ဘုရင်မဖြစ်ခဲ့တဲ့ အလောင်းမင်းတရားကြီး၏ သားတော်များ

ဘုရင်မဖြစ်ခဲ့တဲ့ အလောင်းမင်းတရားကြီး၏ သားတော်များ

 

 

အလောင်းမင်းတရားကြီးနဲ့ မိဖုရားခေါင်ကြီး ခင်ယွန်းစံ တို့မှာ သားသမီး ၉ ဦး ထွန်းကား ခဲ့ပါ တယ်။

သူတို့တွေကတော့ မောင်လောက် ၊ မောင်ရွှ ၊ မယ်သာ ၊မောင်ပိုး ၊ မယ်မြတ်လှ ၊ မောင်ဝိုင်း ၊ မယ်ရွှေအိမ် ၊ မောင်စိုး ၊ မောင်ဘိုးရှင် တို့ပဲ ဖြစ်ကြပါတယ်။

ဒီအထဲမှာ သမီးတော် ၃ ပါး ကို ဖယ်လိုက်ရင် သားတော် ၆ ပါးကျန်ပါတယ်။

ဒီအထဲက မောင်လောက်(နောင်တော်ကြီးမင်း) ၊ မောင်ရွ(ဆင်ဖြူရှင်မင်း)နဲ့ မောင်ဝိုင်း(ဘိုးတော်ဘုရား) တို့သာ ဘုရင်တွေဖြစ်ခဲ့ပါတယ်။

ကျန်တဲ့သားတော် တွေရော ဘာဖြစ်သွားကြပါသလဲ…

တကယ်တော့ အလောင်းမင်းတရားကြီးမှာကြားခဲ့တဲ့ ညီအစ်ကို ကြီးစဉ်ငယ်လိုက် နန်းတက်မယ်ဆိုရင် မောင်ရွ(ဆင်ဖြူရှင်မင်း) ပြီးတာနဲ့ နန်းတက်ရမယ့် သူဟာ မောင်ပိုးဖြစ်ပါတယ်။ ဒါပေမယ့် မောင်ပိုး ဘုရင်မဖြစ်လိုက်ပါဘူး။ ဆင်ဖြူရှင်မင်းက သားတော်ကို ထီးနန်းလွှဲပေးခဲ့တဲ့ အတွက်ကြောင့်ပါ။

သူတို့ ၃ဦး အကြောင်းကို ဖော်ပြရသော်…..

မောင်ပိုး

မောင်ပိုးကို ၁၇၄၀ ခုနှစ်မှာ မွေးဖွားခဲ့ပြီး အမြင့်မင်းသားကြီးအဖြစ်သိကြပါတယ်။ အလောင်းမင်းတရားလက်ထက်မှာ အမြင့်မြို့ ၊ တလုပ်မြို့တွေမှာ မြို့စားရာထူး ပေးအပ်ခြင်း ခံခဲ့ရ ပါတယ်။

ဆင်ဖြူရှင်လွန်ပြီး သားတော်စဉ့်ကူးမင်း နန်းတက်ချိန်မှာတော့ မောင်ပိုးကို မသင့်တဲ့ အကြံအစည်ကြံတယ် ဆိုပြီး အပြစ်ပေး စီရင်ခံခဲ့ရ ပါတယ်။

မောင်စိုး

မောင်စိုးကို ၁၇၄၉ ခုနှစ် ဖွားမြင်ခဲ့ပါတယ်။ ပုခန်းကြီးမြို့ကို စားခဲ့ရတဲ့အတွက်ပုခန်းမင်းသားကြီး အဖြစ် ထင်ရှားပါတယ်။မင်းပေးတဲ့ဘွဲ့အမည်ကတော့ သတိုးမင်းလှမင်းရဲကျော်စွာပဲ ဖြစ်ပါတယ်။ နောက်ပုခန်း မြို့အပြင် ကလေးမြို့ပါ စားခဲ့ရပါတယ်။

ဘိုးတော်ဘုရားလက်ထက်မှာ တလုပ်မြို့ကို ထပ်မံ ချီးမြင့်ခံခဲ့ရပါတယ်။ ၁၈၂၀ ခုနှစ်မှာမင်းကွန်း အထက်ရှားရောင်းရွာမှာ ကွယ်လွန်ခဲ့ပါတယ်။

မောင်ဘိုးရှင်

မောင်ဘိုးရှင်ဟာ အလောင်းမင်းတရားကြီးရဲ့ အငယ်ဆုံးသားဖြစ်ပါတယ်။ သူ့ကို ၁၇၅၄ ခုနှစ် ရတနာသိင်္ဃနန်းတော်ထက်မှာ ဖွားမြင်ခဲ့ပြီး မြင်စိုင်းမြို့ ပင်းတလဲမြို့တွေကိုစားခဲ့ရပါတယ်။ ပင်းတလဲမင်းသားလို့ လူသိများကြပါတယ်။

ဘိုးတော်ဘုရားထီးနန်းရစေဖို့ ဖောင်ကားစား မောင်မောင်ကို ရွပ်ရွပ်ချွံချွံတိုက်ခိုက်ခဲ့သူလည်း ဖြစ်ပါတယ်။ ဒါကြောင့်လည်း ဘိုးတော်ဘုရားက ညီတော်ဖြစ်သူ မောင်ဘိုးရှင်ကို နန်းလျာထားမယ် လို့ ကတိပြုခဲ့ပါတယ်။တကယ်နန်းရတဲ့အချိန်မှာတော့ ဘိုးတော်ဘုရား ကတိမတည်ခဲ့ပါဘူး။

မောင်ဘိုးရှင်ကို နန်းလျာမထားပဲ သားဖြစ်သူ အိမ်ရှေ့မင်း ဦးပေါ်ကို နန်းလျာထားခဲ့ပါတယ်။ မောင်ဘိုးရှင်က ဒါကိုမကျေနပ်တဲ့အတွက် ဘိုးတော်ဘုရားကို ချောင်းမြောင်းပြီး လုပ်ကြံခဲ့ပါတယ်။

ဘိုးတော်ဘုရားကို မထိပဲ မောင်ဘိုးရှင်သာ အဖမ်းခံခဲ့ရပါတယ်။ ဘိုးတော်ဘုရား က ခွင့်လွှတ်ခဲ့ပြီး အိမ်ရှေ့မင်းရဲ့ တပ်မှာ အမှုထမ်းစေခဲ့ပါတယ်။ ဒါပေမယ့် နောက်တစ်ကြိမ် ထီးနန်းလုဖို့ ထပ်မံကြိုးပမ်းမှုနဲ့ ၁၇၈၅ ဇူလိုင်လမှာ စီရင်ကွပ်မျက်ခံခဲ့ရပါတယ်။

ဒါတွေကတော့ အလောင်းမင်းတရားကြီးရဲ့ ဘုရင် မဖြစ်ခဲ့သူ သားတော်တွေအကြောင်းပဲ ဖြစ်ပါတယ်။

Credit

 

Zawgyi

ဘုရင္မျဖစ္ခဲ့တဲ့ အေလာင္းမင္းတရားႀကီး၏ သားေတာ္မ်ား

 

 

အေလာင္းမင္းတရားႀကီးနဲ႕ မိဖုရားေခါင္ႀကီး ခင္ယြန္းစံ တို႔မွာ သားသမီး ၉ ဦး ထြန္းကား ခဲ့ပါ တယ္။

သူတို႔ေတြကေတာ့ ေမာင္ေလာက္ ၊ ေမာင္႐ႊ ၊ မယ္သာ ၊ေမာင္ပိုး ၊ မယ္ျမတ္လွ ၊ ေမာင္ဝိုင္း ၊ မယ္ေ႐ႊအိမ္ ၊ ေမာင္စိုး ၊ ေမာင္ဘိုးရွင္ တို႔ပဲ ျဖစ္ၾကပါတယ္။

ဒီအထဲမွာ သမီးေတာ္ ၃ ပါး ကို ဖယ္လိုက္ရင္ သားေတာ္ ၆ ပါးက်န္ပါတယ္။

ဒီအထဲက ေမာင္ေလာက္(ေနာင္ေတာ္ႀကီးမင္း) ၊ ေမာင္႐ြ(ဆင္ျဖဴရွင္မင္း)နဲ႕ ေမာင္ဝိုင္း(ဘိုးေတာ္ဘုရား) တို႔သာ ဘုရင္ေတြျဖစ္ခဲ့ပါတယ္။

က်န္တဲ့သားေတာ္ ေတြေရာ ဘာျဖစ္သြားၾကပါသလဲ…

တကယ္ေတာ့ အေလာင္းမင္းတရားႀကီးမွာၾကားခဲ့တဲ့ ညီအစ္ကို ႀကီးစဥ္ငယ္လိုက္ နန္းတက္မယ္ဆိုရင္ ေမာင္႐ြ(ဆင္ျဖဴရွင္မင္း) ၿပီးတာနဲ႕ နန္းတက္ရမယ့္ သူဟာ ေမာင္ပိုးျဖစ္ပါတယ္။ ဒါေပမယ့္ ေမာင္ပိုး ဘုရင္မျဖစ္လိုက္ပါဘူး။ ဆင္ျဖဴရွင္မင္းက သားေတာ္ကို ထီးနန္းလႊဲေပးခဲ့တဲ့ အတြက္ေၾကာင့္ပါ။

သူတို႔ ၃ဦး အေၾကာင္းကို ေဖာ္ျပရေသာ္…..

ေမာင္ပိုး

ေမာင္ပိုးကို ၁၇၄၀ ခုႏွစ္မွာ ေမြးဖြားခဲ့ၿပီး အျမင့္မင္းသားႀကီးအျဖစ္သိၾကပါတယ္။ အေလာင္းမင္းတရားလက္ထက္မွာ အျမင့္ၿမိဳ႕ ၊ တလုပ္ၿမိဳ႕ေတြမွာ ၿမိဳ႕စားရာထူး ေပးအပ္ျခင္း ခံခဲ့ရ ပါတယ္။

ဆင္ျဖဴရွင္လြန္ၿပီး သားေတာ္စဉ့္ကူးမင္း နန္းတက္ခ်ိန္မွာေတာ့ ေမာင္ပိုးကို မသင့္တဲ့ အႀကံအစည္ႀကံတယ္ ဆိုၿပီး အျပစ္ေပး စီရင္ခံခဲ့ရ ပါတယ္။

ေမာင္စိုး

ေမာင္စိုးကို ၁၇၄၉ ခုႏွစ္ ဖြားျမင္ခဲ့ပါတယ္။ ပုခန္းႀကီးၿမိဳ႕ကို စားခဲ့ရတဲ့အတြက္ပုခန္းမင္းသားႀကီး အျဖစ္ ထင္ရွားပါတယ္။မင္းေပးတဲ့ဘြဲ႕အမည္ကေတာ့ သတိုးမင္းလွမင္းရဲေက်ာ္စြာပဲ ျဖစ္ပါတယ္။ ေနာက္ပုခန္း ၿမိဳ႕အျပင္ ကေလးၿမိဳ႕ပါ စားခဲ့ရပါတယ္။

ဘိုးေတာ္ဘုရားလက္ထက္မွာ တလုပ္ၿမိဳ႕ကို ထပ္မံ ခ်ီးျမင့္ခံခဲ့ရပါတယ္။ ၁၈၂၀ ခုႏွစ္မွာမင္းကြန္း အထက္ရွားေရာင္း႐ြာမွာ ကြယ္လြန္ခဲ့ပါတယ္။

ေမာင္ဘိုးရွင္

ေမာင္ဘိုးရွင္ဟာ အေလာင္းမင္းတရားႀကီးရဲ႕ အငယ္ဆုံးသားျဖစ္ပါတယ္။ သူ႕ကို ၁၇၅၄ ခုႏွစ္ ရတနာသိဃၤနန္းေတာ္ထက္မွာ ဖြားျမင္ခဲ့ၿပီး ျမင္စိုင္းၿမိဳ႕ ပင္းတလဲၿမိဳ႕ေတြကိုစားခဲ့ရပါတယ္။ ပင္းတလဲမင္းသားလို႔ လူသိမ်ားၾကပါတယ္။

ဘိုးေတာ္ဘုရားထီးနန္းရေစဖို႔ ေဖာင္ကားစား ေမာင္ေမာင္ကို ႐ြပ္႐ြပ္ခြၽံခြၽံတိုက္ခိုက္ခဲ့သူလည္း ျဖစ္ပါတယ္။ ဒါေၾကာင့္လည္း ဘိုးေတာ္ဘုရားက ညီေတာ္ျဖစ္သူ ေမာင္ဘိုးရွင္ကို နန္းလ်ာထားမယ္ လို႔ ကတိျပဳခဲ့ပါတယ္။တကယ္နန္းရတဲ့အခ်ိန္မွာေတာ့ ဘိုးေတာ္ဘုရား ကတိမတည္ခဲ့ပါဘူး။

ေမာင္ဘိုးရွင္ကို နန္းလ်ာမထားပဲ သားျဖစ္သူ အိမ္ေရွ႕မင္း ဦးေပၚကို နန္းလ်ာထားခဲ့ပါတယ္။ ေမာင္ဘိုးရွင္က ဒါကိုမေက်နပ္တဲ့အတြက္ ဘိုးေတာ္ဘုရားကို ေခ်ာင္းေျမာင္းၿပီး လုပ္ႀကံခဲ့ပါတယ္။

ဘိုးေတာ္ဘုရားကို မထိပဲ ေမာင္ဘိုးရွင္သာ အဖမ္းခံခဲ့ရပါတယ္။ ဘိုးေတာ္ဘုရား က ခြင့္လႊတ္ခဲ့ၿပီး အိမ္ေရွ႕မင္းရဲ႕ တပ္မွာ အမႈထမ္းေစခဲ့ပါတယ္။ ဒါေပမယ့္ ေနာက္တစ္ႀကိမ္ ထီးနန္းလုဖို႔ ထပ္မံႀကိဳးပမ္းမႈနဲ႕ ၁၇၈၅ ဇူလိုင္လမွာ စီရင္ကြပ္မ်က္ခံခဲ့ရပါတယ္။

ဒါေတြကေတာ့ အေလာင္းမင္းတရားႀကီးရဲ႕ ဘုရင္ မျဖစ္ခဲ့သူ သားေတာ္ေတြအေၾကာင္းပဲ ျဖစ္ပါတယ္။

Credit

 

 

Leave a Reply

Your email address will not be published. Required fields are marked *