ေရာက္လတ္လွ်င္ ရွင္ေစာပုသည္ ထိုရဟန္းတို႔ႏွင့္ လွ်ို႔ဝွက္စြာ အဆက္အသြယ္ျပဳလ်က္ ဟံသာဝတီသို႔ ထြက္ေျပးရန္ စီစဥ္သည္။

ထို႔ေနာက္ မိဖုရားႀကီးသည္ ႀကိဳတင္ စီစဥ္ထားသည့္အတိုင္း ခ်ိပ္ရည္ျဖင့္ ေဖာ္စပ္ထားေသာ ေဆးကို ေသာက္ေလလွ်င္ ဝမ္းက အနီအဝါ ေသြးဝမ္းမ်ား က်လတ္သည္။ အထိန္းေတာ္မ်ားလည္း စိုးရိမ္စြာျဖင့္ မင္းႀကီးအား သံေတာ္ဦးတင္၏။ ေရာဂါကူးစက္မည္ စိုး၍ ရွင္ေစာပုအခန္းသို႔ နန္းတြင္းသူမ်ား မဝင္လိုၾကဘဲ ေရွာင္ရွားေနၾကသည္။

ရွင္ေစာပုလည္း မိမိေဝဒနာ ႀကီးစြာ ခံစားေနရသျဖင့္ ကံမကုန္မီ ပိဋကဓရႏွင့္ ဓမၼဉာဏတို႔၏ တရားေတာ္တို႔ကို နာၾကားလိုသည္ဟု ေလွ်ာက္သည္။မင္းႀကီးလည္း ယုံၾကည္၍ ရဟန္းႏွစ္ပါးအား အခ်ိန္မေ႐ြးပင္ ထြက္ခြင့္ေပးသည္။ အခ်ိန္းအခ်က္ ျပဳထားသည့္ေန႕တြင္ ပိဋကဓရ ႏွင့္ ဓမၼဉာဏတို႔
ရဟန္းႏွစ္ပါးလည္း သိကၡာခ်၍ သာမေဏအျဖစ္ျဖင့္ ေနၾကသည္။

ထိုညဉ့္သန္းေခါင္ယံအခ်ိန္တြင္ အဝတ္အစား ေသတၱာႀကီးတလုံးအတြင္းသို႔ ရွင္ေစာပုအား ဝင္ေစ၍ အဝတ္အထည္မ်ားျဖင့္ ဖုံးကြယ္ကာ ရဟန္းႏွစ္ပါးတို႔က ေသတၱာကို တဖက္စီဆြဲလ်က္ အခန္းအတြင္းမွ ထြက္သည္။ နန္းေတာ္တံခါးေစာင့္မ်ား ေမးလ်ႈင္ ရွင္ေစာပု လႉလိုက္ေသာ ပစၥည္းမ်ားဟု ဆိုသျဖင့္ မည္သို႔မွ် ရွာေဖြျခင္း မျပဳဘဲ လႊတ္လိုက္၏။

ထို႔ေနာက္ ၿမိဳ႕အေနာက္ လုံးေတာ္ေပါက္မွ ထြက္ကာ ႀကိဳတင္စီစဥ္ထား သည့္အတိုင္း ရဟန္းႏွစ္ပါးႏွင့္ တကာႏွစ္ေယာက္တို႔သည္ ရွင္ေစာပုအား ေလွေပၚတင္ၿပီးေသာ္ ဟံသာဝတီသို႔ စုန္ေျပးေလသည္။မိုးညွင္းမင္းတရားသည္ အမတ္ႀကီးအား ေလွာ္ကားငါးစင္းႏွင့္ လက္ျပည့္ေလွာ္၍ လိုက္ေစေသာ္လည္း မေတြ႕ရေခ်။ ရွင္ေစာပုတို႔လူစုသည္ ေန႕တြင္း ေတာတြင္း၌ ပုန္း၍ ညဉ့္အခါတြင္သာ စုန္ဆင္းၾကသည္။

မိုးညွင္းမင္းတရားလည္း ရွင္ေစာပုသည္ အင္းဝ၌ မေပ်ာ္ပိုက္သျဖင့္ ေျပးေလသည္ကို ဆင္ျခင္မိ၍ ရွိေစေတာ့ဟု ဆိုကာ ဟံသာဝတီအေရာက္ လိုက္လံ တိုက္ ခိုက္ျခင္း မျပဳေတာ့ေပ။ထိုအခ်ိန္တြင္ ဟံသာဝတီျပည္၌ ဗညားရံ ထီးနန္းစိုးစံေနသည္။ ဗညားရံသည္ ႏွမေတာ္ ျပန္ေရာက္လာလွ်င္ ဝမ္းေျမာက္ ဝမ္းသာရွိ၍ နန္းတြင္း၌ အိမ္ေဆာက္ေနေစသည္။

 

ရွင္ေစာပုသည္ ဟံသာဝတီျပည္သို႔ ျပန္ေရာက္ၿပီးေနာက္တြင္ ပိဋကဓရႏွင့္ ဓမၼဉာဏတို႔အား ရဟန္းသိကၡာ အသစ္ျပန္တင္ေပးျခင္း၊ ရဟန္းႏွစ္ပါး သီတင္းသုံးရန္ ေက်ာင္းတေဆာင္ ေဆာက္ေပးျခင္း၊ ရဟန္းသံဃာ ေတာ္ အမ်ားအျပား ဆြမ္းကပ္လႉျခင္း စေသာ ကုသိုလ္ေကာင္းမႈ အမ်ားအျပားကို ျပဳလုပ္ေလသည္။သကၠရာဇ္ ၈ဝ၈ ခုႏွစ္တြင္ ဗညားရံ လြန္ေလရာ ရွင္ေစာပု၏ သားေတာ္ ဗညားဗ႐ူး နန္းတက္သည္။

 

ဗညားဗ႐ူး လုပ္ႀကံခံရေသာေၾကာင့္ လြန္ျပန္ေသာ္ ရွင္ေစာပု၏ ေမာင္ေတာ္ ျဖစ္ေသာ ဗညားက်န္းသည္ ထီးနန္းရိုက္ရာကို ဆက္ခံသည္။ (မြန္မူတြင္ ဗညားက်န္းေထာဟုဆိုသည္။)ဗညားက်န္းလည္း နန္းသက္ မၾကာရွည္ေခ်။

ဗညားက်န္း လြန္လွ်င္ ဗညားရံ၏ သားေတာ္ လိတ္မြတ္ေထာ္ (မေမာဟ္ထာဝ္ ရွင္ေစာပု၏ တူေတာ္) နန္းတက္၍ မင္းက်င့္တရားႏွင့္မညီသျဖင့္ မႈးမတ္တို႔လုပ္ႀကံရာ ေျခာက္လမွ်သာ နန္းစံရေလသည္။

(မြန္မူတြင္ ခုႏွစ္လဟုဆိုသည္။)မင္းေမာ္ေဓာ ဟုလည္း ေခၚ တြင္ေသာ လိတ္မြတ္ေထာ္၏ ထီးနန္းရိုက္ရာကို အရီးေတာ္ ရွင္ေစာပုက ၈၁၄ ခုႏွစ္တြင္ ဆက္ခံ၍ ဟံသာဝတီျပည္ႀကီးအား အုပ္ခ်ဳပ္မင္း လုပ္သည္။ နန္းတက္သည့္အခါတြင္ သက္ေတာ္ ၆ဝ နီးပါးခန႔္ၿပီး ျဖစ္ရာ ရွင္ေစာပုသည္ ဗညားေထာ (ဗညားထာဝ္) သို႔မဟုတ္ မင္းအို ဟူ ေသာ အမည္ကို ခံယူေလသည္။

ဘုရင္မႀကီးအား ျပည္သူျပည္သားတို႔က ၾကည္ျဖဴႏွစ္လိုၾကသည္တေၾကာင္း၊ ထို႔ျပင္ အထက္တြင္ အင္းဝတို႔အခ်င္းခ်င္း တိုက္ခိုက္ေနၾက၍တေၾကာင္း ဘုရင္မႀကီးလက္ထက္တြင္ ဟံသာဝတီသည္ စစ္မက္ေဘးမွ ကင္းလြတ္ေန၍ ေအးခ်မ္းသာယာေနေလသည္။

Credit

 

 

Leave a Reply

Your email address will not be published. Required fields are marked *