ဖန် တန် တန် မိဖုရား

ဖန်တန်တန် မိဖုရား

 

 

တခါတုန်းက ပုဏ္ဏားကြီးက ရှင်ဘုရင်နဲ့ တွေ့ဖို့ နန်းတော်ထဲ အခစားဝင်ရင်း အတွင်းဆောင်ထဲကို ဝင်လာခဲ့တယ်။ ရှင်ဘုရင်နဲ့ မတွေ့ပဲ မိဖုရား စက်တော်ခေါ် နေတာ တွေ့လိုက် ရတယ်။ လုံချည်က လျှော့တော့တော့နဲ့ ဆိုတော့ တပ်မက်ဖွယ် အာရုံကို မြင်တွေ့သွားတယ်။

 

ပုဏ္ဏားကြီးလည်း ဆက်နေလို့ မသင့်တော်တာနဲ့ ပြန်ထွက် သွားခဲ့တယ်။ မိဖုရားကြီးကလည်း ခြေသံကြားလို့ လန့်နိုးလာပြီး တံခါးပေါက်ကို လှမ်းကြည့်လိုက်တော့ ပုဏ္ဏားကြီးရဲ့ ကျောပြင်ကို တွေ့လိုက်ရတယ်။ အဝတ်အစားကို ပြန်ပြင်ဝတ်ရင်း စိတ်ထဲမလုံမလဲ ဖြစ်ရင်း မိဖုရားကြီး ကျန်နေခဲ့တယ်။

 

နောက်ရက်တွေ ကျတော့ ပုဏ္ဏားကြီး နေမကောင်းလို့ အခစား မဝင်နိုင်ကြောင်း ရှင်ဘုရင်ကို လျှောက်တင် ထားကြောင်းလည်း သတင်းစကား ကြားလိုက်ရတော့ မိဖုရားကြီးက စဉ်းစားတယ်။ ဟိုတနေ့က ကိစ္စနဲ့ ပက်သက် နေသလားပေါ့။ ပုဏ္ဏားကြီးက ပညာတော်တယ်။ အတွေ့အကြုံ များလို့ ဘုရင်ကြီးကလည်း တိုင်းပြည်အတွက် အားထား နေရတယ်။

 

ပုဏ္ဏားကြီးကလည်း ဟိုတနေ့က မြင်ခဲ့ရတဲ့ မိဖုရားရဲ့ လျှို့ဝှက်သော အလှကို မျက်စိထဲကကို မထွက်ဘူး။ ရင်ထဲမှာ ခံစား နေရတယ်။ စားလို့လည်း မရ အိပ်လို့လည်း မရ။

 

နန်းတွင်း အစေခံ တယောက်က မိဖုရားက ပုဏ္ဏားကို အခစား ဝင်စေရန် အမိန့်တော် ချွေလိုက်တယ်။ မိဖုရားကို မြင်ချင် စိတ်နဲ့ မစားနိုင် မသောက်နိုင်နဲ့ အိပ်ယာထဲလဲနေတဲ့ ပုဏ္ဏား ငေါက်ကနဲထ နန်းတော်ကို ကြွပါတော့တယ်။

 

နန်းတော်လည်း ရောက်ရော မိဖုရားကြီးက အပြုံးလေးနဲ့ ကြိုဆိုရင်း ပုဏ္ဏာကြီးကို “နေမကောင်းဘူးဆို” လို့ မေးလိုက်တော့ “မှန်လှပါဘုရား၊ အိပ်လို့လည်း မပျော် စားလို့လည်း မရ၊ ရင်ထဲမှာ တမ်းတနေတာက ဘာလိုလို ညာလိုလိုနဲ့ ဘာကိုမှ အလိုမကျ ဖြစ်နေရပါတယ်ဘုရား” လို့ စကားလမ်းခင်း သံလေးနဲ့ လျှောက်တင်လိုက်တယ်။

 

မိဖုရားကြီးကလည်း “သြော် ပုဏ္ဏားကြီးရယ် ကျမကလည်း ဒါကို သိလို့ ပုဏ္ဏားကြီးအတွက် ဆေးကောင်းသုံးခွက် ဖော်စပ် ပေးထားပါတယ်” လို့ အပြုံးလေးနဲ့ ပြောရင်း ရှေ့မှာ တင်ထားတဲ့ ဆေးခွက်ကို လက်ကမ်းပေး လိုက်တော့ ကိုရွှေပုဏ္ဏားက ဘာပြောကောင်းမလဲ တကျိုက်တည်းပေါ့ မော့ချလိုက်တယ်။ ဘာမှ မေးမနေတော့ဘူး။ ချစ်သူတိုက်တဲ့ ဆေးလေ။ ကောင်းမှ ကောင်းပေါ့။

 

မိဖုရားက နောက်တခွက် ကမ်းပေးလိုက် ပြန်တယ် ပုဏ္ဏားကလည်း ထပ်မော့ချ ပြန်တယ်။ ဒီတခွက် ကျတော့ ဆေးအရသာကို နည်းနည်း ခံစားမိ သွားတယ်။ ဒုတိယခွက် ကုန်သွားတော့ မိဖုရားက တတိယမြောက် ဆေးခွက်ကို ကမ်းပေးပြန်တယ်။

 

ပုဏ္ဏားက နည်းနည်း တွန့်လာပြီး ဆေးခွက်ကို သေချာ ကြည့်မိတယ်။ မိဖုရားက “သောက်လိုက်ပါ ပုဏ္ဏားကြီးရယ် အားရှိသွားပြီး ရောဂါ ပျောက် တာပေါ့” လို့ ချိုချိုလေး ပြောလိုက်တော့ မော့ချ လိုက်ပြန်တယ်။

 

ဒီတခါတော့ ပုဏ္ဏားက မိဖုရားကို သေချာ ပြန်ကြည့်တယ်။ နောက် စဉ်းစားနေတယ်။ မိဖုရား ကလည်း ဒါကို ရိပ်မိတော့ ပုဏ္ဏားကြီးကို ၁။ ပထမ ခွက်က ဘာခွက်လဲ လို့ မေးလိုက်တော့ ကြေးခွက်ပါဘုရား တဲ့။ ဘာအရသာရှိလဲ ဆိုတော့ ဖန်တန်တန်နဲ့ပါ ဘုရားတဲ့။

 

၂။ ဒုတိယခွက်က ဘာခွက်လဲ ပုဏ္ဏားကြီးဆိုတော ငွေခွက်ပါဘုရား တဲ့။ ဘာအရသာ ရှိပါသလဲ ဆိုတော့ ဖန်တန်တန် ပါပဲ ဘုရား တဲ့။ ၃။ တတိယခွက် ကကော ဘာခွက်လဲ ပုဏ္ဏားကြီး ဆိုတော့ ရွှေခွက်ပါ ဘုရားတဲ့။ ဘာအရသာများ ရှိသလဲ ဆိုတော့ ဖန်တန်တန် ပါပဲ ဘုရား တဲ့။

 

ပုဏ္ဏားကြီးက မိဖုရားရဲ့ အမေးကို ဖြေနေရင်းနဲ့ စဉ်းစားမိ လာတယ်။ သြော် အပေါ်ယံ ခွက်ကသာ ပြောင်းပေမယ့် အထဲက အရသာက မပြောင်းဘူး ဆိုတာ မိဖုရားက ပြောချင်နေတာပဲ။ ဘာကြောင့် ပြောချင်နေတာလဲလို့ ထပ်စဉ်းစားတော့ မိဖုရားကို စွဲလမ်း နှစ်သက်မိတဲ့ အတွက်ကြောင့်ပဲ။

 

မိဖုရားအဆောင် အယောင်တွေနဲ့ ဆိုတော့ ရွှေခွက်နဲ့ တူတယ်။ အိမ်က ပုဏ္ဏားမက ပုဏ္ဏား အဆောင်အယောင်နဲ့ ဆိုတော့ ငွေခွက်နဲ့ တူတယ်။ အရသာ ကတော့ ဖန်တန်တန်ကြီး ပါပဲပေါ့။ ဒါကို မိဖုရားက ပြောချင်တာပဲ ဆိုပြီး သဘောပေါက်သွားတယ်။

 

“မှန်လှပါ သဘောပေါက်ပါပြီ မိဖုရားကြီး။ မိဖုရားကြီးက ပညာရှိပါပေတယ်” လို့ ချီးမွှမ်းလိုက်တယ်။ မိဖုရားကြီးကလည်း “ပုဏ္ဏားကြီးကလည်း ပညာရှိပါပေတယ်” လို့ ပြန်ပြော လိုက်တယ်။ ဒီတော့မှ ပုဏ္ဏားကြီးလည်း စိတ်ရောဂါတွေ ပျောက်ပြီး ပုံမှန်အတိုင်းပဲ စားနိုင် အိပ်နိုင် အလုပ် လုပ်နိုင် သွားပါတော့တယ်။

 

ဒီလို နားလည်မယ် ဆိုရင်တော့ အိမ်ထောင်ဖက် အပေါ် သစ္စာဖောက်စရာ မလိုတော့ဘူးပေါ့။ အားလုံးက ဖန်တန်တန် ပဲလေ။ {မဟာဂန္ဓာရုံဆရာတော်ဘုရားကြီး၏ အခြေပြုပဌာန်းတရားတော် စာအုပ်မှ)

Credit

Zawgyi

 

ဖန္တန္တန္ မိဖုရား

 

 

တခါတုန္းက ပုဏၰားႀကီးက ရွင္ဘုရင္နဲ႕ ေတြ႕ဖို႔ နန္းေတာ္ထဲ အခစားဝင္ရင္း အတြင္းေဆာင္ထဲကို ဝင္လာခဲ့တယ္။ ရွင္ဘုရင္နဲ႕ မေတြ႕ပဲ မိဖုရား စက္ေတာ္ေခၚ ေနတာ ေတြ႕လိုက္ ရတယ္။ လုံခ်ည္က ေလွ်ာ့ေတာ့ေတာ့နဲ႕ ဆိုေတာ့ တပ္မက္ဖြယ္ အာ႐ုံကို ျမင္ေတြ႕သြားတယ္။

 

ပုဏၰားႀကီးလည္း ဆက္ေနလို႔ မသင့္ေတာ္တာနဲ႕ ျပန္ထြက္ သြားခဲ့တယ္။ မိဖုရားႀကီးကလည္း ေျခသံၾကားလို႔ လန႔္နိုးလာၿပီး တံခါးေပါက္ကို လွမ္းၾကည့္လိုက္ေတာ့ ပုဏၰားႀကီးရဲ႕ ေက်ာျပင္ကို ေတြ႕လိုက္ရတယ္။ အဝတ္အစားကို ျပန္ျပင္ဝတ္ရင္း စိတ္ထဲမလုံမလဲ ျဖစ္ရင္း မိဖုရားႀကီး က်န္ေနခဲ့တယ္။

 

ေနာက္ရက္ေတြ က်ေတာ့ ပုဏၰားႀကီး ေနမေကာင္းလို႔ အခစား မဝင္နိုင္ေၾကာင္း ရွင္ဘုရင္ကို ေလွ်ာက္တင္ ထားေၾကာင္းလည္း သတင္းစကား ၾကားလိုက္ရေတာ့ မိဖုရားႀကီးက စဥ္းစားတယ္။ ဟိုတေန႕က ကိစၥနဲ႕ ပက္သက္ ေနသလားေပါ့။ ပုဏၰားႀကီးက ပညာေတာ္တယ္။ အေတြ႕အႀကဳံ မ်ားလို႔ ဘုရင္ႀကီးကလည္း တိုင္းျပည္အတြက္ အားထား ေနရတယ္။

 

ပုဏၰားႀကီးကလည္း ဟိုတေန႕က ျမင္ခဲ့ရတဲ့ မိဖုရားရဲ႕ လွ်ို႔ဝွက္ေသာ အလွကို မ်က္စိထဲကကို မထြက္ဘူး။ ရင္ထဲမွာ ခံစား ေနရတယ္။ စားလို႔လည္း မရ အိပ္လို႔လည္း မရ။

 

နန္းတြင္း အေစခံ တေယာက္က မိဖုရားက ပုဏၰားကို အခစား ဝင္ေစရန္ အမိန႔္ေတာ္ ေခြၽလိုက္တယ္။ မိဖုရားကို ျမင္ခ်င္ စိတ္နဲ႕ မစားနိုင္ မေသာက္နိုင္နဲ႕ အိပ္ယာထဲလဲေနတဲ့ ပုဏၰား ေငါက္ကနဲထ နန္းေတာ္ကို ႂကြပါေတာ့တယ္။

 

နန္းေတာ္လည္း ေရာက္ေရာ မိဖုရားႀကီးက အၿပဳံးေလးနဲ႕ ႀကိဳဆိုရင္း ပုဏၰာႀကီးကို “ေနမေကာင္းဘူးဆို” လို႔ ေမးလိုက္ေတာ့ “မွန္လွပါဘုရား၊ အိပ္လို႔လည္း မေပ်ာ္ စားလို႔လည္း မရ၊ ရင္ထဲမွာ တမ္းတေနတာက ဘာလိုလို ညာလိုလိုနဲ႕ ဘာကိုမွ အလိုမက် ျဖစ္ေနရပါတယ္ဘုရား” လို႔ စကားလမ္းခင္း သံေလးနဲ႕ ေလွ်ာက္တင္လိုက္တယ္။

 

မိဖုရားႀကီးကလည္း “ေၾသာ္ ပုဏၰားႀကီးရယ္ က်မကလည္း ဒါကို သိလို႔ ပုဏၰားႀကီးအတြက္ ေဆးေကာင္းသုံးခြက္ ေဖာ္စပ္ ေပးထားပါတယ္” လို႔ အၿပဳံးေလးနဲ႕ ေျပာရင္း ေရွ႕မွာ တင္ထားတဲ့ ေဆးခြက္ကို လက္ကမ္းေပး လိုက္ေတာ့ ကိုေ႐ႊပုဏၰားက ဘာေျပာေကာင္းမလဲ တက်ိဳက္တည္းေပါ့ ေမာ့ခ်လိဳက္တယ္။ ဘာမွ ေမးမေနေတာ့ဘူး။ ခ်စ္သူတိုက္တဲ့ ေဆးေလ။ ေကာင္းမွ ေကာင္းေပါ့။

 

မိဖုရားက ေနာက္တခြက္ ကမ္းေပးလိုက္ ျပန္တယ္ ပုဏၰားကလည္း ထပ္ေမာ့ခ် ျပန္တယ္။ ဒီတခြက္ က်ေတာ့ ေဆးအရသာကို နည္းနည္း ခံစားမိ သြားတယ္။ ဒုတိယခြက္ ကုန္သြားေတာ့ မိဖုရားက တတိယေျမာက္ ေဆးခြက္ကို ကမ္းေပးျပန္တယ္။

 

ပုဏၰားက နည္းနည္း တြန႔္လာၿပီး ေဆးခြက္ကို ေသခ်ာ ၾကည့္မိတယ္။ မိဖုရားက “ေသာက္လိုက္ပါ ပုဏၰားႀကီးရယ္ အားရွိသြားၿပီး ေရာဂါ ေပ်ာက္ တာေပါ့” လို႔ ခ်ိဳခ်ိဳေလး ေျပာလိုက္ေတာ့ ေမာ့ခ် လိုက္ျပန္တယ္။

 

ဒီတခါေတာ့ ပုဏၰားက မိဖုရားကို ေသခ်ာ ျပန္ၾကည့္တယ္။ ေနာက္ စဥ္းစားေနတယ္။ မိဖုရား ကလည္း ဒါကို ရိပ္မိေတာ့ ပုဏၰားႀကီးကို ၁။ ပထမ ခြက္က ဘာခြက္လဲ လို႔ ေမးလိုက္ေတာ့ ေၾကးခြက္ပါဘုရား တဲ့။ ဘာအရသာရွိလဲ ဆိုေတာ့ ဖန္တန္တန္နဲ႕ပါ ဘုရားတဲ့။

 

၂။ ဒုတိယခြက္က ဘာခြက္လဲ ပုဏၰားႀကီးဆိုေတာ ေငြခြက္ပါဘုရား တဲ့။ ဘာအရသာ ရွိပါသလဲ ဆိုေတာ့ ဖန္တန္တန္ ပါပဲ ဘုရား တဲ့။ ၃။ တတိယခြက္ ကေကာ ဘာခြက္လဲ ပုဏၰားႀကီး ဆိုေတာ့ ေ႐ႊခြက္ပါ ဘုရားတဲ့။ ဘာအရသာမ်ား ရွိသလဲ ဆိုေတာ့ ဖန္တန္တန္ ပါပဲ ဘုရား တဲ့။

 

ပုဏၰားႀကီးက မိဖုရားရဲ႕ အေမးကို ေျဖေနရင္းနဲ႕ စဥ္းစားမိ လာတယ္။ ေၾသာ္ အေပၚယံ ခြက္ကသာ ေျပာင္းေပမယ့္ အထဲက အရသာက မေျပာင္းဘူး ဆိုတာ မိဖုရားက ေျပာခ်င္ေနတာပဲ။ ဘာေၾကာင့္ ေျပာခ်င္ေနတာလဲလို႔ ထပ္စဥ္းစားေတာ့ မိဖုရားကို စြဲလမ္း ႏွစ္သက္မိတဲ့ အတြက္ေၾကာင့္ပဲ။

 

မိဖုရားအေဆာင္ အေယာင္ေတြနဲ႕ ဆိုေတာ့ ေ႐ႊခြက္နဲ႕ တူတယ္။ အိမ္က ပုဏၰားမက ပုဏၰား အေဆာင္အေယာင္နဲ႕ ဆိုေတာ့ ေငြခြက္နဲ႕ တူတယ္။ အရသာ ကေတာ့ ဖန္တန္တန္ႀကီး ပါပဲေပါ့။ ဒါကို မိဖုရားက ေျပာခ်င္တာပဲ ဆိုၿပီး သေဘာေပါက္သြားတယ္။

 

“မွန္လွပါ သေဘာေပါက္ပါၿပီ မိဖုရားႀကီး။ မိဖုရားႀကီးက ပညာရွိပါေပတယ္” လို႔ ခ်ီးမႊမ္းလိုက္တယ္။ မိဖုရားႀကီးကလည္း “ပုဏၰားႀကီးကလည္း ပညာရွိပါေပတယ္” လို႔ ျပန္ေျပာ လိုက္တယ္။ ဒီေတာ့မွ ပုဏၰားႀကီးလည္း စိတ္ေရာဂါေတြ ေပ်ာက္ၿပီး ပုံမွန္အတိုင္းပဲ စားနိုင္ အိပ္နိုင္ အလုပ္ လုပ္နိုင္ သြားပါေတာ့တယ္။

 

ဒီလို နားလည္မယ္ ဆိုရင္ေတာ့ အိမ္ေထာင္ဖက္ အေပၚ သစၥာေဖာက္စရာ မလိုေတာ့ဘူးေပါ့။ အားလုံးက ဖန္တန္တန္ ပဲေလ။ {မဟာဂႏၶာ႐ုံဆရာေတာ္ဘုရားႀကီး၏ အေျချပဳပဌာန္းတရားေတာ္ စာအုပ္မွ)

Credit

Likes:
0 0
Views:
525
Article Categories:
KNOWLEDGE

Leave a Reply

Your email address will not be published. Required fields are marked *