မွန်အမတ် သူရဲကောင်း လဂွန်းအိန်အကြောင်း

မွန်အမတ် သူရဲကောင်း လဂွန်းအိန်အကြောင်း

 

 

 

လဂွန်းအိမ်၏ အမည်ရင်းမှာ မသံလုံ ဟူ၍ ဖြစ်သည်။ လဂွန်းအိမ်မှာ နောက်မှ ရသောဘွဲ့ဖြစ်သည်။

တစ်ခါသော် သံမောင်မြို့စား မဂြိုင်း (မဂြန်)သည် ဘုရင် ရာဇာဓိရာဇ်ကို ပုန်ကန်ထကြွ၍ ညအခါ တိုက်ခိုက်ရာ ” သည်ကျွန်ပျက်ကို မည်သူရအောင် ယူပါချိမ့်မည်နည်း ” ဟု မိန့်တော်မူသည်တွင် မသံလုံသည် ဓား ၊ လွှား ကိုင်ကာ ထွက်ခဲ့၏။

ထမင်းအိုးကို ခေါင်းရသည် အယောင်ဆောင်၍ မဂြိုင်းအား ဆက်မည့်အဟန် သွား၏။ မဂြိုင်း၏ လူတို့လည်း ညဖြစ်သောကြောင့် ၎င်းတို့၏ လူပင်ထင်၍ မတားမဆီး ဝင်ရ၏။ မဂြိုင်းအနီးသို့ ရောက်မှ ထမင်းအိုးကို ပစ်၍ မဂြိုင်းကို ခုတ်ချပြီးလျှင် ခေါင်းကို ယူခဲ့၏။

ရာဇာဓိရာဇ်လည်း ခေါင်းဆက်သည်ကို မီးရောင်တွင် မြင်ရလျှင် ” ကောင်း၏ ” ဟုသာ ချီးမွမ်းတော်မူ၏။ တစ်စုံတစ်ရာ ဆုလာဘ် ပေးတော် မမူချေ။ မသံလုံလည်း သို့စင်သည့်ပွဲကိုမျှ ဆုလာဘ်မပေးဟု နှလုံးမသာ ရှိ၏။

မသံလုံအား ဆုလာဘ်ပေးပုံရာဇာဓိရာဇ်သည် မြို့အများကို သိမ်းယူပြီးနောက် တိုက်ကုလားမြို့သို့ ရောက်လျှင် မသံလုံကို ဤသို့ ချီးမြှင့်၏။ တိုက်ကုလားမြို့၌ ငါးဆက်အိမ်ဆောက်ပြီးမှ ဝန်မြို့စား သံလိုက်၏ သမီး ကိုယ်လုပ်တော် နှင်းကေသရာ ကိုတင်၍ နေစေ၏။ ပြီးမှ ဗြာဇ္ဇ (ဗြတ်ဇ) အား ဤသို့မိန့်၏။

 

 

” မသံလုံ ကို သင့်အိမ်သို့ခေါ်၍ အရက်တိုက် ၊ လူမှန်းမသိအောင် မူးယစ်မှ သန်လျင်းနှင့် ထမ်းယူ၍ ငါးဆက်အိမ်တွင် သလွန်ပေါ်၌ အိပ်စေ။ ‘ လဂွန်းအိမ် ‘ ဟူသော ဘွဲ့ ၊ သရဖူ ၊ ဆင်ပေါက်ငါးစီး ၊ တိုက်ကုလားမြို့ တို့ကိုပေး၍ ငါ့ ကိုယ်လုပ်တော် နှင်းကေသရာ နှင့် ဆောင်နှင်းလေ။ အမူးအယစ်ပြေ၍ နိုးမှသိစေ ” ဟု မိန့်တော်မူသည်။

ဗြာဇ္ဇ(ဗြတ်ဇ)လည်း အမိန့်တော်အတိုင်း စီရင်ပြီးလျှင် စောင်း ၊ အငြိမ့် ၊ အတီးအမှုတ်နှင့်တကွ နှင်းကေသရာကို အလုံးစုံ မှာကြား၍ ထားခဲ့၏။မသံလုံ အယစ်ပြေ၍နိုးလျှင် ရာဇာဓိရာဇ်ဘုရင်၏ သလွန်ထက်သို့တက်၍ အိပ်မှားမိချေပြီဟု ထင်မှတ်သောကြောင့် ကြောက်လန့်တကြား ဆင်း၍ ပြေးမည်ပြု၏။

ထိုအခါမှ နှင်းကေသရာက ဆွဲထားပြီးလျှင် ” တက်မှားသည် မဟုတ်ပါ ၊ ‘ လဂွန်းအိန် ‘ ဟူသော ဘွဲ့ ၊ သရဖူ ၊ ဆင်ပေါက်ငါးစီး ၊ တိုက်ကုလားမြို့ ၊ ကျွန်ုပ်ကိုလည်း မယားပြုပါစေ ပေးတော်မူခြင်း ဖြစ်ပါသည် ” ဟု ပြောကြားပေ၏။
ဤအခါမှ ယခင် မဂြိုင်း (မဂြန်)၏ ခေါင်းကို ဆက်သည့်ပွဲအတွက် ယခုမှ ဆုပေးကြောင်းကို သိရသောအခါ လဂွန်းအိန်သည် ရာဇာဓိရာဇ် ရှိရာသို့ ရှိခိုးဦးခိုက်လေသတည်း။

လဂွန်းအိန်၏ သတ္တိနှင့် ရာဇာဓိရာဇ် နှလုံးထားကြီးပုံ
ရာဇာဓိရာဇ် မြောင်းမြကို တိုက်စဉ် ပုသိမ်သားတို့က လှေတက်အများနှင့် မြောင်းမြဘက်က ကူမည်ကြား၍ ထိုပုသိမ်စားတို့ကို နှိမ်နင်းရန် လဂွန်းအိန်ကို စေတော်မူ၏။

လဂွန်းအိန်အား တက်၍ ကြိုးစားထမ်းရွက် စေလိုသောကြောင့် မိဖုရား ဒလသုဒ္ဓမာယာ (တလသုတမာယာ)ကို ကွမ်းခွက်တော်နှင့် ကွမ်းပို့စေ၏။ ကွမ်းရလျှင် ဦးခိုက်၍ ထွက်လေ၏။
လဂွန်းအိန်သည် ပုသိမ်သားတို့ အားကြီးသည် ၊ ငါတို့ကား အားနည်းသည် ၊ ငါ့သခင်စိတ်တော်ကို စမ်းဦးမည် ၊ ချစ်တော်မူသည် မှန်မှ အသက်နှင့် အမှုတော်ကို ထမ်းမည်ဟု ခေါင်းမြီးခြုံ၍ အိပ်နေလေ၏။

မိုးသောက်သော် လဂွန်းအိန် မသွားသောကြောင့် စုံစမ်းစေရာ ” ယမန်နေ့က မိဖုရား ဒလသုဒ္ဓမာယာ (တလသုတမာယာ) ကွမ်းပို့လာရာတွင် မြင်မိ၍ အလွန်ကြိုက်ချစ်ပြီးလျှင် ရေစာမယူနိုင် ရှိခဲ့ပြီ။ သွားလည်း သေမည် ၊ နေလည်း သေမည် အတူတူ ဖြစ်သောကြောင့် မသွားဘဲ နေတော့သည် ” ဟု လဂွန်းအိန်က မာယာဖြင့် ဆိုလေ၏။

ဘုရင် ကြားသိရသော် ” မိဖုရားထက် သင်းကို ပို၍ ငါ နှမြော၏ ” ဟုဆိုကာ မိဖုရားကို နားချတော်မူ၏။ မိဖုရားလည်း ဦးခိုက်၍ ငို၏။ ပြီးမှ မိဖုရားကို လဂွန်းအိမ်ထံသို့ ပို့စေ၏။လဂွန်းအိန်သည် မိဖုရားလာသည်ကို မြင်လျှင် ခရီးဦးကြို၍ ပဏ္ဏာလက်ဆောင် များစွာနှင့် အရိုအသေပြု ကာ ဦးခိုက်ကန်တော့လျက် ” အကျွန်ုပ် သခင်၏ စိတ်တော်ကို စမ်းခြင်းမျှသာ ဖြစ်ပါသည်။

အကျွန်ုပ် ကို အကယ်ချစ်မြတ်နိုးကြောင်း သိရပါပြီ။ ယခုသော် အသက်နှင့် အမှုတော်ကို ထမ်းရွက်ပါတော့မည် ” ဟု လျှောက်၏။ထို့နောက် အရှင်သခင်များကို ဦးခိုက်ပြီးသော် တပ်များနှင့်ထွက်၍ တိုက်လေလျှင် ပုသိမ်လှေတပ်ကို အောင်နိုင်လေသတည်း။

လဂွန်းအိန် သစ္စာကြီးပုံ ဘုရင်မင်းခေါင် မွန်ပြည်ကို လာတိုက်စဉ်က တစ်ခါသော် ငြိမ်းအေးကြရန် ရာဇာဓိရာဇ်အား စေလာ၏။ ရာဇာဓိရာဇ်က ” ငါတို့က အမတ်ကြီး တစ်ကျိပ် ၊ ရွှေနန်းရှင်က တစ်ကျိပ် (ရာဇာဓိရာဇ် အရေးတော်ပုံတွင် သုံးကျိပ်စီ ဆိုသည်) ကျိုက်ကိုဘုရားမှာ တွေ့ဆုံ၍ သစ္စာပြုစေမည် ” ဟု မှာလိုက်၏။

ရာဇာဓိရာဇ် အကြံကား ဘုရားတွင် ဓားအသင့်မြှုပ်၍ မြန်မာတို့ တက်လာလျှင် လုပ်ကြံမည်ဟု ကြံခြင်း ဖြစ်သည်။
ဤသို့ စီစဉ်သည့်အတိုင်း အမတ်တစ်ကျိပ်စီ ဆင်စီး၍ ဘုရားသို့ ချောင်းတစ်ယောက်တစ်ဖက် သွားကြ၏။ ဤသို့ သွားကြစဉ် မွန်အမတ် တစ်ကျိပ်တွင် ပါသော လဂွန်းအိန်ကို မြန်မာအမတ် တစ်ယောက်ဖြစ်သော မိုးညှင်းသတိုးက ဤသို့ ဆိုသည်။

” ဟယ် သွေးသောက် ၊ ယခုပြုမည့်သစ္စာ မှန်၏လော ”
” ဟဲ့ မြန်မာရူး ၊ စစ်အခါတွင်း၌ နင် ငါ့ကို မေးရသည်လော။ နင့်ကို ငါက ရလည်းသတ်မည် ၊ ငါ့ကို နင်က ရလည်း သတ်မည်။ စစ်အတွင်း၌ သစ္စာ မှန်ဖူးသလော ”
ထိုအခါ မြန်မာအမတ်တို့ ရိပ်မိ၍ ဘုရားသို့ မရောက်မီ ပြန်ကြ၏။ မွန်အမတ်တို့လည်း ပြန်ကြရလေ၏။

ဤအကြောင်းကို ရာဇာဓိရာဇ် ကြားသိ၍ လဂွန်းအိန်ကို စစ်မေးသော် ဤသို့ လျှောက်၏။ ” မြန်မာမင်းသည် ယခု မျိုးရိက္ခာကုန်၍ ပြန်ချင်လှပြီ။ ကျွန်တော်တို့ တပ်နှင့်နီး၍ မခွာဝံ့သောကြောင့် အရေးတောင်းလာခြင်း ဖြစ်ပါသည်။ ဤသို့ သူ့အလိုအလျောက် ပြန်ရခါနီး ဆဲဆဲတွင် ကျွန်တော်တို့ အကောက်ဖြင့် ကြံရန်မလိုပါ။

အကြောင်းမှာလည်း အကောက်ကြံခြင်းသည် သူတော်ကောင်းတို့ အကြံ မဟုတ် ၊ သူ ယုတ် မာ တို့ အကြံသာ ဖြစ်ပါသည်။ ကျွန်တော်တို့ မွန်တို့သည် သာသနာတည်သူများ ဖြစ်ကြပါသည်။ နောက်နောင် သားစဉ်မြေးဆက် ကမ္ဘာ မကျေသရွေ့ မွန်တို့အမျိုးသည် မတည်မကြည်လေဟု ပြောရန် ကျန်ရစ် မည် ကို စိုး၍ ကျွန်တော်ဆိုခြင်း ဖြစ်ပေသည် ” ဟု လျှောက်၏။ရာဇာဓိရာဇ်ကား တရားကို မမြင်နိုင်ဘဲ ” ဤသို့ဖြစ်လျှင် နင်ပင် အရေးတော်ကို ဖျက်သည်။ လဂွန်းအိန်ကို သတ်လေ ” ဟု အမိန့်ပေးလေ၏။ထိုအခါ ဗိုလ်မင်း ဗြာဇ္ဇ(ဗြတ်ဇ)က ” ယခု စစ်အတွင်း၌ အမတ် သူရဲကောင်းကို သတ်လျှင် ရန်သူကို အားပေးသကဲ့သို့ ရှိပါလိမ့်မည်။

 

 

 

လဂွန်းအိန်ကို မေးပါရစေဦး ၊ အမှုတော်ကို အသက်နှင့် ထမ်းမည်ဆိုလျှင် ထမ်းပါစေဦး ” ဟု ဝင်၍လျှောက်သော် ဘုရင် ဆိတ်ဆိတ်နေတော် မူ၏။ ပြီးမှ ” မင်းခေါင်ကို ဆင်စီးချင်းရအောင် တိုက်လေ ၊ ရမှသာလျှင် အသက်ကို ချမ်းသာပေးမည် ” ဆိုရာ ” တိုက်ပါမည် ” ဟု လဂွန်းအိန်က လျှောက်လေ၏။

မင်းခေါင်ကို ကြံခြင်း လဂွန်းအိန်သည် မင်းခေါင်ကို မသိသဖြင့် နောင်တော်ရင်း မင်းခေါင်နှင့် မသင့်၍ ရာဇာဓိရာဇ်ထံမှာ ခိုနေလာသော ညီတော် ရှင်သိဒ္ဓတ်ကို ဆင်တွင် ကုန်းလယ်စီး၍ နောင်တော်ကို ပြစေ၏။ဘုရင်မင်းခေါင်သည် ဆင်စီး၍ ညနေချမ်း၌ လည်မြဲလည်သော် တောစွယ်က ပုန်းနေသော လဂွန်းအိန်သည် စည်မောင်းတီး၍ ထွက်လာသည်ကို ဘုရင်မင်းခေါင် မြင်လျှင် ” နင့်ကိုသာ လိုသည် ” ဟု ဆို၍ ချွန်းဖွင့်ကာ တိုက်လေ၏။

ထိုအခါ ရှင်သိဒ္ဓတ်က မင်းခေါင်အား ” မင်းဧကရာဇ် ဖြစ်လျက် အမှူးအမတ်နှင့် ဆင်စီးချင်း တိုက် ရာသည်လော ၊ နောက်က ဆင်ကူ များလှသည် ၊ ထီးဖြူကို လှဲ၍ထားလေ ” ဟု ဆိုမှ နောင်တော် သည် ဆင်တော်ကို ချွန်းငင်၍ ခွာတော်မူ၏။လဂွန်းအိန်လည်း မတိုက်ရဘဲ ပြန်ခဲ့ရပုံကို လျှောက်သော် ရှင်သိဒ္ဓတ်ကို ကွပ်တော်မူလေ၏။

ရာဇာဓိရာဇ်က လဂွန်းအိန်အား ” နင် မင်းခေါင်ကို ရအောင်တိုက်မည် ဆိုသည် ၊ ယခု မည်သို့ ပြုမည်နည်း ” ဟု မေးတော်မူ၏။ ” မင်းခေါင်၏ အိပ်ရာသို့ အရောက်သွား၍ လုပ်ကြံပါမည် ” လျှောက်ပြီးသော် ညဉ့်အခါ မင်းခေါင်၏ တဲနန်းတော် အတွင်းသို့ တိတ်တဆိတ် ဝင်ရောက်လေ၏။

မင်းခေါင်၏ ကွမ်းခွက်တော်နှင့် ပတ္တမြားဓားကို ယူပြီးနောက် လုပ်ကြံရန် သင့်မသင့် စဉ်းစားနေခိုက် ကိုယ်လုပ်တော် အစောင့်တစ်ယောက် နိုး၍ ဟစ်အော်သဖြင့် တစ်တပ်လုံး သောသောရုတ်ရုတ် ဖြစ်သောကြောင့် လဂွန်းအိန် ပြန်ထွက်ခဲ့ရလေ၏။

လဂွန်းအိန် ပြန်ရောက်၍ ရာဇာဓိရာဇ်က ” ပြီးခဲ့၏လော ” ဟု မေးတော်မူမှ လျှောက်သည်ကား ” ဘုန်းကြီးသော မင်းဧကရာဇ် တို့ကို လုပ်ကြံသော သူသည် ဘုန်းမကြီး အသက်မရှည်ဟု လူကြီးမိဘတို့ ပြောဖူးပါသည်။ အသက်ရှည်မှ အမှုတော်ကို ထမ်းရမည်ကို ရည်၍ ကျွန်တော် မလုပ်ကြံခဲ့ပါ။ အပါးတော်သို့ ရောက် ကြောင်းပြရန် ဘုရင်မင်းခေါင်၏ ကွမ်းခွက်တော်နှင့် ပတ္တမြားဓားကို ယူခဲ့သည် ” ဟု လျှောက်၍ ဆက်၏။ရာဇာဓိရာဇ်လည်း နှစ်သက်၍ ” နင့်အသက်ကို ငါလွှတ်တော့ပြီ ” ဟု မိန့်တော်မူ၏။

 

လဂွန်းအိန် ကျဆုံးပုံ ဘုရင်မင်းခေါင်နှင့် ရာဇာဓိရာဇ်တို့ စစ်ပြုနေကြစဉ် ၇၇၄ ခု အတွင်း (အရေးတော်ပုံ တွင် ၇၇၀ အတွင်း ဆိုသည်) ပြည်မြို့ဘက်က မင်းခေါင် တို့က တပ်ချနေ၏။ ရာဇာဓိရာဇ်တို့က တစ်ဖက်က အောက်နားတွင် တပ်ချနေ၏။ ဤသို့ စစ်နားနေကြစဉ် လှေတစ်စီးချင်း ကစားစေ၏။

မြန်မာတို့က ဉာဏ်ကူ၍ လှေလေးစင်း သူရဲကောင်း လေးယောက် ဦးစီးစေပြီးလျှင် သုံးစင်းကို မြစ်အနောက်ဘက် ကမ်းထောင့်အကွေ့တွင် ပုန်းကွယ်နေစေ၏။ တစ်စီးကိုသာ စည်မောင်းနရည်းတီး၍ ထွက်စေ၏။ ပြည်ဘက်ကမ်းက မြင်းနှစ်ထောင်လည်း လိုက်၍နေ၏။

မွန်တို့ဘက်က သူရဲကောင်း လဂွန်းအိန် ဦးစီး၍ လှေတစ်စင်းနှင့် စည်မောင်းတီးကာ ထွက်လာ၏။လှေနှစ်စင်း တွေ့ကြသောအခါ ပုန်းနေသော မြန်မာလှေသုံးစင်းက ထွက်လာပြီးလျှင် ဝိုင်းအုံကူညီ တိုက်လေသောကြောင့် မွန်လှေစီးတို့ ရေသို့ ကျကုန်၏။ လဂွန်းအိန်၏ ပေါင်ခြံကိုလည်း လှံထိလေ၏။

ထိုအခါ ဘေးကကြည့်နေသော မင်းရဲကျော်စွာက ” မသေစေနှင့် မသေစေနှင့် ” ဟု ဟစ်၍ ဆိုသဖြင့် လဂွန်းအိန်ကို အသာအယာ ယူဆောင်ခဲ့ကြ၏။ဤအကြောင်းကို မင်းခေါင်ကြားသော် ” စစ်လိုလားသည့် ဧကရာဇ်သားသည် သူရဲကောင်းကို အသေသတ်ရသည်လော ၊ ရှင်အောင်ကုဘိ ” ဟု မိန့်တော်မူ၏။မင်းရဲကျော်စွာသည် လဂွန်းအိမ်ထားရာသို့ လာခဲ့၍ ” အားမငယ်ပါနှင့် ၊ မကြောက်ပါနှင့် ၊ ကောင်းစွာ ပြုစုပါမည် ”
” အားမငယ်ပါ ၊ သေရမည်ကိုလည်း မကြောက်ပါ ၊ အလိမ်ခံရသည် ကိုသာ ရှက်ပါသည် “” ထမင်းစားမည်လော “” ကျွန်တော် သေခါနီးမှ အရှင်နှစ်ပါး ထမင်းကို ဝမ်းတွင်းသို့ မသွင်းပြီ “” ကွမ်းစားမည်လော “” ကွမ်းစားမည် ၊ ရေသောက်ပါမည် “ထိုအခါ စားတော်ကွမ်း ၊ သောက်တော်ရေတို့ကို ပေး၍ စားသောက်ပြီးသော်

” ရွှေနန်းရှင် သားတော်၏ ကွမ်းနှင့်ရေကို စားသောက်ရပေသည်။ တစ်ပွဲတစ်လမ်းမျှ ကျေးဇူးတော်ကို မဆပ်ခဲ့ရပါ။ အရေးတော်ကိုကား လျှောက်ခဲ့ပါမည် ၊ ယူတော်မူပါ။ ရွှေနန်းရှင် သားတော်ပင် မယူသော်လည်း မှူးတော် မတ်တော်တို့ မှတ်သားကြပါ။ အရှင့်ဘကြီးတော် လှေစီးချင်း ၊ ဆင်စီးချင်း ၊ မြင်းစီးချင်း မတွေ့ပါလေနှင့် ၊ အလွန် ရဲရင့် ကျွမ်းကျင်၏။ အရံသားတို့မှာလည်း ဆွေသားမျိုးသားချည်း ဖြစ်သည်။

ကျွန်တော်၏ စကားကို မယုံသော် နောင် တွေ့သောအခါ သိတော်မူပါလိမ့်မည် “ထိုအခါ မင်းရဲကျော်စွာက ” သည် မွန်ကား သေသည်အထိ အဆိပ်မပြတ်သော မြွေကဲ့သို့ ဖြစ်သည် ” ဟု ဆို၍ ပြုံးတော်မူ၏။ထို့နောက် လဂွန်းအိန်သည် ညဉ့်သန်းခေါင်၌ အနိစ္စရောက်လေသည်။

ဘုရင်မင်းခေါင် ကလည်း ” သင်းအလောင်းကို သင်းသခင်ဆီသို့ မျှောလိုက်ဘိ ” ဟု အမိန့်တော် ရှိသဖြင့် ငှက်ပျောဖောင်တွင် ပုဆိုးဖြူအုပ်လျက် ခေါင်းရင်းက ဆီမီးတိုင်နှင့် မျှောလိုက်၏။ရာဇာဓိရာဇ် ရလျှင် အလောင်းကို ဖက်လျက် ” ဗိုလ်မင်း ဗြာဇ္ဇ (ဗြတ်ဇ)လည်း မရှိပြီ ၊ မင်း ငါ့ကို စွန့်၍သွားပြန်သော် အစွယ်နှစ်ချောင်း ကျွတ်သည်နှင့်အတူ ငါ၌ တိုင်ပင်အားကိုးရန် မရှိတော့ချေပြီတကား ” ဟု ငိုယိုတော်မူ၏။ ပြီးမှ လဂွန်းအိန်၏ အလောင်းကို ကောင်းစွာ သဂြိုဟ် လေသတည်း။

 

Credit

 

Zawgyi

 

မြန္အမတ္ သူရဲေကာင္း လဂြန္းအိန္အေၾကာင္း

လဂြန္းအိမ္၏ အမည္ရင္းမွာ မသံလုံ ဟူ၍ ျဖစ္သည္။ လဂြန္းအိမ္မွာ ေနာက္မွ ရေသာဘြဲ႕ျဖစ္သည္။

တစ္ခါေသာ္ သံေမာင္ၿမိဳ႕စား မၿဂိဳင္း (မျဂန္)သည္ ဘုရင္ ရာဇာဓိရာဇ္ကို ပုန္ကန္ထႂကြ၍ ညအခါ တိုက္ခိုက္ရာ ” သည္ကြၽန္ပ်က္ကို မည္သူရေအာင္ ယူပါခ်ိမ့္မည္နည္း ” ဟု မိန့္ေတာ္မူသည္တြင္ မသံလုံသည္ ဓား ၊ လႊား ကိုင္ကာ ထြက္ခဲ့၏။

ထမင္းအိုးကို ေခါင္းရသည္ အေယာင္ေဆာင္၍ မၿဂိဳင္းအား ဆက္မည့္အဟန္ သြား၏။ မၿဂိဳင္း၏ လူတို႔လည္း ညျဖစ္ေသာေၾကာင့္ ၎တို႔၏ လူပင္ထင္၍ မတားမဆီး ဝင္ရ၏။ မၿဂိဳင္းအနီးသို႔ ေရာက္မွ ထမင္းအိုးကို ပစ္၍ မၿဂိဳင္းကို ခုတ္ခ်ၿပီးလွ်င္ ေခါင္းကို ယူခဲ့၏။

ရာဇာဓိရာဇ္လည္း ေခါင္းဆက္သည္ကို မီးေရာင္တြင္ ျမင္ရလွ်င္ ” ေကာင္း၏ ” ဟုသာ ခ်ီးမြမ္းေတာ္မူ၏။ တစ္စုံတစ္ရာ ဆုလာဘ္ ေပးေတာ္ မမူေခ်။ မသံလုံလည္း သို႔စင္သည့္ပြဲကိုမွ် ဆုလာဘ္မေပးဟု ႏွလုံးမသာ ရွိ၏။

မသံလုံအား ဆုလာဘ္ေပးပုံရာဇာဓိရာဇ္သည္ ၿမိဳ႕အမ်ားကို သိမ္းယူၿပီးေနာက္ တိုက္ကုလားၿမိဳ႕သို႔ ေရာက္လွ်င္ မသံလုံကို ဤသို႔ ခ်ီးျမႇင့္၏။ တိုက္ကုလားၿမိဳ႕၌ ငါးဆက္အိမ္ေဆာက္ၿပီးမွ ဝန္ၿမိဳ႕စား သံလိုက္၏ သမီး ကိုယ္လုပ္ေတာ္ ႏွင္းေကသရာ ကိုတင္၍ ေနေစ၏။ ၿပီးမွ ျဗာဇၨ (ျဗတ္ဇ) အား ဤသို႔မိန့္၏။

” မသံလုံ ကို သင့္အိမ္သို႔ေခၚ၍ အရက္တိုက္ ၊ လူမွန္းမသိေအာင္ မူးယစ္မွ သန္လ်င္းႏွင့္ ထမ္းယူ၍ ငါးဆက္အိမ္တြင္ သလြန္ေပၚ၌ အိပ္ေစ။ ‘ လဂြန္းအိမ္ ‘ ဟူေသာ ဘြဲ႕ ၊ သရဖူ ၊ ဆင္ေပါက္ငါးစီး ၊ တိုက္ကုလားၿမိဳ႕ တို႔ကိုေပး၍ ငါ့ ကိုယ္လုပ္ေတာ္ ႏွင္းေကသရာ ႏွင့္ ေဆာင္ႏွင္းေလ။ အမူးအယစ္ေျပ၍ နိုးမွသိေစ ” ဟု မိန့္ေတာ္မူသည္။

ျဗာဇၨ(ျဗတ္ဇ)လည္း အမိန့္ေတာ္အတိုင္း စီရင္ၿပီးလွ်င္ ေစာင္း ၊ အၿငိမ့္ ၊ အတီးအမႈတ္ႏွင့္တကြ ႏွင္းေကသရာကို အလုံးစုံ မွာၾကား၍ ထားခဲ့၏။မသံလုံ အယစ္ေျပ၍နိုးလွ်င္ ရာဇာဓိရာဇ္ဘုရင္၏ သလြန္ထက္သို႔တက္၍ အိပ္မွားမိေခ်ၿပီဟု ထင္မွတ္ေသာေၾကာင့္ ေၾကာက္လန့္တၾကား ဆင္း၍ ေျပးမည္ျပဳ၏။

ထိုအခါမွ ႏွင္းေကသရာက ဆြဲထားၿပီးလွ်င္ ” တက္မွားသည္ မဟုတ္ပါ ၊ ‘ လဂြန္းအိန္ ‘ ဟူေသာ ဘြဲ႕ ၊ သရဖူ ၊ ဆင္ေပါက္ငါးစီး ၊ တိုက္ကုလားၿမိဳ႕ ၊ ကြၽန္ုပ္ကိုလည္း မယားျပဳပါေစ ေပးေတာ္မူျခင္း ျဖစ္ပါသည္ ” ဟု ေျပာၾကားေပ၏။
ဤအခါမွ ယခင္ မၿဂိဳင္း (မျဂန္)၏ ေခါင္းကို ဆက္သည့္ပြဲအတြက္ ယခုမွ ဆုေပးေၾကာင္းကို သိရေသာအခါ လဂြန္းအိန္သည္ ရာဇာဓိရာဇ္ ရွိရာသို႔ ရွိခိုးဦးခိုက္ေလသတည္း။

လဂြန္းအိန္၏ သတၱိႏွင့္ ရာဇာဓိရာဇ္ ႏွလုံးထားႀကီးပုံ
ရာဇာဓိရာဇ္ ေျမာင္းျမကို တိုက္စဥ္ ပုသိမ္သားတို႔က ေလွတက္အမ်ားႏွင့္ ေျမာင္းျမဘက္က ကူမည္ၾကား၍ ထိုပုသိမ္စားတို႔ကို ႏွိမ္နင္းရန္ လဂြန္းအိန္ကို ေစေတာ္မူ၏။

လဂြန္းအိန္အား တက္၍ ႀကိဳးစားထမ္း႐ြက္ ေစလိုေသာေၾကာင့္ မိဖုရား ဒလသုဒၶမာယာ (တလသုတမာယာ)ကို ကြမ္းခြက္ေတာ္ႏွင့္ ကြမ္းပို႔ေစ၏။ ကြမ္းရလွ်င္ ဦးခိုက္၍ ထြက္ေလ၏။
လဂြန္းအိန္သည္ ပုသိမ္သားတို႔ အားႀကီးသည္ ၊ ငါတို႔ကား အားနည္းသည္ ၊ ငါ့သခင္စိတ္ေတာ္ကို စမ္းဦးမည္ ၊ ခ်စ္ေတာ္မူသည္ မွန္မွ အသက္ႏွင့္ အမႈေတာ္ကို ထမ္းမည္ဟု ေခါင္းၿမီးၿခဳံ၍ အိပ္ေနေလ၏။

မိုးေသာက္ေသာ္ လဂြန္းအိန္ မသြားေသာေၾကာင့္ စုံစမ္းေစရာ ” ယမန္ေန႕က မိဖုရား ဒလသုဒၶမာယာ (တလသုတမာယာ) ကြမ္းပို႔လာရာတြင္ ျမင္မိ၍ အလြန္ႀကိဳက္ခ်စ္ၿပီးလွ်င္ ေရစာမယူနိုင္ ရွိခဲ့ၿပီ။ သြားလည္း ေသမည္ ၊ ေနလည္း ေသမည္ အတူတူ ျဖစ္ေသာေၾကာင့္ မသြားဘဲ ေနေတာ့သည္ ” ဟု လဂြန္းအိန္က မာယာျဖင့္ ဆိုေလ၏။

ဘုရင္ ၾကားသိရေသာ္ ” မိဖုရားထက္ သင္းကို ပို၍ ငါ ႏွေျမာ၏ ” ဟုဆိုကာ မိဖုရားကို နားခ်ေတာ္မူ၏။ မိဖုရားလည္း ဦးခိုက္၍ ငို၏။ ၿပီးမွ မိဖုရားကို လဂြန္းအိမ္ထံသို႔ ပို႔ေစ၏။လဂြန္းအိန္သည္ မိဖုရားလာသည္ကို ျမင္လွ်င္ ခရီးဦးႀကိဳ၍ ပဏၰာလက္ေဆာင္ မ်ားစြာႏွင့္ အရိုအေသျပဳ ကာ ဦးခိုက္ကန္ေတာ့လ်က္ ” အကြၽန္ုပ္ သခင္၏ စိတ္ေတာ္ကို စမ္းျခင္းမွ်သာ ျဖစ္ပါသည္။

အကြၽန္ုပ္ ကို အကယ္ခ်စ္ျမတ္နိုးေၾကာင္း သိရပါၿပီ။ ယခုေသာ္ အသက္ႏွင့္ အမႈေတာ္ကို ထမ္း႐ြက္ပါေတာ့မည္ ” ဟု ေလွ်ာက္၏။ထို႔ေနာက္ အရွင္သခင္မ်ားကို ဦးခိုက္ၿပီးေသာ္ တပ္မ်ားႏွင့္ထြက္၍ တိုက္ေလလွ်င္ ပုသိမ္ေလွတပ္ကို ေအာင္နိုင္ေလသတည္း။

လဂြန္းအိန္ သစၥာႀကီးပုံ ဘုရင္မင္းေခါင္ မြန္ျပည္ကို လာတိုက္စဥ္က တစ္ခါေသာ္ ၿငိမ္းေအးၾကရန္ ရာဇာဓိရာဇ္အား ေစလာ၏။ ရာဇာဓိရာဇ္က ” ငါတို႔က အမတ္ႀကီး တစ္က်ိပ္ ၊ ေ႐ႊနန္းရွင္က တစ္က်ိပ္ (ရာဇာဓိရာဇ္ အေရးေတာ္ပုံတြင္ သုံးက်ိပ္စီ ဆိုသည္) က်ိဳက္ကိုဘုရားမွာ ေတြ႕ဆုံ၍ သစၥာျပဳေစမည္ ” ဟု မွာလိုက္၏။

ရာဇာဓိရာဇ္ အႀကံကား ဘုရားတြင္ ဓားအသင့္ျမႇုပ္၍ ျမန္မာတို႔ တက္လာလွ်င္ လုပ္ႀကံမည္ဟု ႀကံျခင္း ျဖစ္သည္။
ဤသို႔ စီစဥ္သည့္အတိုင္း အမတ္တစ္က်ိပ္စီ ဆင္စီး၍ ဘုရားသို႔ ေခ်ာင္းတစ္ေယာက္တစ္ဖက္ သြားၾက၏။ ဤသို႔ သြားၾကစဥ္ မြန္အမတ္ တစ္က်ိပ္တြင္ ပါေသာ လဂြန္းအိန္ကို ျမန္မာအမတ္ တစ္ေယာက္ျဖစ္ေသာ မိုးညွင္းသတိုးက ဤသို႔ ဆိုသည္။

” ဟယ္ ေသြးေသာက္ ၊ ယခုျပဳမည့္သစၥာ မွန္၏ေလာ ”
” ဟဲ့ ျမန္မာ႐ူး ၊ စစ္အခါတြင္း၌ နင္ ငါ့ကို ေမးရသည္ေလာ။ နင့္ကို ငါက ရလည္းသတ္မည္ ၊ ငါ့ကို နင္က ရလည္း သတ္မည္။ စစ္အတြင္း၌ သစၥာ မွန္ဖူးသေလာ ”
ထိုအခါ ျမန္မာအမတ္တို႔ ရိပ္မိ၍ ဘုရားသို႔ မေရာက္မီ ျပန္ၾက၏။ မြန္အမတ္တို႔လည္း ျပန္ၾကရေလ၏။

ဤအေၾကာင္းကို ရာဇာဓိရာဇ္ ၾကားသိ၍ လဂြန္းအိန္ကို စစ္ေမးေသာ္ ဤသို႔ ေလွ်ာက္၏။ ” ျမန္မာမင္းသည္ ယခု မ်ိဳးရိကၡာကုန္၍ ျပန္ခ်င္လွၿပီ။ ကြၽန္ေတာ္တို႔ တပ္ႏွင့္နီး၍ မခြာဝံ့ေသာေၾကာင့္ အေရးေတာင္းလာျခင္း ျဖစ္ပါသည္။ ဤသို႔ သူ႕အလိုအေလ်ာက္ ျပန္ရခါနီး ဆဲဆဲတြင္ ကြၽန္ေတာ္တို႔ အေကာက္ျဖင့္ ႀကံရန္မလိုပါ။

အေၾကာင္းမွာလည္း အေကာက္ႀကံျခင္းသည္ သူေတာ္ေကာင္းတို႔ အႀကံ မဟုတ္ ၊ သူ ယုတ္ မာ တို႔ အႀကံသာ ျဖစ္ပါသည္။ ကြၽန္ေတာ္တို႔ မြန္တို႔သည္ သာသနာတည္သူမ်ား ျဖစ္ၾကပါသည္။ ေနာက္ေနာင္ သားစဥ္ေျမးဆက္ ကမာၻ မေက်သေ႐ြ႕ မြန္တို႔အမ်ိဳးသည္ မတည္မၾကည္ေလဟု ေျပာရန္ က်န္ရစ္ မည္ ကို စိုး၍ ကြၽန္ေတာ္ဆိုျခင္း ျဖစ္ေပသည္ ” ဟု ေလွ်ာက္၏။ရာဇာဓိရာဇ္ကား တရားကို မျမင္နိုင္ဘဲ ” ဤသို႔ျဖစ္လွ်င္ နင္ပင္ အေရးေတာ္ကို ဖ်က္သည္။ လဂြန္းအိန္ကို သတ္ေလ ” ဟု အမိန့္ေပးေလ၏။ထိုအခါ ဗိုလ္မင္း ျဗာဇၨ(ျဗတ္ဇ)က ” ယခု စစ္အတြင္း၌ အမတ္ သူရဲေကာင္းကို သတ္လွ်င္ ရန္သူကို အားေပးသကဲ့သို႔ ရွိပါလိမ့္မည္။

 

လဂြန္းအိန္ကို ေမးပါရေစဦး ၊ အမႈေတာ္ကို အသက္ႏွင့္ ထမ္းမည္ဆိုလွ်င္ ထမ္းပါေစဦး ” ဟု ဝင္၍ေလွ်ာက္ေသာ္ ဘုရင္ ဆိတ္ဆိတ္ေနေတာ္ မူ၏။ ၿပီးမွ ” မင္းေခါင္ကို ဆင္စီးခ်င္းရေအာင္ တိုက္ေလ ၊ ရမွသာလွ်င္ အသက္ကို ခ်မ္းသာေပးမည္ ” ဆိုရာ ” တိုက္ပါမည္ ” ဟု လဂြန္းအိန္က ေလွ်ာက္ေလ၏။

မင္းေခါင္ကို ႀကံျခင္း လဂြန္းအိန္သည္ မင္းေခါင္ကို မသိသျဖင့္ ေနာင္ေတာ္ရင္း မင္းေခါင္ႏွင့္ မသင့္၍ ရာဇာဓိရာဇ္ထံမွာ ခိုေနလာေသာ ညီေတာ္ ရွင္သိဒၶတ္ကို ဆင္တြင္ ကုန္းလယ္စီး၍ ေနာင္ေတာ္ကို ျပေစ၏။ဘုရင္မင္းေခါင္သည္ ဆင္စီး၍ ညေနခ်မ္း၌ လည္ၿမဲလည္ေသာ္ ေတာစြယ္က ပုန္းေနေသာ လဂြန္းအိန္သည္ စည္ေမာင္းတီး၍ ထြက္လာသည္ကို ဘုရင္မင္းေခါင္ ျမင္လွ်င္ ” နင့္ကိုသာ လိုသည္ ” ဟု ဆို၍ ခြၽန္းဖြင့္ကာ တိုက္ေလ၏။

ထိုအခါ ရွင္သိဒၶတ္က မင္းေခါင္အား ” မင္းဧကရာဇ္ ျဖစ္လ်က္ အမႉးအမတ္ႏွင့္ ဆင္စီးခ်င္း တိုက္ ရာသည္ေလာ ၊ ေနာက္က ဆင္ကူ မ်ားလွသည္ ၊ ထီးျဖဴကို လွဲ၍ထားေလ ” ဟု ဆိုမွ ေနာင္ေတာ္ သည္ ဆင္ေတာ္ကို ခြၽန္းငင္၍ ခြာေတာ္မူ၏။လဂြန္းအိန္လည္း မတိုက္ရဘဲ ျပန္ခဲ့ရပုံကို ေလွ်ာက္ေသာ္ ရွင္သိဒၶတ္ကို ကြပ္ေတာ္မူေလ၏။

ရာဇာဓိရာဇ္က လဂြန္းအိန္အား ” နင္ မင္းေခါင္ကို ရေအာင္တိုက္မည္ ဆိုသည္ ၊ ယခု မည္သို႔ ျပဳမည္နည္း ” ဟု ေမးေတာ္မူ၏။ ” မင္းေခါင္၏ အိပ္ရာသို႔ အေရာက္သြား၍ လုပ္ႀကံပါမည္ ” ေလွ်ာက္ၿပီးေသာ္ ညဥ့္အခါ မင္းေခါင္၏ တဲနန္းေတာ္ အတြင္းသို႔ တိတ္တဆိတ္ ဝင္ေရာက္ေလ၏။

မင္းေခါင္၏ ကြမ္းခြက္ေတာ္ႏွင့္ ပတၱျမားဓားကို ယူၿပီးေနာက္ လုပ္ႀကံရန္ သင့္မသင့္ စဥ္းစားေနခိုက္ ကိုယ္လုပ္ေတာ္ အေစာင့္တစ္ေယာက္ နိုး၍ ဟစ္ေအာ္သျဖင့္ တစ္တပ္လုံး ေသာေသာ႐ုတ္႐ုတ္ ျဖစ္ေသာေၾကာင့္ လဂြန္းအိန္ ျပန္ထြက္ခဲ့ရေလ၏။

လဂြန္းအိန္ ျပန္ေရာက္၍ ရာဇာဓိရာဇ္က ” ၿပီးခဲ့၏ေလာ ” ဟု ေမးေတာ္မူမွ ေလွ်ာက္သည္ကား ” ဘုန္းႀကီးေသာ မင္းဧကရာဇ္ တို႔ကို လုပ္ႀကံေသာ သူသည္ ဘုန္းမႀကီး အသက္မရွည္ဟု လူႀကီးမိဘတို႔ ေျပာဖူးပါသည္။ အသက္ရွည္မွ အမႈေတာ္ကို ထမ္းရမည္ကို ရည္၍ ကြၽန္ေတာ္ မလုပ္ႀကံခဲ့ပါ။ အပါးေတာ္သို႔ ေရာက္ ေၾကာင္းျပရန္ ဘုရင္မင္းေခါင္၏ ကြမ္းခြက္ေတာ္ႏွင့္ ပတၱျမားဓားကို ယူခဲ့သည္ ” ဟု ေလွ်ာက္၍ ဆက္၏။ရာဇာဓိရာဇ္လည္း ႏွစ္သက္၍ ” နင့္အသက္ကို ငါလႊတ္ေတာ့ၿပီ ” ဟု မိန့္ေတာ္မူ၏။

 

လဂြန္းအိန္ က်ဆဳံးပုံ ဘုရင္မင္းေခါင္ႏွင့္ ရာဇာဓိရာဇ္တို႔ စစ္ျပဳေနၾကစဥ္ ၇၇၄ ခု အတြင္း (အေရးေတာ္ပုံ တြင္ ၇၇၀ အတြင္း ဆိုသည္) ျပည္ၿမိဳ႕ဘက္က မင္းေခါင္ တို႔က တပ္ခ်ေန၏။ ရာဇာဓိရာဇ္တို႔က တစ္ဖက္က ေအာက္နားတြင္ တပ္ခ်ေန၏။ ဤသို႔ စစ္နားေနၾကစဥ္ ေလွတစ္စီးခ်င္း ကစားေစ၏။

ျမန္မာတို႔က ဉာဏ္ကူ၍ ေလွေလးစင္း သူရဲေကာင္း ေလးေယာက္ ဦးစီးေစၿပီးလွ်င္ သုံးစင္းကို ျမစ္အေနာက္ဘက္ ကမ္းေထာင့္အေကြ႕တြင္ ပုန္းကြယ္ေနေစ၏။ တစ္စီးကိုသာ စည္ေမာင္းနရည္းတီး၍ ထြက္ေစ၏။ ျပည္ဘက္ကမ္းက ျမင္းႏွစ္ေထာင္လည္း လိုက္၍ေန၏။

မြန္တို႔ဘက္က သူရဲေကာင္း လဂြန္းအိန္ ဦးစီး၍ ေလွတစ္စင္းႏွင့္ စည္ေမာင္းတီးကာ ထြက္လာ၏။ေလွႏွစ္စင္း ေတြ႕ၾကေသာအခါ ပုန္းေနေသာ ျမန္မာေလွသုံးစင္းက ထြက္လာၿပီးလွ်င္ ဝိုင္းအုံကူညီ တိုက္ေလေသာေၾကာင့္ မြန္ေလွစီးတို႔ ေရသို႔ က်ကဳန္၏။ လဂြန္းအိန္၏ ေပါင္ၿခံကိုလည္း လွံထိေလ၏။

ထိုအခါ ေဘးကၾကည့္ေနေသာ မင္းရဲေက်ာ္စြာက ” မေသေစႏွင့္ မေသေစႏွင့္ ” ဟု ဟစ္၍ ဆိုသျဖင့္ လဂြန္းအိန္ကို အသာအယာ ယူေဆာင္ခဲ့ၾက၏။ဤအေၾကာင္းကို မင္းေခါင္ၾကားေသာ္ ” စစ္လိုလားသည့္ ဧကရာဇ္သားသည္ သူရဲေကာင္းကို အေသသတ္ရသည္ေလာ ၊ ရွင္ေအာင္ကုဘိ ” ဟု မိန့္ေတာ္မူ၏။မင္းရဲေက်ာ္စြာသည္ လဂြန္းအိမ္ထားရာသို႔ လာခဲ့၍ ” အားမငယ္ပါႏွင့္ ၊ မေၾကာက္ပါႏွင့္ ၊ ေကာင္းစြာ ျပဳစုပါမည္ ”
” အားမငယ္ပါ ၊ ေသရမည္ကိုလည္း မေၾကာက္ပါ ၊ အလိမ္ခံရသည္ ကိုသာ ရွက္ပါသည္ “” ထမင္းစားမည္ေလာ “” ကြၽန္ေတာ္ ေသခါနီးမွ အရွင္ႏွစ္ပါး ထမင္းကို ဝမ္းတြင္းသို႔ မသြင္းၿပီ “” ကြမ္းစားမည္ေလာ “” ကြမ္းစားမည္ ၊ ေရေသာက္ပါမည္ “ထိုအခါ စားေတာ္ကြမ္း ၊ ေသာက္ေတာ္ေရတို႔ကို ေပး၍ စားေသာက္ၿပီးေသာ္

” ေ႐ႊနန္းရွင္ သားေတာ္၏ ကြမ္းႏွင့္ေရကို စားေသာက္ရေပသည္။ တစ္ပြဲတစ္လမ္းမွ် ေက်းဇူးေတာ္ကို မဆပ္ခဲ့ရပါ။ အေရးေတာ္ကိုကား ေလွ်ာက္ခဲ့ပါမည္ ၊ ယူေတာ္မူပါ။ ေ႐ႊနန္းရွင္ သားေတာ္ပင္ မယူေသာ္လည္း မႉးေတာ္ မတ္ေတာ္တို႔ မွတ္သားၾကပါ။ အရွင့္ဘႀကီးေတာ္ ေလွစီးခ်င္း ၊ ဆင္စီးခ်င္း ၊ ျမင္းစီးခ်င္း မေတြ႕ပါေလႏွင့္ ၊ အလြန္ ရဲရင့္ ကြၽမ္းက်င္၏။ အရံသားတို႔မွာလည္း ေဆြသားမ်ိဳးသားခ်ည္း ျဖစ္သည္။

ကြၽန္ေတာ္၏ စကားကို မယုံေသာ္ ေနာင္ ေတြ႕ေသာအခါ သိေတာ္မူပါလိမ့္မည္ “ထိုအခါ မင္းရဲေက်ာ္စြာက ” သည္ မြန္ကား ေသသည္အထိ အဆိပ္မျပတ္ေသာ ေႁမြကဲ့သို႔ ျဖစ္သည္ ” ဟု ဆို၍ ၿပဳံးေတာ္မူ၏။ထို႔ေနာက္ လဂြန္းအိန္သည္ ညဥ့္သန္းေခါင္၌ အနိစၥေရာက္ေလသည္။

ဘုရင္မင္းေခါင္ ကလည္း ” သင္းအေလာင္းကို သင္းသခင္ဆီသို႔ ေမွ်ာလိုက္ဘိ ” ဟု အမိန့္ေတာ္ ရွိသျဖင့္ ငွက္ေပ်ာေဖာင္တြင္ ပုဆိုးျဖဴအုပ္လ်က္ ေခါင္းရင္းက ဆီမီးတိုင္ႏွင့္ ေမွ်ာလိုက္၏။ရာဇာဓိရာဇ္ ရလွ်င္ အေလာင္းကို ဖက္လ်က္ ” ဗိုလ္မင္း ျဗာဇၨ (ျဗတ္ဇ)လည္း မရွိၿပီ ၊ မင္း ငါ့ကို စြန့္၍သြားျပန္ေသာ္ အစြယ္ႏွစ္ေခ်ာင္း ကြၽတ္သည္ႏွင့္အတူ ငါ၌ တိုင္ပင္အားကိုးရန္ မရွိေတာ့ေခ်ၿပီတကား ” ဟု ငိုယိုေတာ္မူ၏။ ၿပီးမွ လဂြန္းအိန္၏ အေလာင္းကို ေကာင္းစြာ သၿဂိဳဟ္ ေလသတည္း။

 

Credit

 

 

 

 

 

 

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *