ငြိမ်းချမ်းစွာ ဆန္ဒထုတ် ဖော်ခဲ့စဉ်က ပြည်သူတွေဝေငှခဲ့တဲ့ မုန့်တွေအအေးတွေ ကို လွမ်းဆွတ် သတိရကြောင်းပြောပြလာတဲ့ မြရည်နှင်းလွင်

မြနှင်းရည်လွင် ကတော့ ဒီအရေးတော်ပုံ ကြီးစတင်ထဲက အားကြိုးမာန်တတ်နဲ့ လမ်းပေါ် ထွက်ကာ ရဲရဲရင့်ရင့် ဆန္ဒထုတ်ဖော်ခဲ့သူ တစ်ယောက်ဖြစ်ပါတယ်။ဒါ့အပြင်သူရဲ့ အကောင့်ကနေလည်း မြန်မာနိုင်ငံမှာ နေ့စဉ်ဖြစ်ပျက် သမျှတွေကို ကမ္ဘာသိအောင် အချိန်နဲ့တစ်ပြေးညီဖော်ပြပေး ခဲ့တာလည်းတွေ့ရပါတယ်။

မိန်းကလေး တစ်ယောက်ဖြစ်ပေမယ့် ယောကျ်ားလေးတွေ နဲ့တန်းတူ တစ်ရက်မှမနားတမ်း လမ်းမပေါ်ထွက်ကာ ဆန္ဒထုတ်ဖော် ခဲ့တာကြောင့် အားလုံးက လေးစားနေကြတာပါ ။

ရင်ထဲက ဆန္ဒတွေကို ထုတ်ဖေယ်ပြသရာ မှာလည်း ကမ္ဘာတစ်ဝှမ်းရဲ့ သတင်းတွေထိ ရောက်ရှိနိုင်ရန်ရည်ရွယ်ပြီး ဆန်းသစ်တဲ့ အိုင်ဒီယာတွေ ထိမိတဲ့ လုပ်ဆောင်ချက်တွေနဲ့ စိတ်ရောကိုယ်ပါနှစ်ပြီး လှုပ်ရှားမှုတွေပြုလုပ် နိုင်ခဲ့တာကြောင့် ပြည်သူအားလုံးက လေးစားချစ်ခင်နေရတာပါ။

ခုဆိုရင်နွေဦးတော်လှန်ရေးကြီးဟာ အရင်လိုလှုပ်ရှားမှုတွေ ပြုလုပ်ရန် ခက်ခဲနေကြ တာလည်းဖြစ်ပါတယ်။အခုလည်း မြနှင်းရည်က ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခဲ့စဉ်ကပြည်သူတွေဝေငှခဲ့တဲ့ မုန့်တွေအအေးတွေကို အားရပါးရစားသောက်နေတဲ့ ပုံလေးတွေကို အမှတ်တရပြန်တင်ကာ လွမ်းနေမိကြောင်းခုလို ရေးသားဖော်ပြလာပါတယ်။”

ပြည်သူ့စေတနာမုန့်တွေ အအေးတွေ လွမ်းမိတယ်”စာလေးပဲဖြစ်ရာ ပရိသတ်ကြီ းအတွက် ပြန်လည်ဝေမျှပေး လိုက်ပါတယ်။

Credit:Cele Zone

Photo – Mya Hnin Yee Lwin

Likes:
0 0
Views:
786
Article Categories:
NEWS

Leave a Reply

Your email address will not be published. Required fields are marked *