အာ ရှ ဒေ သ ရှိ ယူနက်စကို ယဉ်ကျေးမှုအမွေအနှစ် နေရာများ

အာရှဒေသရှိ ယူနက်စကို ယဉ်ကျေးမှုအမွေအနှစ် နေရာများ

 

 

အာရှဒေသရှိ ယူနက်စကို ယဉ်ကျေးမှုအမွေအနှစ်နေရာများ

ကျွန်တော်တို့ မြန်မာနိုင်ငံမှာရှိတဲ့ ပုဂံဒေသဟာ ယူနက်စကိုယဉ်ကျေးမှုအမွေအနှစ် နေရာတစ်ခုအဖြစ် ၂၀၁၉ ခုနှစ်၊ ဇူလိုင်လမှာ သတ်မှတ်ခံခဲ့ရပါတယ်။ ဒီလိုပဲ အာရှဒေသမှာ ယူနက်စကိုအမွေအနှစ် သတ်မှတ်ခံရတဲ့ နေရာများစွာရှိနေပါတယ်။

 

 

 

မျက်စိပသာဒဖြစ်စရာ မြေမျက်နှာသွင်ပြင်အနေအထားတွေ ထူးခြားပြောင်မြောက်တဲ့ ဗိသုကာလက်ရာတွေ၊ သမိုင်းဝင်နေရာတွေ၊ သဘာဝအလျောက်ဖြစ်ပေါ်နေတဲ့ အံ့အား သင့်စရာနေရာတွေနဲ့ ဘာသာရေးယုံကြည်မှုအထိမ်းအမှတ် ဗဟိုဌာနတွေပဲဖြစ်ကြပါတယ်။

ဒီလိုထူးခြားတဲ့ နေရာ၊ ဒေသ၊ အဆောက်အအုံတွေကို တင်ပြလိုက်ရပါတယ်။

၁။ တာ့ဂျမြဟာ (အိန်ဒိယ)

တာ့ဂ်ျမဟာအဆောက်အအုံသည် အိန္ဒိယနိုင်ငံ၊ ဥတ္တာပရာဒေ့ရှ်ပြည်နယ်တွင် တည်ရှိသည်။ယူနက်စကို ကမ္ဗည်းထိုးသည့်ခုနှစ်ကတော့ ၁၉၈၃ ခုနှစ် ဖြစ်သည်။

တာ့ဂျ်မဟာအဆောက်အအုံသည် ဥတ္တာပရာဒေ့ရှ်ပြည်နယ်ရှိ၊ အဂ္ဂရာဘောတွင် အကျယ်အဝန်း ၁၇ ဟက်တာနီးပါးရှိသော Mughal ဥယျာဉ်အတွင်းရှိ ယမုန်နာမြစ်၏ လက်ယာဘက်ကမ်းတွင်ရှိသည်။

 

 

၎င်းအဆောက်အအုံကို Mughal ဧကရာဇ် ရှားဂျဟန်းက မိဖုရား Mumtaz Mahal ၏ အမှတ်တရအဖြစ် တည်ဆောက်ခဲ့ခြင်းဖြစ်သည်။ တည်ဆောက်မှုများကို အေဒီ ၁၆၃၂ ခုနှစ်တွင်စတင်ခဲ့ပြီး အေဒီ ၁၆၄၈ ခုနှစ်တွင် ပြီးစီးခဲ့သည်။

ဗလီ၊ ဧည့်ရိပ်သာ၊ တောင်ဘက်ရှိ အဓိကဝင်ပေါက်လမ်း၊ အပြင်ဘက်ခြံဝင်းနှင့် ပတ်ဝန်းကျင်နေရာများကို နောက်ပိုင်းတွင် ထပ်မံတည်ဆောက်ခဲ့ပြီး အေဒီ ၁၆၅၃ ခုနှစ်တွင် ပြီးစီးခဲ့သည်။

အဆောက်အအုံဆောက်လုပ်ရန်အတွက် ပန်းရံဆရာများ၊ ကျောက်တုံးဖြတ်သမားများ၊ ပန်းပုထုသူများ၊ ပန်းချီဆရာများ၊ လက်ရေးအလှရေးသူများ၊ ဆောက်လုပ်ရေးပညာရှင်များနှင့် အခြားပညာရှင်များကို အင်ပါယာတစ်ခုလုံးအပြင် အလယ်အာရှနှင့် အီရန်တို့မှ ခေါ်ယူခဲ့သည်ဟုသိရသည်။အဓိက ဗိသုကာ ပညာရှင်မှာ အူစတက်အာမက်လာဟိုရီဖြစ်သည်။

၂။ အန်‌ကော (ကမ္ဘောဒီးယား)

ကမ္ဘောဒီးယားနိုင်ငံ၊ဆီရန်ဂိုတွင် တည်ရှိသည်။ယူနက်စကို ကမ္ပည်းထိုးသည့် ခုနှစ်မှာ ၁၉၉၂ ခုနှစ်ဖြစ်သည်။

အန်ကောသည် အရှေ့တောင်အာရှဒေသတွင် အရေးအပါဆုံးသောရှေးဟောင်းသုတေသနနေရာ တစ်ခုဖြစ်သည်။ အန်ကောရှေးဟောင်းသုတေသန ဥယျာဉ်တွင် ၉ ရာစုမှ ၁၅ ရာစုအတွင်း ခမာအင်ပါယာ၏ကွဲပြားခြားနားသည့်မြို့တော်များ၏ ထူးခြားပြောင်မြောက်သော ရုပ်ကြွင်းများ တည်ရှိသည်။

 

 

၎င်းတို့ထဲတွင် နာမည်ကျော် အန်ကောဝပ်ဘုရားကျောင်း၊ အန်ကောထုံ၊ ဘေယွန်၊ပရီစန်နှင့် တာပရွန်တို့ပါရှိပြီ၊ ၎င်းတို့အားလုံးတွင် မရေတွက်နိုင်သော ပန်းပုလက်ရာများ ရှိသည်။

ယူနက်စကိုက အထိမ်းအမှတ်နေရာဖြစ်သည့် အန်ကောနယ်မြေနှင့် ၎င်း၏ ပတ်ဝန်းကျင်ကို ထိန်းသိမ်းစောင့်ရှောက်ရန် ကျယ်ပြန့်သောအစီအစဉ် တစ်ခု ရေးဆွဲချမှတ်ထားသည်။

၃။ သမိုင်းဝင် ဗီဂန်မြို့ (ဖိလစ်ပိုင်)

ဖိလစ်ပိုင်နိုင်ငံ၊အီလိုကော့ဆာ၊ လူဇုန်တွင် တည်ရှိသည်။ယူနက်စကို ကမ္ပည်းထိုးသည့်ခုနှစ်မှာ ၁၉၉၉ ခုနှစ် ဖြစ်သည်။

ဗီဂန် (vigan)မြို့ သည် ၁၆ ရာစုတွင် တည်ထောင်ခဲ့သည့် အာရှဒေသ၏ အစီအစဉ်ကျနသော စပိန်ကိုလိုနီမြို့ တစ်မြို့ဖြစ်ပြီး ပျက်စီးယိုယွင်းမှုမရှိသော နမူနာကောင်းနေရာလည်းဖြစ်သည်။

၎င်း၏ဗိသုကာ လက်ရာမှာ ဖိလစ်ပိုင်၊ တရုတ်၊ ဥရောပနှင့် မက္ကဆီကိုတို့မှလက်ရာများပေါင်းစပ်ထားရှိပြီး အရှေ့နှင့် အရှေ့တောင်အာရှတွင် အလားတူမြို့ ပုံစံမရှိပေ။

 

 

ကိုလိုနီခေတ်မတိုင်မီ အရေးပါသော ကုန်သွယ်ဆိပ်ကမ်းမြို့ဖြစ်သည့် ဗီဂန်သည် လူဇုန်ကျွန်းမကြီး၏ အနောက်မြောက်ကမ်းရိုးတန်းတစ်လျှောက်ရှိ Abra မြစ်ဝကျွန်းပေါ်ဒေသတွင်တည်ရှိသည်။

ယူနက်စကို ကမ္ဗည်းတင်ထားသည့် စုစုပေါင်းဧရိယာမှာ ၁၇ ၁သမ ၂၅ ဟက်တာရှိသည်။ရိုးရာပလာဇာ အဆောက်အအုံ ၂ ခု ပါရှိပြီး စိန်ပေါလ်ဘုရားကျောင်း Arch bishop နန်းတော်၊ မြို့တော်ခန်းမနှင့် ခရိုင်ကက်ပီ တိုအဆောက်အအုံတို့လည်း တည်ရှိသည်။

၄။ လန်ဂေါင်းချိုင့်ဝှမ်း ရှေးဟောင်းသုတေသန အမွေအနှစ်နယ်မြေ (မလေးရှား)

မလေးရှားနိုင်ငံ၊ဟူလူဗီရက်ခရိုင်၊ ပီရက်တွင် တည်ရှိသည်။ယူနက်စကို ကမ္ပည်းထိုးသည့်ခုနှစ် မှာ ၂၀၁၂ ခုနှစ်ဖြစ်သည်။

စိမ်းလန်းစိုပြည်သော လန်ဂေါင်းချိုင့်ဝှမ်းတည်ရှိသည့် အဆိုပါ မြေတွင် ရှေးဟောင်းသုတေသနနေရာ ၄ ခုမှာ ၂ ခုစီတွဲလျက် တည်ရှိပြီး ၎င်း၏သက်တမ်းမှာ နှစ်ပေါင်း ၂ သန်းရှိသည်။

 

 

အဆိုပါနယ်မြေတွင် ပွင့်လင်းလတ်ဆတ်သောလေနှင့် လိုဏ်ဂူများတည်ရှိပြီး စိတ်ဝင်စားဖွယ်ရာ ရှေးဟောင်းနည်းပညာ အထောက်အထားများရှိသည့် ရှေးဟောင်း ကျောက်ခေတ် အလုပ်ရုံများလည်းရှိသည်။

အဆိုပါဒေသတွင် တွေ့ရှိရသော နယ်မြေများမှာ လွန်ခဲ့သည့်နှစ်ပေါင်း ၂ ဒသမ ၅ သန်းကာလ ကျောက်ခေတ် (Palaeolithic) နှင့် ကျောက်ခေတ်နှောင်းပိုင်းခေတ် (Neolithic)ယဉ်ကျေးမှု လက်ရာများကို တွေ့ရှိရသည်။

၅။ ဆူမတြာ အပူပိုင်းမုတ်သုံသပ်တာ အမွေအနှစ် (အင်ဒိုနီးရှား)

အင်ဒိုနီးရှားနိုင်ငံ၊ဆူမတြာဒေသတွင် တည်ရှိသည်။ယူနက်စကို ကမ္ဗည်းထိုးသည့်ခုနှစ်မှာ ၂၀၀၄ ခုနှစ် ဖြစ်သည်။

ဧက ၂ ဒသမ ၅ သန်းကျယ်ဝန်းသည့် ဆူမတြာ အပူပိုင်းမုတ်သုံသစ်တောအမွေအနှစ်တွင် အမျိုးသား ဥယျာဉ် ၃ ခုဖြစ်သည့် Gunung Leuser အမျိုးသား ဥယျာဉ်၊ Kerinci Seblat အမျိုးသားဥယျာဉ်နှင့် Bukit Barisan Selatan အမျိုးသားဥယျာဉ်တို့ ပါဝင်သည်။

 

 

အဆိုပါနယ်မြေမှာ ဆူမတြာကျွန်း၏ ထင်ရှားသော ရှားပါးတိရစ္ဆာန်နှင့်အပင်မျိုးစိတ်များ ရေရှည်ထိန်းသိမ်း စောင့်ရှောက်ရေးအတွက် အကြီးမားဆုံးအလားအလာကောင်း နေရာဖြစ်သည်။

အဆိုပါ စောင့်ရှောက်ကာကွယ်ရေးနယ်မြေသည် ဒေသခံအပင်နှင့် တိရစ္ဆာန်မျိုးစိတ် ၁၇ ခု၊ နို့တိုက်သတ္တဝါမျိုးစိတ် ၂ဝဝ တို့နေထိုင်ရာဖြစ်ပြီး ငှက်မျိုးစိတ် ၅၈ဝ ခန့်လည်းနေထိုင်ကြသည်။

ဆူမတြာကျွန်းရှိ အပင်စုစုပေါင်း၏ ၅၀ ရာခိုင်နှုန်းကို ၎င်းဥယျာဉ် ၃ ခုတွင် တွေ့ရှိရသည်။ အဆိုပါနယ်မြေတွင် ဆူမတြာ ကျွန်းဖြစ်ပေါ်လာခြင်း၏ ဇီဝပထဝီဆိုင်ရာအထောက်အထားများလည်း တွေ့ရှိရသည်။

Credit

Zawgyi

 

အာရွေဒသရွိ ယူနက္စကို ယဥ္ေက်းမႈအေမြအႏွစ္ ေနရာမ်ား

အာရွေဒသရွိ ယူနက္စကို ယဥ္ေက်းမႈအေမြအႏွစ္ေနရာမ်ား

ကြၽန္ေတာ္တို႔ ျမန္မာနိုင္ငံမွာရွိတဲ့ ပုဂံေဒသဟာ ယူနက္စကိုယဥ္ေက်းမႈအေမြအႏွစ္ ေနရာတစ္ခုအျဖစ္ ၂၀၁၉ ခုႏွစ္၊ ဇူလိုင္လမွာ သတ္မွတ္ခံခဲ့ရပါတယ္။ ဒီလိုပဲ အာရွေဒသမွာ ယူနက္စကိုအေမြအႏွစ္ သတ္မွတ္ခံရတဲ့ ေနရာမ်ားစြာရွိေနပါတယ္။

 

မ်က္စိပသာဒျဖစ္စရာ ေျမမ်က္ႏွာသြင္ျပင္အေနအထားေတြ ထူးျခားေျပာင္ေျမာက္တဲ့ ဗိသုကာလက္ရာေတြ၊ သမိုင္းဝင္ေနရာေတြ၊ သဘာဝအေလ်ာက္ျဖစ္ေပၚေနတဲ့ အံ့အား သင့္စရာေနရာေတြနဲ႕ ဘာသာေရးယုံၾကည္မႈအထိမ္းအမွတ္ ဗဟိုဌာနေတြပဲျဖစ္ၾကပါတယ္။

ဒီလိုထူးျခားတဲ့ ေနရာ၊ ေဒသ၊ အေဆာက္အအုံေတြကို တင္ျပလိုက္ရပါတယ္။

၁။ တာ့ဂ်ျမဟာ (အိန္ဒိယ)

တာ့ဂ္်မဟာအေဆာက္အအုံသည္ အိႏၵိယနိုင္ငံ၊ ဥတၱာပရာေဒ့ရွ္ျပည္နယ္တြင္ တည္ရွိသည္။ယူနက္စကို ကမၺည္းထိုးသည့္ခုႏွစ္ကေတာ့ ၁၉၈၃ ခုႏွစ္ ျဖစ္သည္။

တာ့ဂ်္မဟာအေဆာက္အအုံသည္ ဥတၱာပရာေဒ့ရွ္ျပည္နယ္ရွိ၊ အဂၢရာေဘာတြင္ အက်ယ္အဝန္း ၁၇ ဟက္တာနီးပါးရွိေသာ Mughal ဥယ်ာဥ္အတြင္းရွိ ယမုန္နာျမစ္၏ လက္ယာဘက္ကမ္းတြင္ရွိသည္။

၎အေဆာက္အအုံကို Mughal ဧကရာဇ္ ရွားဂ်ဟန္းက မိဖုရား Mumtaz Mahal ၏ အမွတ္တရအျဖစ္ တည္ေဆာက္ခဲ့ျခင္းျဖစ္သည္။ တည္ေဆာက္မႈမ်ားကို ေအဒီ ၁၆၃၂ ခုႏွစ္တြင္စတင္ခဲ့ၿပီး ေအဒီ ၁၆၄၈ ခုႏွစ္တြင္ ၿပီးစီးခဲ့သည္။

ဗလီ၊ ဧည့္ရိပ္သာ၊ ေတာင္ဘက္ရွိ အဓိကဝင္ေပါက္လမ္း၊ အျပင္ဘက္ၿခံဝင္းႏွင့္ ပတ္ဝန္းက်င္ေနရာမ်ားကို ေနာက္ပိုင္းတြင္ ထပ္မံတည္ေဆာက္ခဲ့ၿပီး ေအဒီ ၁၆၅၃ ခုႏွစ္တြင္ ၿပီးစီးခဲ့သည္။

အေဆာက္အအုံေဆာက္လုပ္ရန္အတြက္ ပန္းရံဆရာမ်ား၊ ေက်ာက္တုံးျဖတ္သမားမ်ား၊ ပန္းပုထုသူမ်ား၊ ပန္းခ်ီဆရာမ်ား၊ လက္ေရးအလွေရးသူမ်ား၊ ေဆာက္လုပ္ေရးပညာရွင္မ်ားႏွင့္ အျခားပညာရွင္မ်ားကို အင္ပါယာတစ္ခုလုံးအျပင္ အလယ္အာရွႏွင့္ အီရန္တို႔မွ ေခၚယူခဲ့သည္ဟုသိရသည္။အဓိက ဗိသုကာ ပညာရွင္မွာ အူစတက္အာမက္လာဟိုရီျဖစ္သည္။

၂။ အန္‌ေကာ (ကေမာၻဒီးယား)

ကေမာၻဒီးယားနိုင္ငံ၊ဆီရန္ဂိုတြင္ တည္ရွိသည္။ယူနက္စကို ကမၸည္းထိုးသည့္ ခုႏွစ္မွာ ၁၉၉၂ ခုႏွစ္ျဖစ္သည္။

အန္ေကာသည္ အေရွ႕ေတာင္အာရွေဒသတြင္ အေရးအပါဆုံးေသာေရွးေဟာင္းသုေတသနေနရာ တစ္ခုျဖစ္သည္။ အန္ေကာေရွးေဟာင္းသုေတသန ဥယ်ာဥ္တြင္ ၉ ရာစုမွ ၁၅ ရာစုအတြင္း ခမာအင္ပါယာ၏ကြဲျပားျခားနားသည့္ၿမိဳ႕ေတာ္မ်ား၏ ထူးျခားေျပာင္ေျမာက္ေသာ ႐ုပ္ႂကြင္းမ်ား တည္ရွိသည္။

၎တို႔ထဲတြင္ နာမည္ေက်ာ္ အန္ေကာဝပ္ဘုရားေက်ာင္း၊ အန္ေကာထုံ၊ ေဘယြန္၊ပရီစန္ႏွင့္ တာပ႐ြန္တို႔ပါရွိၿပီ၊ ၎တို႔အားလုံးတြင္ မေရတြက္နိုင္ေသာ ပန္းပုလက္ရာမ်ား ရွိသည္။

ယူနက္စကိုက အထိမ္းအမွတ္ေနရာျဖစ္သည့္ အန္ေကာနယ္ေျမႏွင့္ ၎၏ ပတ္ဝန္းက်င္ကို ထိန္းသိမ္းေစာင့္ေရွာက္ရန္ က်ယ္ျပန႔္ေသာအစီအစဥ္ တစ္ခု ေရးဆြဲခ်မွတ္ထားသည္။

၃။ သမိုင္းဝင္ ဗီဂန္ၿမိဳ႕ (ဖိလစ္ပိုင္)

ဖိလစ္ပိုင္နိုင္ငံ၊အီလိုေကာ့ဆာ၊ လူဇုန္တြင္ တည္ရွိသည္။ယူနက္စကို ကမၸည္းထိုးသည့္ခုႏွစ္မွာ ၁၉၉၉ ခုႏွစ္ ျဖစ္သည္။

ဗီဂန္ (vigan)ၿမိဳ႕ သည္ ၁၆ ရာစုတြင္ တည္ေထာင္ခဲ့သည့္ အာရွေဒသ၏ အစီအစဥ္က်နေသာ စပိန္ကိုလိုနီၿမိဳ႕ တစ္ၿမိဳ႕ျဖစ္ၿပီး ပ်က္စီးယိုယြင္းမႈမရွိေသာ နမူနာေကာင္းေနရာလည္းျဖစ္သည္။

၎၏ဗိသုကာ လက္ရာမွာ ဖိလစ္ပိုင္၊ တ႐ုတ္၊ ဥေရာပႏွင့္ မကၠဆီကိုတို႔မွလက္ရာမ်ားေပါင္းစပ္ထားရွိၿပီး အေရွ႕ႏွင့္ အေရွ႕ေတာင္အာရွတြင္ အလားတူၿမိဳ႕ ပုံစံမရွိေပ။

ကိုလိုနီေခတ္မတိုင္မီ အေရးပါေသာ ကုန္သြယ္ဆိပ္ကမ္းၿမိဳ႕ျဖစ္သည့္ ဗီဂန္သည္ လူဇုန္ကြၽန္းမႀကီး၏ အေနာက္ေျမာက္ကမ္းရိုးတန္းတစ္ေလွ်ာက္ရွိ Abra ျမစ္ဝကြၽန္းေပၚေဒသတြင္တည္ရွိသည္။

ယူနက္စကို ကမၺည္းတင္ထားသည့္ စုစုေပါင္းဧရိယာမွာ ၁၇ ၁သမ ၂၅ ဟက္တာရွိသည္။ရိုးရာပလာဇာ အေဆာက္အအုံ ၂ ခု ပါရွိၿပီး စိန္ေပါလ္ဘုရားေက်ာင္း Arch bishop နန္းေတာ္၊ ၿမိဳ႕ေတာ္ခန္းမႏွင့္ ခရိုင္ကက္ပီ တိုအေဆာက္အအုံတို႔လည္း တည္ရွိသည္။

၄။ လန္ေဂါင္းခ်ိဳင့္ဝွမ္း ေရွးေဟာင္းသုေတသန အေမြအႏွစ္နယ္ေျမ (မေလးရွား)

မေလးရွားနိုင္ငံ၊ဟူလူဗီရက္ခရိုင္၊ ပီရက္တြင္ တည္ရွိသည္။ယူနက္စကို ကမၸည္းထိုးသည့္ခုႏွစ္ မွာ ၂၀၁၂ ခုႏွစ္ျဖစ္သည္။

စိမ္းလန္းစိုျပည္ေသာ လန္ေဂါင္းခ်ိဳင့္ဝွမ္းတည္ရွိသည့္ အဆိုပါ ေျမတြင္ ေရွးေဟာင္းသုေတသနေနရာ ၄ ခုမွာ ၂ ခုစီတြဲလ်က္ တည္ရွိၿပီး ၎၏သက္တမ္းမွာ ႏွစ္ေပါင္း ၂ သန္းရွိသည္။

အဆိုပါနယ္ေျမတြင္ ပြင့္လင္းလတ္ဆတ္ေသာေလႏွင့္ လိုဏ္ဂူမ်ားတည္ရွိၿပီး စိတ္ဝင္စားဖြယ္ရာ ေရွးေဟာင္းနည္းပညာ အေထာက္အထားမ်ားရွိသည့္ ေရွးေဟာင္း ေက်ာက္ေခတ္ အလုပ္႐ုံမ်ားလည္းရွိသည္။

အဆိုပါေဒသတြင္ ေတြ႕ရွိရေသာ နယ္ေျမမ်ားမွာ လြန္ခဲ့သည့္ႏွစ္ေပါင္း ၂ ဒသမ ၅ သန္းကာလ ေက်ာက္ေခတ္ (Palaeolithic) ႏွင့္ ေက်ာက္ေခတ္ေႏွာင္းပိုင္းေခတ္ (Neolithic)ယဥ္ေက်းမႈ လက္ရာမ်ားကို ေတြ႕ရွိရသည္။

၅။ ဆူမၾတာ အပူပိုင္းမုတ္သုံသပ္တာ အေမြအႏွစ္ (အင္ဒိုနီးရွား)

အင္ဒိုနီးရွားနိုင္ငံ၊ဆူမၾတာေဒသတြင္ တည္ရွိသည္။ယူနက္စကို ကမၺည္းထိုးသည့္ခုႏွစ္မွာ ၂၀၀၄ ခုႏွစ္ ျဖစ္သည္။

ဧက ၂ ဒသမ ၅ သန္းက်ယ္ဝန္းသည့္ ဆူမၾတာ အပူပိုင္းမုတ္သုံသစ္ေတာအေမြအႏွစ္တြင္ အမ်ိဳးသား ဥယ်ာဥ္ ၃ ခုျဖစ္သည့္ Gunung Leuser အမ်ိဳးသား ဥယ်ာဥ္၊ Kerinci Seblat အမ်ိဳးသားဥယ်ာဥ္ႏွင့္ Bukit Barisan Selatan အမ်ိဳးသားဥယ်ာဥ္တို႔ ပါဝင္သည္။

အဆိုပါနယ္ေျမမွာ ဆူမၾတာကြၽန္း၏ ထင္ရွားေသာ ရွားပါးတိရစာၦန္ႏွင့္အပင္မ်ိဳးစိတ္မ်ား ေရရွည္ထိန္းသိမ္း ေစာင့္ေရွာက္ေရးအတြက္ အႀကီးမားဆုံးအလားအလာေကာင္း ေနရာျဖစ္သည္။

အဆိုပါ ေစာင့္ေရွာက္ကာကြယ္ေရးနယ္ေျမသည္ ေဒသခံအပင္ႏွင့္ တိရစာၦန္မ်ိဳးစိတ္ ၁၇ ခု၊ နို႔တိုက္သတၱဝါမ်ိဳးစိတ္ ၂ဝဝ တို႔ေနထိုင္ရာျဖစ္ၿပီး ငွက္မ်ိဳးစိတ္ ၅၈ဝ ခန႔္လည္းေနထိုင္ၾကသည္။

ဆူမၾတာကြၽန္းရွိ အပင္စုစုေပါင္း၏ ၅၀ ရာခိုင္ႏႈန္းကို ၎ဥယ်ာဥ္ ၃ ခုတြင္ ေတြ႕ရွိရသည္။ အဆိုပါနယ္ေျမတြင္ ဆူမၾတာ ကြၽန္းျဖစ္ေပၚလာျခင္း၏ ဇီဝပထဝီဆိုင္ရာအေထာက္အထားမ်ားလည္း ေတြ႕ရွိရသည္။

Credit

 

 

 

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *