ဂါမဏိချိုင်ကြားအောက်ကချုပ်ရိုးဟာ တော်လှန်ရေး အဆုံး အဖြတ်ဖြစ်လာမလား

ဂါမဏိချိုင်ကြားအောက်ကချုပ်ရိုးဟာ တော်လှန်ရေးအဆုံးအဖြတ်ဖြစ်လာမလားမြန်မာနိုင်ငံရဲ့လက်ရှိအနေအထားကတော့ အနီရောင်အဆင့်ကို ကျော်ပြီး အနက် ရောင် အဆင့်ကိုရောက်လို့သွားပါပြီ ငြိမ်းချမ်းစွာဆန္ဒပြတော်လှန်မူ့ဟာလဲ တစ်လကျော်ကြာပြီးတော့ လုံလောက်ပြီလို့လဲထင်ပါတယ်

တစ်ရက်တစ်ရက် သေနေရတဲ့လူတွေလဲမနည်းပါဘူး ခုခံကာကွယ်ရမယ့်အစား မတုန့်ပြန်ကြပါနဲ့ သူတို့အကွက်ထဲဝင်သွားမယ်ဆိုတဲ့ ဂျင်းမိနေသူတွေလဲဂျင်းအရှိန် ပျယ်လောက်ပြီလို့ထင်ပါတယ်အခုအခြေအနေဟာ တော်လှန်ရေးအဆုံးအဖြတ်အတွက် နောက်ဆုံး ကာလဖြစ်နေပါပြီ အကြမ်းဖက်အုပ်စုကလဲ ဖမ်းတယ်နောက်မနက်အလောင်းလာယူ ရက်ရက်စက်စက်ကို သတ်နေတာ တွေကိုတော့ငြင်းမရပါဘူး

ဒီနေရာမှာ ကျနော်တို့နိုင်ငံဖြစ်စဉ်တွေဟာ လစ်ဗျားနဲ့တူတူလာပါတယ် ဖမ်းတာရော သတ်တာရော ဘယ်သူမှမလုံခြုံတော့ပါဘူး လစ်ဗျားမှာပြည်သူက မခံနိုင်တဲ့အ ဆုံး ရရာလက်နက်ဆွဲကိုင်တော်လှန်ကြပါတယ် နောက်တော့ R2P ဝင်လာတယ် NATO တပ်ဖွဲ့တွေကပြည်သူ နဲ့အတူ ပေါင်းတိုက်ပြီး ကဒါဖီကို ရှင်းလိုက်နိုင်ပါတယ်

မြန်မာ့အရေးဟာ ကမ္ဘာ့အရေးပုံစံဖြစ်လာတာကလဲပြည်သူဘက်ကမရူံးလောက်ဘူးဆိုတာ အတပ်ပြောလို့ရပေမယ့် ဘယ်ပုံစံနဲ့ဆက်မလဲ ဆို တာ ရှေ့ဆက် ကြည့်ရ ပါ မယ် တရုတ်ကာဝန်က တရုတ်အနေနဲ့စစ်ကိုရှောင်လွှဲလို့မရတော့ဘူးလို့ ပြောတာကိုကြည့်ရင်မြန်မာ့ဟာ စစ်တလင်းဖြစ်လာဖို့များလာပါတယ်

တကယ်တော့ မအလတပ်မှာ လူမရှိပါဘူး တကယ်တိုက်ခိုက်ရေးဘက်မှာ စစ်သား၂သိန်းတောင်မရှိသလို စစ်မတိုက်တဲ့တပ်တွေနဲ့ အရပ်ဘက်အုပ်ချုပ်ရေးဘက်မှာ သာ လူများနေတာပါ မြို့နယ်တစ်မြို့နယ်ကိုစစ်သား ဦးရေ ၅၀ မပြည့်ပဲထိန်းနေရသလို KNU KIA တို့စစ်မျက်နှာဖွင့်မူတွေအတွက် စစ်တိုက်နေရတာ ကြောင့်အင်အား မမျှဖြစ်နေပြန်တယ် အခု RCSS/SSA အပါ ၁၀ဖွဲ့ကလဲ CRPHနဲ့သဘော

တူညီမူ့ရပြီး စစ်မျက်နှာဖွင့်လာတော့မှာပါ ဒီအတွက် ပြည်တွင်းကအုံကြွမူ့မဖြစ်အောင် မအလတို့ အကြီးအကျယ်ခပ်ကြမ်းကြမ်းရှင်း နေပါတယ်UN က တော့ထင် ထား တာ ထက်ကို ပိုပြီးညံနေပါတယ် ထုတ်ပြန်ချက်စာတစ်စောင်ထွက်ဖို့တောင် အတော့်ကိုညှိယူနေရ တယ်ဆိုတော့ အလုပ်မဖြစ်ပါဘူးUNဟာကမ္ဘာသူကမ္ဘာသား တွေအပေါ် ကာကွယ်ပေးဖို့အကြိမ်ကြိမ်ပျက်ကွက်ခဲ့ပါတယ် UN အတွင်း

ရေးမှူးချုပ်ပြောတဲ့ ခေတ်သစ်ကမ္ဘာမှာ လက်နက်နဲ့အာဏာသိမ်းသူတွေအတွက် နေရာမရှိဆိုတဲ့စကားဟာ ရီစရာဖြစ်ခဲ့ရပါပြီ အရေးယူ ဖို့အကြောင်းအချက်တွေ ခိုင် လုံနေပါရဲ့နဲ့ မြန်မာမှာနေ့စဉ်သတ်ဖြတ်ခံနေရမူ့တွေဟာ UN အတွက် ဝမ်းနည်းပါတယ်ဆို တဲ့စကားထက် ပိုမလာပါဘူးတရုတ်က အချက်၃ချ က်ပြောပေမယ့် နစက ကတော့ သူတို့မူ ၅ ချက်နဲ့ပဲလက်ခံမယ်လို့ ခပ်တင်းတင်းဆိုလိုက်ပါတယ် ဘယ်နိုင်ငံတွေကဘယ်လိုပဲတောင်းဆိုပစေနစကကတော့ခပ်တင်းတင်းပါပဲသူတို့ဟာကင် ဂျုံအန် လို့သူတို့ကိုယ်သူတို့ထင်နေပုံလဲရပါတယ်

မြန်မာ့အရေးကို UN က အခုထိ လုပ်တာတောင် USကြောင့်ဆိုတာငြင်းမရပါဘူး US အနေနဲ့လဲတရုတ်ပစ်တဲ့ ခေါ်ဖဲကိုမလိုက်ချင်လို့သာ အခုထိကြည့်နေပေမယ့် သူမပိုင်သေးလို့မလုပ်သေးတာပါအခုနောက်ပိုင်း မြန်မာ့အရေးကို US ဘာမှကိုမပြောတော့တာသတိထား ရပါတော့မယ်အာရှတိုက်ရဲ့ နေတိုးလို့ခေါ်တဲ့ QUAD အ ဖွဲ့ အစည်း

အဝေးမှာ မြန်မာအရေးကို ဦးစားပေးကိုင်တွယ်မယ်လို့ ဆိုလိုက်ပါတယ် တရုတ်အနေနဲ့ကတော့ကျပ်သထက်ကျပ် လာပါတယ်သူ့ကို တိုက်မှာစိုးလို့မြန်မာဘက်တည် ပေး လိုက်တဲ့ ဗျူဟာအတိုင်း USဘက်ကဝင်မလာတဲ့အတွက်

သူအကျပ်ရိုက်နေပါတယ်နိုင်ငံတ ကာသံရုံးအတော်များများကလဲ သူ့နိုင်ငံသားတွေကိုပြန် ခေါ် နေကြသလိုတရုတ်ကမြန်မာထဲက သူ့နိုင်ငံသား အကျိုးစီးပွား တွေကိုကာကွယ်ဖို့ မအလ တို့ကိုကျပ်ပေးနေပါတယ်အတည်ပြုမရနိုင်သေးတဲ့သတင်း တွေအရ

တရုတ်ကဆွန်ကာ့ရှန်က မြောက်ပိုင်းအဖွဲ့တွေကို ရွှေလီမှာတွေ့ဖို့လုပ်နေတယ်လို့ သတင်းထွက်ပါတယ်တပ်ပျက်နေတဲ့ မအလ စစ်မျက်နှာတွေဖွင့်ရမှာစိုးလို့ တရုတ်က မြောက်ပိုင်းအဖွဲ့တွေကို ခေါ်တွေ့တာပဲ နေပါမယ်တိုင်း ရင်းသား လက်နက်ကိုင်တွေအနေနဲ့လဲ အခုပွဲဟာ ဘယ်လမ်းရွေးရမလဲ အဆုံးအဖြတ်ပါပဲ မအလ ကျရူံသွားရင် သူတို့အခုချိန်ဖက်ဒရယ်တပ်မတော်မှာမပါရင်နောင် တစ်ချိန် အပြတ်ရှင်းခံရနိုင်ပါတယ်

မအလကနိုင်ငံရေးအရရော တော်လှန်ရေးအရပါအဖက်ဖက်မှာ ကျရူံးနေသလို သူ့တပ်ထဲလဲပြိုကွဲဖို့အပ်ကြောင်း လိုက်နေပါ ပြီပြည်သူ့တော်လှန်ရေးသာအရှိန်ဆက် မြှင့်လိုက်ရင် မအလ အနေနဲ့ ခွေးပြေး ပြေးရပါလိမ့်မယ်တရုတ်ကတော့ သူဆင်တဲ့ဂွင်ထဲ မဝင်ပေမယ့်

သူ့အကျိုးစီးပွားထိခိုက်လာရင်တော့ မအလ ကိုပြန်နင်းမှာပါ မြန်မာပြည်မှာတရုတ်လုပ်ငန်းတွေ စက်ရုံတွေအများကြီး ရှိပါတယ် ဒါတွေ တိုက်ခိုက်ခံရရင်မအလ တို့ပြိုကွဲပါပြီ လက်နက်ရှိတဲ့ မအလ သူပုန်တပ်ကိုရင်ဆိုင်တာထက်တရုတ်အကျိုးစီး ပွားကိုရိုက်ချိုးတာ ဘာမှမခက်ပါဘူး

USအနေနဲ့က သံတမန်နည်းအရ ဖြေရှင်းဖို့အချိန်ကုန်ပြီလို့ ဆိုထားပါတယ်နိုင်ငံတကာရေးရာပိုင်းမှာ တော့ကူညီဖို့ဆိုတာကိုယ်လို တိုင်း မဖြစ် နိုင်ပါဘူးအဓိကကတော့ ကိုယ်တိုင်အားထုတ်ဖို့လိုပါတယ် သေချာတာကတော့ပထဝီဗျူဟာ ကျတဲ့မြန်မာကို တရုတ် လက်ထဲက လွတ်အောင် USကရအောင်ကယ်တင် မယ်ဆိုတာ သံသယဖြစ်စရာမလိုပါဘူးဒါကြောင့်တိုင်း ရင်းသားလက် နက်ကိုင်တွေကလဲ စုပေါင်းပြီးတိုက်ပေးနေသလို ပြည်တွင်းကပြည်သူတွေကလဲ

ညီညွှတ်စွာနဲ့တစ်ချိန်ထဲတစ်ပြိုင်ထဲတိုက်ကြမယ်ဆိုရင်တော်လှန်ရေးဟာကျိန်းသေအောင်မြင်မှာပါဒီအတွက်အကောင်းဆုံးဗျူဟာအနေနဲ့ဂါမဏိချိုင်းကြားအောက် က ချုပ်ရိုးဟာ တရုတ်အကျိုးစီးပွားဆိုတာကိုသိထားရင် ဘယ်လိုတိုက်စစ်ဖွင့်ရမလဲဆိုတာသိကြမှာပါလို့ ပြောချင်ပါတယ်ဗျာအရေးတော်ပုံ အောင်ကိုအောင်ရမည်

မုဆိုး လက်

Likes:
0 0
Views:
818
Article Categories:
KNOWLEDGENEWS

Leave a Reply

Your email address will not be published. Required fields are marked *