ဗညားနွဲ့(သို့)ရာဇာဓိရာဇ်ရဲ့အစ

ဗညားနွဲ့(သို့)ရာဇာဓိရာဇ်ရဲ့အစ

 

 

ဗညားနွဲ့(သို့)ရာဇာဓိရာဇ်ရဲ့အစ(မြန်မာသက္ကရာဇ်၇၄၅-၇၂၈)မှာမဂဒူးမင်းဆက်၏(၉)ဆက်မြောက်မင်းဖြစ်သည်။

အစဉ်အဆက်မုတ္တမတွင်ထီးနန်းစိုးစံခဲ့ရာမှ(၈)ဆက်မြောက်ဖြစ်သည့်ဖခင်ဖြစ်သူ(ဆင်ဖြူရှင်ဗညားဦး)လက်ထက်တွင်လက်အောက်ခံမြို့စားများဖြစ်သည့်လောက်ဖြား၊အဲဗြပုန်၊ဗြထဗ၊ဥလိုတို့ညီအစ်ကိုလေးယောက်ကတော်လှန်သဖြင့်ဒုန်၀န်းမြို့သို့ယာယီပြောင်းရွှေ့ခဲ့ရသည်။

နောက်မကြာမီတွင်ဒုန်၀န်းသို့လာရောက်တိုက်ခိုက်ကြသည်ကိုမခံနိုင်သဖြင့်ဟံသာ၀တီ(ပဲခူး)သို့ပြောင်းရွှေ့ကာနန်းသစ်တည်ပြီးမင်းပြုပြန်သည်။အစ်မတော်(မဟာဒေဝီ)အားအားကိုးချစ်ခင်ပြီးဒဂုံ(ရန်ကုန်)ကိုစားစေသည်။နောင်တော်မင်းလင်္ကာပုန်ကန်ပြန်သဖြင့်နှိမ်နှင်းကာကွပ်မျက်ပြီး၄င်း၏မယားမွေ့သင်အားသိမ်းပိုက်သည်။

သားတော်တစ်ပါး(ဗညားနွဲ့)အားမွေ့သင်မှဖွားမြင်ရာချစ်မြတ်နိုးတော်မူလှသည်မရှိဟုသိရသည်။လျှာတွင်အစက်ပျောက်များပါလာသည့်အတွက်(ဗန်သုံဗန်စက်)ဟုနာမည်ပေးထားသည်။နောင်အခါဗညားနွဲ့(ဗညားငယ်)ဟုခေါ်တွင်သည်။အခြားမိဖုရားဖြစ်သောဗျက်လှိုင်းရွာသူ(မွေးမဂူတောက်)မှဖွားသည့်ဘောငံမုန်(ဗောခုံမှိုင်း)ကိုပိုသာစွာကြည်ဖြူပြီးဖခင်ဖြစ်သူဗညားဦးမှနန်းလျာအဖြစ်အလိုရှိခဲ့သည်။

ဗညားနွဲ့အသက်၁၅နှစ်တွင်အဖတူအမိကွဲနှမတော်တလမေဒေါနှင့်ရည်ငံကာထွက်ပြေးကြသဖြင့်ဖခင်ဖြစ်သူဗညားဦးလွန်စွာအမျက်ရှကာထောင်သွင်းအကျဉ်းချစေသည်။နောင်မဟာဒေဝီတောင်းပန်သဖြင့်ပြန်လွတ်စေသည်။

 

ဟံသာ၀တီတွင်ဘုရင်ဗညားဦး(ဆင်ဖြူရှင်ဗညားဦး)နာမကျန်းဖြစ်ချိန်တွင်သားတော်(ဗညားနွဲ့)အားအရီးတော်မဟာဒေဝီနှင့်ယောက်ဖတော်သမိန်မရူးတို့မှသမိန်မရူးထီးနန်းရရန်လုပ်ကြံလေသောကြောင့်ဗညားနွဲ့လည်းကျွန်ယုံ၃၀ကျော်ဖြင့်ဒဂုံ(ရန်ကုန်)သို့ထွက်ပြေးကာထိုမှနေပြီးပုန်ကန်ပါတော့သည်။

ယောက်ဖတော်သမိန်မရူးနှင့်အရီးတော်မဟာဒေဝီတို့မှာဖေါက်ပြန်နေ၍မရိုးသားကြပေ။)ထိုသို့ဗညားနွဲ့ဒဂုံတွင်ရှိစဉ်လင်ရှိမယားဆီသည်မ(မြန်မာမူတွင်ပန်းသည်မ)(မွေမနိတ်)ကိုမိဖုရားအဖြစ်သိမ်းပိုက်သည်။နောင်တွင်မဟာဒေဝီနှင့်သမိန်မရူးတို့ကလောက်ဖြား၊ဗြထဗတို့ကိုစည်းရုံးပြီးစစ်တပ်ကြီးစီရင်ကာဒဂုံကိုဝိုင်းရံလာစဉ်ဥပါယ်ဖြင့်မြောင်းမြနှင့်မုတ္တမတို့မှစစ်တပ်များကိုပြန်လှည့်စေရန်ပြုသည်။

အမိတူအဖကွဲနောင်တော်ဒလစား(မညီကံကောင်း)လာရောက်ပူးပေါင်းသဖြင့်အင်အားပိုတောင့်တင်းလာပြီးသမိန်မရူးတပ်ကိုညအချိန်တွင်အပြင်းတိုက်သဖြင့်သမိန်မရူးပြေးရာလူသူသုံ့ပန်းအများအပြားရပြီးအောင်ပွဲခံနိုင်လေသည်။

နောက်တွင်ပဲခူးထိချီတက်တိုက်ခိုက်ရာပဲခူးမရောက်မီခမည်းတော်ဗညားဦးနတ်ရွာလားလေသောကြောင့်တစ်ကြောင်း၊သမိန်မရူးပြေးသောကြောင့်တစ်ကြောင်း၊မြို့တွင်းမှမှူးမတ်များကထောက်ခံသောကြောင့်တစ်ကြောင်းနန်းပလ္လင်ပေါ်သို့လွယ်ကူစွာတက်နိုင်ကာ(ရာဇာဓိရာဇ်)ဟူသောဘွဲ့ဖြင့်အသက်၁၆နှစ်တွင်ဟံသာ၀တီပြည်ကိုအုပ်စိုးလေသည်။

နန်းရလျှင်မွေမနိတ်အားပီယရာဇာဒေဝီဘွဲ့ဖြင့်မိဖုရားကြီးအရာပေးသည်။သမိန်မရူးနှင့်၄င်း၏မယားတလမေသီရိတို့အားသတ်စေပြီးအရီးတော်မဟာဒေဝီကိုမူကျေးဇူးရှိဖူးသည်ကိုထောက်ကာမသတ်ဘဲထားလေသည်။

မိမိအားနန်းတော်တံခါးတစ်ဖက်သာဖွင့်ပြီးကြိုဆိုသည့်အတွက်အမတ်ဒိန်ကိုသတ်ရန်အမိန့်ချသော်လည်းအမတ်ဒိန်အလျှောက်ကောင်းသဖြင့်လွတ်သည်။နန်းတက်ပြီးနောက်မကြာမီအင်း၀မှမင်းကြီးစွာသည်မြောင်းမြစားလောက်ဖြား၏မနာလိုကုန်းတိုက်စကားတွင်ယုံမှတ်ကာဟံသာ၀တီကိုအရယူရန်အကြံဖြင့်ချီလာသည်ကိုတွန်းလှန်ခဲ့ရသေးသည်။

အမှန်တွင်ဟံသာ၀တီမင်းနေပြည်၏အာဏာစက်မှာရာမညမွန်သုံးရပ်တွင်အရှေ့မုတ္တမ၃၂မြို့နှင့်အနောက်ပုသိမ်၃၂မြို့များသို့ပင်သက်ရောက်နိုင်ခြင်းမရှိဘဲဖြစ်နေသည်မှာဆင်ဖြူရှင်ဗညားဦးလက်ထက်ကပင်ဖြစ်ပါသည်။ထို့ကြောင့်ဗညားနွဲ့အနေဖြင့်အဆိုပါသူပုန်သူကန်၊မြို့စား၊ရွာစားများကိုနှိမ်နှင်းရန်အကြောင်းဖန်လာလေတော့သည်။

ထို့ကြောင့်ပင်လူသူလက်နက်များစုစည်းပြီးခမည်းတော်ဗညားဦးလက်ထက်ကလက်လွှတ်ခဲ့ရသည့်အရှေ့ဖက်မုတ္တမ၃၂မြို့ကိုဆက်တိုက်သိမ်းယူပြီးအရှေ့တစ်လွားရှိမြို့ရွာများတွင်ယုံကြည်ရသည့်မှူးမတ်များကိုမြို့စားအရာပေးကာဟံသာ၀တီသို့ပြန်လေသည်။

ထိုသို့အရှေ့ဖက်သို့တိုက်ခိုက်ခဲ့ရာတွင်နာမည်ရသည့်သူရဲကောင်းများမှာအမတ်ဒိန်၊သမိန်သံဗြတ်(သမိန်ဗြာဇ္ဇ)၊လဂွန်းအိန်၊သမိန်ရဲသင်ရံတို့ဖြစ်သည်။မြန်မာသက္ကရာဇ်၇၅၀တွင်နောင်တော်(မညီကံကောင်း)သည်မြောင်းမြစားလောက်ဖြားနှင့်ပူးပေါင်းပြီးဒလမှပုန်ကန်သည်ကိုသွားရောက်နှိမ်နှင်းရပြီး(မညီကံကောင်း)အားကွပ်မျက်ကာ၄င်း၏သား၊တူတော်ဘောဝ်ကျော်အားသစ္စာပေးကာအဖအရာကိုဆက်ခံစေသည်။

 

နောက်လောက်ဖြားအားနှိမ်နှင်းရန်တစ်ပါတည်းအနောက်ဖက်သို့ချီလေသည်။ရှေးဦးစွာပုသိမ်ကိုစားသောလောက်ဖြား၏သားနှစ်ပါးဖြစ်သည့်လောက်ရုန်နှင့်လောက်သိန်တို့အားတိုက်ရာအနိုင်မရနိုင်ဘဲသူရဲကောင်းအမတ်ရာဇမနု(မင်းကန်စီ)ပါဆင်ထက်တွင်ကျဆုံးလေသည်။ထိုသို့ပုသိမ်တွင်ရှိနေစဉ်ပဲခူးတွင်အကျဉ်းချထားသည့်ညီတော်ဘောငံမုန်အားအဲကောင်ဗိန်ကိုလွှတ်ပြီးကွပ်စေပြန်သည်။

နောက်စစ်ဦးကိုမြောင်းမြသို့လှည့်ဟန်ပြုကာလဂွန်းအိန်အားပရိယာယ်ဖြင့်နောက်မှလိုက်သည့်လောက်ရုန်နှင့်လောက်သိန်တို့အားအနိုင်ယူစေကာပုသိမ်ကိုအရသိမ်းလေသည်။အမတ်ဒိန်ကလည်းဒေးပသွယ်ကိုရပြီးရာဇာဓိရာဇ်အားဆ၁က်ပြန်သည်။

နောက်မြောင်းမြသို့ချီရာမြောင်းမြစားလည်းမခံဝံ့သဖြင့်လှေဖြင့်ပြေးမည်ကြံသော်သားတော်မပစ်နွဲ့(ဗျည်းနွဲ့)ကတားကာရာဇာဓိရာဇ်အားတစ်ဦးချင်းဆင်စီးချင်းထိုးပြီးအနိုင်အရှုံးဆုံးဖြတ်ရန်တောင်းဆိုလေသည်။ရာဇာဓိရာဇ်လည်းလက်ခံကာဆင်တော်ငရက်နွဲ့ကိုစီးပြီးဆင်စီးချင်းထိုး၏။

အမှတ်မဲ့ဖြင့်ချိန်းဆိုရာမြို့ရိုးတွင်းသို့၀င်ရာမပစ်နွဲ့ကတံခါးအကွယ်မှရုတ်တရက်ထွက်တိုက်ကာဆင်ချင်းပူးလျှင်ခုတ်ရန်ဓါးချွတ်မရသောကြောင့်ချွန်းသီးနှင့်ရိုက်သော်ရာဇာဓိရာဇ်နဖူးကွဲကာမူးဝေလေသည်။ထို့ကြောင့်မြို့ပြင်သို့ဆုတ်ပြေးပြီးအမူးပြေမှတဖန်ပြန်လှည့်တိုက်သည်။ဒီတစ်ကြိမ်တွင်အနိုင်ယူကာမြောင်းမြကိုသိမ်းလေသည်။

နောက်လောက်ဖြားအားဂတိအတိုင်းဒဂုံဆံတော်ရှင်(ရွှေတိဂုံ) အနီးတွင်သီတင်းဆောက်တည်ခွင့်ပြုသည်။မပစ်နွဲ့မှာမူမနေလိုကြောင်းလျှောက်သဖြင့်ကွပ်မျက်စေသည်။

အင်း၀နှင့်စစ်ပြုခြင်းထိုသို့ရာဇာဓိရာဇ်သည်ရာမညတိုင်းမွန်သုံးရပ်လုံးကိုအောင်မြင်ပြီးနောက်တွင်နန်းတက်စကအင်း၀မှလာရောက်စစ်ပြုဖူးသည်ကိုအမှတ်ထားရှိခဲ့ဖူးသည့်အလျောက်အင်း၀နှင့်စစ်ပြုရန်လုံလထုတ်လေတော့သည်။

ဤသို့ဖြင့်သမိုင်းတွင်သည့်အင်း၀-ဟံသာ၀တီအနှစ်လေးဆယ်စစ်ကြီးအစပြုလေတော့သည်။-မြန်မာသက္ကရာဇ်၇၅၂၊ရာဇာဓိရာဇ်သက်တော်၂၃နှစ်တွင်အင်း၀ပိုင်ကူထွတ်(ယခုမြန်အောင်မြို့)ကိုအင်အားအပြည့်အစုံဖြင့်ချီတက်တိုက်ခိုက်ကာသိမ်းပိုက်လေသည်။နောက်သမိန်ချစ်ဗေတနှင့်သမိန်သံကြယ်တို့နှစ်ယောက်အ စောင့်စေပြီးဟံသာ၀တီသို့ပြန်လေသည်။

ဟံသာဝတီအရောက်တွင်သားတော်(ဘောလောကျန်းဒေါ)ဆင်မြင်းလေ့ကျင့်သည်၊စစ်ရေးအတတ်ကိုလေ့လာသည်ဟုကြား၍အဲကောင်ဗိန်အားသွားဖမ်းစေကာသတ်စေသည်။

ဘောလောကျန်းဒေါမှာ(ဗညားနွဲ့ငယ်မယား၊အဖတူအမိကွဲနှမလည်းတော်စပ်သောလမေဒေါနှင့်မွေးသူ၊မိခင်မှာဗညားနွဲ့နန်းတက်စဉ်ကမွေမနိတ်အားပီယရာဇာဒေဝီဘွဲ့ဖြင့်မိဖုရားကြီးအရာပေးသောကြောင့်အဆိပ်သောက်ပြီးသေဆုံး)လည်းစိတ်နာလှသောကြောင့်မိမိ၏ရွှေအဆင်တန်ဆာတို့ကိုချွတ်ပြီးရွှေမော်ဓောစေတီအားလှူ၍အင်း၀မင်း၊မိဖုရားတို့၀မ်းတွင်၀င်စား၍ရာဇာဓိရာဇ်နှင့်စစ်မပြတ်ပြုပြီးမွန်သုံးရပ်ကိုနှိပ်စက်လိုကြောင်းဆုတောင်းကာအဆိပ်သောက်သေလေတော့သည်။

(နောင်တွင်ဘုရင်မင်းခေါင်၏သားမင်းရဲကျော်စွာအဖြစ်မွေးဖွားလာသည်ဟုဆိုရိုးရှိပါသည်။)ဤသတင်းကိုကြားသော်ရာဇာဓိရာဇ်လည်းမိမိကိုယ်အလေးချိန်နှင့်ညီသည့်ရွှေသားတို့ဖြင့်ရွှေမော်ဓောစေတီအားရွှေအပြည့်ချကာသံသရာတစ်လျှောက်တွင်တိုက်သည့်ရန်စစ်ဟူသမျှကိုအောင်မြင်စေကြောင်းဆုတောင်းပြုပြန်သည်။

မြန်မာသက္ကရာဇ်၇၅၄တွင်အင်း၀မင်းကြီးစွာသည်ကူထွတ်ကိုပြန်လည်သိမ်းယူရန်တိုက်ဆင်၈၀၀၊မြင်းသည်နှစ်သောင်း၊အင်အားတစ်သိန်းနှစ်သောင်းနှင့်ချီလာလေသည်။ရာဇာဓိရာဇ်လည်းကြည်းရေတပ်များဖွဲ့ပြီးကူထွက်ကိုချီလေသည်။

ရေတပ်တွင်ဟံသာ၀တီမှအနည်းငယ်အသာရပြီး၊ကြည်းတွင်မူတစ်ဖက်နှင့်တစ်ဖက်အနိုင်မရနိုင်ဘဲရှိလေရာရေတပ်မှအမတ်ကြီးများဖြစ်ကြသောအမတ်မဟာသမွန်၊အမတ်ပွန်စီ၊အဲကောင်ဗိန်နှင့်ဗြထဗိုက်တို့ကကူထွပ်နှင့်အလွဲတို့အားအင်း၀ကိုပြန်ပေးပြီးသုရှင်အားစစ်ပြေငြိမ်းကြောင်းရာဇသံဆက်ရန်နှင့်သံတမန်များစေလွှတ်ရန်အကြံပြုလျှောက်ထားသဖြင့်သုရှင်ကသဘောတူလေသည်။

 

ထို့နောက်ရာဇာဓိရာဇ်နှင့်မင်းကြီးစွာစော်ကဲတို့လည်းအသီးသီးစစ်ပြေငြိမ်းလျက်ပြန်လေသည်။ထိုနှစ်တွင်မိဖုရားကြီးမွေမနိတ်(ပီယရာဇာဒေဝီ)လွန်သည်။

 

Credit

 

Zawgyi

ဗညားႏြဲ႕(သို႔)ရာဇာဓိရာဇ္ရဲ႕အစ

 

 

ဗညားႏြဲ႕(သို႔)ရာဇာဓိရာဇ္ရဲ႕အစ(ျမန္မာသကၠရာဇ္၇၄၅-၇၂၈)မွာမဂဒူးမင္းဆက္၏(၉)ဆက္ေျမာက္မင္းျဖစ္သည္။

အစဥ္အဆက္မုတၱမတြင္ထီးနန္းစိုးစံခဲ့ရာမွ(၈)ဆက္ေျမာက္ျဖစ္သည့္ဖခင္ျဖစ္သူ(ဆင္ျဖဴရွင္ဗညားဦး)လက္ထက္တြင္လက္ေအာက္ခံၿမိဳ႕စားမ်ားျဖစ္သည့္ေလာက္ျဖား၊အဲျဗပုန္၊ျဗထဗ၊ဥလိုတို႔ညီအစ္ကိုေလးေယာက္ကေတာ္လွန္သျဖင့္ဒုန္၀န္းၿမိဳ႕သို႔ယာယီေျပာင္းေ႐ႊ႕ခဲ့ရသည္။

ေနာက္မၾကာမီတြင္ဒုန္၀န္းသို႔လာေရာက္တိုက္ခိုက္ၾကသည္ကိုမခံနိုင္သျဖင့္ဟံသာ၀တီ(ပဲခူး)သို႔ေျပာင္းေ႐ႊ႕ကာနန္းသစ္တည္ၿပီးမင္းျပဳျပန္သည္။အစ္မေတာ္(မဟာေဒဝီ)အားအားကိုးခ်စ္ခင္ၿပီးဒဂုံ(ရန္ကုန္)ကိုစားေစသည္။ေနာင္ေတာ္မင္းလကၤာပုန္ကန္ျပန္သျဖင့္ႏွိမ္ႏွင္းကာကြပ္မ်က္ၿပီး၄င္း၏မယားေမြ႕သင္အားသိမ္းပိုက္သည္။

သားေတာ္တစ္ပါး(ဗညားႏြဲ႕)အားေမြ႕သင္မွဖြားျမင္ရာခ်စ္ျမတ္နိုးေတာ္မူလွသည္မရွိဟုသိရသည္။လွ်ာတြင္အစက္ေပ်ာက္မ်ားပါလာသည့္အတြက္(ဗန္သုံဗန္စက္)ဟုနာမည္ေပးထားသည္။ေနာင္အခါဗညားႏြဲ႕(ဗညားငယ္)ဟုေခၚတြင္သည္။အျခားမိဖုရားျဖစ္ေသာဗ်က္လွိုင္း႐ြာသူ(ေမြးမဂူေတာက္)မွဖြားသည့္ေဘာငံမုန္(ေဗာခုံမွိုင္း)ကိုပိုသာစြာၾကည္ျဖဴၿပီးဖခင္ျဖစ္သူဗညားဦးမွနန္းလ်ာအျဖစ္အလိုရွိခဲ့သည္။

ဗညားႏြဲ႕အသက္၁၅ႏွစ္တြင္အဖတူအမိကြဲႏွမေတာ္တလေမေဒါႏွင့္ရည္ငံကာထြက္ေျပးၾကသျဖင့္ဖခင္ျဖစ္သူဗညားဦးလြန္စြာအမ်က္ရွကာေထာင္သြင္းအက်ဥ္းခ်ေစသည္။ေနာင္မဟာေဒဝီေတာင္းပန္သျဖင့္ျပန္လြတ္ေစသည္။

 

ဟံသာ၀တီတြင္ဘုရင္ဗညားဦး(ဆင္ျဖဴရွင္ဗညားဦး)နာမက်န္းျဖစ္ခ်ိန္တြင္သားေတာ္(ဗညားႏြဲ႕)အားအရီးေတာ္မဟာေဒဝီႏွင့္ေယာက္ဖေတာ္သမိန္မ႐ူးတို႔မွသမိန္မ႐ူးထီးနန္းရရန္လုပ္ႀကံေလေသာေၾကာင့္ဗညားႏြဲ႕လည္းကြၽန္ယုံ၃၀ေက်ာ္ျဖင့္ဒဂုံ(ရန္ကုန္)သို႔ထြက္ေျပးကာထိုမွေနၿပီးပုန္ကန္ပါေတာ့သည္။

ေယာက္ဖေတာ္သမိန္မ႐ူးႏွင့္အရီးေတာ္မဟာေဒဝီတို႔မွာေဖါက္ျပန္ေန၍မရိုးသားၾကေပ။)ထိုသို႔ဗညားႏြဲ႕ဒဂုံတြင္ရွိစဥ္လင္ရွိမယားဆီသည္မ(ျမန္မာမူတြင္ပန္းသည္မ)(ေမြမနိတ္)ကိုမိဖုရားအျဖစ္သိမ္းပိုက္သည္။ေနာင္တြင္မဟာေဒဝီႏွင့္သမိန္မ႐ူးတို႔ကေလာက္ျဖား၊ျဗထဗတို႔ကိုစည္း႐ုံးၿပီးစစ္တပ္ႀကီးစီရင္ကာဒဂုံကိုဝိုင္းရံလာစဥ္ဥပါယ္ျဖင့္ေျမာင္းျမႏွင့္မုတၱမတို႔မွစစ္တပ္မ်ားကိုျပန္လွည့္ေစရန္ျပဳသည္။

အမိတူအဖကြဲေနာင္ေတာ္ဒလစား(မညီကံေကာင္း)လာေရာက္ပူးေပါင္းသျဖင့္အင္အားပိုေတာင့္တင္းလာၿပီးသမိန္မ႐ူးတပ္ကိုညအခ်ိန္တြင္အျပင္းတိုက္သျဖင့္သမိန္မ႐ူးေျပးရာလူသူသုံ႕ပန္းအမ်ားအျပားရၿပီးေအာင္ပြဲခံနိုင္ေလသည္။

ေနာက္တြင္ပဲခူးထိခ်ီတက္တိုက္ခိုက္ရာပဲခူးမေရာက္မီခမည္းေတာ္ဗညားဦးနတ္႐ြာလားေလေသာေၾကာင့္တစ္ေၾကာင္း၊သမိန္မ႐ူးေျပးေသာေၾကာင့္တစ္ေၾကာင္း၊ၿမိဳ႕တြင္းမွမႉးမတ္မ်ားကေထာက္ခံေသာေၾကာင့္တစ္ေၾကာင္းနန္းပလႅင္ေပၚသို႔လြယ္ကူစြာတက္နိုင္ကာ(ရာဇာဓိရာဇ္)ဟူေသာဘြဲ႕ျဖင့္အသက္၁၆ႏွစ္တြင္ဟံသာ၀တီျပည္ကိုအုပ္စိုးေလသည္။

နန္းရလွ်င္ေမြမနိတ္အားပီယရာဇာေဒဝီဘြဲ႕ျဖင့္မိဖုရားႀကီးအရာေပးသည္။သမိန္မ႐ူးႏွင့္၄င္း၏မယားတလေမသီရိတို႔အားသတ္ေစၿပီးအရီးေတာ္မဟာေဒဝီကိုမူေက်းဇူးရွိဖူးသည္ကိုေထာက္ကာမသတ္ဘဲထားေလသည္။

မိမိအားနန္းေတာ္တံခါးတစ္ဖက္သာဖြင့္ၿပီးႀကိဳဆိုသည့္အတြက္အမတ္ဒိန္ကိုသတ္ရန္အမိန့္ခ်ေသာ္လည္းအမတ္ဒိန္အေလွ်ာက္ေကာင္းသျဖင့္လြတ္သည္။နန္းတက္ၿပီးေနာက္မၾကာမီအင္း၀မွမင္းႀကီးစြာသည္ေျမာင္းျမစားေလာက္ျဖား၏မနာလိုကုန္းတိုက္စကားတြင္ယုံမွတ္ကာဟံသာ၀တီကိုအရယူရန္အႀကံျဖင့္ခ်ီလာသည္ကိုတြန္းလွန္ခဲ့ရေသးသည္။

အမွန္တြင္ဟံသာ၀တီမင္းေနျပည္၏အာဏာစက္မွာရာမညမြန္သုံးရပ္တြင္အေရွ႕မုတၱမ၃၂ၿမိဳ႕ႏွင့္အေနာက္ပုသိမ္၃၂ၿမိဳ႕မ်ားသို႔ပင္သက္ေရာက္နိုင္ျခင္းမရွိဘဲျဖစ္ေနသည္မွာဆင္ျဖဴရွင္ဗညားဦးလက္ထက္ကပင္ျဖစ္ပါသည္။ထို႔ေၾကာင့္ဗညားႏြဲ႕အေနျဖင့္အဆိုပါသူပုန္သူကန္၊ၿမိဳ႕စား၊႐ြာစားမ်ားကိုႏွိမ္ႏွင္းရန္အေၾကာင္းဖန္လာေလေတာ့သည္။

ထို႔ေၾကာင့္ပင္လူသူလက္နက္မ်ားစုစည္းၿပီးခမည္းေတာ္ဗညားဦးလက္ထက္ကလက္လႊတ္ခဲ့ရသည့္အေရွ႕ဖက္မုတၱမ၃၂ၿမိဳ႕ကိုဆက္တိုက္သိမ္းယူၿပီးအေရွ႕တစ္လြားရွိၿမိဳ႕႐ြာမ်ားတြင္ယုံၾကည္ရသည့္မႉးမတ္မ်ားကိုၿမိဳ႕စားအရာေပးကာဟံသာ၀တီသို႔ျပန္ေလသည္။

ထိုသို႔အေရွ႕ဖက္သို႔တိုက္ခိုက္ခဲ့ရာတြင္နာမည္ရသည့္သူရဲေကာင္းမ်ားမွာအမတ္ဒိန္၊သမိန္သံျဗတ္(သမိန္ျဗာဇၨ)၊လဂြန္းအိန္၊သမိန္ရဲသင္ရံတို႔ျဖစ္သည္။ျမန္မာသကၠရာဇ္၇၅၀တြင္ေနာင္ေတာ္(မညီကံေကာင္း)သည္ေျမာင္းျမစားေလာက္ျဖားႏွင့္ပူးေပါင္းၿပီးဒလမွပုန္ကန္သည္ကိုသြားေရာက္ႏွိမ္ႏွင္းရၿပီး(မညီကံေကာင္း)အားကြပ္မ်က္ကာ၄င္း၏သား၊တူေတာ္ေဘာဝ္ေက်ာ္အားသစၥာေပးကာအဖအရာကိုဆက္ခံေစသည္။

 

ေနာက္ေလာက္ျဖားအားႏွိမ္ႏွင္းရန္တစ္ပါတည္းအေနာက္ဖက္သို႔ခ်ီေလသည္။ေရွးဦးစြာပုသိမ္ကိုစားေသာေလာက္ျဖား၏သားႏွစ္ပါးျဖစ္သည့္ေလာက္႐ုန္ႏွင့္ေလာက္သိန္တို႔အားတိုက္ရာအနိုင္မရနိုင္ဘဲသူရဲေကာင္းအမတ္ရာဇမႏု(မင္းကန္စီ)ပါဆင္ထက္တြင္က်ဆဳံးေလသည္။ထိုသို႔ပုသိမ္တြင္ရွိေနစဥ္ပဲခူးတြင္အက်ဥ္းခ်ထားသည့္ညီေတာ္ေဘာငံမုန္အားအဲေကာင္ဗိန္ကိုလႊတ္ၿပီးကြပ္ေစျပန္သည္။

ေနာက္စစ္ဦးကိုေျမာင္းျမသို႔လွည့္ဟန္ျပဳကာလဂြန္းအိန္အားပရိယာယ္ျဖင့္ေနာက္မွလိုက္သည့္ေလာက္႐ုန္ႏွင့္ေလာက္သိန္တို႔အားအနိုင္ယူေစကာပုသိမ္ကိုအရသိမ္းေလသည္။အမတ္ဒိန္ကလည္းေဒးပသြယ္ကိုရၿပီးရာဇာဓိရာဇ္အားဆ၁က္ျပန္သည္။

ေနာက္ေျမာင္းျမသို႔ခ်ီရာေျမာင္းျမစားလည္းမခံဝံ့သျဖင့္ေလွျဖင့္ေျပးမည္ႀကံေသာ္သားေတာ္မပစ္ႏြဲ႕(ဗ်ည္းႏြဲ႕)ကတားကာရာဇာဓိရာဇ္အားတစ္ဦးခ်င္းဆင္စီးခ်င္းထိုးၿပီးအနိုင္အရႈံးဆုံးျဖတ္ရန္ေတာင္းဆိုေလသည္။ရာဇာဓိရာဇ္လည္းလက္ခံကာဆင္ေတာ္ငရက္ႏြဲ႕ကိုစီးၿပီးဆင္စီးခ်င္းထိုး၏။

အမွတ္မဲ့ျဖင့္ခ်ိန္းဆိုရာၿမိဳ႕ရိုးတြင္းသို႔၀င္ရာမပစ္ႏြဲ႕ကတံခါးအကြယ္မွ႐ုတ္တရက္ထြက္တိုက္ကာဆင္ခ်င္းပူးလွ်င္ခုတ္ရန္ဓါးခြၽတ္မရေသာေၾကာင့္ခြၽန္းသီးႏွင့္ရိုက္ေသာ္ရာဇာဓိရာဇ္နဖူးကြဲကာမူးေဝေလသည္။ထို႔ေၾကာင့္ၿမိဳ႕ျပင္သို႔ဆုတ္ေျပးၿပီးအမူးေျပမွတဖန္ျပန္လွည့္တိုက္သည္။ဒီတစ္ႀကိမ္တြင္အနိုင္ယူကာေျမာင္းျမကိုသိမ္းေလသည္။

ေနာက္ေလာက္ျဖားအားဂတိအတိုင္းဒဂုံဆံေတာ္ရွင္(ေ႐ႊတိဂုံ) အနီးတြင္သီတင္းေဆာက္တည္ခြင့္ျပဳသည္။မပစ္ႏြဲ႕မွာမူမေနလိုေၾကာင္းေလွ်ာက္သျဖင့္ကြပ္မ်က္ေစသည္။

အင္း၀ႏွင့္စစ္ျပဳျခင္းထိုသို႔ရာဇာဓိရာဇ္သည္ရာမညတိုင္းမြန္သုံးရပ္လုံးကိုေအာင္ျမင္ၿပီးေနာက္တြင္နန္းတက္စကအင္း၀မွလာေရာက္စစ္ျပဳဖူးသည္ကိုအမွတ္ထားရွိခဲ့ဖူးသည့္အေလ်ာက္အင္း၀ႏွင့္စစ္ျပဳရန္လုံလထုတ္ေလေတာ့သည္။

ဤသို႔ျဖင့္သမိုင္းတြင္သည့္အင္း၀-ဟံသာ၀တီအႏွစ္ေလးဆယ္စစ္ႀကီးအစျပဳေလေတာ့သည္။-ျမန္မာသကၠရာဇ္၇၅၂၊ရာဇာဓိရာဇ္သက္ေတာ္၂၃ႏွစ္တြင္အင္း၀ပိုင္ကူထြတ္(ယခုျမန္ေအာင္ၿမိဳ႕)ကိုအင္အားအျပည့္အစုံျဖင့္ခ်ီတက္တိုက္ခိုက္ကာသိမ္းပိုက္ေလသည္။ေနာက္သမိန္ခ်စ္ေဗတႏွင့္သမိန္သံၾကယ္တို႔ႏွစ္ေယာက္အ ေစာင့္ေစၿပီးဟံသာ၀တီသို႔ျပန္ေလသည္။

ဟံသာဝတီအေရာက္တြင္သားေတာ္(ေဘာေလာက်န္းေဒါ)ဆင္ျမင္းေလ့က်င့္သည္၊စစ္ေရးအတတ္ကိုေလ့လာသည္ဟုၾကား၍အဲေကာင္ဗိန္အားသြားဖမ္းေစကာသတ္ေစသည္။

ေဘာေလာက်န္းေဒါမွာ(ဗညားႏြဲ႕ငယ္မယား၊အဖတူအမိကြဲႏွမလည္းေတာ္စပ္ေသာလေမေဒါႏွင့္ေမြးသူ၊မိခင္မွာဗညားႏြဲ႕နန္းတက္စဥ္ကေမြမနိတ္အားပီယရာဇာေဒဝီဘြဲ႕ျဖင့္မိဖုရားႀကီးအရာေပးေသာေၾကာင့္အဆိပ္ေသာက္ၿပီးေသဆုံး)လည္းစိတ္နာလွေသာေၾကာင့္မိမိ၏ေ႐ႊအဆင္တန္ဆာတို႔ကိုခြၽတ္ၿပီးေ႐ႊေမာ္ေဓာေစတီအားလႉ၍အင္း၀မင္း၊မိဖုရားတို႔၀မ္းတြင္၀င္စား၍ရာဇာဓိရာဇ္ႏွင့္စစ္မျပတ္ျပဳၿပီးမြန္သုံးရပ္ကိုႏွိပ္စက္လိုေၾကာင္းဆုေတာင္းကာအဆိပ္ေသာက္ေသေလေတာ့သည္။

(ေနာင္တြင္ဘုရင္မင္းေခါင္၏သားမင္းရဲေက်ာ္စြာအျဖစ္ေမြးဖြားလာသည္ဟုဆိုရိုးရွိပါသည္။)ဤသတင္းကိုၾကားေသာ္ရာဇာဓိရာဇ္လည္းမိမိကိုယ္အေလးခ်ိန္ႏွင့္ညီသည့္ေ႐ႊသားတို႔ျဖင့္ေ႐ႊေမာ္ေဓာေစတီအားေ႐ႊအျပည့္ခ်ကာသံသရာတစ္ေလွ်ာက္တြင္တိုက္သည့္ရန္စစ္ဟူသမွ်ကိုေအာင္ျမင္ေစေၾကာင္းဆုေတာင္းျပဳျပန္သည္။

ျမန္မာသကၠရာဇ္၇၅၄တြင္အင္း၀မင္းႀကီးစြာသည္ကူထြတ္ကိုျပန္လည္သိမ္းယူရန္တိုက္ဆင္၈၀၀၊ျမင္းသည္ႏွစ္ေသာင္း၊အင္အားတစ္သိန္းႏွစ္ေသာင္းႏွင့္ခ်ီလာေလသည္။ရာဇာဓိရာဇ္လည္းၾကည္းေရတပ္မ်ားဖြဲ႕ၿပီးကူထြက္ကိုခ်ီေလသည္။

ေရတပ္တြင္ဟံသာ၀တီမွအနည္းငယ္အသာရၿပီး၊ၾကည္းတြင္မူတစ္ဖက္ႏွင့္တစ္ဖက္အနိုင္မရနိုင္ဘဲရွိေလရာေရတပ္မွအမတ္ႀကီးမ်ားျဖစ္ၾကေသာအမတ္မဟာသမြန္၊အမတ္ပြန္စီ၊အဲေကာင္ဗိန္ႏွင့္ျဗထဗိုက္တို႔ကကူထြပ္ႏွင့္အလြဲတို႔အားအင္း၀ကိုျပန္ေပးၿပီးသုရွင္အားစစ္ေျပၿငိမ္းေၾကာင္းရာဇသံဆက္ရန္ႏွင့္သံတမန္မ်ားေစလႊတ္ရန္အႀကံျပဳေလွ်ာက္ထားသျဖင့္သုရွင္ကသေဘာတူေလသည္။

 

ထို႔ေနာက္ရာဇာဓိရာဇ္ႏွင့္မင္းႀကီးစြာေစာ္ကဲတို႔လည္းအသီးသီးစစ္ေျပၿငိမ္းလ်က္ျပန္ေလသည္။ထိုႏွစ္တြင္မိဖုရားႀကီးေမြမနိတ္(ပီယရာဇာေဒဝီ)လြန္သည္။

 

Credit

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *