မာနမရှိတဲ့ နောင်တော်ကြီးမင်း အကြောင်း

မာနမရှိတဲ့ နောင်တော်ကြီးမင်း အကြောင်း

 

 

အလောင်းမင်းတရား နတ်ရွာစံပြီးနောက် ထီးနန်းကို နောင်တော်ကြီး (ဒီပဲယင်းမင်း) က ဆက်ခံခဲ့သည်။ နန်းတက်စတွင် ဖခင်နှင့် ပြည်ထောင်ဖက် ရဲဘော်ကြီးဖြစ်သည့် မင်း‌​ေခါင်နော်ရထာဘွဲ့ခံ မုဆိုးချုံ ဗိုလ်တွန်(ဦးတွန်) ၏ ပုန်ကန်မှုကို စတင်ရင်ဆိုင်ရသည်။

အပြစ်မယူပါဟု အတန်တန်မှာသော်လည်း ဦးတွန်မှာ နောင်တော်ကြီး၏ ညီတော်ဆင်ဖြူရှင်မင်း ကို မယုံကြည်သဖြင့် နန်းတွင်းသို့ ပြန်မ၀င်ပဲ အင်း၀ကို သိမ်းပိုက်ကာအခိုင်အလုံနေခဲ့သည်။ ဦးတွန်ကို နှိမ်နှင်းရသည့်အပြင် အလောင်းမင်းတရားမရှိသည်နှင့် ထကြွသောဒေသအသီသီးမှ ပုန်ကန်မှုများကိုလည်း လိုက်လံနှိမ်နှင်းခဲ့သည်။

ဆင်ဖြူရှင်မင်းလက်ထက် စစ်ရေးအင်အားအတောင့်တင်းဆုံးဖြစ်နေခဲ့သည်မှာ ပုန်ကန်မှုများကို နှိမ်နှင်းကာစုစည်းပေးခဲ့သော နောင်တော်ကြီးမင်း၏ ကျေးဇူးပင်ဖြစ်သည်။

နောင်တော်ကြီး သည် ဘုရင်ဖြစ်သော်လည်း ဟိတ်နှင့်ဟန်နှင့် မနေတတ် သာမန်လူတစ်ယောက်ကဲ့သို့သာ နေသလို အမှုထမ်းများအပေါ်တွင်လည်း ကြင်နာစွာ ဆက်ဆံတတ်သူဖြစ်သည်။ တခါတရံ နောက်လိုက်များနှင့် မန်းကျည်းတော ၊ မန်းကျည်းပင်အောက်၌ ထိုင်ကာ ဆားငါးပိ တို့နှင့် မန်ကျည်းသီးများကို ကိုယ်တိုင်ထုထောင်းစားတတ်သည်။

မှူးမတ်တို့က ဘုရင့်ဂုဏ်နှင့် မသင့်တော်သဖြင့် ရှောင်ကြဉ်ပါဟု လျှောက်သော် နောင်တော်ကြီးက “ငါယခုကဲ့သို့နေထိုင်စားသောက်ခြင်းမှာ တိုင်းပြည်အတွက် ၀န်လေးစေပါသလား” ဟု ပြန်မေးသည်။

မှူးမတ်များက ” ၀န်မလေးပါ” ဟု လျှောက်သော် နောင်တော်ကြီးက “တိုင်းပြည်၀န်လေးမည့် ကိစ္စဆိုလျှင် ငါရှောင်ပါမည် ၊ ယခုတိုင်းပြည်အတွက် ၀န်မလေးသဖြင့် ငါနေတတ်သလိုနေပါရစေ” ဟု အခွင့်ပန်သည့် အနေဖြင့် ပြန်မိန့်သည်။

နောင်တော်ကြီးသည် ရွှေဘို နှင့် စစ်ကိုင်း နှစ်ရပ်လုံးတွင် တစ်လှည့်စီစံလေ့ရှိသည်။ ခွန်အားကြီးမားသည့်အပြင် သန်မာလျှင်မြန်သော မြင်းကောင်းလည်း ရှိသည်ဖြစ်သဖြင့် စိတ်ထဲပေါ်လာလျှင် ချက်ချင်းထသွားလေ့ရှိသည်။ မှူးမတ်များမှာ နောက်က အပြင်းလိုက်သော်လည်း ပြတ်ကျန်ခဲ့သည် သာများသည်။

တခါကလည်း စစ်ကိုင်းမှ ရွှေဘိုသို့ ပြန်ရာတွင် နောက်လိုက် နောက်ပါများမှာ ဝေးလံစွာပြတ်ကျန်ခဲ့ပြီး တစ်ကိုယ်တည်းနှင်လာရာ ရွှေဘိုမှ ၁၄မိုင် အကွာ ခေါ်တောအရပ်သို့ ရောက်ခဲ့သည်။ ထိုနေရာတွင် သခွားယာခင်းတစ်ခင်းကို တွေ့လေလျှင် ဆာလောင်မွတ်သိပ်လှပြီ ဖြစ်သဖြင့် “သခွားသီး စားပါရစေ” ဟု ယာခင်းရှင်ထံ ကောင်းမွန်စွာ သွားတောင်းသည်။

ပိုင်ရှင်ကလည်း စားချင်သလောက်စားပါ ၊ အပင်အနွယ်တို့ကိုကား မပျက်ပါစေနှင့် ဟု အခွင့်ပေးသည်။ သို့ဖြင့်ခူးစားရာနောင်တော်ကြီးသည် ဖြတ်၍မခူးပဲ ဆွတ်၍ခူးသဖြင့် အပင် ၊ အနွယ်များပါ ပါလာကာ အတော်အသင့်ပျက်စီးကုန်၏။ ယာရှင်းခင် မြင်သော် “နင်သည် စားရုံစား ၊ မဖျက်ပါဟု ငါပြောလျှက်ဖျက်ရာသလော” ဟု သတ်မည်ပုတ်မည်ပြု၏။

နောင်တော်ကြီးကလည်း “နင်ယောင်္ကျားကောင်းဆိုလျှင် ငါတို့သတ်ပုတ်ကြအံ့” ဟု ဆိုပြီး သတ်ပုတ်ကြရာ အင်အားကြီးမားလှသော နောင်တော်ကြီးကို မနိုင်ပဲယာခင်းရှင်သာ အမြဲအောက်ကျ၏။ အတန်ကြာသော် ယာခင်းရှင်က မောလှပြီဖြစ်၍ မတတ်နိုင်တော့ပဲ အဘယ်သို့သော လူဖြစ်သနည်းဟု တွေးတောကာ ထိုင်ကြည့်နေ၏။ နောင်တော်ကြီးက အပြုံးမပျက် သခွားသီးများကိုသာ စားနေ၏။

ထိုစဉ် ယာခင်းရှင်၏ မိန်းမသည် ထမင်းပို့ရောက်လာ၍ ထမင်းတောင်းကိုမြေသို့ချသော် နောင်တော်ကြီးက “ယောက်ဖ ၊ ငါလည်းထမင်းစားပါရစေ” ဟု ဆိုရာ ယာခင်းရှင်က ဒေါသဖြစ်၍ “မစားရဘူး ၊ နင်သည် ငါ့သခွားသီးကိုစား၏ ၊ သခွားခင်းအားလည်း ဖျက်၏ ၊နင့်အားမကျွေးနိုင်” ဟု အော်ဟစ်၏။

ယာရှင်၏ မိန်းမက ယာရှင်အား လက်တို့ပြီး “ယာပြင်ဘက်မှာ ရွှေကတောင် နှင့် မြင်းကောင်းတစ်စီး ချိတ်ထားသည်ကို ငါတွေ့သည်။ ဤသူသည် သာမန်သူမဟုတ် ဘုရင်ဖြစ်ပုံရ၏” ဟုဆိုကာ မှန်မမှန် အကဲခတ်နေကြ၏။ နောင်တော်ကြီး၏ နောက်လိုက်နောက်ပါများ မီလာပြီး ရှေ့တော်တွင် ဒူးတုပ်ကြမှ ယာရှင်လင်မယားမှာ မင်းဖြစ်ကြောင်းသိကာ အလွန်ထိတ်လန့်သွားပြီး ရှိခိုးတောင်းပန်ကြသည်။

 

နောင်တော်ကြီးမင်းက ပြုံးရယ်လျှက် “သင်တို့ကတောင်းပန်ရန် မရှိ ၊ သင့်သခွားသီးကိုလည်း ငါစားရသည် ၊ သတ်ပုတ်ရသည်မှာလည်း ငါသဘောတူ၍ဖြစ်သည် ၊ ဘာမျှမကြောက်လင့် ၊ သင့်သခွားသီးများသည် အရသာရှိလှသည် ၊ နန်းတော်သို့ လာရောက်ဆက်သဘိ” ဟု ပြန်မိန့်သည်။

ကာလအတန်ကြာသော် ယာရှင်လည်း နန်းတော်သို့၀င်ကာ သခွားသီးများကို ဆက်သသည်။ နောင်တော်ကြီးကလည်း ယာရှင်၏ ကျေးဇူးကိုမမေ့ပဲ “ကျေးဇူးတင်ကြောင်း ၊ အလိုရှိရာကိုတောင်းနိုင်ကြောင်း” ပြန်မိန့်သည်။ ရိုးသားသော ယာရှင်မှာ သူ့ကို သူကြီးမှ နှိပ်စက်နေသည် သိသည်။ သို့ကြောင့် သူကြီးအာဏာမှ ကင်းလွတ်ခွင့်သာပေးပါ ဟု လျှောက်သည်။

နောင်တော်ကြီးက “သူကြီးအာဏာလည်း ကင်းလွတ်မည် ၊ နောက်လိုတာကိုထပ်လျှောက်ဦး” ဟု မိန့်သော်လည်း ယာရှင်မှာ ဘာမှမလိုတော့ပါဟု ဆိုသဖြင့် ထန်းရွက်တွင် ယာရှင်အလိုရှိသော အမိန့်တော်ကို ရေးကာ ကိုယ်တိုင် တံဆိပ်လက်ရာ ရေးထိုးပေးတော်မူသည်။

ယာရှင်သည် နောင်တော်ကြီးဘုရားနောက် ညီတော် ဘိုးတော်ဘုရားလက်ထက်တိုင် နေရလေ၏။ မင်းမိန့်ဖြင့် ဆင့်ရာ နောင်တော်ကြီး၏ စာချွန်တော်ကို မြင်ရသဖြင့် အလွန်မြတ်နိုးလှပြီး ထိမ်းသိမ်းဖို့ မိမိအားပေးရန် တောင်းသည်။ ယာရှင်မှာ လက်ခံပဲ အတန်တန်ငြင်းသည်။

နောင်တော်ကင်းလွတ်ခွင့်ပေးထားသူ ဖြစ်သဖြင့် ဘိုးတော်ဘုရားမှာ အာဏာဖြင့် သိမ်း၍မရပဲ ချော့ကာတောင်းခြင်းဖြစ်သည်။ နောက်မှ “နောင်တော်လည်း ဘုရင် ၊ ငါလည်းဘုရင် ၊ နောင်တော်ရေးသကဲ့သို့ပင် ငါလည်းသင့်ကိုရေးပေးမည် ၊ ငါ့နောင်တော်လက်ရာဖြစ်သဖြင့် မြတ်နိုးလှသဖြင့် တောင်းခြင်းဖြစ်သည်” ဟု မိန့်မှ ယူတော်မူပါဟူ၍ ယာရှင်လည်း သဘောတူလေ၏။

ဘိုးတော်ဘုရားက စာချွန်လွှာပေးပြီး လက်မှတ်မပါသဖြင့် ထိုးပေးရန်လျှောက်ရာ တံဆိပ်လက်ရာကို ထိုးခတ်တော်မူမှ ယာသမားလည်း အေးချမ်းစွာပြန်လေတော့သည်။

 

Credit

Zawgyi

 

မာနမရွိတဲ့ ေနာင္ေတာ္ႀကီးမင္း အေၾကာင္း

 

 

အေလာင္းမင္းတရား နတ္႐ြာစံၿပီးေနာက္ ထီးနန္းကို ေနာင္ေတာ္ႀကီး (ဒီပဲယင္းမင္း) က ဆက္ခံခဲ့သည္။ နန္းတက္စတြင္ ဖခင္ႏွင့္ ျပည္ေထာင္ဖက္ ရဲေဘာ္ႀကီးျဖစ္သည့္ မင္း‌​ေခါင္ေနာ္ရထာဘြဲ႕ခံ မုဆိုးခ်ဳံ ဗိုလ္တြန္(ဦးတြန္) ၏ ပုန္ကန္မႈကို စတင္ရင္ဆိုင္ရသည္။

အျပစ္မယူပါဟု အတန္တန္မွာေသာ္လည္း ဦးတြန္မွာ ေနာင္ေတာ္ႀကီး၏ ညီေတာ္ဆင္ျဖဴရွင္မင္း ကို မယုံၾကည္သျဖင့္ နန္းတြင္းသို႔ ျပန္မ၀င္ပဲ အင္း၀ကို သိမ္းပိုက္ကာအခိုင္အလုံေနခဲ့သည္။ ဦးတြန္ကို ႏွိမ္ႏွင္းရသည့္အျပင္ အေလာင္းမင္းတရားမရွိသည္ႏွင့္ ထႂကြေသာေဒသအသီသီးမွ ပုန္ကန္မႈမ်ားကိုလည္း လိုက္လံႏွိမ္ႏွင္းခဲ့သည္။

ဆင္ျဖဴရွင္မင္းလက္ထက္ စစ္ေရးအင္အားအေတာင့္တင္းဆုံးျဖစ္ေနခဲ့သည္မွာ ပုန္ကန္မႈမ်ားကို ႏွိမ္ႏွင္းကာစုစည္းေပးခဲ့ေသာ ေနာင္ေတာ္ႀကီးမင္း၏ ေက်းဇူးပင္ျဖစ္သည္။

ေနာင္ေတာ္ႀကီး သည္ ဘုရင္ျဖစ္ေသာ္လည္း ဟိတ္ႏွင့္ဟန္ႏွင့္ မေနတတ္ သာမန္လူတစ္ေယာက္ကဲ့သို႔သာ ေနသလို အမႈထမ္းမ်ားအေပၚတြင္လည္း ၾကင္နာစြာ ဆက္ဆံတတ္သူျဖစ္သည္။ တခါတရံ ေနာက္လိုက္မ်ားႏွင့္ မန္းက်ည္းေတာ ၊ မန္းက်ည္းပင္ေအာက္၌ ထိုင္ကာ ဆားငါးပိ တို႔ႏွင့္ မန္က်ည္းသီးမ်ားကို ကိုယ္တိုင္ထုေထာင္းစားတတ္သည္။

မႉးမတ္တို႔က ဘုရင့္ဂုဏ္ႏွင့္ မသင့္ေတာ္သျဖင့္ ေရွာင္ၾကဥ္ပါဟု ေလွ်ာက္ေသာ္ ေနာင္ေတာ္ႀကီးက “ငါယခုကဲ့သို႔ေနထိုင္စားေသာက္ျခင္းမွာ တိုင္းျပည္အတြက္ ၀န္ေလးေစပါသလား” ဟု ျပန္ေမးသည္။

မႉးမတ္မ်ားက ” ၀န္မေလးပါ” ဟု ေလွ်ာက္ေသာ္ ေနာင္ေတာ္ႀကီးက “တိုင္းျပည္၀န္ေလးမည့္ ကိစၥဆိုလွ်င္ ငါေရွာင္ပါမည္ ၊ ယခုတိုင္းျပည္အတြက္ ၀န္မေလးသျဖင့္ ငါေနတတ္သလိုေနပါရေစ” ဟု အခြင့္ပန္သည့္ အေနျဖင့္ ျပန္မိန့္သည္။

ေနာင္ေတာ္ႀကီးသည္ ေ႐ႊဘို ႏွင့္ စစ္ကိုင္း ႏွစ္ရပ္လုံးတြင္ တစ္လွည့္စီစံေလ့ရွိသည္။ ခြန္အားႀကီးမားသည့္အျပင္ သန္မာလွ်င္ျမန္ေသာ ျမင္းေကာင္းလည္း ရွိသည္ျဖစ္သျဖင့္ စိတ္ထဲေပၚလာလွ်င္ ခ်က္ခ်င္းထသြားေလ့ရွိသည္။ မႉးမတ္မ်ားမွာ ေနာက္က အျပင္းလိုက္ေသာ္လည္း ျပတ္က်န္ခဲ့သည္ သာမ်ားသည္။

တခါကလည္း စစ္ကိုင္းမွ ေ႐ႊဘိုသို႔ ျပန္ရာတြင္ ေနာက္လိုက္ ေနာက္ပါမ်ားမွာ ေဝးလံစြာျပတ္က်န္ခဲ့ၿပီး တစ္ကိုယ္တည္းႏွင္လာရာ ေ႐ႊဘိုမွ ၁၄မိုင္ အကြာ ေခၚေတာအရပ္သို႔ ေရာက္ခဲ့သည္။ ထိုေနရာတြင္ သခြားယာခင္းတစ္ခင္းကို ေတြ႕ေလလွ်င္ ဆာေလာင္မြတ္သိပ္လွၿပီ ျဖစ္သျဖင့္ “သခြားသီး စားပါရေစ” ဟု ယာခင္းရွင္ထံ ေကာင္းမြန္စြာ သြားေတာင္းသည္။

ပိုင္ရွင္ကလည္း စားခ်င္သေလာက္စားပါ ၊ အပင္အႏြယ္တို႔ကိုကား မပ်က္ပါေစႏွင့္ ဟု အခြင့္ေပးသည္။ သို႔ျဖင့္ခူးစားရာေနာင္ေတာ္ႀကီးသည္ ျဖတ္၍မခူးပဲ ဆြတ္၍ခူးသျဖင့္ အပင္ ၊ အႏြယ္မ်ားပါ ပါလာကာ အေတာ္အသင့္ပ်က္စီးကုန္၏။ ယာရွင္းခင္ ျမင္ေသာ္ “နင္သည္ စား႐ုံစား ၊ မဖ်က္ပါဟု ငါေျပာလွ်က္ဖ်က္ရာသေလာ” ဟု သတ္မည္ပုတ္မည္ျပဳ၏။

ေနာင္ေတာ္ႀကီးကလည္း “နင္ေယာကၤ်ားေကာင္းဆိုလွ်င္ ငါတို႔သတ္ပုတ္ၾကအံ့” ဟု ဆိုၿပီး သတ္ပုတ္ၾကရာ အင္အားႀကီးမားလွေသာ ေနာင္ေတာ္ႀကီးကို မနိုင္ပဲယာခင္းရွင္သာ အၿမဲေအာက္က်၏။ အတန္ၾကာေသာ္ ယာခင္းရွင္က ေမာလွၿပီျဖစ္၍ မတတ္နိုင္ေတာ့ပဲ အဘယ္သို႔ေသာ လူျဖစ္သနည္းဟု ေတြးေတာကာ ထိုင္ၾကည့္ေန၏။ ေနာင္ေတာ္ႀကီးက အၿပဳံးမပ်က္ သခြားသီးမ်ားကိုသာ စားေန၏။

ထိုစဥ္ ယာခင္းရွင္၏ မိန္းမသည္ ထမင္းပို႔ေရာက္လာ၍ ထမင္းေတာင္းကိုေျမသို႔ခ်ေသာ္ ေနာင္ေတာ္ႀကီးက “ေယာက္ဖ ၊ ငါလည္းထမင္းစားပါရေစ” ဟု ဆိုရာ ယာခင္းရွင္က ေဒါသျဖစ္၍ “မစားရဘူး ၊ နင္သည္ ငါ့သခြားသီးကိုစား၏ ၊ သခြားခင္းအားလည္း ဖ်က္၏ ၊နင့္အားမေကြၽးနိုင္” ဟု ေအာ္ဟစ္၏။

ယာရွင္၏ မိန္းမက ယာရွင္အား လက္တို႔ၿပီး “ယာျပင္ဘက္မွာ ေ႐ႊကေတာင္ ႏွင့္ ျမင္းေကာင္းတစ္စီး ခ်ိတ္ထားသည္ကို ငါေတြ႕သည္။ ဤသူသည္ သာမန္သူမဟုတ္ ဘုရင္ျဖစ္ပုံရ၏” ဟုဆိုကာ မွန္မမွန္ အကဲခတ္ေနၾက၏။ ေနာင္ေတာ္ႀကီး၏ ေနာက္လိုက္ေနာက္ပါမ်ား မီလာၿပီး ေရွ႕ေတာ္တြင္ ဒူးတုပ္ၾကမွ ယာရွင္လင္မယားမွာ မင္းျဖစ္ေၾကာင္းသိကာ အလြန္ထိတ္လန့္သြားၿပီး ရွိခိုးေတာင္းပန္ၾကသည္။

 

ေနာင္ေတာ္ႀကီးမင္းက ၿပဳံးရယ္လွ်က္ “သင္တို႔ကေတာင္းပန္ရန္ မရွိ ၊ သင့္သခြားသီးကိုလည္း ငါစားရသည္ ၊ သတ္ပုတ္ရသည္မွာလည္း ငါသေဘာတူ၍ျဖစ္သည္ ၊ ဘာမွ်မေၾကာက္လင့္ ၊ သင့္သခြားသီးမ်ားသည္ အရသာရွိလွသည္ ၊ နန္းေတာ္သို႔ လာေရာက္ဆက္သဘိ” ဟု ျပန္မိန့္သည္။

ကာလအတန္ၾကာေသာ္ ယာရွင္လည္း နန္းေတာ္သို႔၀င္ကာ သခြားသီးမ်ားကို ဆက္သသည္။ ေနာင္ေတာ္ႀကီးကလည္း ယာရွင္၏ ေက်းဇူးကိုမေမ့ပဲ “ေက်းဇူးတင္ေၾကာင္း ၊ အလိုရွိရာကိုေတာင္းနိုင္ေၾကာင္း” ျပန္မိန့္သည္။ ရိုးသားေသာ ယာရွင္မွာ သူ႕ကို သူႀကီးမွ ႏွိပ္စက္ေနသည္ သိသည္။ သို႔ေၾကာင့္ သူႀကီးအာဏာမွ ကင္းလြတ္ခြင့္သာေပးပါ ဟု ေလွ်ာက္သည္။

ေနာင္ေတာ္ႀကီးက “သူႀကီးအာဏာလည္း ကင္းလြတ္မည္ ၊ ေနာက္လိုတာကိုထပ္ေလွ်ာက္ဦး” ဟု မိန့္ေသာ္လည္း ယာရွင္မွာ ဘာမွမလိုေတာ့ပါဟု ဆိုသျဖင့္ ထန္း႐ြက္တြင္ ယာရွင္အလိုရွိေသာ အမိန့္ေတာ္ကို ေရးကာ ကိုယ္တိုင္ တံဆိပ္လက္ရာ ေရးထိုးေပးေတာ္မူသည္။

ယာရွင္သည္ ေနာင္ေတာ္ႀကီးဘုရားေနာက္ ညီေတာ္ ဘိုးေတာ္ဘုရားလက္ထက္တိုင္ ေနရေလ၏။ မင္းမိန့္ျဖင့္ ဆင့္ရာ ေနာင္ေတာ္ႀကီး၏ စာခြၽန္ေတာ္ကို ျမင္ရသျဖင့္ အလြန္ျမတ္နိုးလွၿပီး ထိမ္းသိမ္းဖို႔ မိမိအားေပးရန္ ေတာင္းသည္။ ယာရွင္မွာ လက္ခံပဲ အတန္တန္ျငင္းသည္။

ေနာင္ေတာ္ကင္းလြတ္ခြင့္ေပးထားသူ ျဖစ္သျဖင့္ ဘိုးေတာ္ဘုရားမွာ အာဏာျဖင့္ သိမ္း၍မရပဲ ေခ်ာ့ကာေတာင္းျခင္းျဖစ္သည္။ ေနာက္မွ “ေနာင္ေတာ္လည္း ဘုရင္ ၊ ငါလည္းဘုရင္ ၊ ေနာင္ေတာ္ေရးသကဲ့သို႔ပင္ ငါလည္းသင့္ကိုေရးေပးမည္ ၊ ငါ့ေနာင္ေတာ္လက္ရာျဖစ္သျဖင့္ ျမတ္နိုးလွသျဖင့္ ေတာင္းျခင္းျဖစ္သည္” ဟု မိန့္မွ ယူေတာ္မူပါဟူ၍ ယာရွင္လည္း သေဘာတူေလ၏။

ဘိုးေတာ္ဘုရားက စာခြၽန္လႊာေပးၿပီး လက္မွတ္မပါသျဖင့္ ထိုးေပးရန္ေလွ်ာက္ရာ တံဆိပ္လက္ရာကို ထိုးခတ္ေတာ္မူမွ ယာသမားလည္း ေအးခ်မ္းစြာျပန္ေလေတာ့သည္။

 

Credit

 

 

 

 

 

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *