R2P ထက် ပိုမိုကျယ်ပြန့်တဲ့ နည်းလမ်းပေါင်းစုံနဲ့ မြန်မာ့အရေးဖိအားပေးဖို့ ကုလသမဂ္ဂမှာ ကြိုးပမ်းနေ-သံအမတ်ကြီး ဦးကျော်မိုးထွန်း

ကုလသမဂ္ဂအနေနဲ့ ဘယ်နည်းလမ်းနဲ့ မဆို အသုံးပြုဖို့ သူ့အနေနဲ့ ကြိုးပမ်းဆောင်ရွက်နေကြောင်းကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုစားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက အင်္ဂါနေ့က ပြောကြားခဲ့ပါတယ်။

နယူးရောက် ကုလသမဂ္ဂဆိုင်ရာ မြန်မာအဖွဲ့ရုံးရှေ့ သူ့ကို လာရောက်အားပေးထောက်ခံသူတွေကို တွေ့ဆုံစဉ်မှာ သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောဆိုခဲ့တာဖြစ်ပါတယ်။ ကိုအောင်မြတ်သူက ဆက်လက်ပြောပြမှာပါ။

အမေရိကန်ပြည်ထောင်စု နယူးရောက် ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ ဗုဒ္ဓဟူးနေ့ ပြုလုပ်မယ့် မြန်မာ့အရေး ဆွေးနွေးပွဲမတိုင်ခင် ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်း ဆောင်ရွက်နေတာတွေကို ထောက်ခံအားပေးတဲ့အနေနဲ့ မြန်မာအမြဲတမ်း ကိုယ်စားလှယ်အဖွဲ့ရုံးရှေ့မှာ အင်္ဂါနေ့က သံအမတ်ကြီးကို သံဃာတော်တွေအပါအဝင် မြန်မာနဲ့တိုင်းရင်းသားတွေ သွားရောက် တွေ့ဆုံခဲ့ကြပါတယ်။

အဲဒီတွေ့ဆုံပွဲမှာ သံအမတ်ကြီးဦးကျော်မိုးထွန်းက ကုလသမဂ္ဂအနေနဲ့ စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေး ဘက်စုံမြန်မာနိုင်ငံကို ဖိအားပေးနိုင် ဖို့အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်နေကြောင်း အခုလိုပြောသွားပါတယ်။

“သံအမတ်ကြီးက ဘုန်းဘုန်းကို လက်အုပ်ချီပြီးတော့ နှုတ်ဆက်ပါတယ်။ ဘုန်းဘုန်းကလည်း သံအမတ်ကြီးကို နှုတ်ဆက်ပါတယ်။ ပြီး တော့မှ သံအမတ်ကြီး ကျန်းမာပါစေ ၊ သံအမတ်ကြီး မြန်မာနိုင်ငံအရေးကို ဆောင်ရွက်နိုင်ပါစေလို့ ဘုန်းကြီးက မေတ္တာပို့ပါတယ်။

သူကလည်း..ဆရာတော် ဘယ်ကလဲတဲ့ ၊ Up State ကပါလို့ ၊ New York ဘုန်းကြီးကျောင်းတွေ မရောက်သေးဘူးဗျာ သွားဖို့ အစီအစဉ် ရှိပါတယ်တဲ့။ မြန်မာနိုင်ငံအရေးကို တပည့်တော် အစွမ်းရှိသမျှ ထမ်းဆောင်ပါ့မယ်တဲ့။ အခုလို လာပြီး သူ့ကို တွေ့ကြတဲ့အတွက် ဝမ်းသာ ပါတယ်တဲ့။ မြန်မာနိုင်ငံအရေးကတော့ အားလုံး ညီညီညွတ်ညွတ်နဲ့ လုပ်မယ်ဆိုရင် အောင်မြင်ဖို့ နီးပါပြီလို့ သူက ပြောပါတယ်ပေါ့နော်။”

ဒါအပြင် ဝါရှင်တန်ဒီစီအခြေစိုက် Freedom, Justice, equality အဖွဲ့က ဦးဆောင်ပြီး သံအမတ်ကြီး ဦးကျော်မိုးထွန်းအားထောက်ခံပွဲနဲ့ မြန်မာ့အရေး ထိထိရောက်ရောက် ဆောင်ရွက်ဖို့ ကုလသမဂ္ဂဌာနချုပ်ရှေ့မှာ ဆန္ဒပြပွဲလည်းပြုလုပ်ခဲ့ပါတယ်။

ဒီအတောအတွင်း လုံခြုံရေးကောင်စီအဖွဲ့ဝင် (၁၅)နိုင်ငံလုံးပါဝင်တဲ့ မြန်မာ့အရေး တံခါးပိတ်ဆွေးနွေးပွဲကို ဒီကနေ့ ဗုဒ္ဓဟူးနေ့မှာ ပြုလုပ် ဖို့ရှိပါတယ်။ ဒီဆွေးနွေးပွဲမှာ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Christine Schraner Burgener လည်း ဒီအစည်းအဝေးမှာ မြန်မာနိုင်ငံရဲ့ နောက်ဆုံးအခြေအနေကို အစီရင်ခံတင်ပြဖို့ရှိပါတယ်။

အာဏာသိမ်းတာကို ဆန့်ကျင်တဲ့ ဆန္ဒပြသူတော်တော်များများကို ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း စစ်ကောင်စီက ရက်ရက်စက်စက် ပစ်သတ်ခဲ့တဲ့အတွက် လူအများအပြားသေဆုံးခဲ့ရတဲ့ မြန်မာနိုင်ငံအခြေအနေနဲ့ပက်သက်ပြီး အရေးပေါ်လုံခြုံရေးကောင်စီ အစည်းအဝေးခေါ်ယူဖို့ ဗြိတိန်နိုင်ငံက တောင်းဆိုခဲ့တာဖြစ်ပါတယ်။

အဖွဲ့ဝင်နိုင်ငံတွေဖြစ်တဲ့ ရုရှနဲ့တရုတ်တို့ရဲ့ ထောက်ခံမှုလိုအပ်တာကြောင့် အစည်းအဝေးအပြီး လုံခြုံရေးကောင် စီအနေနဲ့ကြေညာ ချက်သစ်အပေါ် သဘောတူနိုင်မကြလားဆိုတာကတော့ မသဲကွဲပါဘူး။

ပြီးခဲ့တဲ့ မတ်လ ၁၀ ရက်နေ့ကလည်း အမျိူးသမီးနဲ့ကလေးငယ်တွေပါဝင်ကြတဲ့ ငြိမ်းချမ်းတဲ့ ဆန္ဒပြသူတွေအပေါ် မြန်မာလုံခြုံ ရေးတပ်ဖွဲ့ ဝင်တွေရဲ့ အကြမ်းဖက်ဖြေရှင်းတာကို ပြင်းပြင်းထန်ထန် ရှုတ်ချထားတဲ့ လုံခြုံရေးကောင်စီက ပထမအကြိမ်ကြေညာချက်ကို ထုတ်ပြန်ထားတာပါ။

ဒီ ကြေညာချက်ကိုလည်း ဗြိတိန်နိုင်ငံက ဦးဆောင်တင်သွင်းခဲ့တာဖြစ်ပြီး ကြေညာချက်ထဲမှာ အာဏာသိမ်းတယ်ဆိုတဲ့ စကားလုံးနဲ့နိုင် ငံတကာ ပိတ်ဆို့မှုဆိုတဲ့ စကားလုံးတွေ လုံခြုံရေးကောင်စီအနေနဲ့သဘောတူညီမှု မရရှိခဲ့ပါဘူး။

အဓိကအားဖြင့် ရုရှနဲ့တရုတ်တို့အပါအဝင် အိန္ဒိယ၊ ဗီယက်နမ်နိုင်ငံတွေက ဆန့်ကျင်ခဲ့ကြတာပါ။မြန်မာနိုင်ငံမှာ အမျိူးသမီးနဲ့ကလေး ငယ်တွေအပါအဝင် ပြီးခဲ့တဲ့ စနေနေ့တရက်ထဲ လူ ၁၀၇ ဦး အနည်းဆုံး အသတ်ခံခဲ့ရတယ်လို့ ကုလသမဂ္ဂက သတင်းထုတ်ပြန်ခဲ့ပါတယ်။

crd VOA Burmese New

Likes:
0 0
Views:
1096
Article Categories:
NEWS

Leave a Reply

Your email address will not be published. Required fields are marked *