မြန်မာ့သမိုင်းထဲက ကြိုးစင်မကြောက်တဲ့ သူရဲကောင်း ပုဂံဗိုလ်ချို

မြန်မာ့သမိုင်းထဲက ကြိုးစင်မကြောက်တဲ့ သူရဲကောင်း ပုဂံဗိုလ်ချို

 

 

ပုဂံဗိုလ်ချို လို့ ဆိုလိုက်ရင် နယ်ချဲ့တော်လှန်ရေး သမိုင်းမှာ နာမည်ကြီးသူ တစ်ယောက်ဖြစ်တာ အားလုံးသိပြီးသားပါ။အင်္ဂလိပ်တို့ကို ဒုက္ခအပေးဆုံး ၊ ပထမဆုံးနယ်ချဲ့တော်လှန်ရေး လုပ်ပြီး နောက်ဆုံးမှ အဖမ်းခံရတဲ့ ဗိုလ်ချိုဖြစ်ပါတယ်။

ညောင်ဦးမြို့နယ် ငသရောက်ဆယ်ရွာသား တစ်ဦးဖြစ်ပါတယ်။-တကယ်တော့ ဗိုလ်ချို ဟာ သူ့ရဲ့ဖခင် ဦးရွေဘော်ကဲ့သို့ တိုင်းရင်းဆေးဆရာ တစ်ယောက်ဖြစ်ပါတယ်။ ထို့နောက် သီ ပေါမင်းလက်ထက်မှာ တောင်တွင်းကြီးမြို့ မြို့၀န်စာရေး အဖြစ် ၃ နှစ်ခန့် အမှုထမ်းခဲ့ပါတယ်။

၁၂၄၇ ခုနှစ် သီပေါမင်းပါတော်မူပြီးနောက်မှာတော့ နယ်ချဲ့တို့ကို စတင် တော်လှန်ပါတော့တယ်။ဗိုလ်ချိုနှင့် အတူ သားဖြစ်သူ ဗိုလ်ဖိုးဆင် နှင့် ဗိုလ်ဖိုး၀င်တို့ လည်း တိုက်ပွဲထဲပါ၀င်လာခဲ့ပါတယ်။ ဇနီးဖြစ်သူ ဒေါ်ရွှေမှုံမှာလည်း မိန်းမသားဖြစ်သော်ငြား ဓားခုတ် ၊ လှံထိုး ၊ မြင်းစီးအတတ်တို့ကို ကျွမ်းကျင်လှကာ ခင်ပွန်းဖြစ်သူနဲ့ အတူလက်တွဲညီသူ ဖြစ်ပါတယ်။

အင်္ဂလိပ်တို့မှာ ဗိုလ်ချိုအဖွဲ့ရဲ့ ပျောက်ကြားတိုက်ခိုက်မှုများကို မကြာခဏ ခံရလေ့ရှိပါတယ်။ မြို့၀န်စာရေးလုပ်ခဲ့သူဖြစ်တာကြောင့် ဗိုလ်ချိုဟာ စစ်မူရေးရာကိုနားလည်သလို ၊ စည်းရုံးရေးလည်းကောင်းတဲ့အပြင် နည်းပရိယာယ်ကြွယ်၀သူဖြစ်တာကြောင့် တိုက်ပွဲအများစုမှာ အနိုင်ရလေ့ရှိပါတယ်။

ပုဂံဗိုလ်ချို၏ ပွဲဦးထွက် အောင်ပွဲမှာ ညောင်ဦးကမ်းပါးတိုက်ပွဲဖြစ်သည်။ ဗြိတိ သျှစစ် သည် (၁၅)ဦးကျဆုံးပြီး တစ်ဦးသာ လွတ်မြောက်သွားခဲ့သည်။ မျိုးချစ်သူရဲကောင်း သုံးဦးကျဆုံးခဲ့သည်။အထင်ကရ “‘မှိုက်ပင်”‘တိုက် ပွဲတွင် ဗိုလ်ချို ဦးစီးသော တော်လှန်ရေးမျိုးချစ်အင်အား ၅၀၀ ခန့်ကို ဗြိတိသျှ မြင်းစစ်သည် (၈၀)၊ ခြေလျင်တပ်သား ၃၀၀ ခန့်နှင့် စီးနင်းတိုက် ခိုက်ခဲ့သည်။

ဗြိတိသျှ စစ်သည် ၁၅၀ ကျော် ကျဆုံးခဲ့သည်။ ထိုတိုက်ပွဲတွင် တိုင်းပြည်အတွက် မျိုးချစ်သူရဲကောင်း ၉-ဦး အသက်ပေးလှူခဲ့ရပြီး ၁၄-ဦးသာ ဒဏ်ရာရရှိခဲ့၏။ဗိုလ်ချိုရဲ့ထင်ရှားသော တိုက်ပွဲများမှာ – နတ်သမီးကမ်းပါးတိုက်ပွဲ၊ ကျောက်တံခါးတိုက်ပွဲ ၊ ကန့်လန့်ကျော်တိုက်ပွဲ နဲ့ ပုလင်းရွာတိုက်ပွဲများ ဖြစ်ပါတယ်။

ထိုတိုက်ပွဲများမှာ အင်အားသာလွန်သော အင်္ဂလိပ်တို့အား အကျအဆုံးများစေခဲ့ပြီး အရှက်ရစေခဲ့သော တိုက်ပွဲများဖြစ်ပါတယ်။ဗိုလ်ချိုတို့မှာ အင်္ဂလိပ်တို့ထက် လူအင်အား၊ လက်နက်အင်အား များစွာနည်းလှပါတယ်။

စိတ် ဓာတ်ပြင်းထန်မှုကြောင့် သာ ဒီလိုတိုက်ခိုက်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ထိုသို့ ၁၈၈၆ခုနှစ် မှ ၁၈၉၅ခုနှစ် အထိ ဆယ်စုနှစ် တစ်ခုနီးပါး တိုက်ခိုက်လာပြီးနောက် အင်အားတစ်စ တစ်စ နည်းလာရပါတယ်။

ထို့ကြောင့် နောက်ပိုင်းတိုက်ပွဲများတွင် ဆုတ်ခွာရသည်သာ များလာပါတယ်။ ဗိုလ်ချိုအား အင်္ဂလိပ်တို့က ရာထူးဖြင့် သိမ်းသွင်းခဲ့ပေမယ့် ဗိုလ် ချိုကား လက်ခံခြင်း မရှိခဲ့။ဗိုလ်ချို တို့သားအဖကို ဖမ်းဆီး အဆုံးစီရင်နိုင်ပြီး မှ မြန်မာခေတ်ဦးတော်လှန်ရေးကို တစ်ခန်းရပ်နိုင်လိမ့်မယ်လို့ ရိပ်မိသွားတဲ့ အင်္ဂလိပ်တို့ဟာ ခရစ်နှစ် (၁၈၉၅)မှာ ဗိုလ်ချိုရှိရာ ငသရောက်ဆယ်ရွာကို အလုံးအရင်းနဲ့ ၀န်းရံတိုက်ခိုက်ပါတော့တယ်။

ဒီအချိန်မှာ ဗိုလ်ချိုတို့သားအဖဟာ သည်ဧရာ၀တီမြစ်ကိုဖြတ်ကူးပြီး ယော ၊ ဆောနယ်ရှိတော်လှန်ရေးအင်အားစုများနှင့်ပူးပေါင်းတော်လှန်တိုက်ခိုက်ရန်ပုဂံသီရိပစ္စယာ ဂူပြောက်ကြ်ိးဘုရား၀န်းအတွင်းမှာ ရောက်ရှိနေခဲ့ပါတယ်။ဗိုလ်ချိုကို မမိတဲ့ နယ်ချဲ့အင်္ဂလိပ်တို့ဟာ ဗိုလ်ချိုနဲ့ နီးစပ်သူ ဆွေမျိုးတွေကိုပါ ဒုက္ခပေးလာတဲ့အတွက် ဆွေမျိုးတွေဟာ ပုဂံတစ်ဝိုက်မှာ မနေထိုင်ရဲကြတော့ပဲ ရှောင်တိမ်းကြရပါတယ်။

နောက်ဆုံး (၃၀-၆-၁၈၉၅) နေ့တွင်တော့ သစ္စာဖောက်တစ်ဦးရဲ့ သတင်းပေးမှုကြောင့် ဗိုလ်ချိုတို့ အဖွဲ့စခန်းချရာနေရာကို အင်္ဂလိပ်တို့သိရှိသွားပြီး အလုံးအရင်းနဲ့ ၀င်ဖမ်းခြင်းကို ခံလိုက်ရပါတယ်။

နယ်ချဲ့များက ဘုရားကိုဝိုင်းထားစဉ် သားနှစ်ယောက်က ရန်သူအား ပြန်လည်ခုခံသောအခါ-“ငါ့သားများ ငါတို့အချိန်ကုန်ပြီ အဖမ်းခံလိုက်ကြတော့”ဟု အကျိုးမရှိသော ခုခံခြင်းမျိုးမပြုလုပ်ရ ဆို့နင့်သောအသံဖြင့် ဗိုလ်ချိုက တားမြစ်ခဲ့ပါတယ်။

ထို့နောက်နယ်ချဲ့တို့က ဗိုလ်ချိုသားအဖ ၃ ဦးအား ငါးသရောက် မြနန္ဒာကန်တော်ကြီးကုန်းတွင် ကြိုးစင်ဆောက်ကာ ကြိုးပေးကွပ်မျက်ခဲ့ပါတယ်။နယ်ချဲ့အင်္ဂလိပ်တို့သည် ငါ့သရောက် နယ်သူနယ်သားတို့အား နောက်နောင်တွင် ယင်းတို့ကို ပုန်ကန်တော်လှန်မှု မပြုလုပ်ဝံ့စေရန် ရည်ရွယ်လျက် ပုဂံဗိုလ်ချိုတို့ သားအဖသုံးဦး ကြိုးပေးကွပ်မျက်မှုကို (မပျက်မကွက်) လာရောက်ကြည့်ရှုစေခဲ့ပါတယ်။

နယ်ချဲ့တို့သည် ပုဂံဗိုလ်ချိုကို ကြိုးမပေးမီ နောက်ဆုံးအခွင့်အရေး အနေဖြင့် နယ်သူနယ်သားများ နှင့်ဆွေမျိုး သားချင်းများကို အစားအစာကျွေးခွင့်နှင့် စကားပြောခွင့် ပြုခဲ့သည်။ ထိုအခါ ပုဂံဗိုလ်ချိုသည် ယင်း၏ ဆွေမျိုးသားချင်းများနှင့် မိတ်ဆွေများကို“သူ့ကျွန်ဘ၀ထက် သေရတာက မြတ်ပါသေးတယ်။

ကျန်ရှိသော ရွှေတိုရွှေစများကို ထုခွဲ၍ ဤနေရာမှာ ဘုရားတည်ပြီး ရှေးမင်းများတူးခဲ့သော ကန်ကိုဆည်ပါ” ဟုမှာကြားခဲ့ပါတယ်။ဗိုလ်ချိုကြိုးစင်တက်မယ်လုပ်စဉ် ရဲဘော်တစ်ဦးက ငိုရာ ခြေကျင်းခတ်ထားလျက်ပင် ထိုရဲဘော်ကိုခြေဖြင့်ခတ်ရင်း “နင်တို့ ယောကျာ်းမဟုတ်လော” ဟု ရဲ၀င့်စွာဆိုလျှက် ကြိုးစင်ထက်ကို ရင်ကော့၍ တက်သွား၏။

 

ပုဂံဗိုလ်ချို၏ ဆွေမျိုးသားချင်းများနှင့် ငါ့သ ရောက် နယ်သူနယ်သားများသည် ပုဂံဗိုလ်ချို နောက်ဆုံးမှာကြားချက်ဆန္ဒနှင့် အညီ ယင်းတို့သားအဖ သုံးဦးအား ရည်စူးလျက် မြနန္ဒာကျောက်ထီးဘုရားကြီးကို တည်ထားကိုးကွယ်ခဲ့ကြသည်။

နယ်ချဲ့အင်္ဂလိပ်တို့ ဆက်လက်စိုးမိုး အုပ်ချုပ်စဉ်ကာလ ဖြစ်သဖြင့် ထိုကျောက်ထီးဘုရားကြီး၏ အရှေ့တောင်ထောင့် မုခ်ဦးအထက်တွင် ပုဂံဗိုလ်ချို၏ မျက်နှာကို အင်္ဂတေ ပန်းဖြင့် ပညာသားပါပါ ထည့်သွင်းပုံဖော်ထားခဲ့ကြတယ်လို့အဆိုရှိပါတယ်။

လူမျက်နှာကို ကနုတ်ပန်း၊ ကနုတ်နွယ်တို့ဖြင့် ရောယှက်၍ မွမ်းမံတန်ဆာဆင်ထားသော (နာရီ )ခေါ် ရှေး ရိုးမြန်မာ့ပန်းချီ အနုပညာတစ်မျိုး ပင်ဖြစ်ပါတော့သည်။

 

Credit

Zawgyi

 

ျမန္မာ့သမိုင္းထဲက ႀကိဳးစင္မေၾကာက္တဲ့ သူရဲေကာင္း ပုဂံဗိုလ္ခ်ိဳ

ပုဂံဗိုလ္ခ်ိဳ လို႔ ဆိုလိုက္ရင္ နယ္ခ်ဲ့ေတာ္လွန္ေရး သမိုင္းမွာ နာမည္ႀကီးသူ တစ္ေယာက္ျဖစ္တာ အားလုံးသိၿပီးသားပါ။အဂၤလိပ္တို႔ကို ဒုကၡအေပးဆုံး ၊ ပထမဆုံးနယ္ခ်ဲ့ေတာ္လွန္ေရး လုပ္ၿပီး ေနာက္ဆုံးမွ အဖမ္းခံရတဲ့ ဗိုလ္ခ်ိဳျဖစ္ပါတယ္။

ေညာင္ဦးၿမိဳ႕နယ္ ငသေရာက္ဆယ္႐ြာသား တစ္ဦးျဖစ္ပါတယ္။-တကယ္ေတာ့ ဗိုလ္ခ်ိဳ ဟာ သူ႕ရဲ႕ဖခင္ ဦးေ႐ြေဘာ္ကဲ့သို႔ တိုင္းရင္းေဆးဆရာ တစ္ေယာက္ျဖစ္ပါတယ္။ ထို႔ေနာက္ သီ ေပါမင္းလက္ထက္မွာ ေတာင္တြင္းႀကီးၿမိဳ႕ ၿမိဳ႕၀န္စာေရး အျဖစ္ ၃ ႏွစ္ခန့္ အမႈထမ္းခဲ့ပါတယ္။

၁၂၄၇ ခုႏွစ္ သီေပါမင္းပါေတာ္မူၿပီးေနာက္မွာေတာ့ နယ္ခ်ဲ့တို႔ကို စတင္ ေတာ္လွန္ပါေတာ့တယ္။ဗိုလ္ခ်ိဳႏွင့္ အတူ သားျဖစ္သူ ဗိုလ္ဖိုးဆင္ ႏွင့္ ဗိုလ္ဖိုး၀င္တို႔ လည္း တိုက္ပြဲထဲပါ၀င္လာခဲ့ပါတယ္။ ဇနီးျဖစ္သူ ေဒၚေ႐ႊမႈံမွာလည္း မိန္းမသားျဖစ္ေသာ္ျငား ဓားခုတ္ ၊ လွံထိုး ၊ ျမင္းစီးအတတ္တို႔ကို ကြၽမ္းက်င္လွကာ ခင္ပြန္းျဖစ္သူနဲ႕ အတူလက္တြဲညီသူ ျဖစ္ပါတယ္။

အဂၤလိပ္တို႔မွာ ဗိုလ္ခ်ိဳအဖြဲ႕ရဲ႕ ေပ်ာက္ၾကားတိုက္ခိုက္မႈမ်ားကို မၾကာခဏ ခံရေလ့ရွိပါတယ္။ ၿမိဳ႕၀န္စာေရးလုပ္ခဲ့သူျဖစ္တာေၾကာင့္ ဗိုလ္ခ်ိဳဟာ စစ္မူေရးရာကိုနားလည္သလို ၊ စည္း႐ုံးေရးလည္းေကာင္းတဲ့အျပင္ နည္းပရိယာယ္ႂကြယ္၀သူျဖစ္တာေၾကာင့္ တိုက္ပြဲအမ်ားစုမွာ အနိုင္ရေလ့ရွိပါတယ္။

ပုဂံဗိုလ္ခ်ိဳ၏ ပြဲဦးထြက္ ေအာင္ပြဲမွာ ေညာင္ဦးကမ္းပါးတိုက္ပြဲျဖစ္သည္။ ၿဗိတိ သွ်စစ္ သည္ (၁၅)ဦးက်ဆဳံးၿပီး တစ္ဦးသာ လြတ္ေျမာက္သြားခဲ့သည္။ မ်ိဳးခ်စ္သူရဲေကာင္း သုံးဦးက်ဆဳံးခဲ့သည္။အထင္ကရ “‘မွိုက္ပင္”‘တိုက္ ပြဲတြင္ ဗိုလ္ခ်ိဳ ဦးစီးေသာ ေတာ္လွန္ေရးမ်ိဳးခ်စ္အင္အား ၅၀၀ ခန႔္ကို ၿဗိတိသွ် ျမင္းစစ္သည္ (၈၀)၊ ေျခလ်င္တပ္သား ၃၀၀ ခန႔္ႏွင့္ စီးနင္းတိုက္ ခိုက္ခဲ့သည္။

ၿဗိတိသွ် စစ္သည္ ၁၅၀ ေက်ာ္ က်ဆဳံးခဲ့သည္။ ထိုတိုက္ပြဲတြင္ တိုင္းျပည္အတြက္ မ်ိဳးခ်စ္သူရဲေကာင္း ၉-ဦး အသက္ေပးလႉခဲ့ရၿပီး ၁၄-ဦးသာ ဒဏ္ရာရရွိခဲ့၏။ဗိုလ္ခ်ိဳရဲ႕ထင္ရွားေသာ တိုက္ပြဲမ်ားမွာ – နတ္သမီးကမ္းပါးတိုက္ပြဲ၊ ေက်ာက္တံခါးတိုက္ပြဲ ၊ ကန့္လန့္ေက်ာ္တိုက္ပြဲ နဲ႕ ပုလင္း႐ြာတိုက္ပြဲမ်ား ျဖစ္ပါတယ္။

ထိုတိုက္ပြဲမ်ားမွာ အင္အားသာလြန္ေသာ အဂၤလိပ္တို႔အား အက်အဆုံးမ်ားေစခဲ့ၿပီး အရွက္ရေစခဲ့ေသာ တိုက္ပြဲမ်ားျဖစ္ပါတယ္။ဗိုလ္ခ်ိဳတို႔မွာ အဂၤလိပ္တို႔ထက္ လူအင္အား၊ လက္နက္အင္အား မ်ားစြာနည္းလွပါတယ္။

စိတ္ ဓာတ္ျပင္းထန္မႈေၾကာင့္ သာ ဒီလိုတိုက္ခိုက္နိုင္ခဲ့တာ ျဖစ္ပါတယ္။ ထိုသို႔ ၁၈၈၆ခုႏွစ္ မွ ၁၈၉၅ခုႏွစ္ အထိ ဆယ္စုႏွစ္ တစ္ခုနီးပါး တိုက္ခိုက္လာၿပီးေနာက္ အင္အားတစ္စ တစ္စ နည္းလာရပါတယ္။

ထို႔ေၾကာင့္ ေနာက္ပိုင္းတိုက္ပြဲမ်ားတြင္ ဆုတ္ခြာရသည္သာ မ်ားလာပါတယ္။ ဗိုလ္ခ်ိဳအား အဂၤလိပ္တို႔က ရာထူးျဖင့္ သိမ္းသြင္းခဲ့ေပမယ့္ ဗိုလ္ ခ်ိဳကား လက္ခံျခင္း မရွိခဲ့။ဗိုလ္ခ်ိဳ တို႔သားအဖကို ဖမ္းဆီး အဆုံးစီရင္နိုင္ၿပီး မွ ျမန္မာေခတ္ဦးေတာ္လွန္ေရးကို တစ္ခန္းရပ္နိုင္လိမ့္မယ္လို႔ ရိပ္မိသြားတဲ့ အဂၤလိပ္တို႔ဟာ ခရစ္ႏွစ္ (၁၈၉၅)မွာ ဗိုလ္ခ်ိဳရွိရာ ငသေရာက္ဆယ္႐ြာကို အလုံးအရင္းနဲ႕ ၀န္းရံတိုက္ခိုက္ပါေတာ့တယ္။

ဒီအခ်ိန္မွာ ဗိုလ္ခ်ိဳတို႔သားအဖဟာ သည္ဧရာ၀တီျမစ္ကိုျဖတ္ကူးၿပီး ေယာ ၊ ေဆာနယ္ရွိေတာ္လွန္ေရးအင္အားစုမ်ားႏွင့္ပူးေပါင္းေတာ္လွန္တိုက္ခိုက္ရန္ပုဂံသီရိပစၥယာ ဂူေျပာက္ၾက္ိးဘုရား၀န္းအတြင္းမွာ ေရာက္ရွိေနခဲ့ပါတယ္။ဗိုလ္ခ်ိဳကို မမိတဲ့ နယ္ခ်ဲ့အဂၤလိပ္တို႔ဟာ ဗိုလ္ခ်ိဳနဲ႕ နီးစပ္သူ ေဆြမ်ိဳးေတြကိုပါ ဒုကၡေပးလာတဲ့အတြက္ ေဆြမ်ိဳးေတြဟာ ပုဂံတစ္ဝိုက္မွာ မေနထိုင္ရဲၾကေတာ့ပဲ ေရွာင္တိမ္းၾကရပါတယ္။

ေနာက္ဆုံး (၃၀-၆-၁၈၉၅) ေန႕တြင္ေတာ့ သစၥာေဖာက္တစ္ဦးရဲ႕ သတင္းေပးမႈေၾကာင့္ ဗိုလ္ခ်ိဳတို႔ အဖြဲ႕စခန္းခ်ရာေနရာကို အဂၤလိပ္တို႔သိရွိသြားၿပီး အလုံးအရင္းနဲ႕ ၀င္ဖမ္းျခင္းကို ခံလိုက္ရပါတယ္။

နယ္ခ်ဲ့မ်ားက ဘုရားကိုဝိုင္းထားစဥ္ သားႏွစ္ေယာက္က ရန္သူအား ျပန္လည္ခုခံေသာအခါ-“ငါ့သားမ်ား ငါတို႔အခ်ိန္ကုန္ၿပီ အဖမ္းခံလိုက္ၾကေတာ့”ဟု အက်ိဳးမရွိေသာ ခုခံျခင္းမ်ိဳးမျပဳလုပ္ရ ဆို႔နင့္ေသာအသံျဖင့္ ဗိုလ္ခ်ိဳက တားျမစ္ခဲ့ပါတယ္။

ထို႔ေနာက္နယ္ခ်ဲ့တို႔က ဗိုလ္ခ်ိဳသားအဖ ၃ ဦးအား ငါးသေရာက္ ျမနႏၵာကန္ေတာ္ႀကီးကုန္းတြင္ ႀကိဳးစင္ေဆာက္ကာ ႀကိဳးေပးကြပ္မ်က္ခဲ့ပါတယ္။နယ္ခ်ဲ့အဂၤလိပ္တို႔သည္ ငါ့သေရာက္ နယ္သူနယ္သားတို႔အား ေနာက္ေနာင္တြင္ ယင္းတို႔ကို ပုန္ကန္ေတာ္လွန္မႈ မျပဳလုပ္ဝံ့ေစရန္ ရည္႐ြယ္လ်က္ ပုဂံဗိုလ္ခ်ိဳတို႔ သားအဖသုံးဦး ႀကိဳးေပးကြပ္မ်က္မႈကို (မပ်က္မကြက္) လာေရာက္ၾကည့္ရႈေစခဲ့ပါတယ္။

နယ္ခ်ဲ့တို႔သည္ ပုဂံဗိုလ္ခ်ိဳကို ႀကိဳးမေပးမီ ေနာက္ဆုံးအခြင့္အေရး အေနျဖင့္ နယ္သူနယ္သားမ်ား ႏွင့္ေဆြမ်ိဳး သားခ်င္းမ်ားကို အစားအစာေကြၽးခြင့္ႏွင့္ စကားေျပာခြင့္ ျပဳခဲ့သည္။ ထိုအခါ ပုဂံဗိုလ္ခ်ိဳသည္ ယင္း၏ ေဆြမ်ိဳးသားခ်င္းမ်ားႏွင့္ မိတ္ေဆြမ်ားကို“သူ႕ကြၽန္ဘ၀ထက္ ေသရတာက ျမတ္ပါေသးတယ္။

က်န္ရွိေသာ ေ႐ႊတိုေ႐ႊစမ်ားကို ထုခြဲ၍ ဤေနရာမွာ ဘုရားတည္ၿပီး ေရွးမင္းမ်ားတူးခဲ့ေသာ ကန္ကိုဆည္ပါ” ဟုမွာၾကားခဲ့ပါတယ္။ဗိုလ္ခ်ိဳႀကိဳးစင္တက္မယ္လုပ္စဥ္ ရဲေဘာ္တစ္ဦးက ငိုရာ ေျခက်င္းခတ္ထားလ်က္ပင္ ထိုရဲေဘာ္ကိုေျချဖင့္ခတ္ရင္း “နင္တို႔ ေယာက်ာ္းမဟုတ္ေလာ” ဟု ရဲ၀င့္စြာဆိုလွ်က္ ႀကိဳးစင္ထက္ကို ရင္ေကာ့၍ တက္သြား၏။

 

ပုဂံဗိုလ္ခ်ိဳ၏ ေဆြမ်ိဳးသားခ်င္းမ်ားႏွင့္ ငါ့သ ေရာက္ နယ္သူနယ္သားမ်ားသည္ ပုဂံဗိုလ္ခ်ိဳ ေနာက္ဆုံးမွာၾကားခ်က္ဆႏၵႏွင့္ အညီ ယင္းတို႔သားအဖ သုံးဦးအား ရည္စူးလ်က္ ျမနႏၵာေက်ာက္ထီးဘုရားႀကီးကို တည္ထားကိုးကြယ္ခဲ့ၾကသည္။

နယ္ခ်ဲ့အဂၤလိပ္တို႔ ဆက္လက္စိုးမိုး အုပ္ခ်ဳပ္စဥ္ကာလ ျဖစ္သျဖင့္ ထိုေက်ာက္ထီးဘုရားႀကီး၏ အေရွ႕ေတာင္ေထာင့္ မုခ္ဦးအထက္တြင္ ပုဂံဗိုလ္ခ်ိဳ၏ မ်က္ႏွာကို အဂၤေတ ပန္းျဖင့္ ပညာသားပါပါ ထည့္သြင္းပုံေဖာ္ထားခဲ့ၾကတယ္လို႔အဆိုရွိပါတယ္။

လူမ်က္ႏွာကို ကႏုတ္ပန္း၊ ကႏုတ္ႏြယ္တို႔ျဖင့္ ေရာယွက္၍ မြမ္းမံတန္ဆာဆင္ထားေသာ (နာရီ )ေခၚ ေရွး ရိုးျမန္မာ့ပန္းခ်ီ အႏုပညာတစ္မ်ိဳး ပင္ျဖစ္ပါေတာ့သည္။

 

Credit

 

 

Leave a Reply

Your email address will not be published. Required fields are marked *