မင်းတုန်းမင်းကြီးနှင့်ချစ်သူရွာ

မင်းတုန်းမင်းကြီးနှင့်ချစ်သူရွာ

 

 

ကုန်းဘောင်မင်းဆက်စစ်ကိုင်းမင်း(ဘကြီးတော်တော်ဘုရား)
လက်ထက်မှာအဂ်လိပ်မြန်မာပထမစစ်ဖြစ်ပွားပြီးနယ်မြေ ဆုံးရှုံးလိုက်ရတယ်။

နန်းတွင်းရေးမှာလည်းအရှုပ်အထွေးများစွာရှိတဲ့အနက်မိဖုရား ခေါင်မယ်နုကသူမ၏မောင်တော်မင်းသားကြီးမောင်အိုကိုနန်းတင်ချင်တယ်။

အိမ်ရှေ့စံသာယာဝတီမင်းသားနှင့်လုံးဝမသင့်မတင့်ကြပေ။
မယ်နု ရဲ့နောက်အစီအစဥ်တစ်ခုကစစ်ကိုင်းမင်း၏သားတော်
စကြာမင်းသားလေးကိုမိမိသမီးတော်ဆင်ဖြူမရှင်နှင့်လက်ဆက်ပေးပြီးထီးနန်းကိုချုပ်ကိုင်ထားလိုတယ်။

ဒီအစီအစဥ်အကောင်အထည်ဖော်ဖို့အိမ်ရှေ့စံသာယာဝတီမင်းသားနှင့်အစွယ်အပွားများကိုအရင်ဆုံးရှင်းပစ်ဖို့လိုတယ်။
သာယာဝတီမင်းသားရဲ့အိမ်တော်ကိုစစ်တပ်နဲ့ဝိုင်းတယ်။
အိမ်ရှေ့မင်းရဲ့တပ်များနဲ့ဘုရင့်တပ်တော်တို့အကြိမ်ကြိမ်တိုက်ပွဲ
ဖြစ်ပွားတယ်။

ဒီလိုနန်းတွင်းရေးရှုပ်ထွေးချိန်မှာသာယာဝတီမင်းသား၏
သားတော်အသက် (၁၆)နှစ်အရွယ်မင်းသားမောင်စံလွင်က
ဗားဂရာကျောင်းတိုက်ကြီးမှာပညာသင်နေတယ်။

မယ်နုကသာယာဝတီမင်းသားအဆက်အနွယ်များကို
ကျူပင်ခုတ်ကျူငုတ်မကျန်ရှာဖွေဖမ်းဆီးသတ်ဖြတ်လျက်ရှိတယ်။

ထိုကျောင်းတော်ကြီးမှာသီတင်းသုံးသောမူသောပန်းဒူးဆရာတော်ကြီးကမောင်စံလွင်အတွက်စိတ်ပူတော်မူတယ်။ဒါကြောင့်ကိုရင်ကြီးဦးဝိသုဒ္ဓကိုခေါ်ပြီးမင်းသားလေးဒီမှာရှိနေရင်အသတ်ခံရမှာစိုးသောကြောင့်ပုခန်းနယ်ကိုခေါ်သွားပြီးဝှက်ထားဖို့မိန့်ကြားတယ်။

ဦးဝိသုဒ္ဓနှင့်ညီမတော်သီလရှင်မယ်နတ်ပေး၊မောင်စံလွင်နှင့်
မောင်စံခင်တို့ဟာတောင်အိုနယ်မှာပုန်းအောင်းနေပြီးနောက်ပုခန်းငယ်အနီး”ချစ်သူရွာ” မှာပြောင်းရွှေ့လာကြတယ်။

အိမ်ရှေ့မင်းတပ်များအနိုင်ရပြီး (၁၁၉၉)ခုနှစ်မှာအင်းဝနန်းကို
သာယာဝတီမင်းသိမ်းပိုက်တော်မူတယ်။အဲဒီတော့မှာဦးဝိသုဒ္ဓလည်းမောင်စံလွင်တို့ကိုသာယာဝတီမင်းလက်သို့အပ်လိုက်တယ်။

သာယာဝတီမင်းလည်းသားတော်နှစ်ပါးဘေးမသီရန်မရောက်လာတာကြောင့်ဝမ်းသာတော်မူတယ်။မောင်စံလွင်ကိုမင်းတုန်းမြို့ကိုစားစေတယ်။မင်းတုန်းမြို့ဆိုတာတောင်စဥ်ခုနှစ်ခရိုင်ဟုခေါ်သော
မင်းတုန်း၊မင်းတပ်၊တိုင်တား၊မြို့ဟောင်း၊မြို့သစ်၊ပန်းတိမ်မန်းဖဲ(ငဖဲ)တို့အတွင်းမှာအပါအဝင်ဖြစ်တယ်။

မောင်စံခင်ကိုကနောင်မြို့ကိုစားစေတယ်။မင်းသားနှစ်ပါးတို့ကိုလွှတ်တက်မင်းသားများအဖြစ်လည်းခန့်ထားတယ်။နောင်တော်စစ်ကိုင်းမင်းကိုနန်းချလျက်ကောင်းမွန်စွာထားတယ်။မင်းသားကြီးမောင်အိုကိုကွပ်မျက်တယ်။

နန်းမတော်မယ်နုကိုအစကကောင်းမွန်စွာထားပေမယ့်မသင့်သောအကြံကိုကြံစည်တယ်ဆိုပြီးစကြာမင်းသားလေးနှင့်အတူရေချတော်မူတယ်။၁၂၀၈ ခုမှာ သာယာဝတီမင်းနတ်ရွာစံတော့
သာယာဝတီမင်းနှင့်မိဖုရားခေါင်ကျပင်းမိဖုရားကြီး ရဲ့သားတော်ပုဂံမင်းနန်းတက်တယ်။

မင်းတုန်းမင်းသားမှာပုဂံမင်းထက်အရည်အချင်းပြည့်သော်လည်း
နန်းရမိဖုရားမှမွေးဖွားခြင်းမဟုတ်တဲ့အတွက်ဘုရင်ဖြစ်ခွင့်မရပေ။
မင်းတုန်းမင်းသား၏မယ်တော်မှာအဆောင်ရမိဖုရားတစ်ပါးသာဖြစ်တယ်။

ပုဂံမင်းကနန်းတွင်းရေး၊အုပ်ချုပ်ရေးတို့ကိုစိတ်မဝင်စားပဲ
အပျော်အပါးမက်နေတာကိုမှူးကြီးမတ်ရာများကမကျေနပ်ကြပေ။
မလိုလားမနှစ်သက်သူတွေများလာတဲ့အတွက်အင်အားစုစည်း၍
မင်းတုန်းမင်းသားနှင့်ကနောင်မင်းသားတို့ကပုဂံမင်းကိုတော်လှန်ပုန်ကန်လိုက်ကြတယ်။

ထို့နောက်ပုဂံမင်းကိုနန်းချပြီးမင်းတုန်းမင်းထီးနန်းရတယ်။မင်းသားဘဝကအသက်သခင်ကျေးဇူးရှင်လည်းဖြစ်ပြီးတော်လှန်ပုန်ကန်ရာမှာရွှေဘိုအထိလိုက်ပါလာသောဦးဝိသုဒ္ဓကိုနေပြည်တော်ခေါ်ယူလူဝတ်လဲ၍ချီးမြှောက်ပြီးမင်းကြီးဦးရန်ဝေးအမည်နှင့်အမှုတော်ထမ်းဆောင်စေတယ်။

မင်းတုန်းမင်းကြီးနှင့်မိဖုရားခေါင်စကြာဒေဝီတို့ကကျေးဇူးရှင်လည်းဖြစ်၊ဆရာလည်းဖြစ်တဲ့မင်းကြီးဦးရန်ဝေးအိမ်ကိုနေ့စဥ်ပွဲတော်အုပ်နှစ်အုပ်ပို့ပေးတော်မူတယ်။ဦးရန်ဝေး ရဲ့ညီမတွေဖြစ်တဲ့သီလရှင်မယ်နတ်ပေးနဲ့မယ်ထပ်ကိုကျောင်းဆောက်လှူဒါန်းပြီးသမီးတော်များကိုစာသင်စေတယ်။

ကျေးဇူးရှင်ပန်းဒူးဆရာတော်ကြီးသီတင်းသုံးတော်မူရာချစ်သူရွာအနီး ပုခန်းငယ်အရပ်မှာကျောင်းတော်ကြီးဆောက်လုပ်လှူဒါန်းရန်ဦးရန်ဝေးအားတာဝန်ယူဆောက်လုပ်စေတယ်။မင်းကြီးဦးရန်ဝေးကကျောင်းတော်ကြီးတစ်ခုလုံးကိုကျွန်းသစ်နှင့်ဆောက်တယ်။

ထိုကျောင်းတော်ကြီးမှာတိုင်ပေါင်း (၃၃၂)တိုင်ပါသဖြင့်”စိန်စီကျောင်း”ဟုအတိုကောက်မှတ်သားထားတယ်။ကျောင်းတော်ကြီးမှာကြီးကျယ်ခမ်းနားလှပါတယ်။၁၂၁၈ ခုမှာစတင်ဆောက်လုပ်ခဲရာ ၁၂၂၆ ခုနှစ်မှာပြီးစီးပါတယ်။

ပန်းဒူးဆရာတော်ကြီး၊ပခန်းမင်းကြီးဦးရန်ဝေးသီလရှင်မယ်နတ်ပေး၊မယ်ထပ်တို့မှာပုခန်းငယ်နှင့်”ချစ်သူရွာ”ဇာတိဖြစ်ကြတယ်။
မင်းတုန်းမင်းကြီးအသက်မသေအောင်ခိုလှုံခဲ့ရာ”ချစ်သူရွာ”သည်ပုခန်းကြီးဒေသမှာတည်ရှိပါတယ်။

Credit

 

Zawgyi

 

မင္းတုန္းမင္းႀကီးႏွင့္ခ်စ္သူ႐ြာ

 

 

ကုန္းေဘာင္မင္းဆက္စစ္ကိုင္းမင္း(ဘႀကီးေတာ္ေတာ္ဘုရား)
လက္ထက္မွာအဂ္လိပ္ျမန္မာပထမစစ္ျဖစ္ပြားၿပီးနယ္ေျမ ဆုံးရႈံးလိုက္ရတယ္။

နန္းတြင္းေရးမွာလည္းအရႈပ္အေထြးမ်ားစြာရွိတဲ့အနက္မိဖုရား ေခါင္မယ္ႏုကသူမ၏ေမာင္ေတာ္မင္းသားႀကီးေမာင္အိုကိုနန္းတင္ခ်င္တယ္။

အိမ္ေရွ႕စံသာယာဝတီမင္းသားႏွင့္လုံးဝမသင့္မတင့္ၾကေပ။
မယ္ႏု ရဲ႕ေနာက္အစီအစဥ္တစ္ခုကစစ္ကိုင္းမင္း၏သားေတာ္
စၾကာမင္းသားေလးကိုမိမိသမီးေတာ္ဆင္ျဖဴမရွင္ႏွင့္လက္ဆက္ေပးၿပီးထီးနန္းကိုခ်ဳပ္ကိုင္ထားလိုတယ္။

ဒီအစီအစဥ္အေကာင္အထည္ေဖာ္ဖို႔အိမ္ေရွ႕စံသာယာဝတီမင္းသားႏွင့္အစြယ္အပြားမ်ားကိုအရင္ဆုံးရွင္းပစ္ဖို႔လိုတယ္။
သာယာဝတီမင္းသားရဲ႕အိမ္ေတာ္ကိုစစ္တပ္နဲ႕ဝိုင္းတယ္။
အိမ္ေရွ႕မင္းရဲ႕တပ္မ်ားနဲ႕ဘုရင့္တပ္ေတာ္တို႔အႀကိမ္ႀကိမ္တိုက္ပြဲ
ျဖစ္ပြားတယ္။

ဒီလိုနန္းတြင္းေရးရႈပ္ေထြးခ်ိန္မွာသာယာဝတီမင္းသား၏
သားေတာ္အသက္ (၁၆)ႏွစ္အ႐ြယ္မင္းသားေမာင္စံလြင္က
ဗားဂရာေက်ာင္းတိုက္ႀကီးမွာပညာသင္ေနတယ္။

မယ္ႏုကသာယာဝတီမင္းသားအဆက္အႏြယ္မ်ားကို
က်ဴပင္ခုတ္က်ဴငုတ္မက်န္ရွာေဖြဖမ္းဆီးသတ္ျဖတ္လ်က္ရွိတယ္။

ထိုေက်ာင္းေတာ္ႀကီးမွာသီတင္းသုံးေသာမူေသာပန္းဒူးဆရာေတာ္ႀကီးကေမာင္စံလြင္အတြက္စိတ္ပူေတာ္မူတယ္။ဒါေၾကာင့္ကိုရင္ႀကီးဦးဝိသုဒၶကိုေခၚၿပီးမင္းသားေလးဒီမွာရွိေနရင္အသတ္ခံရမွာစိုးေသာေၾကာင့္ပုခန္းနယ္ကိုေခၚသြားၿပီးဝွက္ထားဖို႔မိန့္ၾကားတယ္။

ဦးဝိသုဒၶႏွင့္ညီမေတာ္သီလရွင္မယ္နတ္ေပး၊ေမာင္စံလြင္ႏွင့္
ေမာင္စံခင္တို႔ဟာေတာင္အိုနယ္မွာပုန္းေအာင္းေနၿပီးေနာက္ပုခန္းငယ္အနီး”ခ်စ္သူ႐ြာ” မွာေျပာင္းေ႐ႊ႕လာၾကတယ္။

အိမ္ေရွ႕မင္းတပ္မ်ားအနိုင္ရၿပီး (၁၁၉၉)ခုႏွစ္မွာအင္းဝနန္းကို
သာယာဝတီမင္းသိမ္းပိုက္ေတာ္မူတယ္။အဲဒီေတာ့မွာဦးဝိသုဒၶလည္းေမာင္စံလြင္တို႔ကိုသာယာဝတီမင္းလက္သို႔အပ္လိုက္တယ္။

သာယာဝတီမင္းလည္းသားေတာ္ႏွစ္ပါးေဘးမသီရန္မေရာက္လာတာေၾကာင့္ဝမ္းသာေတာ္မူတယ္။ေမာင္စံလြင္ကိုမင္းတုန္းၿမိဳ႕ကိုစားေစတယ္။မင္းတုန္းၿမိဳ႕ဆိုတာေတာင္စဥ္ခုႏွစ္ခရိုင္ဟုေခၚေသာ
မင္းတုန္း၊မင္းတပ္၊တိုင္တား၊ၿမိဳ႕ေဟာင္း၊ၿမိဳ႕သစ္၊ပန္းတိမ္မန္းဖဲ(ငဖဲ)တို႔အတြင္းမွာအပါအဝင္ျဖစ္တယ္။

ေမာင္စံခင္ကိုကေနာင္ၿမိဳ႕ကိုစားေစတယ္။မင္းသားႏွစ္ပါးတို႔ကိုလႊတ္တက္မင္းသားမ်ားအျဖစ္လည္းခန့္ထားတယ္။ေနာင္ေတာ္စစ္ကိုင္းမင္းကိုနန္းခ်လ်က္ေကာင္းမြန္စြာထားတယ္။မင္းသားႀကီးေမာင္အိုကိုကြပ္မ်က္တယ္။

နန္းမေတာ္မယ္ႏုကိုအစကေကာင္းမြန္စြာထားေပမယ့္မသင့္ေသာအႀကံကိုႀကံစည္တယ္ဆိုၿပီးစၾကာမင္းသားေလးႏွင့္အတူေရခ်ေတာ္မူတယ္။၁၂၀၈ ခုမွာ သာယာဝတီမင္းနတ္႐ြာစံေတာ့
သာယာဝတီမင္းႏွင့္မိဖုရားေခါင္က်ပင္းမိဖုရားႀကီး ရဲ႕သားေတာ္ပုဂံမင္းနန္းတက္တယ္။

မင္းတုန္းမင္းသားမွာပုဂံမင္းထက္အရည္အခ်င္းျပည့္ေသာ္လည္း
နန္းရမိဖုရားမွေမြးဖြားျခင္းမဟုတ္တဲ့အတြက္ဘုရင္ျဖစ္ခြင့္မရေပ။
မင္းတုန္းမင္းသား၏မယ္ေတာ္မွာအေဆာင္ရမိဖုရားတစ္ပါးသာျဖစ္တယ္။

ပုဂံမင္းကနန္းတြင္းေရး၊အုပ္ခ်ဳပ္ေရးတို႔ကိုစိတ္မဝင္စားပဲ
အေပ်ာ္အပါးမက္ေနတာကိုမႉးႀကီးမတ္ရာမ်ားကမေက်နပ္ၾကေပ။
မလိုလားမႏွစ္သက္သူေတြမ်ားလာတဲ့အတြက္အင္အားစုစည္း၍
မင္းတုန္းမင္းသားႏွင့္ကေနာင္မင္းသားတို႔ကပုဂံမင္းကိုေတာ္လွန္ပုန္ကန္လိုက္ၾကတယ္။

ထို႔ေနာက္ပုဂံမင္းကိုနန္းခ်ၿပီးမင္းတုန္းမင္းထီးနန္းရတယ္။မင္းသားဘဝကအသက္သခင္ေက်းဇူးရွင္လည္းျဖစ္ၿပီးေတာ္လွန္ပုန္ကန္ရာမွာေ႐ႊဘိုအထိလိုက္ပါလာေသာဦးဝိသုဒၶကိုေနျပည္ေတာ္ေခၚယူလူဝတ္လဲ၍ခ်ီးျမႇောက္ၿပီးမင္းႀကီးဦးရန္ေဝးအမည္ႏွင့္အမႈေတာ္ထမ္းေဆာင္ေစတယ္။

မင္းတုန္းမင္းႀကီးႏွင့္မိဖုရားေခါင္စၾကာေဒဝီတို႔ကေက်းဇူးရွင္လည္းျဖစ္၊ဆရာလည္းျဖစ္တဲ့မင္းႀကီးဦးရန္ေဝးအိမ္ကိုေန႕စဥ္ပြဲေတာ္အုပ္ႏွစ္အုပ္ပို႔ေပးေတာ္မူတယ္။ဦးရန္ေဝး ရဲ႕ညီမေတြျဖစ္တဲ့သီလရွင္မယ္နတ္ေပးနဲ႕မယ္ထပ္ကိုေက်ာင္းေဆာက္လႉဒါန္းၿပီးသမီးေတာ္မ်ားကိုစာသင္ေစတယ္။

ေက်းဇူးရွင္ပန္းဒူးဆရာေတာ္ႀကီးသီတင္းသုံးေတာ္မူရာခ်စ္သူ႐ြာအနီး ပုခန္းငယ္အရပ္မွာေက်ာင္းေတာ္ႀကီးေဆာက္လုပ္လႉဒါန္းရန္ဦးရန္ေဝးအားတာဝန္ယူေဆာက္လုပ္ေစတယ္။မင္းႀကီးဦးရန္ေဝးကေက်ာင္းေတာ္ႀကီးတစ္ခုလုံးကိုကြၽန္းသစ္ႏွင့္ေဆာက္တယ္။

ထိုေက်ာင္းေတာ္ႀကီးမွာတိုင္ေပါင္း (၃၃၂)တိုင္ပါသျဖင့္”စိန္စီေက်ာင္း”ဟုအတိုေကာက္မွတ္သားထားတယ္။ေက်ာင္းေတာ္ႀကီးမွာႀကီးက်ယ္ခမ္းနားလွပါတယ္။၁၂၁၈ ခုမွာစတင္ေဆာက္လုပ္ခဲရာ ၁၂၂၆ ခုႏွစ္မွာၿပီးစီးပါတယ္။

ပန္းဒူးဆရာေတာ္ႀကီး၊ပခန္းမင္းႀကီးဦးရန္ေဝးသီလရွင္မယ္နတ္ေပး၊မယ္ထပ္တို႔မွာပုခန္းငယ္ႏွင့္”ခ်စ္သူ႐ြာ”ဇာတိျဖစ္ၾကတယ္။
မင္းတုန္းမင္းႀကီးအသက္မေသေအာင္ခိုလႈံခဲ့ရာ”ခ်စ္သူ႐ြာ”သည္ပုခန္းႀကီးေဒသမွာတည္ရွိပါတယ္။

Credit

 

 

 

 

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *