ထူးဆန်းမှုတွေနဲ့ ပြည့်နှက်နေတဲ့ မသေဆုံးနိုင်တဲ့ဒေသ (သို့) ဒဏ္ဍာရီထဲက ရှန်ဂရီလာ

ထူးဆန်းမှုတွေနဲ့ ပြည့်နှက်နေတဲ့ မသေဆုံးနိုင်တဲ့ဒေသ (သို့) ဒဏ္ဍာရီထဲက ရှန်ဂရီလာ

 

 

ရှန်ဂရီလာ (သို့) ရှန်ဘဲလားဒေသဟာ စိတ်ကူးနယ်မြေတစ်ခုဖြစ်ပြီး ဒီနာမည်ကို ၁၉၉၃ ခုနှစ်တွင် ထုတ်ဝေခဲ့တဲ့ စာရေးဆရာ ဂျိန်းဟီလ်တန် (James Hilton) စာအုပ်မှာ စတင်ခေါ်ဆိုခဲ့ခြင်းဖြစ်ပါတယ် ။

စာရေးသူဟာ ဒီနေရာဒေသကို အမှန်တကယ်ရောက်ရှိခဲ့ပြီး ရှန်ဂရီလာဆိုတဲ့ ဒီနာမည်ကို ပေးဖို့ စိတ်ကူးခဲ့ကြောင်း ပြောထားပါတယ် ။ ထိုစာအုပ်ကို ဆရာမောင်ထွန်းသူက ရှန်ဂရီလာအမည်နဲ့ပဲ ဘာသာပြန်ထားတာ ရှိပါတယ် ။

ရှန်ဂရီလာလို့ ဆိုလိုက်တာနဲ့ မြန်မာပြည်မြောက်ပိုင်းက ထူးဆန်းမှုတွေနဲ့ ပြည်နှက်နေတဲ့ မသေဆုံးနိုင်သော ဒဏ္ဍာရီနေရာ တစ်ခုဆိုတာကို ကျွန်တော်တို့ တော်တော်များများ ကြားဖူးနားဝရှိကြမှာပါ ။ မြန်မာစာရေးဆရာတွေရဲ့ စာအုပ်တွေထဲမှာလည်း မကြာခဏထည့်ရေးလေ့ရှိပါတယ် ။

ရှန်ဂရီလာနဲ့ ပါတ်သက်လို့ သံတူကြောင်းပွဲအကြောင်းအရာများစွာရှိပေမယ့် တူညီတဲ့အချက်တွေကတော့ ဟိမဝန္တာတောင်တန်းတစ်နေရာတွင်ရှိခြင်း၊ အေးချမ်းပျော်ရွှင်ဖွယ်ဒေသဖြစ်ခြင်း၊ပြင်ပကမ္ဘာနှင့် အဆက်အသွယ်မရှိခြင်း စသည်တို့ ဖြစ်ပါတယ် ။

တကယ်တော့ ရှန်ဂရီလာ (ShangriLa) သည် တိဗက်စကားလုံး Shang (တိဗက်ဒေသတစ်ခု) Gri (တောင်) La (pass) တို့ ပေါင်းလိုက်သောအခါ Shang Mountain Pass ဟု အင်္ဂလိပ်ဘာသာဖြင့် အဓိပါ္ပယ်ဖွင့်နိုင်ပါတယ်။ ရှန်ဂရီလာရဲ့ ပုံပြင်ဟာ တိဗက်ဗုဒ္ဓဘာသာ ရှေးဟောင်းမြို့တော် ရှန်ဘဲလာမှ ဆင်းသက်လာတဲ့ အယူအဆလည်းဖြစ်ပါတယ်။

ဒဏ်ဍရီဇာတ်လမ်းတွေထဲမှာတော့ ရှန်ဂရီလာဆိုတာ မသဆေုံးနိုင်တဲ့ ပြင်ပကမ်ဘာနဲ့ အဆက်အစပ်မရှိတဲ့ ထူးဆန်းတဲ့လူမျိုးများနေတိုင်ရာဒသေဖြစ်ပါတယ်။ ဒီလျိို့ဝှက်နယ်မြေကို အမှတ်မထင်ရောက်ဖူးသူအချို့ရှိခဲ့ပါတယ်။ ဒါပေမယ့် အပွငျပွနျရောကျပွီး ဒီနရောကို ပွနျလညျရှာဖှရောမှာတော့ ဘယျလိုမှရှာဖှမေတှေ့နိုငျတော့ပဲ ဒီနရောဟာ ပြောကျခွငျးမလှပြောကျသှားတယျလို့သိရပါတယျ။

ရှန်ဂရီလာဒေသမှာ လားမားဘုန်းတော်ကြီးတွေ လူတွေရဲ့အတိတ်နဲ့အနာဂတ်ကို ပြောပြနိုင်တဲ့ တိဗတ်ဘုန်းတော်ကြီးတွေ တရားကျင့်ကြံကြပါတယ်။ဒီဒေသကို ကမ္ဘာ့အစိမ်းရောင်နယ်မြေအဖြစ်သတ်မှတ်ထားပြီး တရားဓမ္မတွေထွန်းကားတဲ့ နယ်မြေလည်းဖြစ်ပါတယ်။

ယန်းဇီးမြစ်ကြီး စီးဝင်ရာ ရှန်ဂရီလာဒေသသည် တကယ့်ကို ဒဏ္ဍရီဆန်လောက်အောင်လှပလွန်းတဲ့ ဒေသဖြစ်ပြီး တရုတ်ပြည် ယူနန်စီရင်စုရဲ့ တောင်ဖက်စူးစူးတွက်တည်ရှိသော အံ့သြဖွယ်ရာနယ်မြေတစ်ခုလည်းဖြစ်ပါတယ်။

အိန္ဒယ မြောက်ပိုင်းနှင့်တိဗက်ဒေသကြားရှိ ဗုဒ္ဓဘာသာထွန်းကားသော ဟိမဝန္တာတောင်တန်းဒေသများသည် ကမ္ဘာလှည့်ခရီးသည်များအား အလွန်ဆွဲဆောင်နိုင်သော ဒေသလည်းဖြစ်ပါတယ်။

၂၀၀၁ခုနှစ်တွင်တရုတ်နိုင်ငံမှ Zhongdia ဒေသအား ကမ္ဘာလှည့်ခရီးသွားတွေကို ဆွဲဆောင်ရန် ရှန်ဂရီလာ ဟုအမည်ပေးခဲ့ပါတယ်။ တိဗက် ဒေသရှိ ဒဏ္ဍာရီဆန်သော ခွန်းလွန်တောင် အချို့ဒေသများဟာလည်း ရှန်ဂရီလာ တည်ရှိတဲ့ ဒေသဟုဆိုကြပါတယ်။

ရှန်ဂရီလာတည်ရှိသည်ဟု နာမည်ကြီးထင်ရှားသည့် ဒေသတစ်ခုမှာ ပါကစ္စတ်နိုင်ငံမြောက်ပိုင်းရှိ Hunza တောင်ကြားဒေသဖြစ်တယ်ဟု ဆိုပြန်ပါတယ်။

တိဗက်နယ်စပ်နှင့်နီးသော ထိုနေရာဒေသအား The Lost Horizon မထုတ်ဝေမီ နှစ်အနည်းငယ်ပ Hilton ဟာ သွားရောက်လည်ပတ်ခဲ့ ပါတယ်။ဟိမဝန္တာအနောက်ပိုင်းရှိ တောင်များဝန်းရံထားတဲ့ စိမ်းစိုလန်းဆန်းသော ထိုနယ်မြေဒေသဟာ ဝထ္ထုပါ ရှန်ဂရီလာဒေသနှင့် လည်း ပထဝီအနေအထားအရ နီးနီးစပ်စပ်တူညီမှု့ရှိပါတယ်။

ထိုဒေသမှ ရှန်ဂရီလာ အပန်းဖြေစခန်းသည်လည်း ကမ္ဘာလှည့် ခရီးသည်များအားဆွဲဆောင်နိုင်တဲ့ နေရာဖြစ်ပါတယ်။ရှန်ဂရီလာ၏ အထူးခြားဆုံး အစားအသာက်မှာ ဆတ်သားဟင်းဖြစ်ပါတယ်။ အလွန်ကို ကောင်းမွန်လတ်ဆတ်ပြီး မည်သည့်တေရာတွင်မှ မရနိုင်ဟုလည်း သိရပါတယ်။

 

Credit

 

Zawgyi

 

ထူးဆန္းမႈေတြနဲ႕ ျပည့္ႏွက္ေနတဲ့ မေသဆုံးနိုင္တဲ့ေဒသ (သို႔) ဒ႑ာရီထဲက ရွန္ဂရီလာ

 

ရွန္ဂရီလာ (သို႔) ရွန္ဘဲလားေဒသဟာ စိတ္ကူးနယ္ေျမတစ္ခုျဖစ္ၿပီး ဒီနာမည္ကို ၁၉၉၃ ခုႏွစ္တြင္ ထုတ္ေဝခဲ့တဲ့ စာေရးဆရာ ဂ်ိန္းဟီလ္တန္ (James Hilton) စာအုပ္မွာ စတင္ေခၚဆိုခဲ့ျခင္းျဖစ္ပါတယ္ ။

စာေရးသူဟာ ဒီေနရာေဒသကို အမွန္တကယ္ေရာက္ရွိခဲ့ၿပီး ရွန္ဂရီလာဆိုတဲ့ ဒီနာမည္ကို ေပးဖို႔ စိတ္ကူးခဲ့ေၾကာင္း ေျပာထားပါတယ္ ။ ထိုစာအုပ္ကို ဆရာေမာင္ထြန္းသူက ရွန္ဂရီလာအမည္နဲ႕ပဲ ဘာသာျပန္ထားတာ ရွိပါတယ္ ။

ရွန္ဂရီလာလို႔ ဆိုလိုက္တာနဲ႕ ျမန္မာျပည္ေျမာက္ပိုင္းက ထူးဆန္းမႈေတြနဲ႕ ျပည္ႏွက္ေနတဲ့ မေသဆုံးနိုင္ေသာ ဒ႑ာရီေနရာ တစ္ခုဆိုတာကို ကြၽန္ေတာ္တို႔ ေတာ္ေတာ္မ်ားမ်ား ၾကားဖူးနားဝရွိၾကမွာပါ ။ ျမန္မာစာေရးဆရာေတြရဲ႕ စာအုပ္ေတြထဲမွာလည္း မၾကာခဏထည့္ေရးေလ့ရွိပါတယ္ ။

ရွန္ဂရီလာနဲ႕ ပါတ္သက္လို႔ သံတူေၾကာင္းပြဲအေၾကာင္းအရာမ်ားစြာရွိေပမယ့္ တူညီတဲ့အခ်က္ေတြကေတာ့ ဟိမဝႏၲာေတာင္တန္းတစ္ေနရာတြင္ရွိျခင္း၊ ေအးခ်မ္းေပ်ာ္႐ႊင္ဖြယ္ေဒသျဖစ္ျခင္း၊ျပင္ပကမာၻႏွင့္ အဆက္အသြယ္မရွိျခင္း စသည္တို႔ ျဖစ္ပါတယ္ ။

တကယ္ေတာ့ ရွန္ဂရီလာ (ShangriLa) သည္ တိဗက္စကားလုံး Shang (တိဗက္ေဒသတစ္ခု) Gri (ေတာင္) La (pass) တို႔ ေပါင္းလိုက္ေသာအခါ Shang Mountain Pass ဟု အဂၤလိပ္ဘာသာျဖင့္ အဓိပါၸယ္ဖြင့္နိုင္ပါတယ္။ ရွန္ဂရီလာရဲ႕ ပုံျပင္ဟာ တိဗက္ဗုဒၶဘာသာ ေရွးေဟာင္းၿမိဳ႕ေတာ္ ရွန္ဘဲလာမွ ဆင္းသက္လာတဲ့ အယူအဆလည္းျဖစ္ပါတယ္။

ဒဏ္ဍရီဇာတ္လမ္းေတြထဲမွာေတာ့ ရွန္ဂရီလာဆိုတာ မသေဆုံးနိုင္တဲ့ ျပင္ပကမ္ဘာနဲ႕ အဆက္အစပ္မရွိတဲ့ ထူးဆန္းတဲ့လူမ်ိဳးမ်ားေနတိုင္ရာဒေသျဖစ္ပါတယ္။ ဒီလ်ိို႔ဝွက္နယ္ေျမကို အမွတ္မထင္ေရာက္ဖူးသူအခ်ိဳ႕ရွိခဲ့ပါတယ္။ ဒါေပမယ့္ အပြင်ပြန်ေရာက်ပြီး ဒီနေရာကို ပြန်လည်ရွာဖွေရာမွာေတာ့ ဘယ်လိဳမွရွာဖွေမေတွ႕နိုင်ေတာ့ပဲ ဒီနေရာဟာ ေျပာက်ခြင်းမလွေျပာက်သွားတယ်လိဳ႕သိရပါတယ်။

ရွန္ဂရီလာေဒသမွာ လားမားဘုန္းေတာ္ႀကီးေတြ လူေတြရဲ႕အတိတ္နဲ႕အနာဂတ္ကို ေျပာျပနိုင္တဲ့ တိဗတ္ဘုန္းေတာ္ႀကီးေတြ တရားက်င့္ႀကံၾကပါတယ္။ဒီေဒသကို ကမာၻ႔အစိမ္းေရာင္နယ္ေျမအျဖစ္သတ္မွတ္ထားၿပီး တရားဓမၼေတြထြန္းကားတဲ့ နယ္ေျမလည္းျဖစ္ပါတယ္။

ယန္းဇီးျမစ္ႀကီး စီးဝင္ရာ ရွန္ဂရီလာေဒသသည္ တကယ့္ကို ဒ႑ရီဆန္ေလာက္ေအာင္လွပလြန္းတဲ့ ေဒသျဖစ္ၿပီး တ႐ုတ္ျပည္ ယူနန္စီရင္စုရဲ႕ ေတာင္ဖက္စူးစူးတြက္တည္ရွိေသာ အံ့ၾသဖြယ္ရာနယ္ေျမတစ္ခုလည္းျဖစ္ပါတယ္။

အိႏၵယ ေျမာက္ပိုင္းႏွင့္တိဗက္ေဒသၾကားရွိ ဗုဒၶဘာသာထြန္းကားေသာ ဟိမဝႏၲာေတာင္တန္းေဒသမ်ားသည္ ကမာၻလွည့္ခရီးသည္မ်ားအား အလြန္ဆြဲေဆာင္နိုင္ေသာ ေဒသလည္းျဖစ္ပါတယ္။

၂၀၀၁ခုႏွစ္တြင္တ႐ုတ္နိုင္ငံမွ Zhongdia ေဒသအား ကမာၻလွည့္ခရီးသြားေတြကို ဆြဲေဆာင္ရန္ ရွန္ဂရီလာ ဟုအမည္ေပးခဲ့ပါတယ္။ တိဗက္ ေဒသရွိ ဒ႑ာရီဆန္ေသာ ခြန္းလြန္ေတာင္ အခ်ိဳ႕ေဒသမ်ားဟာလည္း ရွန္ဂရီလာ တည္ရွိတဲ့ ေဒသဟုဆိုၾကပါတယ္။

ရွန္ဂရီလာတည္ရွိသည္ဟု နာမည္ႀကီးထင္ရွားသည့္ ေဒသတစ္ခုမွာ ပါကစၥတ္နိုင္ငံေျမာက္ပိုင္းရွိ Hunza ေတာင္ၾကားေဒသျဖစ္တယ္ဟု ဆိုျပန္ပါတယ္။

တိဗက္နယ္စပ္ႏွင့္နီးေသာ ထိုေနရာေဒသအား The Lost Horizon မထုတ္ေဝမီ ႏွစ္အနည္းငယ္ပ Hilton ဟာ သြားေရာက္လည္ပတ္ခဲ့ ပါတယ္။ဟိမဝႏၲာအေနာက္ပိုင္းရွိ ေတာင္မ်ားဝန္းရံထားတဲ့ စိမ္းစိုလန္းဆန္းေသာ ထိုနယ္ေျမေဒသဟာ ဝထၳဳပါ ရွန္ဂရီလာေဒသႏွင့္ လည္း ပထဝီအေနအထားအရ နီးနီးစပ္စပ္တူညီမႈ႕ရွိပါတယ္။

ထိုေဒသမွ ရွန္ဂရီလာ အပန္းေျဖစခန္းသည္လည္း ကမာၻလွည့္ ခရီးသည္မ်ားအားဆြဲေဆာင္နိုင္တဲ့ ေနရာျဖစ္ပါတယ္။ရွန္ဂရီလာ၏ အထူးျခားဆုံး အစားအသာက္မွာ ဆတ္သားဟင္းျဖစ္ပါတယ္။ အလြန္ကို ေကာင္းမြန္လတ္ဆတ္ၿပီး မည္သည့္ေတရာတြင္မွ မရနိုင္ဟုလည္း သိရပါတယ္။

 

Credit

 

 

Leave a Reply

Your email address will not be published. Required fields are marked *