ကုန်းဘောင်ခေတ် အမျိုးသမီးစာဆို “အနောက်နန်းမတော် မမြကလေး” အကြောင်း

ကုန်းဘောင်ခေတ် အမျိုးသမီးစာဆို “အနောက်နန်းမတော် မမြကလေး” အကြောင်း

 

 

ကုန်းဘောင်ခေတ် အမျိုးသမီးစာဆို “အနောက်နန်းမတော် မမြကလေး” အကြောင်း

ကုန်းဘောင်ခေတ်တွင် အမျိုးသမီးစာဆို အများအပြားပေါ်ထွန်းခဲ့ရာ “အနောက်နန်းမမြကလေး”၊ “အနောက်နန်းမတော် မမြကလေး’ဟူ၍ ဝိသေသပြုရသော မမြကလေး (၁၁၇၁-၁၂ဝ၇) မှာ ထင်ရှားသော စာဆိုတစ်ဦးဖြစ်ပါသည်။

မမြကလေးသည် ဟင်္သာတမြို့ဇာတိဖြစ်၍ မိဘနှစ်ပါးမှာ သာရဝေါပဲ့နင်းမင်းပျံချီနှင့် မယ်အိတို့ဖြစ်သည်။ ငယ်မည်မှာ မမြကြုတ်ဖြစ်သည်။ လှပချောမွေ့သော မမြကြုတ်ကို အိမ်နီးချင်းတို့က ငယ်စဉ်ကပင် မြမြဟူ၍ ချစ်စနိုးခေါ်ကြသည်။

ဘကြီးတော်မင်း လက်ထက် အင်္ဂလိပ်-မြန်မာ ပထမစစ်ပွဲဖြစ်ပွားရာ ညီတော်အိမ်ရှေ့စံ သာယာဝတီမင်းသည် အောက်မြို့ ကျေးရွာများသို့ ချီတက်သည်။ စစ်ပြီးသည့်နောက်နေပြည်တော်သို့မပြန်သေးဘဲ ဓနုဖြူမြို့တွင်စံနေစဉ် မမြကြုတ်၏ သတင်းကို ကြားသည့်အတွက် ဟင်္သာတသူကြီး ဦးရွှေလူမှတစ်ဆင့် ခေါ်ယူသိမ်းပိုက်သည်။

နေပြည်တော်သို့ပြန်ရောက်ပြီးနောက် မမြကြုတ်တို ‘မမြကလေး’ဟု ချစ်မြတ်နိုးစွာအမည် ပြောင်းလဲခေါ်ပြီး အိမ်ရှေ့မိဖုရားအဖြစ် မြှောက်စားချီးမြှင့်သည်။ သာယာဝတီမြို့အပါအဝင် ရွှေလောင်းတိုက်ကိုပေး သနားသည့်အတွက် ရွှေလောင်းတိုက်သခင်မမြကလေး ဟူ၍ထင်ရှားသည်။မမြကလေး၏ကံဇာတာတက်ချိန် ဟုဆိုနိုင်သည်။

မမြကလေးသည် သားဦးရတနာဖွားမြင်ရာ ငယ်စဉ်ကပင် ကွယ်လွန်သည်။ ဒုတိယအကြိမ် သမီးတော်တစ်ပါးဖွားမြင်ရာ ထိုသမီးတော်မှာ လှိုင်ထိပ်ခေါင်တင်အမည်ဖြင့် ကျော်ကြားသည့် အမျိုးသမီး စာဆိုတစ်ဦးဖြစ်လာသည်။တတိယအကြိမ် သားအမြွှာ ဖွားမြင်ရာတွင်လည်း ငယ်စဉ်ကပင် ကွယ်လွန်ကြသည်၊

သာယာဝတီမင်းသည် ၁၂ဝ၂ ခုနှစ်တွင် ရာဇဘိသေကမုဒ္ဓာဘိသိတ်ခံယူတော်မူရာ မမြကလေးကို သီရိမဟာသုရတနာစန္ဒာဒေဝီဘွဲ့ဖြင့် အနောက်နန်းတင် သည့်အတွက် ‘အနောက်နန်းမမြကလေး´ဟု ထင်ရှား လာသည်။ သမီးတော် လှိုင်မြို့စားမင်းသမီးကိုလည်း သီရိသုမြတ်စွာရတနာဒေဝီဘွဲ့ ချီးမြှင့်သည်။

 

 

မမြကလေးသည် တေးထပ်၊ လှေတော်သံ၊ ပတ်ပျိုး စသော တေးသီချင်းများစွာ ဖွဲ့ ခဲ့သော ဂီတစာဆို ဖြစ်သည့်အလျောက် သာယာဝတီမင်းက မမြကလေးကို များစွာအရေးပေးသည်။ သာယာဝတီမင်းကိုယ်တိုင်လည်း မိကျောင်းတူရိယာကိုကျွမ်းကျင်စွာ တီးခတ်နိုင်သည့်အလျောက် လွမ်းတော်ပြေ ကက္ကရား၊ နန်းလုံးနိုး ခေါ် မိကျောင်းတော်များကို ကိုယ်တော်တိုင်တီးခတ်ရာ၌ မမြတ်လေးရေးဖွဲ့သော သီချင်းများကိုတီးလေ့ရှိသည်ဟု ဆိုသည်။

မမြကလေးမှာလည်း စောင်းတီး ကျွမ်းကျင်သူဖြစ်သည်။ အဆင်းလည်းလှ အသံလည်း ကောင်းသော မမြကလေးသည် မောင်တော်သာယာဝတီမင်း မြတ်နိုးရသော စာဆိုမိဖုရားတစ်ပါးအဖြစ် တင့်တင့်တယ်တယ်ရှိခဲ့သည်။

မမြကလေး၏ အဆောင်တော်သို့ မောင်တော်ကြွလာသောအခါ မမြကလေးက မိမိရေးဖွဲ့သောတေးသီချင်းများကို အဆိုတော်သီရိမဟေအား သီဆိုစေလျက် မိမိက စောင်းတီး၍ ဖျော်ဖြေသည်ဟု အမှတ်အသားရှိပါသည်။

 

သာယာဝတီမင်းသည် ၁၂၀၃ ခုနှစ်တွင် ဒဂုံ ဆံတော်ရှင်ဘုရားဖူးရန် အခြွေအရံများဖြင့် ရန်ကုန်သို့စုန်ဆင်းရာ ရေကင်းမြို့သို့ အရောက်တွင် မမြ ကလေးတည်ထားသော စေတီသုံးဆူကို မမြကလေး၏ လျှောက်ထားချက်အရ လောကဇေယျာ၊ လောကဥသျှောင်၊ လောကမှန်ကူဘွဲ့တော်များ ကပ်လှူသည်။

ဒဂုံဆံတော်ရှင်ဘုရားကိုဖူးမြင်ပြီးအပြန်တွင် မမြကလေး လျှောက်ထားချက်အရ အနောက်ဘက်စောင်းတန်းကို ဆောက်လုပ်လှူဒါန်းခွင့်ပြုသည်။ အနောက်ဘက် စောင်းတန်းသည် ရှေးအခါက မမြကလေးစောင်းတန်း” ဟု ထင်ရှားကြောင်း အမှတ်သားရှိသည်။

သာယာဝတီမင်းကလည်း ကျပ်အချိန် နှစ်သောင်းငါးထောင်ရှိ ကြေးခေါင်းလောင်းတော်ကြီးကို သွန်းလုပ်လှူဒါန်းသည်။ နေပြည်တော်သို့ပြန်ရောက်ပြီးနောက် မြို့တော် မြောက်မျက်နှာ စန္ဒာမုနိစေတီတော်တွင် ဆွဲလှူရန် ရွှေဆည်းလည်း၊ ငွေဆည်းလည်း၊ ကြေးဆည်းလည်းများ လှူဒါန်းကာ မင်းတရားကြီးနှင့်အတူ ရေစက်သွန်းခဲ့သည်။

ထို့ပြင် မြို့တော်ရှေ့တွင် ရတနာလောကစေတီ၊ ဟင်္သာတမြို့တွင် မယ်တော်ဘုရား ၊မင်းအိုကျောင်းအရှေ့ အုတ်ကျောင်း ၊တက်သေးကုသိန္ဒာရုံ ဘုရားစသည့်ကုသိုလ်တော်များ ဆောက်လုပ်လှူဒါန်းသည်။

မမြကလေးသည် ပတ်ပျိုးအများအပြားရေးဖွဲ့ခဲ့သည်။ ‘ကံခေကြံလေ’ ချီ ၊’ကြင်ယောင်ခင်ယောင်’ ချီ၊ ‘ချစ်သမျှကို’ချီ၊ ‘ဂန္ဓမာရိပ်သာ’ ချီ၊ “ငွေခုံမြေစာ” ချီ၊ ‘နဝရတ် ကယ်ရောင်စုံ’ ချီ၊ ‘နန်းမြေနှင့်ကွာ’ချီ၊ ‘ပြာပြာ ညိုရောင်’ချီ၊ “ဘုံလယ်ခွင်”ချီ၊’ မြယဉ် ရေညို’ချီ ၊ ‘မြိုင်တွင်းကသာ’ချီ ၊’ရှစ်စုံရွက်ကြာ’ချီ၊ ‘ရွှေဖီဂေါ်ဇင်’ ချီ ပတ်ပျိုးများဖြစ်ကြောင်းဆရာကြီးဦးမြင့်ကြည်၏ ‘မြန်မာ့တေးဂီတအနုစာပေသမိုင်း’ တွင် ဖော်ပြထားပါသည်။

 

ပတ်ပျိုးများအပြင် တေးထပ်၊ ဒွေးချိုး ၊လေးချိုး၊တြိချိုး သီချင်းခံကြီး စသည့် တေးများကိုလည်း ရေးဖွဲ့သည်။ ဣန္ဒာဝုဓနန်းတွင်းဇာတ်တော်ကြီးကိုလည်း မမြ ကလေးပင်ရေးဖွဲ့ခဲ့သည်ဟု အဆိုရှိသည်။

အနောက်နန်းမတော်မမြကလေးသည် ထီးနန်း တွင်မွေးဖွားသူ မဟုတ်သော်လည်း ၎င်းရေးသောစာများသည် ကျစ်လျစ်ပြေပြစ်၍ ထီးမူနန်းရာပါလှ၏ ဟူ၍လည်းကောင်း၊ မမြကလေး၏သီချင်းများကို ထောက်ရှု၍ မမြကလေးသည် အမျှော်စိုက်အလွမ်း စာဆိုတစ်ယောက် အချစ်ကိုမြတ်နိုးတန်ဖိုးထားသူ တစ်ယောက်ဖြစ်ကြောင်း သိရပါသည်ဟူ၍လည်း ကောင်း ဆရာကြီးဦးမြင့်ကြည်က သုံးသပ်ထားသည်။

‘ရှစ်စုံရွတ်ကြာ’ချီပတ်ပျိုးကို အကောင်းဆုံးအမျှော်စိုတ်ပတ်ပျိုးဟု ဆရာကြီးက အကဲဖြတ်သည် မမြကလေး၏သီချင်းများကိုကြည့်လျှင် စာဆိုသည် မောင်တော်သာယာဝတီမင်းကို အလွန်ချစ်မြတ်နိုးကြောင်း၊မောင်တော်၏ချစ်ခင်ယုယမှုကို အမြဲမျှော် လင့်နေကြောင်း၊ မောင်တော် ကြွမလာသည့်အတွက် လွမ်းဆွေးနေရကြောင်း အထင်အရှားတွေ့ရပါသည်။ မောင်တော်နှင့်အတူ ကုသိုလ်ကောင်းမှုပြုတာ ပါရမီ ဖြည့်ဖက်အဖြစ် မောင်တော်ကို လေးစားမြတ်နိုးသူဖြစ်သည်။

‘ချစ်သမျှကို’ပတ်ပျိုးရေးဖွဲ့ရသည့်အကြောင်းရင်းတွင် မမြကလေး၏ ဘဝအလှည့်အပြောင်းကို တွေ့ရသည်။ သာယာဝတီမင်းသည် မမြကလေးကို အထင်တော်လွဲမှား၊ အမျက်တော်ပွားကာ ကြေးတိုက်တွင် အကျဉ်းချထားသည်။ မမြကလေးက မောင်တော်ကို မည်မျှချစ်မြတ်နိုးပါကြောင်း၊ ‘ချစ်သမျှကို’ပတ်ပျိုးကို ရေးသားဆက်သွင်းသောအခါတွင်မှ အကျဉ်းမှလွတ်မြောက်ရသည်။

မမြကလေးကို အမျက်တော်ပွားရ ခြင်း၏အကြောင်းရင်းမှာ သားတော်ပြည်မင်းသားနှင့် သင်္ကာမကင်းဖြစ်သည့်ကိစ္စက စတင်ခြင်းဖြစ်သည်။ ပြည်မင်းသား၏ သားတော်များကို နားထွင်းသျှောင်ထုံး မင်္ဂလာဆင်ယင်ကာ သာမဏေပြုသည့်ပွဲတွင် မမြကလေး၏ အဆောင်မှပစ္စည်းများကို အသုံးပြုကြောင်း သာယာဝတီမင်းသိသောအခါ အထင်လွဲပြီး ကြေးတိုက်တွင်အကျဉ်းချခဲ့ခြင်းဖြစ်သည်။

ချစ်သမျှကို ပတ်ပျိုးကိုဆက်ဆ၍ အကျဉ်းမှလွတ်ခဲ့သော်လည်း ပြဿနာပြီးငြိမ်းမသွားပါ။ သာယာဝတီမင်းသည် သားတော်ပြည်မင်းသားကိုလည်း မယုံ၊ အနောက်နန်း မိဖုရား မမြကလေးကိုလည်းမယုံဟူသော အခြေအနေ သို့ရောက်နေသည်။

ပြည်မင်းသားနှင့်မမြကလေးတို့ မှာ သက်တူရွယ်တူ ဂီတဝါသနာတူသူများဖြစ်သည့် အတွက် ရင်းရင်းနှီးနှီးဆက်ဆံသည်ကို မလိုသူတို့က အခွင့်ကောင်းယူပြီး ကုန်းချောကြသည်။

သားတော်ပြည်မင်းသား ပုန်ကန်သည်ဟုစွပ်စွဲ၍ လိုက်လံဖမ်းဆီးစေပြီး သားတော်ပုဂံမင်းထံအပ်ထားစဉ် ပုဂံမင်းက စစ်မေးချက် ထွက်ဆိုချက်များကို မင်းတရားကြီးထံလျှောက်ထားဆက်သွင်းစေသည်တွင် မမြကလေးကို ‘ပြည်မင်းသားနှင့် နှလုံးစိတ်ဝမ်းမကွဲမပြား တ‌ရောတယှက်တည်းပါဝင်သူ’ဟု စွပ်စွဲထားကြောင်း ရာဇဝင်ကျမ်းများတွင် ဆိုသည်။

သာယာဝတီမင်းမှာ မမြကလေးကို ပြည်မင်းသားနှင့်ဖောက်ပြန်သည်ဟု သင်္ကာမကင်းဖြစ်နေသည့်အလျောက် အမျက်တော်ကြီးမားပြီး မမြကလေးနှင့် မယ်တော်မယ်အိတို့ကို ထုံးစံ နှင့်အညီ အဆုံးစီရင်ရန် အမိန့်ချမှတ်လေတော့သည်။

မမြကလေးမှာ စိတ်ဓာတ်ခိုင်မာသူဖြစ်သည်။ သုသာန်သို့မထုတ်မီ တစ်ညတွင် ‘လောကဓံရှစ်ပါး၊ ဘုရား ပဟောရာ၊ ဖြစ်ပျက်မြဲ ဓမ္မတာ၊ သေချာစွာမှတ်စွဲ၊ သတ္တဝါတို့မည်သည်၊ မတည်ကြည်ဖောက်ပြန်တတ်မြဲ အစချီသည့်ထေးထပ်ကို ရေးဖွဲ့ခဲ့သေးကြောင်း ဦးဖေမောင်တင်၏မြန်မာစာပေသမိုင်းတွင် တွေ့ရသည်။

ရာဇဝင်ကျမ်းများတွင် ပြည်စားသားငယ်လေးယောက်တို့နှင့် အနောက်နန်းမိဖုရား ၎င်းဆွေမျိုးတို့ကို ထုံးစံနှင့်အညီ စီရင်တော်မူ၏ ဟုတွေ့ရသည်။

 

 

သာယာဝတီမင်းသည် ထိုအချိန်က စိတ်နှလုံးဖောက်ပြန်သည့်ဝေဒနာ စွဲကပ်နေသည်ဟုဆိုရာ ထိုအခြေအနေကလည်း ကြေကွဲဖွယ်ဖြစ်ရပ် ပေါ်ပေါက်အောင် တွန်းပို့ပေးလေ သလားဟု တွေးစရာဖြစ်ပါသည်။

ထူးချွန်ပြောင်မြောက်သော အမျိုးသမီးစာဆို အနောက်နန်းမမြကလေးမှာ အသက် ၃၆ နှစ်အရွယ် အရွယ်ကောင်းမှာပင် ကွယ်လွန်အနိစ္စရောက်ရရှာသည်။ မမြတ်လေးနှင့် မယ်အိကို သရက်တစ်ပင် သင်္ချိုင်းသို့ သယ်ဆောင်လာပြီးနောက် မင်းဝံတောင် စွယ်တွင် နေရောင်ကွယ်လှသောအခါ တစ်နေရာစီ ခွဲ၍ မယ်အိကို အရင်သတ်နှင့်သည်။

မမြကလေးကို သတ်ရန် ဆံထုံးကိုဆွဲ၍လှဲမည်အပြုတွင် ရုတ်တရက် ထကာ ရှေးဘုန်းရှေးကံအရ မိဖုရားဖြစ်ခဲ့ရသူကိုသတ်ခွင့်ရှိ၍ သတ်ရန်ပြုစေကာမူ ဘုန်းကံမမျှသော အရှင်သခင်ကို မရိုမသေမပြုထိုက်ကြောင်း သူသတ်လက်မရွံ့ တို့ကိုဆုံးမပြီးမှ ‘ငါသေရမည်ကိုမကြောက်၊ ငါ့အလိုအလျောက် ရိုက်နှက်ရန်အမိန့်ပေးမည်’ဟုဆို၍ တုံးပေါ်တွင် လည်ပင်းတင်တာ မျက်စိမှိတ်လျက် ကွက်မျက်ရန် အမိန့်ပေးသည်။ ထိုအခါမှ သူသတ်တို့က ထုံးစံအတိုင်း စီရင်ကြကြောင်း မှတ်သားရပါသည်။

 

Credit

Zawgyi

 

ကုန္းေဘာင္ေခတ္ အမ်ိဳးသမီးစာဆို “အေနာက္နန္းမေတာ္ မျမကေလး” အေၾကာင္း

ကုန္းေဘာင္ေခတ္ အမ်ိဳးသမီးစာဆို “အေနာက္နန္းမေတာ္ မျမကေလး” အေၾကာင္း

ကုန္းေဘာင္ေခတ္တြင္ အမ်ိဳးသမီးစာဆို အမ်ားအျပားေပၚထြန္းခဲ့ရာ “အေနာက္နန္းမျမကေလး”၊ “အေနာက္နန္းမေတာ္ မျမကေလး’ဟူ၍ ဝိေသသျပဳရေသာ မျမကေလး (၁၁၇၁-၁၂ဝ၇) မွာ ထင္ရွားေသာ စာဆိုတစ္ဦးျဖစ္ပါသည္။

မျမကေလးသည္ ဟသၤာတၿမိဳ႕ဇာတိျဖစ္၍ မိဘႏွစ္ပါးမွာ သာရေဝါပဲ့နင္းမင္းပ်ံခ်ီႏွင့္ မယ္အိတို႔ျဖစ္သည္။ ငယ္မည္မွာ မျမၾကဳတ္ျဖစ္သည္။ လွပေခ်ာေမြ႕ေသာ မျမၾကဳတ္ကို အိမ္နီးခ်င္းတို႔က ငယ္စဥ္ကပင္ ျမျမဟူ၍ ခ်စ္စနိုးေခၚၾကသည္။

ဘႀကီးေတာ္မင္း လက္ထက္ အဂၤလိပ္-ျမန္မာ ပထမစစ္ပြဲျဖစ္ပြားရာ ညီေတာ္အိမ္ေရွ႕စံ သာယာဝတီမင္းသည္ ေအာက္ၿမိဳ႕ ေက်း႐ြာမ်ားသို႔ ခ်ီတက္သည္။ စစ္ၿပီးသည့္ေနာက္ေနျပည္ေတာ္သို႔မျပန္ေသးဘဲ ဓႏုျဖဴၿမိဳ႕တြင္စံေနစဥ္ မျမၾကဳတ္၏ သတင္းကို ၾကားသည့္အတြက္ ဟသၤာတသူႀကီး ဦးေ႐ႊလူမွတစ္ဆင့္ ေခၚယူသိမ္းပိုက္သည္။

ေနျပည္ေတာ္သို႔ျပန္ေရာက္ၿပီးေနာက္ မျမၾကဳတ္တို ‘မျမကေလး’ဟု ခ်စ္ျမတ္နိုးစြာအမည္ ေျပာင္းလဲေခၚၿပီး အိမ္ေရွ႕မိဖုရားအျဖစ္ ျမႇောက္စားခ်ီးျမႇင့္သည္။ သာယာဝတီၿမိဳ႕အပါအဝင္ ေ႐ႊေလာင္းတိုက္ကိုေပး သနားသည့္အတြက္ ေ႐ႊေလာင္းတိုက္သခင္မျမကေလး ဟူ၍ထင္ရွားသည္။မျမကေလး၏ကံဇာတာတက္ခ်ိန္ ဟုဆိုနိုင္သည္။

မျမကေလးသည္ သားဦးရတနာဖြားျမင္ရာ ငယ္စဥ္ကပင္ ကြယ္လြန္သည္။ ဒုတိယအႀကိမ္ သမီးေတာ္တစ္ပါးဖြားျမင္ရာ ထိုသမီးေတာ္မွာ လွိုင္ထိပ္ေခါင္တင္အမည္ျဖင့္ ေက်ာ္ၾကားသည့္ အမ်ိဳးသမီး စာဆိုတစ္ဦးျဖစ္လာသည္။တတိယအႀကိမ္ သားအႁမႊာ ဖြားျမင္ရာတြင္လည္း ငယ္စဥ္ကပင္ ကြယ္လြန္ၾကသည္၊

သာယာဝတီမင္းသည္ ၁၂ဝ၂ ခုႏွစ္တြင္ ရာဇဘိေသကမုဒၶာဘိသိတ္ခံယူေတာ္မူရာ မျမကေလးကို သီရိမဟာသုရတနာစႏၵာေဒဝီဘြဲ႕ျဖင့္ အေနာက္နန္းတင္ သည့္အတြက္ ‘အေနာက္နန္းမျမကေလး´ဟု ထင္ရွား လာသည္။ သမီးေတာ္ လွိုင္ၿမိဳ႕စားမင္းသမီးကိုလည္း သီရိသုျမတ္စြာရတနာေဒဝီဘြဲ႕ ခ်ီးျမႇင့္သည္။

မျမကေလးသည္ ေတးထပ္၊ ေလွေတာ္သံ၊ ပတ္ပ်ိဳး စေသာ ေတးသီခ်င္းမ်ားစြာ ဖြဲ႕ ခဲ့ေသာ ဂီတစာဆို ျဖစ္သည့္အေလ်ာက္ သာယာဝတီမင္းက မျမကေလးကို မ်ားစြာအေရးေပးသည္။ သာယာဝတီမင္းကိုယ္တိုင္လည္း မိေက်ာင္းတူရိယာကိုကြၽမ္းက်င္စြာ တီးခတ္နိုင္သည့္အေလ်ာက္ လြမ္းေတာ္ေျပ ကကၠရား၊ နန္းလုံးနိုး ေခၚ မိေက်ာင္းေတာ္မ်ားကို ကိုယ္ေတာ္တိုင္တီးခတ္ရာ၌ မျမတ္ေလးေရးဖြဲ႕ေသာ သီခ်င္းမ်ားကိုတီးေလ့ရွိသည္ဟု ဆိုသည္။

မျမကေလးမွာလည္း ေစာင္းတီး ကြၽမ္းက်င္သူျဖစ္သည္။ အဆင္းလည္းလွ အသံလည္း ေကာင္းေသာ မျမကေလးသည္ ေမာင္ေတာ္သာယာဝတီမင္း ျမတ္နိုးရေသာ စာဆိုမိဖုရားတစ္ပါးအျဖစ္ တင့္တင့္တယ္တယ္ရွိခဲ့သည္။

မျမကေလး၏ အေဆာင္ေတာ္သို႔ ေမာင္ေတာ္ႂကြလာေသာအခါ မျမကေလးက မိမိေရးဖြဲ႕ေသာေတးသီခ်င္းမ်ားကို အဆိုေတာ္သီရိမေဟအား သီဆိုေစလ်က္ မိမိက ေစာင္းတီး၍ ေဖ်ာ္ေျဖသည္ဟု အမွတ္အသားရွိပါသည္။

 

သာယာဝတီမင္းသည္ ၁၂၀၃ ခုႏွစ္တြင္ ဒဂုံ ဆံေတာ္ရွင္ဘုရားဖူးရန္ အေႁခြအရံမ်ားျဖင့္ ရန္ကုန္သို႔စုန္ဆင္းရာ ေရကင္းၿမိဳ႕သို႔ အေရာက္တြင္ မျမ ကေလးတည္ထားေသာ ေစတီသုံးဆူကို မျမကေလး၏ ေလွ်ာက္ထားခ်က္အရ ေလာကေဇယ်ာ၊ ေလာကဥေသွ်ာင္၊ ေလာကမွန္ကူဘြဲ႕ေတာ္မ်ား ကပ္လႉသည္။

ဒဂုံဆံေတာ္ရွင္ဘုရားကိုဖူးျမင္ၿပီးအျပန္တြင္ မျမကေလး ေလွ်ာက္ထားခ်က္အရ အေနာက္ဘက္ေစာင္းတန္းကို ေဆာက္လုပ္လႉဒါန္းခြင့္ျပဳသည္။ အေနာက္ဘက္ ေစာင္းတန္းသည္ ေရွးအခါက မျမကေလးေစာင္းတန္း” ဟု ထင္ရွားေၾကာင္း အမွတ္သားရွိသည္။

သာယာဝတီမင္းကလည္း က်ပ္အခ်ိန္ ႏွစ္ေသာင္းငါးေထာင္ရွိ ေၾကးေခါင္းေလာင္းေတာ္ႀကီးကို သြန္းလုပ္လႉဒါန္းသည္။ ေနျပည္ေတာ္သို႔ျပန္ေရာက္ၿပီးေနာက္ ၿမိဳ႕ေတာ္ ေျမာက္မ်က္ႏွာ စႏၵာမုနိေစတီေတာ္တြင္ ဆြဲလႉရန္ ေ႐ႊဆည္းလည္း၊ ေငြဆည္းလည္း၊ ေၾကးဆည္းလည္းမ်ား လႉဒါန္းကာ မင္းတရားႀကီးႏွင့္အတူ ေရစက္သြန္းခဲ့သည္။

ထို႔ျပင္ ၿမိဳ႕ေတာ္ေရွ႕တြင္ ရတနာေလာကေစတီ၊ ဟသၤာတၿမိဳ႕တြင္ မယ္ေတာ္ဘုရား ၊မင္းအိုေက်ာင္းအေရွ႕ အုတ္ေက်ာင္း ၊တက္ေသးကုသိႏၵာ႐ုံ ဘုရားစသည့္ကုသိုလ္ေတာ္မ်ား ေဆာက္လုပ္လႉဒါန္းသည္။

မျမကေလးသည္ ပတ္ပ်ိဳးအမ်ားအျပားေရးဖြဲ႕ခဲ့သည္။ ‘ကံေခႀကံေလ’ ခ်ီ ၊’ၾကင္ေယာင္ခင္ေယာင္’ ခ်ီ၊ ‘ခ်စ္သမွ်ကို’ခ်ီ၊ ‘ဂႏၶမာရိပ္သာ’ ခ်ီ၊ “ေငြခုံေျမစာ” ခ်ီ၊ ‘နဝရတ္ ကယ္ေရာင္စုံ’ ခ်ီ၊ ‘နန္းေျမႏွင့္ကြာ’ခ်ီ၊ ‘ျပာျပာ ညိုေရာင္’ခ်ီ၊ “ဘုံလယ္ခြင္”ခ်ီ၊’ ျမယဥ္ ေရညို’ခ်ီ ၊ ‘ၿမိဳင္တြင္းကသာ’ခ်ီ ၊’ရွစ္စုံ႐ြက္ၾကာ’ခ်ီ၊ ‘ေ႐ႊဖီေဂၚဇင္’ ခ်ီ ပတ္ပ်ိဳးမ်ားျဖစ္ေၾကာင္းဆရာႀကီးဦးျမင့္ၾကည္၏ ‘ျမန္မာ့ေတးဂီတအႏုစာေပသမိုင္း’ တြင္ ေဖာ္ျပထားပါသည္။

 

ပတ္ပ်ိဳးမ်ားအျပင္ ေတးထပ္၊ ေဒြးခ်ိဳး ၊ေလးခ်ိဳး၊ႀတိခ်ိဳး သီခ်င္းခံႀကီး စသည့္ ေတးမ်ားကိုလည္း ေရးဖြဲ႕သည္။ ဣႏၵာဝုဓနန္းတြင္းဇာတ္ေတာ္ႀကီးကိုလည္း မျမ ကေလးပင္ေရးဖြဲ႕ခဲ့သည္ဟု အဆိုရွိသည္။

အေနာက္နန္းမေတာ္မျမကေလးသည္ ထီးနန္း တြင္ေမြးဖြားသူ မဟုတ္ေသာ္လည္း ၎ေရးေသာစာမ်ားသည္ က်စ္လ်စ္ေျပျပစ္၍ ထီးမူနန္းရာပါလွ၏ ဟူ၍လည္းေကာင္း၊ မျမကေလး၏သီခ်င္းမ်ားကို ေထာက္ရႈ၍ မျမကေလးသည္ အေမွ်ာ္စိုက္အလြမ္း စာဆိုတစ္ေယာက္ အခ်စ္ကိုျမတ္နိုးတန္ဖိုးထားသူ တစ္ေယာက္ျဖစ္ေၾကာင္း သိရပါသည္ဟူ၍လည္း ေကာင္း ဆရာႀကီးဦးျမင့္ၾကည္က သုံးသပ္ထားသည္။

‘ရွစ္စုံ႐ြတ္ၾကာ’ခ်ီပတ္ပ်ိဳးကို အေကာင္းဆုံးအေမွ်ာ္စိုတ္ပတ္ပ်ိဳးဟု ဆရာႀကီးက အကဲျဖတ္သည္ မျမကေလး၏သီခ်င္းမ်ားကိုၾကည့္လွ်င္ စာဆိုသည္ ေမာင္ေတာ္သာယာဝတီမင္းကို အလြန္ခ်စ္ျမတ္နိုးေၾကာင္း၊ေမာင္ေတာ္၏ခ်စ္ခင္ယုယမႈကို အၿမဲေမွ်ာ္ လင့္ေနေၾကာင္း၊ ေမာင္ေတာ္ ႂကြမလာသည့္အတြက္ လြမ္းေဆြးေနရေၾကာင္း အထင္အရွားေတြ႕ရပါသည္။ ေမာင္ေတာ္ႏွင့္အတူ ကုသိုလ္ေကာင္းမႈျပဳတာ ပါရမီ ျဖည့္ဖက္အျဖစ္ ေမာင္ေတာ္ကို ေလးစားျမတ္နိုးသူျဖစ္သည္။

‘ခ်စ္သမွ်ကို’ပတ္ပ်ိဳးေရးဖြဲ႕ရသည့္အေၾကာင္းရင္းတြင္ မျမကေလး၏ ဘဝအလွည့္အေျပာင္းကို ေတြ႕ရသည္။ သာယာဝတီမင္းသည္ မျမကေလးကို အထင္ေတာ္လြဲမွား၊ အမ်က္ေတာ္ပြားကာ ေၾကးတိုက္တြင္ အက်ဥ္းခ်ထားသည္။ မျမကေလးက ေမာင္ေတာ္ကို မည္မွ်ခ်စ္ျမတ္နိုးပါေၾကာင္း၊ ‘ခ်စ္သမွ်ကို’ပတ္ပ်ိဳးကို ေရးသားဆက္သြင္းေသာအခါတြင္မွ အက်ဥ္းမွလြတ္ေျမာက္ရသည္။

မျမကေလးကို အမ်က္ေတာ္ပြားရ ျခင္း၏အေၾကာင္းရင္းမွာ သားေတာ္ျပည္မင္းသားႏွင့္ သကၤာမကင္းျဖစ္သည့္ကိစၥက စတင္ျခင္းျဖစ္သည္။ ျပည္မင္းသား၏ သားေတာ္မ်ားကို နားထြင္းေသွ်ာင္ထုံး မဂၤလာဆင္ယင္ကာ သာမေဏျပဳသည့္ပြဲတြင္ မျမကေလး၏ အေဆာင္မွပစၥည္းမ်ားကို အသုံးျပဳေၾကာင္း သာယာဝတီမင္းသိေသာအခါ အထင္လြဲၿပီး ေၾကးတိုက္တြင္အက်ဥ္းခ်ခဲ့ျခင္းျဖစ္သည္။

ခ်စ္သမွ်ကို ပတ္ပ်ိဳးကိုဆက္ဆ၍ အက်ဥ္းမွလြတ္ခဲ့ေသာ္လည္း ျပႆနာၿပီးၿငိမ္းမသြားပါ။ သာယာဝတီမင္းသည္ သားေတာ္ျပည္မင္းသားကိုလည္း မယုံ၊ အေနာက္နန္း မိဖုရား မျမကေလးကိုလည္းမယုံဟူေသာ အေျခအေန သို႔ေရာက္ေနသည္။

ျပည္မင္းသားႏွင့္မျမကေလးတို႔ မွာ သက္တူ႐ြယ္တူ ဂီတဝါသနာတူသူမ်ားျဖစ္သည့္ အတြက္ ရင္းရင္းႏွီးႏွီးဆက္ဆံသည္ကို မလိုသူတို႔က အခြင့္ေကာင္းယူၿပီး ကုန္းေခ်ာၾကသည္။

သားေတာ္ျပည္မင္းသား ပုန္ကန္သည္ဟုစြပ္စြဲ၍ လိုက္လံဖမ္းဆီးေစၿပီး သားေတာ္ပုဂံမင္းထံအပ္ထားစဥ္ ပုဂံမင္းက စစ္ေမးခ်က္ ထြက္ဆိုခ်က္မ်ားကို မင္းတရားႀကီးထံေလွ်ာက္ထားဆက္သြင္းေစသည္တြင္ မျမကေလးကို ‘ျပည္မင္းသားႏွင့္ ႏွလုံးစိတ္ဝမ္းမကြဲမျပား တ‌ေရာတယွက္တည္းပါဝင္သူ’ဟု စြပ္စြဲထားေၾကာင္း ရာဇဝင္က်မ္းမ်ားတြင္ ဆိုသည္။

သာယာဝတီမင္းမွာ မျမကေလးကို ျပည္မင္းသားႏွင့္ေဖာက္ျပန္သည္ဟု သကၤာမကင္းျဖစ္ေနသည့္အေလ်ာက္ အမ်က္ေတာ္ႀကီးမားၿပီး မျမကေလးႏွင့္ မယ္ေတာ္မယ္အိတို႔ကို ထုံးစံ ႏွင့္အညီ အဆုံးစီရင္ရန္ အမိန႔္ခ်မွတ္ေလေတာ့သည္။

မျမကေလးမွာ စိတ္ဓာတ္ခိုင္မာသူျဖစ္သည္။ သုသာန္သို႔မထုတ္မီ တစ္ညတြင္ ‘ေလာကဓံရွစ္ပါး၊ ဘုရား ပေဟာရာ၊ ျဖစ္ပ်က္ၿမဲ ဓမၼတာ၊ ေသခ်ာစြာမွတ္စြဲ၊ သတၱဝါတို႔မည္သည္၊ မတည္ၾကည္ေဖာက္ျပန္တတ္ၿမဲ အစခ်ီသည့္ေထးထပ္ကို ေရးဖြဲ႕ခဲ့ေသးေၾကာင္း ဦးေဖေမာင္တင္၏ျမန္မာစာေပသမိုင္းတြင္ ေတြ႕ရသည္။

ရာဇဝင္က်မ္းမ်ားတြင္ ျပည္စားသားငယ္ေလးေယာက္တို႔ႏွင့္ အေနာက္နန္းမိဖုရား ၎ေဆြမ်ိဳးတို႔ကို ထုံးစံႏွင့္အညီ စီရင္ေတာ္မူ၏ ဟုေတြ႕ရသည္။

သာယာဝတီမင္းသည္ ထိုအခ်ိန္က စိတ္ႏွလုံးေဖာက္ျပန္သည့္ေဝဒနာ စြဲကပ္ေနသည္ဟုဆိုရာ ထိုအေျခအေနကလည္း ေၾကကြဲဖြယ္ျဖစ္ရပ္ ေပၚေပါက္ေအာင္ တြန္းပို႔ေပးေလ သလားဟု ေတြးစရာျဖစ္ပါသည္။

ထူးခြၽန္ေျပာင္ေျမာက္ေသာ အမ်ိဳးသမီးစာဆို အေနာက္နန္းမျမကေလးမွာ အသက္ ၃၆ ႏွစ္အ႐ြယ္ အ႐ြယ္ေကာင္းမွာပင္ ကြယ္လြန္အနိစၥေရာက္ရရွာသည္။ မျမတ္ေလးႏွင့္ မယ္အိကို သရက္တစ္ပင္ သခၤ်ိဳင္းသို႔ သယ္ေဆာင္လာၿပီးေနာက္ မင္းဝံေတာင္ စြယ္တြင္ ေနေရာင္ကြယ္လွေသာအခါ တစ္ေနရာစီ ခြဲ၍ မယ္အိကို အရင္သတ္ႏွင့္သည္။

မျမကေလးကို သတ္ရန္ ဆံထုံးကိုဆြဲ၍လွဲမည္အျပဳတြင္ ႐ုတ္တရက္ ထကာ ေရွးဘုန္းေရွးကံအရ မိဖုရားျဖစ္ခဲ့ရသူကိုသတ္ခြင့္ရွိ၍ သတ္ရန္ျပဳေစကာမူ ဘုန္းကံမမွ်ေသာ အရွင္သခင္ကို မရိုမေသမျပဳထိုက္ေၾကာင္း သူသတ္လက္မ႐ြံ႕ တို႔ကိုဆုံးမၿပီးမွ ‘ငါေသရမည္ကိုမေၾကာက္၊ ငါ့အလိုအေလ်ာက္ ရိုက္ႏွက္ရန္အမိန႔္ေပးမည္’ဟုဆို၍ တုံးေပၚတြင္ လည္ပင္းတင္တာ မ်က္စိမွိတ္လ်က္ ကြက္မ်က္ရန္ အမိန႔္ေပးသည္။ ထိုအခါမွ သူသတ္တို႔က ထုံးစံအတိုင္း စီရင္ၾကေၾကာင္း မွတ္သားရပါသည္။

 

Credit

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *