မြန် မာ့ နန် းစဉ်ရ တ န ာများ အကြောင်း

မြန်မာ့ နန်းစဉ်ရတနာများ အကြောင်း

ရွှေခေါင်းဆောင်း(သရဖူ)


အမျိုးအစား – ရွှေခေါင်းဆောင်း
အချိန်ကာလ – ဘုရင်မကြီး ရှင်စောပု(၁၄၅၃-၁၄၆၀) အသုံးပြုခဲ့သည်ဟု ယူဆရသည်။

တွေ့ရှိရာနေရာ -(၁၈၅၅)ရွှေတိဂုံဘုရား ၊ မြန်မာ
ပြုလုပ်ပုံနည်းပညာ -ရွှေသားဖြင့်ပြုလုပ်ထားပြီး ရတနာ စီခြယ်ထားသော ခေါင်းဆောင်း
အရွယ်အစား – မသိ
လက်ရှိတည်နေရာ – လန်ဒန်မြို့ ဝိတိုရိယနှင့် အယ်လဗတ်ပြတိုက်
ပြတိုက်ပစ္စည်း အမှတ် –

 

စကားချပ်။ ။ရှင်စောပုဘုရင်မကြီး အသုံးပြုခဲ့သည်ဟုဆိုသော ရွှေခေါင်းဆောင်းတစ်ခုကို လန်ဒန်မြို့ ဝိတိုရိယနှင့် အယ်လဗတ်ပြတိုက်ကြီးတွင် ယနေ့တိုင် ပြသထားလေသည်။

[၁]ပတ္တမြား ခေါင်းဘီး

အမျိုးအစား – ပတ္တမြား ခေါင်းဘီး
အချိန်ကာလ – ၁၈ ရာစုရဲ့ နောက်ဆုံး ၂၅ နှစ်
တွေ့ရှိရာနေရာ – မန္တလေး၊ မြန်မာ
ပြုလုပ်ပုံနည်းပညာ – သစ်သား ပေါ် ရွှေကပ်၊ ပတ္တမြား နှင့် မြ ကို ရွှေပေါ်မှာ မြုပ်ပြီး အလှဆင်။

အရွယ်အစား – အရှည် ၈.၂ စင်တီမီတာ ၊ ဘေးတိုက်အကျယ် ၅.၁ စင်တီမီတာ
လက်ရှိတည်နေရာ – ဗစ်တိုးရီးယား နဲ့ အယ်ဘာတ် ပြတိုက်၊ လန်ဒန်
ပြတိုက်ပစ္စည်း အမှတ် – IS.2-1902

စကားချပ်။ ။ မြင်နေကျ မြန်မာဟန်ပန်အတိုင်းဖြစ်သည်။ ထို ၂ ဘက်လှ သစ်သားဘီးလေးသည် ရွှေကို အပေါ်က ကပ်ထားသည်။ ပတ္တမြား နှင့် မြ ကို စီမြုပ်ပြီးအလှဆင်ထားသည်။ ဘီး၊ ဆီ( ခေါင်းလိမ်းဆီ/အလှဆီ)၊ ရေမွှေး၊ သနပ်ခါး နှင့် ဆံစု စတာတွေ ပါတတ်တဲ့ နန်းတွင်း အမျိုးသမီး တစ်ဦးရဲ့ အလှပြင်သေတ္တာ ထဲမှ တစ်ခု အပါဝင်သည်။ အဖိုးတန် ရတနာ ပစ္စည်းများ နှင့် အလှဆင်ထားသော ထိုခေါင်းဘီးသည် ကုန်းဘောင် မင်းဆက် ( ၁၇၂၅-၁၈၈၅ ) မိဘုရား နှင့် မင်းမျိုးမင်းနွယ် တွေသာ သုံးနိုင်တဲ့ တော်ဝင် ပစ္စည်း တစ်ခုဖြစ်သည်။

(ဧကရီဘုရင်မကြီးထံ ပေးပို့သည့်ပစ္စည်းများထဲတွင် သီပေါ၏ အကောင်းဆုံး သရဖူတစ်ခု၊ ဒုတိယ သရဖူမှ မြကျောက်ကြီးသုံးလုံး၊ သရဖူထဲမှ ကျွတ်ကျသည့် ကျောက်အလွတ် ၈ လုံးထည့်ထားသည့် စက္ကအိတ်တစ်လုံး၊ စိန်ဒေါင်းရုပ်ပါသည့် ဘယက်တစ်ကုံး နှင့် ရွှေဘီး တစ်ချောင်း တို့ပါသည်။

လည်တုန်

အမျိုးအစား – လည်ဆွဲဘယက်
အချိန်ကာလ – ၁၉ ရာစုနှစ် နှစ်လယ်
တွေ့ရှိရာနေရာ – တနင်္သာရီ၊ မြန်မာ
ပြုလုပ်ပုံနည်းပညာ – – ရွှေချည် နဂထာ ကို နီကျင်ကျင်အရောင်ဆင်း ရရှိအောင် မဂျီးသီး(မန်ကျည်းသီ:) နှင့် ရွှေကို ရေနွေးထဲ ထည့် ပြုပ်တယ်၊ ဒါမှမဟုတ် ဆာလဖာ ကိုမီးရှို့ပြီး ရွှေအရောင်ရင့်လာ အောင်မှိုင်းတိုက် တယ်။

အရွယ်အစား – အရှည် ၂၈ စင်တီမီတာ ၊ အကျယ် ၈ စင်တီမီတာ
လက်ရှိတည်နေရာ – ဗစ်တိုးရိးယား နဲ့ အယ်ဘာတ် ပြတိုက်၊ လန်ဒန်
ပြတိုက်ပစ္စည်း အမှတ် – 123-1852

၁၉ ရာစုအလယ်ပိုင်း မှာ မြန်မာအမျိုးသမီးများ ဝတ်သည့် လည်ဆွဲ ။ နီကျင်ကျင်အရောင်ရှိပြီး လည်မှာဆွဲထားရင် တလှုပ်လှုပ်နှင့် မို့ “လည်တုန်” လို့ခေါ်သည်။ အပြောက်အမွန်းကောင်းကောင်း၊ ဆွဲသီး အတော်များများ (၂၃ ခု) ၊ ကုန်းဘောင်မင်းဆက် (၁၇၅၂-၁၈၈၅) အမှတ်လက္ခဏာ ဒေါင်းတံဆိပ် တို့နှင့် အလှဆင်ထားသဖြင့် ဝတ်ဆင်သူသည် အင်မတန် အဆင့်တန်းမြင့်သော အသိုင်းဝိုင်းကဖြစ်ပေမည်။

စကားချပ်။ ။ ထားဝယ်မှာ ဆင်ဖြူမရှင် နေထိုင်စဉ် ထုတ်ရောင်းသော ပစ္စည်းများ ထဲမှ တစ်ခုဖြစ်မယ်ဟု ထင်ပါသည်။

၁၉ ရာစု လည်ဆွဲဘယက်

အမျိုးအစား – လည်ဆွဲဘယက်
အချိန်ကာလ – ၁၉ ရာစု
တွေ့ရှိရာနေရာ – မန္တလေး၊ မြန်မာ
ပြုလုပ်ပုံနည်းပညာ – – ရွှေချည်ကြိုးငယ်များတွင် ပုလဲလုံးငယ်ကလေးများ သီကုံး၍အလှဆင်။

အရွယ်အစား – မသိ
လက်ရှိတည်နေရာ – ဗစ်တိုးရိးယား နဲ့ အယ်ဘာတ် ပြတိုက်၊ လန်ဒန်
ပြတိုက်ပစ္စည်း အမှတ် – 03165(IS)

စကားချပ်။ ။ ပုလဲလုံးငယ်လေးတွေကို ရွှေချည်ကြိုးတွေနှင့် သေချာသီပြီး အလှဆင်ထားတဲ့ ဒီလည်ဆွဲဘယက် ဟာ လူတစ်ကိုယ်အတွက် တစ်ဆင်စာ ခြေချင်း၊ လက်စွတ်၊ နားတောင်း ၊ လည်ဆွဲ စတာတွေထဲက တစ်ခု အပါအဝင်ဖြစ်ပါတယ်။

ဒီလို လူတစ်ကိုယ်အတွက် တစ်ဆင်စာပြည့် ဝတ်စားဆင်ယဉ်မှုဟာ မျိုးရိုး အဆင့်တန်းမြင့် မြန်မာအမျိုးသမီး တစ်ဦးအတွက်တော့ မရှိမဖြစ်ပါ။ (ပြတိုက်ကတော့ မင်းတုန်းမင်း ခေတ်လို့ အရိပ်အမွတ်ပြောနေပါတယ်။)

၁၉ ရာစု ခြေချင်းတစ်စုံ

အမျိုးအစား – ရွှေခြေချင်း
အချိန်ကာလ – ၁၉ ရာစု
တွေ့ရှိရာနေရာ – မန္တလေး၊ မြန်မာ
ပြုလုပ်ပုံနည်းပညာ – – ရွှေသားစစ်စစ် တွင် ပတ္တမြား အရိုင်းတုံးများဖြင့်အလှဆင်။

အရွယ်အစား – အပြင်ဘက် ကွင်းအကျယ် ၈.၉ စင်တီမီတာ ၊ အတွင်းဘက် ကွင်း အကျယ် ၈.၂ စင်တီမီတာ။
လက်ရှိတည်နေရာ – ဗစ်တိုးရီးယား နဲ့ အယ်ဘာတ် ပြတိုက်၊ လန်ဒန်
ပြတိုက်ပစ္စည်း အမှတ် – 03159:1, 2/(IS)

စကားချပ်။ ။ ရွှေသားစစ်စစ် မှာ မသွေးရသေးတဲ့ ပတ္တမြား အရိုင်းတုံးကလေး တွေနှင့် အလှဆင်ထားတဲ့ ဒီ မိန်းမဝတ် ခြေချင်းတစ်စုံ ဟာ ၁၉ ရာစုအစော ပိုင်းနှစ်များ ဆီကပါ။ ဒီလို တန်ဖိုးကြီးပြီး လှပနှစ်လိုဖွယ်ရာ ရတနာကို ဝတ်ဆင်သူဟာ ဘုရင့် မိသားစုဝင်၊ ဆွေတော်မျိုးတော် ဒါမှမဟုတ် ဝန်ကြီးကတော် တွေထဲက ဘဲဖြစ်နိုင်ပါတယ်။

လက်ကောက်၊ လည်ဆွဲ အပါ ရတနာ တစ်ဆင်စာ

အမျိုးအစား – လက်ကောက်၊ လည်ဆွဲ အပါ ရတနာ တစ်ဆင်စာ
အချိန်ကာလ – ၁၉ ရာစု (၁၈၅၀)
တွေ့ရှိရာနေရာ – မန္တလေး၊ မြန်မာ
ပြုလုပ်ပုံနည်းပညာ – ကျစ်ဆံမြှီးကျစ် ထားသလိုမျိုး ရွှေကြိုး ဖွတ်မြှီးထိုး မှာ ပတ္တမြား ဖြင့်ပုံဖော်အလှဆင်။

အရွယ်အစား – အရှည်(အလျား) ၇ လက်မ၊ အနံ ၀.၂၅ လက်မ ။ အရှည် (အလျား) ၆ စင်တီမီတာ ( ပုံပါအတိုင်း) အနံ ၆.၂ စင်တီမီတာ( ပုံပါအတိုင်း) အထူ (ထူ) ၁.၁ စင်တီမီတာ( ပုံပါအတိုင်း)
လက်ရှိတည်နေရာ – ဗစ်တိုးရီးယား နဲ့ အယ်ဘာတ် ပြတိုက်၊ လန်ဒန်
ပြတိုက်ပစ္စည်း အမှတ် – M.39-1939

စကားချပ်။ ။၁၈၆၀ ခုနှစ် လောက်မှာ ပန်းချီဆရာ ဒိန်း ဂါဘရီရယ် ရိုဆက်စတီ ( Dante Gabriel Rossetti ) ဟာ ပန်းချီ ရေးဖို့ရာအတွက် အရောင်းသွေးစုံပြီး အသွင်ဆန်းသည့် နိုင်ငံရပ်ခြားဖြစ် ကျောက်မျက် ရတနာ နှင့် အခြား လိုအပ်ပစ္စည်း တွေကို လစ်စစ်စတာ စကွဲရား (Leicester Square) ၊ ဟမ်းမားစမစ် (Hammersmith) တဝိုက်ရှိ ထူးဆန်းပစ္စည်း အရောင်းဆိုင် မှာ ဝယ်ယူခဲ့ပါတယ်။

၁၈၆၅-၁၈၆၆ ခုနှစ် ပတ်ဝန်းကျင် လောက်က ရိုဆက်စတီ ရေးခဲ့တဲ့ ပန်းချီကားမှာ သူ့ချစ်သူ သတို့ သမီးကို ဒီ နဂါးလက်ကောက် ဆင်မြန်းစေကာ ပုံတူကိုရေးခဲ့ပါတယ်။ ပန်းချီဆရာ ဒိန်း ဂါဘရီရယ် ရိုဆက်တီ (Dante Gabriel Rossetti) ဟာဂျိန်းမောရစ်(Jane Morris) ကိုလည်း မကြာခဏ အမျိုးသမီး ပုံတူ ရေးလေ့ရှိတယ်။ နောက်ပိုင်းမှာ ရိုစစ်စတီ က ဒီလက်ကောက်အပါဝင် ပစ္စည်း အချို့ ဂျိန်းမောရစ် ကိုပေးခဲ့တယ်။

ဂျိန်းမောရစ်(Jane Morris)အဖြစ် လူသိများတဲ့ ဂျင်နီ (Janey) ဟာ ဆိုရှယ်လစ် ပန်းချီ၊ ပန်းပု နှင့် ဒီဇိုင်းပညာရှင် ဝီလျန် မောရစ် (William Morris) ရဲ့ ဇနီးပါ။ ၁၉၃၈ မေ၊ မှာ ဂျိန်းမောရစ် ရဲ့ သမီးဖြစ်သူဟာ ရတနာ ပစ္စည်း အချို့ကို ဗစ်တိုးရီးယား နှင့် အယ်ဘာတ်ပြတိုက် ကို သေတမ်းစာ နှင့်လှူဒါန်းခဲ့ပါတယ်။

သီပေါမင်းပါတော်မူ ပြီးနောက် ၅ နှစ်အကြာမှာ ဒီလို မြန်မာပြည်က နန်းတွင်းသုံးရတနာ ပစ္စည်းဟာ အင်္ဂလန်နိုင်ငံ လစ်စစ်စတာကို ရောက်နေပါပြီ။ ဒီပစ္စည်းမူလ လာရာလမ်းကြောင်း ၂ ခုရှိတယ်။ မန္တလေး နှင့် ရတနာဂီရိ ။ ပါတော်မူတဲ့ နေ့မှာ ရတနာပစ္စည်း တွေပျောက်တယ်လို့ ဘုရင်က ရော၊ ဆင်ဖြူမရှင် ကပါ အင်္ဂလိပ်အစိုးရကို တိုင်းတန်းထားတာရှိသည်။

ရတနာဂီရိ ကိုပါတော်မူသော သီပေါဘုရင် ကလည်း ပါလာသည့် ရတနာ ပစ္စည်းများကို မကြာခဏဆိုသလို ထုတ်ရောင်းလေ့ရှိသည်။ ဒီပစ္စည်းတွေဟာ နန်းတွင်းသုံးပစ္စည်း ရယ်လို့ ကံသေကံမ ပြောလို့မရပါ။

မန္တလေးမှာ သိပ်ချမ်းသာသော ကုလား၊ တရုတ်နှင့် မြန်မာသူဋ္ဌေးတွေ ဆီကလည်းဖြစ်နိုင်ပါသေးသည်။ အင်္ဂလန်နိုင်ငံကို ပညာတော်သင်နှင့် သံအမတ်တွေအဖြစ်လာတဲ့ မြန်မာတွေက စရိတ်ပြတ်လို့ ရောင်းခဲ့တာမျိုး ရောမဖြစ်နိုင် ဘူးလားလို့ လူကပ်တွေက မေးလာရင် လည်းမဖြစ်နိုင်ပါလို့ဘဲဖြေရပါမယ်။

ရတနာ ပစ္စည်းတွေက အမျိုးသမီးသုံး တွေဖြစ်ပြီး ပညာတော်သင် နှင့် သံအမတ်တွေ အားလုံး အမျိုးသားတွေကြီးပါ။ မြန်မာသံ အဖွဲ့တစ်ဖွဲ့ ကတော့ စရိတ်ပြတ်ပြီး ရက်အတော်ကြာ သောင်တင်နေဖူးပါတယ်။

ဒီလက်ကောက်ကို ပြတိုက်က နဂါးလက်ကောက်လို့ ပြောပါတယ်။ ကျွန်တော့်အမြင်က တော့ ပုံသိပ်မရှင်းပါ။ ဘေးတိုက်ပုံဖြစ်နေပါတယ်။ ရွှေသိပ်မကြိုက်ပေမယ့် လက်ရာ ဟာ သိပ်အနုစိတ်ပြီး အဆင့်မြင့်တယ်လို့ထင်တယ်။

ဝန်ကြီးအဆောင်ယောင်

 

အမျိုးအစား – ဝန်ကြီးအဆောင်ယောင်
အချိန်ကာလ – ၁၉ ရာစု တတိယ နှစ်အစိတ်၊ မန္တလေး၊ Gold relief work, formed by raising and finished with repoussé and incised work(Ear tube) Gold sheets and filigree work(Ear tube) Gold sheets and filigree work(Foil order) Engraved thin gold metal foil
တွေ့ရှိရာနေရာ – မန္တလေးမြို့ ၊ မြန်မာ

 

ပြုလုပ်ပုံနည်းပညာ – -သစ်သားချောင်းငယ်လေးများကိုအသုံးပြုပြီး ယပ်တောင်ပုံအရင်ဖော်ယူပါတယ်၊ ပြီးနောက်အသင့်အနေတော် ပိုးထည်စကပ်ပါမယ်၊ ပိုးထည်စပေါ်မှာ ရိုးရာကြက်ဥအကာရောထားတဲ့ရေဆေး၊ ရွှေ နှင့် ငွေရောင် တွေကိုအသုံးပြုပြီး ရေးဆွဲတာမျိုးပါ။

အရွယ်အစား -(Shoulder belt) Length 61 cm(Shoulder belt) Width 13.4 cm (maximum)(Ear tube) Length 9.5 cm(Ear tube) Width 3.2 cm (maximum)(Ear tube) Length 9.5 cm(Ear tube) Width 3.2 cm (maximum)(Foil order) Length 28 cm(Foil order) Width 7 cm
လက်ရှိတည်နေရာ – ဗစ်တိုးရီးယား နဲ့ အယ်ဘာတ် ပြတိုက်၊ လန်ဒန်
ပြတိုက်ပစ္စည်း အမှတ် – IS.15 to C-1947

စကားချပ်။ ။ မန္တလေး၊ သီပေါမင်းက အမှုထမ်း အဆင့်မြင့်နန်းတွင်း အမတ်ကြီးတစ်ဦးအတွက်ချီးမြင့်တဲ့ ဘွဲ့တဆိပ်ပါရွှေပြား၊ ရွှေနားတောင်း၊ ၁၂ ကြိုးရွှေစလွယ် အဆောင်ယောင်တွေပါ။ ဒီလိုအဆောင်ယောင်မျိုးကို ဘုရင်ရှေ့တော် ညီလာခံဝင်တဲ့အကာမှာဝတ်ဆင်တာပါ။

ရာထူးရာခန် ဘယ်လောက်အဆင့်မြင့်တယ်ဆိုတာကို ရွှေစလွယ်မှာပါတဲ့ ရွှေကြိုးအရေတွက်ကိုကြည့်ပြီးသိနိုင်ပါတယ်။ ရွှေစလွယ်ထိပ် ချိပ်မှာပါတဲ့ အရုပ် (၃)ခုမှာ ဒေါင်းပုံဟာ ကုန်းဘောင်မင်းဆက်ကို ကိုစားပြုပါတယ်။ ဝန်ကြီးရဲ့ ဘွဲ့နာမည်ကိုရွှေပြားပေါ်မှာ ရေးထိုးထားသလို အနီရောင်ဖဲကြိုးစကိုဖြင့် ခေါင်းပေါင်း ဒါမှမဟုတ် နဖူးမှာစီးပြီးမှသာ ဘုရင့်ရှေ့တော်ကိုအခစားဝင်မှာပါ။ (ပြတိုက်ရဲ့မှတ်ချက်က ဒီလောက်ဘဲရေးထားပါတယ်။)

အမှန်ကိုဝင်ခံရရင် မန္တလေးခေတ် မင်းတုန်း၊ သီပေါ ခေတ်အနုပညာလက်ရာတွေကို သိပ်အကြိုက်ကြီးမဟုတ်လှပါ။ ဒေါင်းရုပ်ဘေးကအရုပ်က “ဗျာလ” ပါ။ ပုဂံ ထီးလိုင်မင်း ကျန်စစ်သား လက်ထက်ကတည်းက နန်းတွင်းအလှဆင်ရာမှာတွင်ကျယ်စွာအသုံးပြုပါတယ်။ ရခိုင်ဘုရင်တွေလည်းသုံးပါတယ်။ ယခုလည်းသုံးဆဲပါ။ သိန်းငှက်ပုံကို အောက်ဆုံးမှာတွေ့ရပါမယ်။ ရွှေပြားပေါ်မှာတော့ အများသိ ခြင်္သေ့ ပါ။

ဒီဝန်ကြီး ” သတိုးမင်းကြီးမဟာမင်းထင်စည်သူ” အကြောင်းသေသေချာချာ သိပ်မသိပါ။ သိသလောက်ပြောပါံမယ်။ မန္တလေး ဒုတိယ ရွှေအင်ပင် ကျောင်းတကာ တရုတ်သူဋ္ဌေး ဦးစက်ရွှင်(၁၇ မတ် ၁၉၁၇ မှကွယ်လွန်) သင်္ချိုင်းစာ ၂၉-၃၅မှာ(မူရင်းအတိုင်း) သတိုးမင်းကြီး မဟာမင်းထင်စည်သူဟူသော အမတ်ကြီးသည် ကြံအား ဘန်အား ညဏ်အား လုံးလကိုသိသဖြင့် သားနှယ်တမျှ ထင်မှတ်၍၊

 

သီပေါရွှေနန်းလျှင်ဘုရားရှေ့တော် ဆက်သွင်းရာ၊ အလွန်ဝမ်းမြောက်တော်မူ၍၊ ကျောက်စိမ်းအလုပ် အခွန်တော်ထမ်းဆောင်၊ ကောင်းမွန်စွာ ကူးသန်းရောင်းဝယ်စေ၊ ဟူသောအမိန့်တော်မြတ် ခပ်အပ်တော် မူလိုက်သည်အတိုင်း၊ ကူးသန်းရောင်းဝယ်၍၊ ဥစ္စာအင်ခွင်တို့သည်များစွာ တင့်တယ်လေသည်။ သတိုးမင်းကြီးမဟာမင်းထင်စည်သူ ဟာ ဝင်ရှင်တော်တောင်ခွင်မြို့စားဖြစ်ပြီး ၁၂၅၄ နတ်တော်လပြည့်ကျော် ၂ ရက်(၁၅ ဒီဇင်ဘာ ၁၈၉၂)မှာကွယ်လွန်။

မန္တလေးနန်းသုံးယပ်တောင်

အမျိုးအစား – ယပ်တောင်
အချိန်ကာလ – ၁၈၈၀
တွေ့ရှိရာနေရာ – မန္တလေးမြို့ ၊ မြန်မာ
ပြုလုပ်ပုံနည်းပညာ – -သစ်သားချောင်းငယ်လေးများကိုအသုံးပြုပြီး ယပ်တောင်ပုံအရင်ဖော်ယူပါတယ်၊ ပြီးနောက်အသင့်အနေတော် ပိုးထည်စကပ်ပါမယ်၊ ပိုးထည်စပေါ်မှာ ရိုးရာကြက်ဥအကာရောထားတဲ့ရေဆေး၊ ရွှေ နဲ့ ငွေရောင် တွေကိုအသုံးပြုပြီး ရေးဆွဲတာမျိုးပါ။

အရွယ်အစား -အရှည် ၃၄ စင်တီမီတာ ၊အကျယ်(ပွင့်လျက်)၆၆.၆ စင်တီမီတာ
လက်ရှိတည်နေရာ – ဗစ်တိုးရီးယား နဲ့ အယ်ဘာတ် ပြတိုက်၊ လန်ဒန်
ပြတိုက်ပစ္စည်း အမှတ် – IM.292-1921

စကားချပ်။ ။ သစ်သားချောင်းငယ်လေးများကိုအသုံးပြုပြီး ယပ်တောင်ပုံအရင်ဖော်ယူပါတယ်၊ ပြီးနောက်အသင့်အနေတော် ပိုးထည်စကပ်ပါမယ်၊ ပိုးထည်စပေါ်မှာ ရိုးရာကြက်ဥအကာရောထားတဲ့ရေဆေး၊ ရွှေ နဲ့ ငွေရောင် တွေကိုအသုံးပြုပြီး ရေးဆွဲတာမျိုးဟာ နန်းတော်ထဲမှာအမှုထမ်းနေတဲ့ တော်ဝင်ပန်းချီ ဆရာတွေရဲ့လက်ရာပါ။

မြန်မာပြည် နောက်ဆုံးဘုရင် ဖြစ်တဲ့ သီပေါကို နန်းချပြီး အစောင့်အရှောက်နဲ့ပြည်နှင်ဒဏ်ပေး တဲ့ ၁၈၈၅ ခုနှစ်မှာတွေ့ရှိသည်။ မန္တလေးနန်းတော် အတွင်းရှိ ဥယာဉ်တော်တွင်းမှာ ဂီတပညာရှင်၊ အကပညာရှင်တွေ ဖျော်ဖြေတဲ့ဇာတ်ပွဲကို သီပေါမင်း၊ မိဖုခေါင်ကြီးဖြစ်တဲ့ စုဖုရားလတ်၊ မောင်းမ ချွေရံတွေ နန်းတွင်းအဝတ်တန်ဆာတွေအပြည့်နဲ့ ရှူစားပုံပါ။

ဒီယပ်တောင်လေးက စိတ်ဝင်စားစရာပါ။ မန္တလေးနန်းသုံးယပ်တောင် အတော်များများကို တွေ့ဖူးပါသည်။ ဒီယပ်တောင်ဟာ လက်ရာအကောင်ဆုံးပါ။ Repair ပြန်ပြင်ထားတာမျိုးမဟုတ်ဘူးဆိုရင်တော့ အဆင့်တန်းမြင့်နေပြီဖြစ်တဲ့ မြန်မာပန်းချီအဆင့်တန်းမြင့်မားမှုကိုတွေ့မြင်လေ့လာလို့ရမှာပါ။

တွေ့ဖူးသမျှမန္တလေးခေတ် ယပ်တောင်တွေက ဆင်စွယ်ကိုသုံးတာများပါသည်။ အဲဒိခေတ်အခါကိုထင်ဟပ်စေတဲ့ပန်းချီတော်တော်များများကို ဆရာချုံရေးတာများပါသည်။ ဘယ်သူရေးသည် မသိရပါ။

 

Credit

 

Zawgyi

 

ျမန္မာ့ နန္းစဥ္ရတနာမ်ား အေၾကာင္း

ေ႐ႊေခါင္းေဆာင္း(သရဖူ)
အမ်ိဳးအစား – ေ႐ႊေခါင္းေဆာင္း
အခ်ိန္ကာလ – ဘုရင္မႀကီး ရွင္ေစာပု(၁၄၅၃-၁၄၆၀) အသုံးျပဳခဲ့သည္ဟု ယူဆရသည္။

ေတြ႕ရွိရာေနရာ -(၁၈၅၅)ေ႐ႊတိဂုံဘုရား ၊ ျမန္မာ
ျပဳလုပ္ပုံနည္းပညာ -ေ႐ႊသားျဖင့္ျပဳလုပ္ထားၿပီး ရတနာ စီျခယ္ထားေသာ ေခါင္းေဆာင္း
အ႐ြယ္အစား – မသိ
လက္ရွိတည္ေနရာ – လန္ဒန္ၿမိဳ႕ ဝိတိုရိယႏွင့္ အယ္လဗတ္ျပတိုက္
ျပတိုက္ပစၥည္း အမွတ္ –

စကားခ်ပ္။ ။ရွင္ေစာပုဘုရင္မႀကီး အသုံးျပဳခဲ့သည္ဟုဆိုေသာ ေ႐ႊေခါင္းေဆာင္းတစ္ခုကို လန္ဒန္ၿမိဳ႕ ဝိတိုရိယႏွင့္ အယ္လဗတ္ျပတိုက္ႀကီးတြင္ ယေန႕တိုင္ ျပသထားေလသည္။

[၁]ပတၱျမား ေခါင္းဘီး

အမ်ိဳးအစား – ပတၱျမား ေခါင္းဘီး
အခ်ိန္ကာလ – ၁၈ ရာစုရဲ႕ ေနာက္ဆုံး ၂၅ ႏွစ္
ေတြ႕ရွိရာေနရာ – မႏၲေလး၊ ျမန္မာ
ျပဳလုပ္ပုံနည္းပညာ – သစ္သား ေပၚ ေ႐ႊကပ္၊ ပတၱျမား ႏွင့္ ျမ ကို ေ႐ႊေပၚမွာ ျမဳပ္ၿပီး အလွဆင္။

အ႐ြယ္အစား – အရွည္ ၈.၂ စင္တီမီတာ ၊ ေဘးတိုက္အက်ယ္ ၅.၁ စင္တီမီတာ
လက္ရွိတည္ေနရာ – ဗစ္တိုးရီးယား နဲ႕ အယ္ဘာတ္ ျပတိုက္၊ လန္ဒန္
ျပတိုက္ပစၥည္း အမွတ္ – IS.2-1902

စကားခ်ပ္။ ။ ျမင္ေနက် ျမန္မာဟန္ပန္အတိုင္းျဖစ္သည္။ ထို ၂ ဘက္လွ သစ္သားဘီးေလးသည္ ေ႐ႊကို အေပၚက ကပ္ထားသည္။ ပတၱျမား ႏွင့္ ျမ ကို စီျမဳပ္ၿပီးအလွဆင္ထားသည္။ ဘီး၊ ဆီ( ေခါင္းလိမ္းဆီ/အလွဆီ)၊ ေရေမႊး၊ သနပ္ခါး ႏွင့္ ဆံစု စတာေတြ ပါတတ္တဲ့ နန္းတြင္း အမ်ိဳးသမီး တစ္ဦးရဲ႕ အလွျပင္ေသတၱာ ထဲမွ တစ္ခု အပါဝင္သည္။ အဖိုးတန္ ရတနာ ပစၥည္းမ်ား ႏွင့္ အလွဆင္ထားေသာ ထိုေခါင္းဘီးသည္ ကုန္းေဘာင္ မင္းဆက္ ( ၁၇၂၅-၁၈၈၅ ) မိဘုရား ႏွင့္ မင္းမ်ိဳးမင္းႏြယ္ ေတြသာ သုံးနိုင္တဲ့ ေတာ္ဝင္ ပစၥည္း တစ္ခုျဖစ္သည္။

(ဧကရီဘုရင္မႀကီးထံ ေပးပို႔သည့္ပစၥည္းမ်ားထဲတြင္ သီေပါ၏ အေကာင္းဆုံး သရဖူတစ္ခု၊ ဒုတိယ သရဖူမွ ျမေက်ာက္ႀကီးသုံးလုံး၊ သရဖူထဲမွ ကြၽတ္က်သည့္ ေက်ာက္အလြတ္ ၈ လုံးထည့္ထားသည့္ စကၠအိတ္တစ္လုံး၊ စိန္ေဒါင္း႐ုပ္ပါသည့္ ဘယက္တစ္ကုံး ႏွင့္ ေ႐ႊဘီး တစ္ေခ်ာင္း တို႔ပါသည္။

လည္တုန္

 

အမ်ိဳးအစား – လည္ဆြဲဘယက္
အခ်ိန္ကာလ – ၁၉ ရာစုႏွစ္ ႏွစ္လယ္
ေတြ႕ရွိရာေနရာ – တနသၤာရီ၊ ျမန္မာ
ျပဳလုပ္ပုံနည္းပညာ – – ေ႐ႊခ်ည္ နဂထာ ကို နီက်င္က်င္အေရာင္ဆင္း ရရွိေအာင္ မဂ်ီးသီး(မန္က်ည္းသီ:) ႏွင့္ ေ႐ႊကို ေရေႏြးထဲ ထည့္ ျပဳပ္တယ္၊ ဒါမွမဟုတ္ ဆာလဖာ ကိုမီးရွို႔ၿပီး ေ႐ႊအေရာင္ရင့္လာ ေအာင္မွိုင္းတိုက္ တယ္။

အ႐ြယ္အစား – အရွည္ ၂၈ စင္တီမီတာ ၊ အက်ယ္ ၈ စင္တီမီတာ
လက္ရွိတည္ေနရာ – ဗစ္တိုးရိးယား နဲ႕ အယ္ဘာတ္ ျပတိုက္၊ လန္ဒန္
ျပတိုက္ပစၥည္း အမွတ္ – 123-1852

၁၉ ရာစုအလယ္ပိုင္း မွာ ျမန္မာအမ်ိဳးသမီးမ်ား ဝတ္သည့္ လည္ဆြဲ ။ နီက်င္က်င္အေရာင္ရွိၿပီး လည္မွာဆြဲထားရင္ တလႈပ္လႈပ္ႏွင့္ မို႔ “လည္တုန္” လို႔ေခၚသည္။ အေျပာက္အမြန္းေကာင္းေကာင္း၊ ဆြဲသီး အေတာ္မ်ားမ်ား (၂၃ ခု) ၊ ကုန္းေဘာင္မင္းဆက္ (၁၇၅၂-၁၈၈၅) အမွတ္လကၡဏာ ေဒါင္းတံဆိပ္ တို႔ႏွင့္ အလွဆင္ထားသျဖင့္ ဝတ္ဆင္သူသည္ အင္မတန္ အဆင့္တန္းျမင့္ေသာ အသိုင္းဝိုင္းကျဖစ္ေပမည္။

စကားခ်ပ္။ ။ ထားဝယ္မွာ ဆင္ျဖဴမရွင္ ေနထိုင္စဥ္ ထုတ္ေရာင္းေသာ ပစၥည္းမ်ား ထဲမွ တစ္ခုျဖစ္မယ္ဟု ထင္ပါသည္။

၁၉ ရာစု လည္ဆြဲဘယက္

အမ်ိဳးအစား – လည္ဆြဲဘယက္
အခ်ိန္ကာလ – ၁၉ ရာစု
ေတြ႕ရွိရာေနရာ – မႏၲေလး၊ ျမန္မာ
ျပဳလုပ္ပုံနည္းပညာ – – ေ႐ႊခ်ည္ႀကိဳးငယ္မ်ားတြင္ ပုလဲလုံးငယ္ကေလးမ်ား သီကုံး၍အလွဆင္။

အ႐ြယ္အစား – မသိ
လက္ရွိတည္ေနရာ – ဗစ္တိုးရိးယား နဲ႕ အယ္ဘာတ္ ျပတိုက္၊ လန္ဒန္
ျပတိုက္ပစၥည္း အမွတ္ – 03165(IS)

စကားခ်ပ္။ ။ ပုလဲလုံးငယ္ေလးေတြကို ေ႐ႊခ်ည္ႀကိဳးေတြႏွင့္ ေသခ်ာသီၿပီး အလွဆင္ထားတဲ့ ဒီလည္ဆြဲဘယက္ ဟာ လူတစ္ကိုယ္အတြက္ တစ္ဆင္စာ ေျခခ်င္း၊ လက္စြတ္၊ နားေတာင္း ၊ လည္ဆြဲ စတာေတြထဲက တစ္ခု အပါအဝင္ျဖစ္ပါတယ္။

ဒီလို လူတစ္ကိုယ္အတြက္ တစ္ဆင္စာျပည့္ ဝတ္စားဆင္ယဥ္မႈဟာ မ်ိဳးရိုး အဆင့္တန္းျမင့္ ျမန္မာအမ်ိဳးသမီး တစ္ဦးအတြက္ေတာ့ မရွိမျဖစ္ပါ။ (ျပတိုက္ကေတာ့ မင္းတုန္းမင္း ေခတ္လို႔ အရိပ္အမြတ္ေျပာေနပါတယ္။)

၁၉ ရာစု ေျခခ်င္းတစ္စုံ

အမ်ိဳးအစား – ေ႐ႊေျခခ်င္း
အခ်ိန္ကာလ – ၁၉ ရာစု
ေတြ႕ရွိရာေနရာ – မႏၲေလး၊ ျမန္မာ
ျပဳလုပ္ပုံနည္းပညာ – – ေ႐ႊသားစစ္စစ္ တြင္ ပတၱျမား အရိုင္းတုံးမ်ားျဖင့္အလွဆင္။

အ႐ြယ္အစား – အျပင္ဘက္ ကြင္းအက်ယ္ ၈.၉ စင္တီမီတာ ၊ အတြင္းဘက္ ကြင္း အက်ယ္ ၈.၂ စင္တီမီတာ။
လက္ရွိတည္ေနရာ – ဗစ္တိုးရီးယား နဲ႕ အယ္ဘာတ္ ျပတိုက္၊ လန္ဒန္
ျပတိုက္ပစၥည္း အမွတ္ – 03159:1, 2/(IS)

စကားခ်ပ္။ ။ ေ႐ႊသားစစ္စစ္ မွာ မေသြးရေသးတဲ့ ပတၱျမား အရိုင္းတုံးကေလး ေတြႏွင့္ အလွဆင္ထားတဲ့ ဒီ မိန္းမဝတ္ ေျခခ်င္းတစ္စုံ ဟာ ၁၉ ရာစုအေစာ ပိုင္းႏွစ္မ်ား ဆီကပါ။ ဒီလို တန္ဖိုးႀကီးၿပီး လွပႏွစ္လိုဖြယ္ရာ ရတနာကို ဝတ္ဆင္သူဟာ ဘုရင့္ မိသားစုဝင္၊ ေဆြေတာ္မ်ိဳးေတာ္ ဒါမွမဟုတ္ ဝန္ႀကီးကေတာ္ ေတြထဲက ဘဲျဖစ္နိုင္ပါတယ္။

လက္ေကာက္၊ လည္ဆြဲ အပါ ရတနာ တစ္ဆင္စာ

အမ်ိဳးအစား – လက္ေကာက္၊ လည္ဆြဲ အပါ ရတနာ တစ္ဆင္စာ
အခ်ိန္ကာလ – ၁၉ ရာစု (၁၈၅၀)
ေတြ႕ရွိရာေနရာ – မႏၲေလး၊ ျမန္မာ
ျပဳလုပ္ပုံနည္းပညာ – က်စ္ဆံျမႇီးက်စ္ ထားသလိုမ်ိဳး ေ႐ႊႀကိဳး ဖြတ္ျမႇီးထိုး မွာ ပတၱျမား ျဖင့္ပုံေဖာ္အလွဆင္။

အ႐ြယ္အစား – အရွည္(အလ်ား) ၇ လက္မ၊ အနံ ၀.၂၅ လက္မ ။ အရွည္ (အလ်ား) ၆ စင္တီမီတာ ( ပုံပါအတိုင္း) အနံ ၆.၂ စင္တီမီတာ( ပုံပါအတိုင္း) အထူ (ထူ) ၁.၁ စင္တီမီတာ( ပုံပါအတိုင္း)
လက္ရွိတည္ေနရာ – ဗစ္တိုးရီးယား နဲ႕ အယ္ဘာတ္ ျပတိုက္၊ လန္ဒန္
ျပတိုက္ပစၥည္း အမွတ္ – M.39-1939

စကားခ်ပ္။ ။၁၈၆၀ ခုႏွစ္ ေလာက္မွာ ပန္းခ်ီဆရာ ဒိန္း ဂါဘရီရယ္ ရိုဆက္စတီ ( Dante Gabriel Rossetti ) ဟာ ပန္းခ်ီ ေရးဖို႔ရာအတြက္ အေရာင္းေသြးစုံၿပီး အသြင္ဆန္းသည့္ နိုင္ငံရပ္ျခားျဖစ္ ေက်ာက္မ်က္ ရတနာ ႏွင့္ အျခား လိုအပ္ပစၥည္း ေတြကို လစ္စစ္စတာ စကြဲရား (Leicester Square) ၊ ဟမ္းမားစမစ္ (Hammersmith) တဝိုက္ရွိ ထူးဆန္းပစၥည္း အေရာင္းဆိုင္ မွာ ဝယ္ယူခဲ့ပါတယ္။

၁၈၆၅-၁၈၆၆ ခုႏွစ္ ပတ္ဝန္းက်င္ ေလာက္က ရိုဆက္စတီ ေရးခဲ့တဲ့ ပန္းခ်ီကားမွာ သူ႕ခ်စ္သူ သတို႔ သမီးကို ဒီ နဂါးလက္ေကာက္ ဆင္ျမန္းေစကာ ပုံတူကိုေရးခဲ့ပါတယ္။ ပန္းခ်ီဆရာ ဒိန္း ဂါဘရီရယ္ ရိုဆက္တီ (Dante Gabriel Rossetti) ဟာဂ်ိန္းေမာရစ္(Jane Morris) ကိုလည္း မၾကာခဏ အမ်ိဳးသမီး ပုံတူ ေရးေလ့ရွိတယ္။ ေနာက္ပိုင္းမွာ ရိုစစ္စတီ က ဒီလက္ေကာက္အပါဝင္ ပစၥည္း အခ်ိဳ႕ ဂ်ိန္းေမာရစ္ ကိုေပးခဲ့တယ္။

ဂ်ိန္းေမာရစ္(Jane Morris)အျဖစ္ လူသိမ်ားတဲ့ ဂ်င္နီ (Janey) ဟာ ဆိုရွယ္လစ္ ပန္းခ်ီ၊ ပန္းပု ႏွင့္ ဒီဇိုင္းပညာရွင္ ဝီလ်န္ ေမာရစ္ (William Morris) ရဲ႕ ဇနီးပါ။ ၁၉၃၈ ေမ၊ မွာ ဂ်ိန္းေမာရစ္ ရဲ႕ သမီးျဖစ္သူဟာ ရတနာ ပစၥည္း အခ်ိဳ႕ကို ဗစ္တိုးရီးယား ႏွင့္ အယ္ဘာတ္ျပတိုက္ ကို ေသတမ္းစာ ႏွင့္လႉဒါန္းခဲ့ပါတယ္။

သီေပါမင္းပါေတာ္မူ ၿပီးေနာက္ ၅ ႏွစ္အၾကာမွာ ဒီလို ျမန္မာျပည္က နန္းတြင္းသုံးရတနာ ပစၥည္းဟာ အဂၤလန္နိုင္ငံ လစ္စစ္စတာကို ေရာက္ေနပါၿပီ။ ဒီပစၥည္းမူလ လာရာလမ္းေၾကာင္း ၂ ခုရွိတယ္။ မႏၲေလး ႏွင့္ ရတနာဂီရိ ။ ပါေတာ္မူတဲ့ ေန႕မွာ ရတနာပစၥည္း ေတြေပ်ာက္တယ္လို႔ ဘုရင္က ေရာ၊ ဆင္ျဖဴမရွင္ ကပါ အဂၤလိပ္အစိုးရကို တိုင္းတန္းထားတာရွိသည္။

ရတနာဂီရိ ကိုပါေတာ္မူေသာ သီေပါဘုရင္ ကလည္း ပါလာသည့္ ရတနာ ပစၥည္းမ်ားကို မၾကာခဏဆိုသလို ထုတ္ေရာင္းေလ့ရွိသည္။ ဒီပစၥည္းေတြဟာ နန္းတြင္းသုံးပစၥည္း ရယ္လို႔ ကံေသကံမ ေျပာလို႔မရပါ။

မႏၲေလးမွာ သိပ္ခ်မ္းသာေသာ ကုလား၊ တ႐ုတ္ႏွင့္ ျမန္မာသူ႒ေးေတြ ဆီကလည္းျဖစ္နိုင္ပါေသးသည္။ အဂၤလန္နိုင္ငံကို ပညာေတာ္သင္ႏွင့္ သံအမတ္ေတြအျဖစ္လာတဲ့ ျမန္မာေတြက စရိတ္ျပတ္လို႔ ေရာင္းခဲ့တာမ်ိဳး ေရာမျဖစ္နိုင္ ဘူးလားလို႔ လူကပ္ေတြက ေမးလာရင္ လည္းမျဖစ္နိုင္ပါလို႔ဘဲေျဖရပါမယ္။

 

ရတနာ ပစၥည္းေတြက အမ်ိဳးသမီးသုံး ေတြျဖစ္ၿပီး ပညာေတာ္သင္ ႏွင့္ သံအမတ္ေတြ အားလုံး အမ်ိဳးသားေတြႀကီးပါ။ ျမန္မာသံ အဖြဲ႕တစ္ဖြဲ႕ ကေတာ့ စရိတ္ျပတ္ၿပီး ရက္အေတာ္ၾကာ ေသာင္တင္ေနဖူးပါတယ္။

ဒီလက္ေကာက္ကို ျပတိုက္က နဂါးလက္ေကာက္လို႔ ေျပာပါတယ္။ ကြၽန္ေတာ့္အျမင္က ေတာ့ ပုံသိပ္မရွင္းပါ။ ေဘးတိုက္ပုံျဖစ္ေနပါတယ္။ ေ႐ႊသိပ္မႀကိဳက္ေပမယ့္ လက္ရာ ဟာ သိပ္အႏုစိတ္ၿပီး အဆင့္ျမင့္တယ္လို႔ထင္တယ္။

ဝန္ႀကီးအေဆာင္ေယာင္

အမ်ိဳးအစား – ဝန္ႀကီးအေဆာင္ေယာင္
အခ်ိန္ကာလ – ၁၉ ရာစု တတိယ ႏွစ္အစိတ္၊ မႏၲေလး၊ Gold relief work, formed by raising and finished with repoussé and incised work(Ear tube) Gold sheets and filigree work(Ear tube) Gold sheets and filigree work(Foil order) Engraved thin gold metal foil
ေတြ႕ရွိရာေနရာ – မႏၲေလးၿမိဳ႕ ၊ ျမန္မာ

 

ျပဳလုပ္ပုံနည္းပညာ – -သစ္သားေခ်ာင္းငယ္ေလးမ်ားကိုအသုံးျပဳၿပီး ယပ္ေတာင္ပုံအရင္ေဖာ္ယူပါတယ္၊ ၿပီးေနာက္အသင့္အေနေတာ္ ပိုးထည္စကပ္ပါမယ္၊ ပိုးထည္စေပၚမွာ ရိုးရာၾကက္ဥအကာေရာထားတဲ့ေရေဆး၊ ေ႐ႊ ႏွင့္ ေငြေရာင္ ေတြကိုအသုံးျပဳၿပီး ေရးဆြဲတာမ်ိဳးပါ။

အ႐ြယ္အစား -(Shoulder belt) Length 61 cm(Shoulder belt) Width 13.4 cm (maximum)(Ear tube) Length 9.5 cm(Ear tube) Width 3.2 cm (maximum)(Ear tube) Length 9.5 cm(Ear tube) Width 3.2 cm (maximum)(Foil order) Length 28 cm(Foil order) Width 7 cm
လက္ရွိတည္ေနရာ – ဗစ္တိုးရီးယား နဲ႕ အယ္ဘာတ္ ျပတိုက္၊ လန္ဒန္
ျပတိုက္ပစၥည္း အမွတ္ – IS.15 to C-1947

စကားခ်ပ္။ ။ မႏၲေလး၊ သီေပါမင္းက အမႈထမ္း အဆင့္ျမင့္နန္းတြင္း အမတ္ႀကီးတစ္ဦးအတြက္ခ်ီးျမင့္တဲ့ ဘြဲ႕တဆိပ္ပါေ႐ႊျပား၊ ေ႐ႊနားေတာင္း၊ ၁၂ ႀကိဳးေ႐ႊစလြယ္ အေဆာင္ေယာင္ေတြပါ။ ဒီလိုအေဆာင္ေယာင္မ်ိဳးကို ဘုရင္ေရွ႕ေတာ္ ညီလာခံဝင္တဲ့အကာမွာဝတ္ဆင္တာပါ။

ရာထူးရာခန္ ဘယ္ေလာက္အဆင့္ျမင့္တယ္ဆိုတာကို ေ႐ႊစလြယ္မွာပါတဲ့ ေ႐ႊႀကိဳးအေရတြက္ကိုၾကည့္ၿပီးသိနိုင္ပါတယ္။ ေ႐ႊစလြယ္ထိပ္ ခ်ိပ္မွာပါတဲ့ အ႐ုပ္ (၃)ခုမွာ ေဒါင္းပုံဟာ ကုန္းေဘာင္မင္းဆက္ကို ကိုစားျပဳပါတယ္။ ဝန္ႀကီးရဲ႕ ဘြဲ႕နာမည္ကိုေ႐ႊျပားေပၚမွာ ေရးထိုးထားသလို အနီေရာင္ဖဲႀကိဳးစကိုျဖင့္ ေခါင္းေပါင္း ဒါမွမဟုတ္ နဖူးမွာစီးၿပီးမွသာ ဘုရင့္ေရွ႕ေတာ္ကိုအခစားဝင္မွာပါ။ (ျပတိုက္ရဲ႕မွတ္ခ်က္က ဒီေလာက္ဘဲေရးထားပါတယ္။)

အမွန္ကိုဝင္ခံရရင္ မႏၲေလးေခတ္ မင္းတုန္း၊ သီေပါ ေခတ္အႏုပညာလက္ရာေတြကို သိပ္အႀကိဳက္ႀကီးမဟုတ္လွပါ။ ေဒါင္း႐ုပ္ေဘးကအ႐ုပ္က “ဗ်ာလ” ပါ။ ပုဂံ ထီးလိုင္မင္း က်န္စစ္သား လက္ထက္ကတည္းက နန္းတြင္းအလွဆင္ရာမွာတြင္က်ယ္စြာအသုံးျပဳပါတယ္။ ရခိုင္ဘုရင္ေတြလည္းသုံးပါတယ္။ ယခုလည္းသုံးဆဲပါ။ သိန္းငွက္ပုံကို ေအာက္ဆုံးမွာေတြ႕ရပါမယ္။ ေ႐ႊျပားေပၚမွာေတာ့ အမ်ားသိ ျခေသၤ့ ပါ။

ဒီဝန္ႀကီး ” သတိုးမင္းႀကီးမဟာမင္းထင္စည္သူ” အေၾကာင္းေသေသခ်ာခ်ာ သိပ္မသိပါ။ သိသေလာက္ေျပာပါံမယ္။ မႏၲေလး ဒုတိယ ေ႐ႊအင္ပင္ ေက်ာင္းတကာ တ႐ုတ္သူ႒ေး ဦးစက္႐ႊင္(၁၇ မတ္ ၁၉၁၇ မွကြယ္လြန္) သခၤ်ိဳင္းစာ ၂၉-၃၅မွာ(မူရင္းအတိုင္း) သတိုးမင္းႀကီး မဟာမင္းထင္စည္သူဟူေသာ အမတ္ႀကီးသည္ ႀကံအား ဘန္အား ညဏ္အား လုံးလကိုသိသျဖင့္ သားႏွယ္တမွ် ထင္မွတ္၍၊

 

သီေပါေ႐ႊနန္းလွ်င္ဘုရားေရွ႕ေတာ္ ဆက္သြင္းရာ၊ အလြန္ဝမ္းေျမာက္ေတာ္မူ၍၊ ေက်ာက္စိမ္းအလုပ္ အခြန္ေတာ္ထမ္းေဆာင္၊ ေကာင္းမြန္စြာ ကူးသန္းေရာင္းဝယ္ေစ၊ ဟူေသာအမိန႔္ေတာ္ျမတ္ ခပ္အပ္ေတာ္ မူလိုက္သည္အတိုင္း၊ ကူးသန္းေရာင္းဝယ္၍၊ ဥစၥာအင္ခြင္တို႔သည္မ်ားစြာ တင့္တယ္ေလသည္။ သတိုးမင္းႀကီးမဟာမင္းထင္စည္သူ ဟာ ဝင္ရွင္ေတာ္ေတာင္ခြင္ၿမိဳ႕စားျဖစ္ၿပီး ၁၂၅၄ နတ္ေတာ္လျပည့္ေက်ာ္ ၂ ရက္(၁၅ ဒီဇင္ဘာ ၁၈၉၂)မွာကြယ္လြန္။

မႏၲေလးနန္းသုံးယပ္ေတာင္

အမ်ိဳးအစား – ယပ္ေတာင္
အခ်ိန္ကာလ – ၁၈၈၀
ေတြ႕ရွိရာေနရာ – မႏၲေလးၿမိဳ႕ ၊ ျမန္မာ
ျပဳလုပ္ပုံနည္းပညာ – -သစ္သားေခ်ာင္းငယ္ေလးမ်ားကိုအသုံးျပဳၿပီး ယပ္ေတာင္ပုံအရင္ေဖာ္ယူပါတယ္၊ ၿပီးေနာက္အသင့္အေနေတာ္ ပိုးထည္စကပ္ပါမယ္၊ ပိုးထည္စေပၚမွာ ရိုးရာၾကက္ဥအကာေရာထားတဲ့ေရေဆး၊ ေ႐ႊ နဲ႕ ေငြေရာင္ ေတြကိုအသုံးျပဳၿပီး ေရးဆြဲတာမ်ိဳးပါ။

အ႐ြယ္အစား -အရွည္ ၃၄ စင္တီမီတာ ၊အက်ယ္(ပြင့္လ်က္)၆၆.၆ စင္တီမီတာ
လက္ရွိတည္ေနရာ – ဗစ္တိုးရီးယား နဲ႕ အယ္ဘာတ္ ျပတိုက္၊ လန္ဒန္
ျပတိုက္ပစၥည္း အမွတ္ – IM.292-1921

စကားခ်ပ္။ ။ သစ္သားေခ်ာင္းငယ္ေလးမ်ားကိုအသုံးျပဳၿပီး ယပ္ေတာင္ပုံအရင္ေဖာ္ယူပါတယ္၊ ၿပီးေနာက္အသင့္အေနေတာ္ ပိုးထည္စကပ္ပါမယ္၊ ပိုးထည္စေပၚမွာ ရိုးရာၾကက္ဥအကာေရာထားတဲ့ေရေဆး၊ ေ႐ႊ နဲ႕ ေငြေရာင္ ေတြကိုအသုံးျပဳၿပီး ေရးဆြဲတာမ်ိဳးဟာ နန္းေတာ္ထဲမွာအမႈထမ္းေနတဲ့ ေတာ္ဝင္ပန္းခ်ီ ဆရာေတြရဲ႕လက္ရာပါ။

ျမန္မာျပည္ ေနာက္ဆုံးဘုရင္ ျဖစ္တဲ့ သီေပါကို နန္းခ်ၿပီး အေစာင့္အေရွာက္နဲ႕ျပည္ႏွင္ဒဏ္ေပး တဲ့ ၁၈၈၅ ခုႏွစ္မွာေတြ႕ရွိသည္။ မႏၲေလးနန္းေတာ္ အတြင္းရွိ ဥယာဥ္ေတာ္တြင္းမွာ ဂီတပညာရွင္၊ အကပညာရွင္ေတြ ေဖ်ာ္ေျဖတဲ့ဇာတ္ပြဲကို သီေပါမင္း၊ မိဖုေခါင္ႀကီးျဖစ္တဲ့ စုဖုရားလတ္၊ ေမာင္းမ ေခြၽရံေတြ နန္းတြင္းအဝတ္တန္ဆာေတြအျပည့္နဲ႕ ရႉစားပုံပါ။

ဒီယပ္ေတာင္ေလးက စိတ္ဝင္စားစရာပါ။ မႏၲေလးနန္းသုံးယပ္ေတာင္ အေတာ္မ်ားမ်ားကို ေတြ႕ဖူးပါသည္။ ဒီယပ္ေတာင္ဟာ လက္ရာအေကာင္ဆုံးပါ။ Repair ျပန္ျပင္ထားတာမ်ိဳးမဟုတ္ဘူးဆိုရင္ေတာ့ အဆင့္တန္းျမင့္ေနၿပီျဖစ္တဲ့ ျမန္မာပန္းခ်ီအဆင့္တန္းျမင့္မားမႈကိုေတြ႕ျမင္ေလ့လာလို႔ရမွာပါ။

ေတြ႕ဖူးသမွ်မႏၲေလးေခတ္ ယပ္ေတာင္ေတြက ဆင္စြယ္ကိုသုံးတာမ်ားပါသည္။ အဲဒိေခတ္အခါကိုထင္ဟပ္ေစတဲ့ပန္းခ်ီေတာ္ေတာ္မ်ားမ်ားကို ဆရာခ်ဳံေရးတာမ်ားပါသည္။ ဘယ္သူေရးသည္ မသိရပါ။

 

Credit

 

 

Leave a Reply

Your email address will not be published. Required fields are marked *