မြန်မာ့ရေခဲသမိုင်းတွင် အရေးပါခဲ့သည့်ဆူးလေလမ်းပေါ်က ဒိုင်းမွန်းရေခဲစက်ကြီးအကြောင်း(သို့) ကိုလိုနီခေတ် ရေခဲနှင့် ဘိလပ်ရည်ထုတ်လုပ်ငန်းနှင့် ရေခဲ/ ရေသန့် လုပ်ငန်းများ

မြန်မာ့ရေခဲသမိုင်းတွင် အရေးပါခဲ့သည့်ဆူးလေလမ်းပေါ်က ဒိုင်းမွန်းရေခဲစက်ကြီးအကြောင်း(သို့) ကိုလိုနီခေတ် ရေခဲနှင့် ဘိလပ်ရည်ထုတ်လုပ်ငန်းနှင့် ရေခဲ/ ရေသန့် လုပ်ငန်းများ

 

 

 

၁၉၂၁ခုနှစ်မှ ၁၉၄ဝပြည့်နှစ် အတွင်း မြန်မာနိုင်ငံတွင် ရေခဲနှင့် ဘိလပ်ရည်စက်ရုံ ခုနစ်ရုံမှ ၁၂ရုံထိရှိခဲ့သည်။ရေခဲနှင့်ဘိလပ်ရည်စက်ရုံ ၁၂ရုံထိရှိခဲ့သောနှစ်များမှာ ၁၉၂၇နှင့် ၁၉၂၈ခုနှစ်များ ဖြစ်ကြသည်။ ၁၉၃၅နှင့် ၁၉၃၆ခုနှစ်များတွင် ရှစ်ရုံသာ ကျန်ရှိတော့ပြီ။

၁၉၃၇ခုနှစ်မှ ၁၉၄ဝပြည့်နှစ်အတွင်း တွင် ခုနစ်ရုံသာကျန်ရှိတော့သည်။ရေခဲနှင့်ဘိလပ်ရည်ထုတ်လုပ်ခဲ့သော စက်ရုံ လုပ်ငန်းများတွင် မစ္စတာဒူးဘန်းနှင့် မစ္စတာအေဒီတို့ စတင်တည်ထောင်ခဲ့သော ဒိုင်းမွန်းဘိလပ်ရည်နှင့် ရေခဲစက်ရုံသည် အထင်ရှားဆုံးဖြစ်သည်။

ထိုလုပ်ငန်းကို ၁၈၉၂ခုနှစ်တွင် D Bern & Co. အမည်ဖြင့် ဆူးလေ ဘုရားလမ်း၌ အစပျိုးလုပ်ကိုင်ခဲ့သည်။ လုပ်ငန်း အောင်မြင်သောကြောင့် ၁၉၂၆ခုနှစ်တွင် အောက် ကီလီလမ်း၌ တစ်ရက်လျှင် ရေခဲတန် ၃ဝဝက် စက်ရုံ ကိုလည်းကောင်း၊ အထက်ကီလီလမ်း၌ တစ်ရက် လျှင်ဒါဇင် ၆ဝဝဝကျသော အင်ပီရီရယ် ဘိလပ်ရည် စက်ရုံကိုလည်းကောင်း ခေတ်မီစက်များဖြင့် တည် ထောင်ကာ လည်ပတ်ထုတ်လုပ်ခဲ့သည်။

ရန်ကုန်မြို့တွင် ၁၉၃ဝပြည့်နှစ်ဝန်းကျင်က ဘိလပ်ရည်စက်ရုံ တည်ထောင်ထုတ်လုပ်ခဲ့သော အခြားကုမ္ပဏီများမှာ မြန်မာပြည် ရေခဲနှင့် ဘိလပ်ရည်ကုမ္ပဏီ (၃၆၇၊ အောက်ကြည့်မြင်တိုင် လမ်း)၊ အင်ပီရီရယ် ကျားတံဆိပ် ဘိလပ်ရည်ကုမ္ပဏီ (၅၂၈၊ ကုန်သည်လမ်း)၊ အင်ဒိုဘားမားဘိလပ်ရည် ကုမ္ပဏီ (၁၄၄၊ ၃၇လမ်း)၊

ကြည့်မြင်တိုင် ရေခဲနှင့် ဘိလပ်ရည်စက်ရုံ (ဟံသာဝတီလမ်း)၊ ရန်ကုန်ဘိလပ် ရည်စက်ရုံ (၁ဝ၈၊ ကျုံးကြီးလမ်း)၊ ဆယ်မြူရယ် သရဖူတံဆိပ် ဘိလပ်ရည်ကုမ္ပဏီ (၈ဝ၊ ဝီလီယမ်လမ်း)၊ ဆော်လမွန်လီမိတက် (၂၉၅၊ဂေါ်ဒွင်လမ်း)၊ယူနိုက်တက် ကြက်တံဆိပ် ဘိလပ်ရည်ကုမ္ပဏီ (၁၉၈၊ ကျုံးကြီး လမ်း)၊ မြန်မာ့ဘိလပ်ရည်ကုမ္ပဏီ (၄၂လမ်း)တို့ဖြစ်ကြ သည်။

ဘိလပ်ရည်စက်ရုံကို ရန်ကုန်မြို့၌သာမက မန္တလေး မြို့နှင့်ပုသိမ်တို့တွင်လည်း တည်ထောင်ခဲ့ကြသည်။ မန္တလေးမြို့ ဒါးတန်းအရပ်၌ ၁၉၂၄ခုနှစ်တွင် ဂျူး လူမျိုးညီအစ်ကို ဒေးဗစ်နှင့် အီစရာဆိုသူနှစ်ဦးက စတင်တည်ထောင်ခဲ့သည်။

 

ဒါးတန်းဘိလပ်ရည်နှင့် ရေခဲစက်မှ တစ်ရက်လျှင် ရေခဲပေါင် ၄၈ဝဝဝနှင့် ဘိလပ်ရည်ဒါဇင် ၁ဝဝဝ ထုတ်လုပ်နိုင်ခဲ့သည်။
ပုသိမ် မြို့ရှိ ရေခဲစက်ကမူ ၁၉၃၂ခုနှစ်တွင် မစ္စဒူဘတ်ချ် တည်ထောင်ခဲ့သော စက်ဖြစ်ကာ ပုသိမ်မြို့အရှေ့ဘက် မျက်တိုကျေးရွာအနီး၌ တည်ရှိခဲ့သည်။

မြင်းကောင်ရေ ၉၆ ကောင်အားရှိသော ခရော့စလေအင်ဂျင်တစ်လုံး၊ ရေခဲကန်နှစ်ကန်၊ အမိုးနီးယားကွန်ပရက်ဆာနှစ်လုံး ဖြင့် စတင်လည်ပတ်ခဲ့သည်။

မှတ်ချက်

သိပ္ပံစာရေးဆရာ ကိုကိုအောင် ကိုလိုနီခေတ် စားသောက်ကုန်လုပ်ငန်းများ ( မြန်မာ့အလင်း သတင်းစာ) မှထုတ်နုတ်ကူးယူပါသည်။

(မြန်မာ့ရေခဲသမိုင်းတွင် အရေးပါခဲ့သည့်ဆူးလေလမ်းပေါ်က ဒိုင်းမွန်းရေခဲစက်)

ရန်ကုန်မြို့လယ် ဆူးလေဘုရား လမ်းမကြီးပေါ်၌ နေ့စဉ် လူဦးရေ သောင်းနှင့်ချီ၍ ဝင်ထွက်သွား လာ လျှက်ရှိကြသော်လည်း ယင်းလမ်းမပေါ်ရှိ ရှေးဟောင်းအမွေအနှစ် စာရင်းဝင် အဆောက်အဦတလုံး ကိုတော့ အမှတ်တမဲ့ ဖြတ်သန်း သွားကြပေ လိမ့်မည်။

ထိုအဆောက်အဦက ရန်ကုန်မြို့လယ် မီးသတ်ဌာနနှင့် မျက် စောင်းထိုးရှိ ယခု AA PHARMACYနှင့် Strategy First University တို့ ဖွင့်လှစ်ထားသည့် အနီရောင်အဆောက်အဦကြီးဖြစ်၏။ထိုအနီရောင် အဆောက်အအုံကြီး၏ ရာဇဝင်က မြန်မာ့ ရေခဲသမိုင်းနှင့်လည်း ဆက်စပ်နေသည်။

 

ယင်းနေရာတွင် ကိုလိုနီခေတ်က Perseverance Ice Factory (ဇွဲ ရေခဲစက်)ဟူ၍ ရှိခဲ့ပြီး နောင်တွင် ဆိုရှယ်လစ်ခေတ် တိုင် နာမည်ကြီးခဲ့သည့် ဒိုင်းမွန်းရေသန့်နှင့် ရေခဲစက်ရုံ (Dimon Ice and Aerated Water Factory)၏ နေရာဟောင်း ဖြစ်သည်။

မှတ်တမ်းမှတ်ရာများ အရမူ အဆောက်အဦ၏ မူလအမည်မှာ The Castle “ရဲတိုက်” ဟုလည်း ခေါ်ခဲ့ကြောင်း သိရသည်။
မူလ ဇွဲ ရေခဲစက်နှင့် ပတ်သက်၍ မှတ်တမ်းများ မတွေ့ရသေးသော်လည်း၊ ဒုတိယမြောက် ဒိုင်းမွန်းရေခဲစက်နှင့် ပတ်သက် ၍မူ ဤသို့ သိရ၏။

ဒိုင်းမွန်းရေခဲစက် ပိုင်ရှင်၏ အမည်မှာ မစ္စတာဒူးဘန်း ဖြစ်ပြီး၊ သူ၏ အမည်ဖြင့် လမ်းတလမ်း ရန်ကုန်မြို့တွင် ရှိခဲ့ပြီး ယခုအခါ မလိခလမ်းဟု အမည်ပြောင်းလဲပြီးဖြစ်သည်။

မြန်မာနှင့် ရေခဲသမိုင်း

ရေခဲသေတ္တာနှင့် ရေခဲစက်များ မပေါ်ပေါက်မီ ကာလက ကမ္ဘာ့အပူပိုင်း ဒေသများရှိ ကိုလိုနီနယ်များသို့ သွားရောက်ကြ သည့် ဥရောပတိုက်သားများ အလိုလား အတောင့်တဆုံး အရာမှာ ရေခဲသာဖြစ်၏။

အလားတူ မြန်မာနိုင်ငံ၌ တာဝန်ကျနေသည့် အရာရှိများနှင့် လာရောက် စီးပွားရှာကြသော ဥရောပ သား များသည်လည်း အခြား ကိုလိုနီ နယ်များ နည်းတူ အပူဒဏ်ကို သက်သာစေရန် ဧည့်ခံပွဲနှင့် ကလပ် အစရှိသည့် နေရာများ၌ အပန်းဖြေ ရာတွင် ရေခဲသည် အရေးပါဆုံး ကုန်စည်ဟု ဆိုရမည်။

အခြားလူသုံးကုန်၊ စားသောက်ကုန်နှင့် အရက်ဘီယာများမှာ ရန်ကုန်မြို့သို့ ဆိုက်ရောက် လာသော သင်္ဘောများ ထံမှ လည်းကောင်း၊ ဖွင့်လှစ်ရောင်းချ လျှက်ရှိသောဆိုင်များမှ လည်ကောင်း အချိန်မရွေး ဝယ်ယူရရှိနိုင်သော်လည်း ရေခဲ ကတော့ အချိန်ရွေး မရရှိနိုင်ပါ။

ရေခဲစက်များအစ

၁၈၇၁မှ ၁၈၇၅ ခုနှစ် အထိ တာဝန်ယူ အုပ်ချုပ်ခဲ့သည့် မဟာဝန်ရှင် တော်မင်းကြီး ဆာ အက်ရှလီ အီဒင် လက်ထက်တွင် ရန်ကုန်မြို့၏ ပထမဆုံး အီသာစနစ်သုံး ရေခဲထုတ်လုပ်ရေး (Ether System Ice Production) စက်ကို ပြင်သစ် လူမျိုး မစ္စတာ ဂျား မှ ရန်ကုန်မြို့၌ စတင်တည်ဆောက်ခဲ့သည်။

ထိုစဉ်က ဗြိတိသျှတို့ မန္တလေးမြို့ကိုပင် မသိမ်းပိုက်ရသေးပေ။

ထို့နောက် မြန်မာပြည် ရေသန့်နှင့် ရေခဲစက် ကုမ္ပဏီ (Burma Ice and Aerated Water Co.,Ltd) ကလည်း အမိုးနီးယား ရေခဲစက် (Ammonia Absorption System) ရေခဲစက်ကို စတင်တည်ထောင် ထုတ်လုပ်ရောင်းချခဲ့သလို၊ ရေနံကုမ္ပဏီ (BOC)၏ ဓနိတော အီသာရေခဲစက်မှလည်း ရန်ကုန်လူထု အတွက် ရေခဲထုတ်လုပ် ဖြန့်ချိ ပေးခဲ့ဖူးသည်။

အလားတူ Distillery Ice and Aerated Water. Co.,Ltd မှလည်း ရေခဲစက်နှစ်လုံးနှင့် ထုတ်လုပ် ဖြန့်ဖြူးခဲ့သော်လည်း ရေခဲလိုအပ်ချက်မှာ ဆက်လက် မြင့်မားဆဲဖြစ်သည်။

ဒိုင်းမွန်း ရေခဲစက် မတည်ထောင်မီ အထိ ရန်ကုန်မြို့၌ ရေခဲပေါက်ဈေး မှာ ၁ပေါင်လျှင် ၁ပဲ (One Anna) ဖြစ်ပြီး ၊ ပူပြင်းသော ကာလများနှင့် နွေရာသီ၌ ရန်ကုန်မြို့ရေခဲပေါက်ဈေးမှာ မူလ ပေါက် ဈေးထက် နှစ်ဆ ပိုပေး၍ ဝယ်ယူခဲ့ကြရပါသည်။

ထိုသို့ ရေခဲရှားပါးပုံကို မြန်မာပြည်တွင် တာဝန်ထမ်းဆောင်ဖူးသည့် စာရေးဆရာကြီး George Orwell က ကမ္ဘာကျော် Burmese Day “မြန်မာပြည်နေ့ရက်များ” ဝတ္ထုထဲ၌ပင် ကသာမြို့ ရှိ မျက်နှာဖြူ ကလပ်၌ ရေခဲမရှိ၍ အဆင် မပြေဖြစ်ရပုံ၊ ညည်းညူပုံ ဇာတ်ဝင်ခန်းများ ထည့်သွင်းရေး သားခဲ့ပါသည်။

ဒိုင်းမွန်းရေခဲစက်

စီးပွားရေးအခွင့်အလမ်း၊ အလုပ်အကိုင်အခွင့်အလမ်းများ ကောင်းမွန်ပေါများခြင်းကြောင့် ရန်ကုန်မြို့၌ အခြေချ နေထိုင်သူ ဥရောပသားများ တနေ့ထက် တနေ့ တိုးပွားလာနေသည်။

ထို့အတွက် ရေခဲစက်တည်ထောင် လုပ်ကိုင်ပါကအကျိုးအမြတ်များနိုင်မည်ကို တွက်ချက်ခန့်မှန်း နိုင်သူ မစ္စတာဒူးဘန်း သည် Du Bern Co.,Ltd (ဒူးဘန်းကုမ္ပဏီ)အမည်ဖြင့် မှတ်ပုံ တင်၍ အိန္ဒိယနိုင်ငံ ကလကတ္တားမြို့ရှိ Crystal Ice Factory နှင့် ဆက်သွယ်၍ ရေခဲစက်တလုံး ဝယ်ယူ ခဲ့သည်။

ထို့နောက် အမှတ် (၆) ဆူးလေဘုရားလမ်းရှိ ယခင် ဇွဲရေခဲစက် (Perseverance Ice Factory) နေရာဟောင်း၌ ဒိုင်းမွန်း ရေသန့်နှင့် ရေခဲစက် (Diond Ice and Aerated Water Co.,Ltd) အမည်ဖြင့် တူဖြစ်သူ ရေခဲစက် အင်ဂျင်နီယာ မစ္စတာ AG. Du Bern နှင့်တွဲ၍ စတင်တည်ထောင် ခဲ့၏။

ရေခဲဈေးကို ပေါက်ဈေး ၁ပေါင်လျှင် ၁ပဲ (One Anna)မှ တပေါင်လျှင် ၂ပြားနှုံး (2paise)ဖြင့် ဈေးချကာ ဖြန့်ဖြူး ရောင်းချပေးခဲ့သည်။

မစ္စတာဒူးဘန်းမှာ တယ်လီဖုန်း အင်ဂျင်နီယာဖြစ်သော်လည်း တူဖြစ်သူ AG.Du Bern မှာ ကာလကတ္တားရေခဲစက်အသင်း အင်ဂျင်နီယာ ဖြစ်သောကြောင့် အပြိုင်အဆိုင်များလှသော ရန်ကုန် ရေခဲစက် လောကကို အလွယ်တကူ တိုးပေါက်နိုင်ခဲ့သည် ဟု ဆိုရမည်။

ထို့အတွက် ဈေးကွက်ကို အုပ်စီးမိပြီး ရောင်းမလောက်အောင် ဖြစ်လာသဖြင့် ဆူးလေဘုရားလမ်း ရေခဲ စက်ရုံ၏ အနောက် ကျောခြင်း ကပ်လျှက် ရှိသည့် ၃၃လမ်းပေါ်၌ ပေ ၁၅၀ × ပေ ၄၀ အကျယ်မြေ ကိုဝယ်ယူပြီး၊ ကာလကတ္တားမှ နောက်ဆုံး ပေါ် ရေခဲစက်နှင့် အအေးခန်းစနစ်ပါ စက်ရုံ တရုံကို ၁၉၀၅ ခုနှစ်တွင် ထပ်မံ တိုးချဲ့ခဲ့ပါသည်။

ထပ်မံ တိုးချဲလိုက်သော ၃၃လမ်းဘက်ခြမ်း စက်ရုံ၌ အသုံးပြုသော ရေခဲစက်မှာ နောက်ဆုံးပေါ် ရေခဲစက် နည်းပညာဖြစ်ပြီး၊ အမိုးနီးယားဓာတ်ငွေ့၌ ရေမပါဝင် သလာက် နည်းသော စံနစ်သုံး ရေခဲစက် (Anhydrous Ammonia System) ဖြစ်သည်။

၎င်း ရေခဲစက်သစ် တည်ပြီးသောအခါ ရေခဲပိုမိုထုတ်လုပ်လာနိုင်ပြီး၊ ရေခဲစက် အပေါ်ဆုံးထပ်တွင် အပူကာ(Insulation) များဖြင့် တပ်ဆင်ထားသော အအေးသိုလှောင်ခန်းတွင်း၌ အသား၊ ဟင်းသီး ဟင်းရွက်၊ သစ်သီး၊ နွားနို့စသည်များကို သီးခြားစီသိုလှောင်ထားနိုင်ခဲ့သည်။

အာရှအရှေ့ဖျားနိုင်ငံများ၌ ပထမဆုံးပိုးသတ်သန့်စင်ပြီး၊ ပုလင်းသွတ်နို့ပုလင်းများကို ၁၉၀၂ ခုနှစ်မှ စ၍ထုတ်လုပ်ခဲ့သူမှာ ဒူးဘန်းကုမ္ပဏီဖြစ်ပါသည်။ ကုမ္ပဏီပိုင် မှော်ဘီနွားခြံများမှ ရထားဖြင့်သယ်ပြီး၊ ရန်ကုန်၌ပုလင်းသွတ်ရောင်းချခဲ့ရာ တနေ့လျှင် ဂါလန် ၃၀၀ ရောင်းအားရှိခဲ့သည်။

ဒိုင်းမွန်ရေခဲစက်မှ ထုတ်လုပ်သည့် ရေသန့်ကြော်ငြာ

ရေသန့်ကိုပါ ထုတ်လုပ်ခြင်း

ရေသန့်ထုတ်လုပ်ရေးအပိုင်းမှာ မစ္စတာဒူးဘန်းကိုယ်တိုင်ဦးစီးပြီးလုပ်ခဲ့ပါသည်။ ဆူးလေဘုရားလမ်း ဘက်ခြမ်း စက်ရုံ၌ ၁၈၉၄ ခုနှစ်တွင် ၃လက်မ၊ အဝိစီတွင်းတူးပြီးရေသန့်စတင်ထုတ်လုပ်ခဲ့ရာ ယင်းမှာ မြို့လယ်ရပ်ကွက်များတွင် ပထမဆုံး တူးသောအဝိစီတွင်းဖြစ်သည်။

ယခင်တူးခဲ့သောအဝိစီတွင်းများမှာ ဆင်ခြေဖုံးရပ်ကွက်များတွင်ရှိခဲ့သည်။ရေသန့်လုပ်ငန်း အတွက် အကျယ်အဝန်း မလုံ လောက် တော့သဖြင့် ဘေးချင်းကပ်၊ မြေကွက်အား ဝယ် ယူပြီး၊ ၁၉၀၄ခုနှစ်တွင် မစ္စတာဒူးဘန်း ကိုယ်တိုင်ပုံစံထုတ်ဆောက်လုပ်ခဲ့သည့် ခန့်ညားသည့် အဆောက်အဦကြီးကို ယနေ့တိုင် တွေ့မြင်နိုင် ပါသေးသည်။

ဒိုင်းမွန်ရေသန့်သည် ထိုသို့သော ခန့်ညားသည့် အဆောက်အအုံကြီးသာမက အသုံးပြုသောရေ၏ သန့်စင်ခြင်းနှင့် ခေတ်အမှီဆုံး ပုလင်းဆေးကြောသန့်စင်ခြင်း စံနစ်တို့ကြောင့် ပထမတန်းစာရင်းဝင် နိုင်ခဲ့ပြီး၊ ၁၀နာရီအတွင်း ၁၉၉၅ ဒါဇင် ထုတ် နိုင်ခဲ့ပြီး၊ ၃တန်ကား နှစ်စီးဖြင့် ရန်ကုန်မြို့အနှံ ရောင်းချ ပေးခဲ့ပါသည်။

ဒိုင်းမွန်းရေခဲစက် ပိုင်ရှင် မစ္စတာ ဒူးဘန်း (J.E Du Bern) သည် ၁၉၀၉ ခုနှစ်တွင်ရန်ကုန်မြူနီစီပါယ် ကော်ပိုရေးရှင်း၏ ဒုဥက္ကဌဖြစ်ပြီး၊ တူဖြစ်သူ မစ္စတာ AG.Du Bern သည် B.A.A (Burma Athletic Association) ၏ ဂုဏ်ထူးဆောင် အတွင်းရေးမှူးအဖြစ် တာဝန်ယူခဲ့ကြသည်။ ။

 

Credit

 

Zawgyi

 

ျမန္မာ့ေရခဲသမိုင္းတြင္ အေရးပါခဲ့သည့္ဆူးေလလမ္းေပၚက ဒိုင္းမြန္းေရခဲစက္ႀကီးအေၾကာင္း(သို႔) ကိုလိုနီေခတ္ ေရခဲႏွင့္ ဘိလပ္ရည္ထုတ္လုပ္ငန္းႏွင့္ ေရခဲ/ ေရသန့္ လုပ္ငန္းမ်ား

 

 

 

၁၉၂၁ခုႏွစ္မွ ၁၉၄ဝျပည့္ႏွစ္ အတြင္း ျမန္မာနိုင္ငံတြင္ ေရခဲႏွင့္ ဘိလပ္ရည္စက္႐ုံ ခုနစ္႐ုံမွ ၁၂႐ုံထိရွိခဲ့သည္။ေရခဲႏွင့္ဘိလပ္ရည္စက္႐ုံ ၁၂႐ုံထိရွိခဲ့ေသာႏွစ္မ်ားမွာ ၁၉၂၇ႏွင့္ ၁၉၂၈ခုႏွစ္မ်ား ျဖစ္ၾကသည္။ ၁၉၃၅ႏွင့္ ၁၉၃၆ခုႏွစ္မ်ားတြင္ ရွစ္႐ုံသာ က်န္ရွိေတာ့ၿပီ။

၁၉၃၇ခုႏွစ္မွ ၁၉၄ဝျပည့္ႏွစ္အတြင္း တြင္ ခုနစ္႐ုံသာက်န္ရွိေတာ့သည္။ေရခဲႏွင့္ဘိလပ္ရည္ထုတ္လုပ္ခဲ့ေသာ စက္႐ုံ လုပ္ငန္းမ်ားတြင္ မစၥတာဒူးဘန္းႏွင့္ မစၥတာေအဒီတို႔ စတင္တည္ေထာင္ခဲ့ေသာ ဒိုင္းမြန္းဘိလပ္ရည္ႏွင့္ ေရခဲစက္႐ုံသည္ အထင္ရွားဆုံးျဖစ္သည္။

ထိုလုပ္ငန္းကို ၁၈၉၂ခုႏွစ္တြင္ D Bern & Co. အမည္ျဖင့္ ဆူးေလ ဘုရားလမ္း၌ အစပ်ိဳးလုပ္ကိုင္ခဲ့သည္။ လုပ္ငန္း ေအာင္ျမင္ေသာေၾကာင့္ ၁၉၂၆ခုႏွစ္တြင္ ေအာက္ ကီလီလမ္း၌ တစ္ရက္လွ်င္ ေရခဲတန္ ၃ဝဝက္ စက္႐ုံ ကိုလည္းေကာင္း၊ အထက္ကီလီလမ္း၌ တစ္ရက္ လွ်င္ဒါဇင္ ၆ဝဝဝက်ေသာ အင္ပီရီရယ္ ဘိလပ္ရည္ စက္႐ုံကိုလည္းေကာင္း ေခတ္မီစက္မ်ားျဖင့္ တည္ ေထာင္ကာ လည္ပတ္ထုတ္လုပ္ခဲ့သည္။

ရန္ကုန္ၿမိဳ႕တြင္ ၁၉၃ဝျပည့္ႏွစ္ဝန္းက်င္က ဘိလပ္ရည္စက္႐ုံ တည္ေထာင္ထုတ္လုပ္ခဲ့ေသာ အျခားကုမၸဏီမ်ားမွာ ျမန္မာျပည္ ေရခဲႏွင့္ ဘိလပ္ရည္ကုမၸဏီ (၃၆၇၊ ေအာက္ၾကည့္ျမင္တိုင္ လမ္း)၊ အင္ပီရီရယ္ က်ားတံဆိပ္ ဘိလပ္ရည္ကုမၸဏီ (၅၂၈၊ ကုန္သည္လမ္း)၊ အင္ဒိုဘားမားဘိလပ္ရည္ ကုမၸဏီ (၁၄၄၊ ၃၇လမ္း)၊

ၾကည့္ျမင္တိုင္ ေရခဲႏွင့္ ဘိလပ္ရည္စက္႐ုံ (ဟံသာဝတီလမ္း)၊ ရန္ကုန္ဘိလပ္ ရည္စက္႐ုံ (၁ဝ၈၊ က်ဳံးႀကီးလမ္း)၊ ဆယ္ျမဴရယ္ သရဖူတံဆိပ္ ဘိလပ္ရည္ကုမၸဏီ (၈ဝ၊ ဝီလီယမ္လမ္း)၊ ေဆာ္လမြန္လီမိတက္ (၂၉၅၊ေဂၚဒြင္လမ္း)၊ယူနိုက္တက္ ၾကက္တံဆိပ္ ဘိလပ္ရည္ကုမၸဏီ (၁၉၈၊ က်ဳံးႀကီး လမ္း)၊ ျမန္မာ့ဘိလပ္ရည္ကုမၸဏီ (၄၂လမ္း)တို႔ျဖစ္ၾက သည္။

ဘိလပ္ရည္စက္႐ုံကို ရန္ကုန္ၿမိဳ႕၌သာမက မႏၲေလး ၿမိဳ႕ႏွင့္ပုသိမ္တို႔တြင္လည္း တည္ေထာင္ခဲ့ၾကသည္။ မႏၲေလးၿမိဳ႕ ဒါးတန္းအရပ္၌ ၁၉၂၄ခုႏွစ္တြင္ ဂ်ဴး လူမ်ိဳးညီအစ္ကို ေဒးဗစ္ႏွင့္ အီစရာဆိုသူႏွစ္ဦးက စတင္တည္ေထာင္ခဲ့သည္။

 

ဒါးတန္းဘိလပ္ရည္ႏွင့္ ေရခဲစက္မွ တစ္ရက္လွ်င္ ေရခဲေပါင္ ၄၈ဝဝဝႏွင့္ ဘိလပ္ရည္ဒါဇင္ ၁ဝဝဝ ထုတ္လုပ္နိုင္ခဲ့သည္။
ပုသိမ္ ၿမိဳ႕ရွိ ေရခဲစက္ကမူ ၁၉၃၂ခုႏွစ္တြင္ မစၥဒူဘတ္ခ်္ တည္ေထာင္ခဲ့ေသာ စက္ျဖစ္ကာ ပုသိမ္ၿမိဳ႕အေရွ႕ဘက္ မ်က္တိုေက်း႐ြာအနီး၌ တည္ရွိခဲ့သည္။

ျမင္းေကာင္ေရ ၉၆ ေကာင္အားရွိေသာ ခေရာ့စေလအင္ဂ်င္တစ္လုံး၊ ေရခဲကန္ႏွစ္ကန္၊ အမိုးနီးယားကြန္ပရက္ဆာႏွစ္လုံး ျဖင့္ စတင္လည္ပတ္ခဲ့သည္။

မွတ္ခ်က္

သိပၸံစာေရးဆရာ ကိုကိုေအာင္ ကိုလိုနီေခတ္ စားေသာက္ကုန္လုပ္ငန္းမ်ား ( ျမန္မာ့အလင္း သတင္းစာ) မွထုတ္ႏုတ္ကူးယူပါသည္။

(ျမန္မာ့ေရခဲသမိုင္းတြင္ အေရးပါခဲ့သည့္ဆူးေလလမ္းေပၚက ဒိုင္းမြန္းေရခဲစက္)

ရန္ကုန္ၿမိဳ႕လယ္ ဆူးေလဘုရား လမ္းမႀကီးေပၚ၌ ေန႕စဥ္ လူဦးေရ ေသာင္းႏွင့္ခ်ီ၍ ဝင္ထြက္သြား လာ လွ်က္ရွိၾကေသာ္လည္း ယင္းလမ္းမေပၚရွိ ေရွးေဟာင္းအေမြအႏွစ္ စာရင္းဝင္ အေဆာက္အဦတလုံး ကိုေတာ့ အမွတ္တမဲ့ ျဖတ္သန္း သြားၾကေပ လိမ့္မည္။

ထိုအေဆာက္အဦက ရန္ကုန္ၿမိဳ႕လယ္ မီးသတ္ဌာနႏွင့္ မ်က္ ေစာင္းထိုးရွိ ယခု AA PHARMACYႏွင့္ Strategy First University တို႔ ဖြင့္လွစ္ထားသည့္ အနီေရာင္အေဆာက္အဦႀကီးျဖစ္၏။ထိုအနီေရာင္ အေဆာက္အအုံႀကီး၏ ရာဇဝင္က ျမန္မာ့ ေရခဲသမိုင္းႏွင့္လည္း ဆက္စပ္ေနသည္။

 

ယင္းေနရာတြင္ ကိုလိုနီေခတ္က Perseverance Ice Factory (ဇြဲ ေရခဲစက္)ဟူ၍ ရွိခဲ့ၿပီး ေနာင္တြင္ ဆိုရွယ္လစ္ေခတ္ တိုင္ နာမည္ႀကီးခဲ့သည့္ ဒိုင္းမြန္းေရသန႔္ႏွင့္ ေရခဲစက္႐ုံ (Dimon Ice and Aerated Water Factory)၏ ေနရာေဟာင္း ျဖစ္သည္။

မွတ္တမ္းမွတ္ရာမ်ား အရမူ အေဆာက္အဦ၏ မူလအမည္မွာ The Castle “ရဲတိုက္” ဟုလည္း ေခၚခဲ့ေၾကာင္း သိရသည္။
မူလ ဇြဲ ေရခဲစက္ႏွင့္ ပတ္သက္၍ မွတ္တမ္းမ်ား မေတြ႕ရေသးေသာ္လည္း၊ ဒုတိယေျမာက္ ဒိုင္းမြန္းေရခဲစက္ႏွင့္ ပတ္သက္ ၍မူ ဤသို႔ သိရ၏။

ဒိုင္းမြန္းေရခဲစက္ ပိုင္ရွင္၏ အမည္မွာ မစၥတာဒူးဘန္း ျဖစ္ၿပီး၊ သူ၏ အမည္ျဖင့္ လမ္းတလမ္း ရန္ကုန္ၿမိဳ႕တြင္ ရွိခဲ့ၿပီး ယခုအခါ မလိခလမ္းဟု အမည္ေျပာင္းလဲၿပီးျဖစ္သည္။

ျမန္မာႏွင့္ ေရခဲသမိုင္း

ေရခဲေသတၱာႏွင့္ ေရခဲစက္မ်ား မေပၚေပါက္မီ ကာလက ကမာၻ႔အပူပိုင္း ေဒသမ်ားရွိ ကိုလိုနီနယ္မ်ားသို႔ သြားေရာက္ၾက သည့္ ဥေရာပတိုက္သားမ်ား အလိုလား အေတာင့္တဆုံး အရာမွာ ေရခဲသာျဖစ္၏။

အလားတူ ျမန္မာနိုင္ငံ၌ တာဝန္က်ေနသည့္ အရာရွိမ်ားႏွင့္ လာေရာက္ စီးပြားရွာၾကေသာ ဥေရာပ သား မ်ားသည္လည္း အျခား ကိုလိုနီ နယ္မ်ား နည္းတူ အပူဒဏ္ကို သက္သာေစရန္ ဧည့္ခံပြဲႏွင့္ ကလပ္ အစရွိသည့္ ေနရာမ်ား၌ အပန္းေျဖ ရာတြင္ ေရခဲသည္ အေရးပါဆုံး ကုန္စည္ဟု ဆိုရမည္။

အျခားလူသုံးကုန္၊ စားေသာက္ကုန္ႏွင့္ အရက္ဘီယာမ်ားမွာ ရန္ကုန္ၿမိဳ႕သို႔ ဆိုက္ေရာက္ လာေသာ သေဘၤာမ်ား ထံမွ လည္းေကာင္း၊ ဖြင့္လွစ္ေရာင္းခ် လွ်က္ရွိေသာဆိုင္မ်ားမွ လည္ေကာင္း အခ်ိန္မေ႐ြး ဝယ္ယူရရွိနိုင္ေသာ္လည္း ေရခဲ ကေတာ့ အခ်ိန္ေ႐ြး မရရွိနိုင္ပါ။

ေရခဲစက္မ်ားအစ

၁၈၇၁မွ ၁၈၇၅ ခုႏွစ္ အထိ တာဝန္ယူ အုပ္ခ်ဳပ္ခဲ့သည့္ မဟာဝန္ရွင္ ေတာ္မင္းႀကီး ဆာ အက္ရွလီ အီဒင္ လက္ထက္တြင္ ရန္ကုန္ၿမိဳ႕၏ ပထမဆုံး အီသာစနစ္သုံး ေရခဲထုတ္လုပ္ေရး (Ether System Ice Production) စက္ကို ျပင္သစ္ လူမ်ိဳး မစၥတာ ဂ်ား မွ ရန္ကုန္ၿမိဳ႕၌ စတင္တည္ေဆာက္ခဲ့သည္။

ထိုစဥ္က ၿဗိတိသွ်တို႔ မႏၲေလးၿမိဳ႕ကိုပင္ မသိမ္းပိုက္ရေသးေပ။

ထို႔ေနာက္ ျမန္မာျပည္ ေရသန႔္ႏွင့္ ေရခဲစက္ ကုမၸဏီ (Burma Ice and Aerated Water Co.,Ltd) ကလည္း အမိုးနီးယား ေရခဲစက္ (Ammonia Absorption System) ေရခဲစက္ကို စတင္တည္ေထာင္ ထုတ္လုပ္ေရာင္းခ်ခဲ့သလို၊ ေရနံကုမၸဏီ (BOC)၏ ဓနိေတာ အီသာေရခဲစက္မွလည္း ရန္ကုန္လူထု အတြက္ ေရခဲထုတ္လုပ္ ျဖန႔္ခ်ိ ေပးခဲ့ဖူးသည္။

အလားတူ Distillery Ice and Aerated Water. Co.,Ltd မွလည္း ေရခဲစက္ႏွစ္လုံးႏွင့္ ထုတ္လုပ္ ျဖန႔္ျဖဴးခဲ့ေသာ္လည္း ေရခဲလိုအပ္ခ်က္မွာ ဆက္လက္ ျမင့္မားဆဲျဖစ္သည္။

ဒိုင္းမြန္း ေရခဲစက္ မတည္ေထာင္မီ အထိ ရန္ကုန္ၿမိဳ႕၌ ေရခဲေပါက္ေဈး မွာ ၁ေပါင္လွ်င္ ၁ပဲ (One Anna) ျဖစ္ၿပီး ၊ ပူျပင္းေသာ ကာလမ်ားႏွင့္ ေႏြရာသီ၌ ရန္ကုန္ၿမိဳ႕ေရခဲေပါက္ေဈးမွာ မူလ ေပါက္ ေဈးထက္ ႏွစ္ဆ ပိုေပး၍ ဝယ္ယူခဲ့ၾကရပါသည္။

ထိုသို႔ ေရခဲရွားပါးပုံကို ျမန္မာျပည္တြင္ တာဝန္ထမ္းေဆာင္ဖူးသည့္ စာေရးဆရာႀကီး George Orwell က ကမာၻေက်ာ္ Burmese Day “ျမန္မာျပည္ေန႕ရက္မ်ား” ဝတၳဳထဲ၌ပင္ ကသာၿမိဳ႕ ရွိ မ်က္ႏွာျဖဴ ကလပ္၌ ေရခဲမရွိ၍ အဆင္ မေျပျဖစ္ရပုံ၊ ညည္းၫူပုံ ဇာတ္ဝင္ခန္းမ်ား ထည့္သြင္းေရး သားခဲ့ပါသည္။

ဒိုင္းမြန္းေရခဲစက္

စီးပြားေရးအခြင့္အလမ္း၊ အလုပ္အကိုင္အခြင့္အလမ္းမ်ား ေကာင္းမြန္ေပါမ်ားျခင္းေၾကာင့္ ရန္ကုန္ၿမိဳ႕၌ အေျခခ် ေနထိုင္သူ ဥေရာပသားမ်ား တေန႕ထက္ တေန႕ တိုးပြားလာေနသည္။

ထို႔အတြက္ ေရခဲစက္တည္ေထာင္ လုပ္ကိုင္ပါကအက်ိဳးအျမတ္မ်ားနိုင္မည္ကို တြက္ခ်က္ခန႔္မွန္း နိုင္သူ မစၥတာဒူးဘန္း သည္ Du Bern Co.,Ltd (ဒူးဘန္းကုမၸဏီ)အမည္ျဖင့္ မွတ္ပုံ တင္၍ အိႏၵိယနိုင္ငံ ကလကတၱားၿမိဳ႕ရွိ Crystal Ice Factory ႏွင့္ ဆက္သြယ္၍ ေရခဲစက္တလုံး ဝယ္ယူ ခဲ့သည္။

ထို႔ေနာက္ အမွတ္ (၆) ဆူးေလဘုရားလမ္းရွိ ယခင္ ဇြဲေရခဲစက္ (Perseverance Ice Factory) ေနရာေဟာင္း၌ ဒိုင္းမြန္း ေရသန႔္ႏွင့္ ေရခဲစက္ (Diond Ice and Aerated Water Co.,Ltd) အမည္ျဖင့္ တူျဖစ္သူ ေရခဲစက္ အင္ဂ်င္နီယာ မစၥတာ AG. Du Bern ႏွင့္တြဲ၍ စတင္တည္ေထာင္ ခဲ့၏။

ေရခဲေဈးကို ေပါက္ေဈး ၁ေပါင္လွ်င္ ၁ပဲ (One Anna)မွ တေပါင္လွ်င္ ၂ျပားႏႈံး (2paise)ျဖင့္ ေဈးခ်ကာ ျဖန႔္ျဖဴး ေရာင္းခ်ေပးခဲ့သည္။

မစၥတာဒူးဘန္းမွာ တယ္လီဖုန္း အင္ဂ်င္နီယာျဖစ္ေသာ္လည္း တူျဖစ္သူ AG.Du Bern မွာ ကာလကတၱားေရခဲစက္အသင္း အင္ဂ်င္နီယာ ျဖစ္ေသာေၾကာင့္ အၿပိဳင္အဆိုင္မ်ားလွေသာ ရန္ကုန္ ေရခဲစက္ ေလာကကို အလြယ္တကူ တိုးေပါက္နိုင္ခဲ့သည္ ဟု ဆိုရမည္။

ထို႔အတြက္ ေဈးကြက္ကို အုပ္စီးမိၿပီး ေရာင္းမေလာက္ေအာင္ ျဖစ္လာသျဖင့္ ဆူးေလဘုရားလမ္း ေရခဲ စက္႐ုံ၏ အေနာက္ ေက်ာျခင္း ကပ္လွ်က္ ရွိသည့္ ၃၃လမ္းေပၚ၌ ေပ ၁၅၀ × ေပ ၄၀ အက်ယ္ေျမ ကိုဝယ္ယူၿပီး၊ ကာလကတၱားမွ ေနာက္ဆုံး ေပၚ ေရခဲစက္ႏွင့္ အေအးခန္းစနစ္ပါ စက္႐ုံ တ႐ုံကို ၁၉၀၅ ခုႏွစ္တြင္ ထပ္မံ တိုးခ်ဲ့ခဲ့ပါသည္။

ထပ္မံ တိုးခ်ဲလိုက္ေသာ ၃၃လမ္းဘက္ျခမ္း စက္႐ုံ၌ အသုံးျပဳေသာ ေရခဲစက္မွာ ေနာက္ဆုံးေပၚ ေရခဲစက္ နည္းပညာျဖစ္ၿပီး၊ အမိုးနီးယားဓာတ္ေငြ႕၌ ေရမပါဝင္ သလာက္ နည္းေသာ စံနစ္သုံး ေရခဲစက္ (Anhydrous Ammonia System) ျဖစ္သည္။

၎ ေရခဲစက္သစ္ တည္ၿပီးေသာအခါ ေရခဲပိုမိုထုတ္လုပ္လာနိုင္ၿပီး၊ ေရခဲစက္ အေပၚဆုံးထပ္တြင္ အပူကာ(Insulation) မ်ားျဖင့္ တပ္ဆင္ထားေသာ အေအးသိုေလွာင္ခန္းတြင္း၌ အသား၊ ဟင္းသီး ဟင္း႐ြက္၊ သစ္သီး၊ ႏြားနို႔စသည္မ်ားကို သီးျခားစီသိုေလွာင္ထားနိုင္ခဲ့သည္။

အာရွအေရွ႕ဖ်ားနိုင္ငံမ်ား၌ ပထမဆုံးပိုးသတ္သန႔္စင္ၿပီး၊ ပုလင္းသြတ္နို႔ပုလင္းမ်ားကို ၁၉၀၂ ခုႏွစ္မွ စ၍ထုတ္လုပ္ခဲ့သူမွာ ဒူးဘန္းကုမၸဏီျဖစ္ပါသည္။ ကုမၸဏီပိုင္ ေမွာ္ဘီႏြားၿခံမ်ားမွ ရထားျဖင့္သယ္ၿပီး၊ ရန္ကုန္၌ပုလင္းသြတ္ေရာင္းခ်ခဲ့ရာ တေန႕လွ်င္ ဂါလန္ ၃၀၀ ေရာင္းအားရွိခဲ့သည္။

ဒိုင္းမြန္ေရခဲစက္မွ ထုတ္လုပ္သည့္ ေရသန႔္ေၾကာ္ျငာ

ေရသန႔္ကိုပါ ထုတ္လုပ္ျခင္း

ေရသန႔္ထုတ္လုပ္ေရးအပိုင္းမွာ မစၥတာဒူးဘန္းကိုယ္တိုင္ဦးစီးၿပီးလုပ္ခဲ့ပါသည္။ ဆူးေလဘုရားလမ္း ဘက္ျခမ္း စက္႐ုံ၌ ၁၈၉၄ ခုႏွစ္တြင္ ၃လက္မ၊ အဝိစီတြင္းတူးၿပီးေရသန႔္စတင္ထုတ္လုပ္ခဲ့ရာ ယင္းမွာ ၿမိဳ႕လယ္ရပ္ကြက္မ်ားတြင္ ပထမဆုံး တူးေသာအဝိစီတြင္းျဖစ္သည္။

ယခင္တူးခဲ့ေသာအဝိစီတြင္းမ်ားမွာ ဆင္ေျခဖုံးရပ္ကြက္မ်ားတြင္ရွိခဲ့သည္။ေရသန႔္လုပ္ငန္း အတြက္ အက်ယ္အဝန္း မလုံ ေလာက္ ေတာ့သျဖင့္ ေဘးခ်င္းကပ္၊ ေျမကြက္အား ဝယ္ ယူၿပီး၊ ၁၉၀၄ခုႏွစ္တြင္ မစၥတာဒူးဘန္း ကိုယ္တိုင္ပုံစံထုတ္ေဆာက္လုပ္ခဲ့သည့္ ခန႔္ညားသည့္ အေဆာက္အဦႀကီးကို ယေန႕တိုင္ ေတြ႕ျမင္နိုင္ ပါေသးသည္။

ဒိုင္းမြန္ေရသန႔္သည္ ထိုသို႔ေသာ ခန႔္ညားသည့္ အေဆာက္အအုံႀကီးသာမက အသုံးျပဳေသာေရ၏ သန႔္စင္ျခင္းႏွင့္ ေခတ္အမွီဆုံး ပုလင္းေဆးေၾကာသန႔္စင္ျခင္း စံနစ္တို႔ေၾကာင့္ ပထမတန္းစာရင္းဝင္ နိုင္ခဲ့ၿပီး၊ ၁၀နာရီအတြင္း ၁၉၉၅ ဒါဇင္ ထုတ္ နိုင္ခဲ့ၿပီး၊ ၃တန္ကား ႏွစ္စီးျဖင့္ ရန္ကုန္ၿမိဳ႕အႏွံ ေရာင္းခ် ေပးခဲ့ပါသည္။

ဒိုင္းမြန္းေရခဲစက္ ပိုင္ရွင္ မစၥတာ ဒူးဘန္း (J.E Du Bern) သည္ ၁၉၀၉ ခုႏွစ္တြင္ရန္ကုန္ျမဴနီစီပါယ္ ေကာ္ပိုေရးရွင္း၏ ဒုဥကၠဌျဖစ္ၿပီး၊ တူျဖစ္သူ မစၥတာ AG.Du Bern သည္ B.A.A (Burma Athletic Association) ၏ ဂုဏ္ထူးေဆာင္ အတြင္းေရးမႉးအျဖစ္ တာဝန္ယူခဲ့ၾကသည္။ ။

 

Credit

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *