တချိန်က ရန်ကုန်မြို့ကို ကယ်တင်ခဲ့ကြဖူးတဲ့ လူသားဆန်သောလူများ

တချိန်က ရန်ကုန်မြို့ကို ကယ်တင်ခဲ့ကြဖူးတဲ့ လူသားဆန်သောလူများ

 

 

 

ဂျပန်အဆုတ် အင်္ဂလိပ်အဝင်မှာ အရှေ့တောင်အာရှ စစ်သေနာပတိ မောင့်ဘက်တန်ဟာ ရန်ကုန်မြို့သိမ်းစီမံချက်တစ်ရပ်ကို စစ်ပါရဂူတွေနဲ့ ညှိနှိုင်းဆွေးနွေ ရေးဆွဲခဲ့ပါတယ်။

ဒီစစ်ဆင်ရေးကို ၁၉၄၄ခုနှစ်၊ နှစ်လည်ပိုင်းကတည်းက ရေးဆွဲခဲ့တာဖြစ်ပြီး စစ်ဆင်ရေးနာမည်က ဒရက်ဂူလာစစ်ဆင်ရေး တဲ့။

အရှေ့တောင်အာရှ စစ်သေနာပတိ မောင့်ဘက်တန်

မောင့်ဘက်တန်အတွက် ရန်ကုန်သိမ်းစစ်ဆင်ရေးအတွက် ရှေ့မှာ မနီလာမြို့သိမ်းတိုက်ပွဲ သင်ခန်းစာက ရှိနေခဲ့ပါတယ်။မနီလာမှာ ဂျပန်တွေဟာ သူရဲကောင်း ဘူရှီဒိုစိတ်ဓါတ်နဲ့ အသေအကျေ ကာကွယ်ကြပြီး ဖက်ဆစ်ပီပီတော့ လုပ်လိုက်ကြတာ။ လူသားတံတိုင်း လုပ်ခံရတဲ့ ပိတ်မိနေတဲ့ အရပ်သား တစ်သိန်းကျော်သေခဲ့ပါတယ်။

အဲ့ဒီ့အတွက်လည်း မောင့်ဘက်တန်ဟာ ရန်ကုန်မြို့သိမ်းစစ်ဆင်ရေးကို တော်တော် စိတ်ပူနေမိပါတယ်။ ရန်ကုန်ကို အဲ့ဒီလိုအဖြစ် မခံနိုင်လို့ ဒရက်ဂူလာစစ်ဆင်ရေးကို သေချာရေးဆွဲ လုပ်ဆောင်နေခဲ့ပါတယ်။

မြန်မာပြည်ကို ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်တပ်တွေလက်က ပြန်လည် ကယ်တင်နိုင်ခဲ့တဲ့ မောင့်ဘက်တန်

မောင့်ဘက်တန်လို ရန်ကုန်အတွက် စိတ်ပူနေသူ နောက်တစ်ဦးက အဓိပတိ ဒေါက်တာဘမော်ပါ။ ဂျပန်ဟာ စစ်ရှုံးမှာ သေချာနေပါပြီ။ရန်ကုန်ကို ဗြိတိန်ဟာ အင်အားအလုံးအရင်းနဲ့ ဝင်သိမ်းပါတော့မယ်။ ဒါကို ဂျပန်က ရန်ကုန်က ခုခံရင် မနီလာထက် ပိုဆိုးသွားနိုင်ပါတယ်။

ကုန်ကုန်ပြောရင် ရန်ကုန်ဟာ ရှိခိုးစရာ ရွှေတိဂုံတောင် မကျန်ပါဘူး။ ဘာလို့လဲဆိုရင် ဂျပန်အမြှောက်တပ်ဟာ ရွှေတိဂုံကုန်းမှာ အခိုင်အမာ တပ်စွဲထားလို့ပါ။

ဒါကို ဗြိတိသျှလေတပ်က အရင်ဖြိုရမှာပါ။ ဒီတော့ ဒေါက်တာဘမော်ဟာ ဗမာပြည်စစ်တာဝန်ခံ ဂျပန်အရာရှိ ကီမူရာကို တောင်းပန်ရပါတော့တယ်။

ရန်ကုန်ကနေ မခုခံဘဲဆုတ်ပြေးကြဖို့ပါ။ ဒါပေမယ့် ဒီကိစ္စကို ကီမူရာလည်း ဆုံးဖြတ်လို့ မရပါဘူး။ ဂျပန်က စစ်ဝန်ကြီး တိုကျိုရဲ့ အမိန့်အတိုင်း သူကဆောင်ရွက်ရတာမို့ ဒေါက်တာဘမော်ဟာ တိုကျိုထံ မေတ္တာရပ်ခံရပါတော့တယ်။

တောင်းတောင်ပန်းပန်နဲ့မို့ တိုကျိုကလည်း လက်ခံပြီး ဦးဆုံး ရွှေတိဂုံကုန်းတော်ပေါ်က အမြှောက်တပ်ကို စရွှေ့ခိုင်းပါတယ်။
မြန်မာပြည်မြေပုံနဲ့ မောင့်ဘက်တန်မြန်မာပြည်သိမ်းတပ်သားတွေနဲ့ မောင့်ဘက်တန်

ပြီးတော့ ရန်ကုန်က ဂျပန်တပ်အားလုံး မော်လမြိုင်ကို ဆုတ်ကြပါတော့တယ်။ ရန်ကုန်ကိုတော့ ဆူဘတ်ချန်ဒရာဘို့စ်ရဲ့ INA လို့ ခေါ်တဲ့ အိန္ဒိယအမျိုးသားတပ်မတော်ကို မြို့စောင့်အဖြစ် ထားခဲ့ပါတယ်။

ဒီလိုအားလုံးအကွက်ချပြီးမှ ရန်ကုန်ကို ဗြိတိသျှတပ်တွေ ဝင်ပါတော့တယ်။ အနှစ်ချုပ်တော့ဒရက်ဂူလာစစ်ဆင်ရေးဟာ သေချာတောင် စစ်မတိုက်လိုက်ရဘဲ ရန်ကုန်ကို သိမ်းနိုင်ပါတယ်။ ရန်ကုန်ဟာ အပျက်အစီးအနည်းဆုံးနဲ့ ပြန်ရလိုက်ပါတယ်။

နောက်တော့ ဗမာကားထဲကလိုပဲ နောက်ဆုံးမှ ရဲတွေရောက်လာသလို ရန်သူတစ်ယောက်မှ မရှိတော့တဲ့ မြို့ကြီးထဲကို BNA လို့ ခေါ်တဲ ဗမာ့အမျိုးသားတပ်မတော်ကြီးဟာ ဘင်ခရာတီးပြီး ဝင်လာပါတော့တယ်။

ဒါကိုပဲ ရန်ကုန်မြို့သိမ်းပွဲဆိုပြီး တခမ်းတနားနဲ့ ဗမာ့သမိုင်းမှာ မှတ်တမ်းတင်ကြပါတော့တယ်။ ဘယ်သူသိမ်းတယ် ဘယ်ဝါသိမ်းတယ်တောင် အငြင်းပွားနေကြပါသေးရဲ့။

ဗြိတိသျှ တပ်မတော် သက်သာချောင်ချိရေး ရန်ပုံငွေ လှူနေတဲ့ ဦးနုနဲ့ မောင့်ဘက်တန်ရန်ကုန်တက္ကသိုလ်ရောက် မောင့်ဘက်တန်
ဒီတော့ ဒီသမိုင်းဇာတ်ကွက်မှာ ရန်ကုန်ရဲ့ ကယ်တင်ရှင်တွေဟာ မောင်ဘတ်တန်ရယ်၊ ဒေါက်တာဘမော်ရယ်၊ ကီမူရာရယ်၊ တိုကျိုရယ်ပါပဲ။

သူတို့အားလုံးဟာ အဲ့ဒီ့အချိန်မှာ တူမျှတဲ့အတွေးကိုယ်စီ ရှိနေမှာပါ။ မောင့်ဘတ်တန်ဟာ ရန်ကုန်က အရပ်သားတွေ သေမှာ စိတ်ပူနေသလို ဒေါက်တာဘမော်ဟာလည်း သူ့ပြည်သူတွေအတွက်ရော သူ့မြို့တော်ကြီးရဲ့ အမွေအနှစ်တွေ ပျက်စီးမယ့် အရေးကို သွေးပျက်နေရတာပါ။

အဆုံးအဖြတ်ဖြစ်တဲ့ တိုကျိုဟာလည်း သူ့ရဲ့ သမိုင်းအရှုံးတွေထဲမှာ ရန်ကုန်အတွက် လူသားဆန်တဲ့ အတွေးတစ်ခုနဲ့ သူဆုံးဖြတ်ခဲ့မှာပါ။

ဒါပေမယ့် သူတို့အားလုံး ရန်ကုန်ကို ဘယ်လိုပဲ ကယ်ခဲ့ကယ်ခဲ့ နောက်တော့လည်း ရန်ကုန်ဟာ ခေတ်အဆက်ဆက် ဖက်ဆစ်စစ်စစ်တွေအောက် ရောက်သွားတော့တာပါပဲ။

Credit

Zawgyi

 

တခ်ိန္က ရန္ကုန္ၿမိဳ႕ကို ကယ္တင္ခဲ့ၾကဖူးတဲ့ လူသားဆန္ေသာလူမ်ား

 

 

ဂ်ပန္အဆုတ္ အဂၤလိပ္အဝင္မွာ အေရွ႕ေတာင္အာရွ စစ္ေသနာပတိ ေမာင့္ဘက္တန္ဟာ ရန္ကုန္ၿမိဳ႕သိမ္းစီမံခ်က္တစ္ရပ္ကို စစ္ပါရဂူေတြနဲ႕ ညွိႏွိုင္းေဆြးေႏြ ေရးဆြဲခဲ့ပါတယ္။

ဒီစစ္ဆင္ေရးကို ၁၉၄၄ခုႏွစ္၊ ႏွစ္လည္ပိုင္းကတည္းက ေရးဆြဲခဲ့တာျဖစ္ၿပီး စစ္ဆင္ေရးနာမည္က ဒရက္ဂူလာစစ္ဆင္ေရး တဲ့။

အေရွ႕ေတာင္အာရွ စစ္ေသနာပတိ ေမာင့္ဘက္တန္

ေမာင့္ဘက္တန္အတြက္ ရန္ကုန္သိမ္းစစ္ဆင္ေရးအတြက္ ေရွ႕မွာ မနီလာၿမိဳ႕သိမ္းတိုက္ပြဲ သင္ခန္းစာက ရွိေနခဲ့ပါတယ္။မနီလာမွာ ဂ်ပန္ေတြဟာ သူရဲေကာင္း ဘူရွီဒိုစိတ္ဓါတ္နဲ႕ အေသအေက် ကာကြယ္ၾကၿပီး ဖက္ဆစ္ပီပီေတာ့ လုပ္လိုက္ၾကတာ။ လူသားတံတိုင္း လုပ္ခံရတဲ့ ပိတ္မိေနတဲ့ အရပ္သား တစ္သိန္းေက်ာ္ေသခဲ့ပါတယ္။

အဲ့ဒီ့အတြက္လည္း ေမာင့္ဘက္တန္ဟာ ရန္ကုန္ၿမိဳ႕သိမ္းစစ္ဆင္ေရးကို ေတာ္ေတာ္ စိတ္ပူေနမိပါတယ္။ ရန္ကုန္ကို အဲ့ဒီလိုအျဖစ္ မခံနိုင္လို႔ ဒရက္ဂူလာစစ္ဆင္ေရးကို ေသခ်ာေရးဆြဲ လုပ္ေဆာင္ေနခဲ့ပါတယ္။

ျမန္မာျပည္ကို ဒုတိယကမာၻစစ္အတြင္း ဂ်ပန္တပ္ေတြလက္က ျပန္လည္ ကယ္တင္နိုင္ခဲ့တဲ့ ေမာင့္ဘက္တန္

ေမာင့္ဘက္တန္လို ရန္ကုန္အတြက္ စိတ္ပူေနသူ ေနာက္တစ္ဦးက အဓိပတိ ေဒါက္တာဘေမာ္ပါ။ ဂ်ပန္ဟာ စစ္ရႈံးမွာ ေသခ်ာေနပါၿပီ။ရန္ကုန္ကို ၿဗိတိန္ဟာ အင္အားအလုံးအရင္းနဲ႕ ဝင္သိမ္းပါေတာ့မယ္။ ဒါကို ဂ်ပန္က ရန္ကုန္က ခုခံရင္ မနီလာထက္ ပိုဆိုးသြားနိုင္ပါတယ္။

ကုန္ကုန္ေျပာရင္ ရန္ကုန္ဟာ ရွိခိုးစရာ ေ႐ႊတိဂုံေတာင္ မက်န္ပါဘူး။ ဘာလို႔လဲဆိုရင္ ဂ်ပန္အျမႇောက္တပ္ဟာ ေ႐ႊတိဂုံကုန္းမွာ အခိုင္အမာ တပ္စြဲထားလို႔ပါ။

ဒါကို ၿဗိတိသွ်ေလတပ္က အရင္ၿဖိဳရမွာပါ။ ဒီေတာ့ ေဒါက္တာဘေမာ္ဟာ ဗမာျပည္စစ္တာဝန္ခံ ဂ်ပန္အရာရွိ ကီမူရာကို ေတာင္းပန္ရပါေတာ့တယ္။

ရန္ကုန္ကေန မခုခံဘဲဆုတ္ေျပးၾကဖို႔ပါ။ ဒါေပမယ့္ ဒီကိစၥကို ကီမူရာလည္း ဆုံးျဖတ္လို႔ မရပါဘူး။ ဂ်ပန္က စစ္ဝန္ႀကီး တိုက်ိဳရဲ႕ အမိန႔္အတိုင္း သူကေဆာင္႐ြက္ရတာမို႔ ေဒါက္တာဘေမာ္ဟာ တိုက်ိဳထံ ေမတၱာရပ္ခံရပါေတာ့တယ္။

ေတာင္းေတာင္ပန္းပန္နဲ႕မို႔ တိုက်ိဳကလည္း လက္ခံၿပီး ဦးဆုံး ေ႐ႊတိဂုံကုန္းေတာ္ေပၚက အျမႇောက္တပ္ကို စေ႐ႊ႕ခိုင္းပါတယ္။
ျမန္မာျပည္ေျမပုံနဲ႕ ေမာင့္ဘက္တန္ျမန္မာျပည္သိမ္းတပ္သားေတြနဲ႕ ေမာင့္ဘက္တန္

ၿပီးေတာ့ ရန္ကုန္က ဂ်ပန္တပ္အားလုံး ေမာ္လၿမိဳင္ကို ဆုတ္ၾကပါေတာ့တယ္။ ရန္ကုန္ကိုေတာ့ ဆူဘတ္ခ်န္ဒရာဘို႔စ္ရဲ႕ INA လို႔ ေခၚတဲ့ အိႏၵိယအမ်ိဳးသားတပ္မေတာ္ကို ၿမိဳ႕ေစာင့္အျဖစ္ ထားခဲ့ပါတယ္။

ဒီလိုအားလုံးအကြက္ခ်ၿပီးမွ ရန္ကုန္ကို ၿဗိတိသွ်တပ္ေတြ ဝင္ပါေတာ့တယ္။ အႏွစ္ခ်ဳပ္ေတာ့ဒရက္ဂူလာစစ္ဆင္ေရးဟာ ေသခ်ာေတာင္ စစ္မတိုက္လိုက္ရဘဲ ရန္ကုန္ကို သိမ္းနိုင္ပါတယ္။ ရန္ကုန္ဟာ အပ်က္အစီးအနည္းဆုံးနဲ႕ ျပန္ရလိုက္ပါတယ္။

ေနာက္ေတာ့ ဗမာကားထဲကလိုပဲ ေနာက္ဆုံးမွ ရဲေတြေရာက္လာသလို ရန္သူတစ္ေယာက္မွ မရွိေတာ့တဲ့ ၿမိဳ႕ႀကီးထဲကို BNA လို႔ ေခၚတဲ ဗမာ့အမ်ိဳးသားတပ္မေတာ္ႀကီးဟာ ဘင္ခရာတီးၿပီး ဝင္လာပါေတာ့တယ္။

ဒါကိုပဲ ရန္ကုန္ၿမိဳ႕သိမ္းပြဲဆိုၿပီး တခမ္းတနားနဲ႕ ဗမာ့သမိုင္းမွာ မွတ္တမ္းတင္ၾကပါေတာ့တယ္။ ဘယ္သူသိမ္းတယ္ ဘယ္ဝါသိမ္းတယ္ေတာင္ အျငင္းပြားေနၾကပါေသးရဲ႕။

ၿဗိတိသွ် တပ္မေတာ္ သက္သာေခ်ာင္ခ်ိေရး ရန္ပုံေငြ လႉေနတဲ့ ဦးႏုနဲ႕ ေမာင့္ဘက္တန္ရန္ကုန္တကၠသိုလ္ေရာက္ ေမာင့္ဘက္တန္
ဒီေတာ့ ဒီသမိုင္းဇာတ္ကြက္မွာ ရန္ကုန္ရဲ႕ ကယ္တင္ရွင္ေတြဟာ ေမာင္ဘတ္တန္ရယ္၊ ေဒါက္တာဘေမာ္ရယ္၊ ကီမူရာရယ္၊ တိုက်ိဳရယ္ပါပဲ။

သူတို႔အားလုံးဟာ အဲ့ဒီ့အခ်ိန္မွာ တူမွ်တဲ့အေတြးကိုယ္စီ ရွိေနမွာပါ။ ေမာင့္ဘတ္တန္ဟာ ရန္ကုန္က အရပ္သားေတြ ေသမွာ စိတ္ပူေနသလို ေဒါက္တာဘေမာ္ဟာလည္း သူ႕ျပည္သူေတြအတြက္ေရာ သူ႕ၿမိဳ႕ေတာ္ႀကီးရဲ႕ အေမြအႏွစ္ေတြ ပ်က္စီးမယ့္ အေရးကို ေသြးပ်က္ေနရတာပါ။

အဆုံးအျဖတ္ျဖစ္တဲ့ တိုက်ိဳဟာလည္း သူ႕ရဲ႕ သမိုင္းအရႈံးေတြထဲမွာ ရန္ကုန္အတြက္ လူသားဆန္တဲ့ အေတြးတစ္ခုနဲ႕ သူဆုံးျဖတ္ခဲ့မွာပါ။

ဒါေပမယ့္ သူတို႔အားလုံး ရန္ကုန္ကို ဘယ္လိုပဲ ကယ္ခဲ့ကယ္ခဲ့ ေနာက္ေတာ့လည္း ရန္ကုန္ဟာ ေခတ္အဆက္ဆက္ ဖက္ဆစ္စစ္စစ္ေတြေအာက္ ေရာက္သြားေတာ့တာပါပဲ။

Credit

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *