မီးဘေးသင့်ခဲ့ရတဲ့ မန္တလေးကပြည်သူတွေကို အိမ်သုံးပစ္စည်းနဲ့အလှူငွေတွေ လှူဒါန်းပေးပြီး ကူညီမှုတွေပေးနေတဲ့ အေးဝတ်ရည်သောင်း….

ပရိသတ်ကြီးရေ.. ပုရိသ ပရိသတ် တွေ ရဲ့အားပေး ချစ်ခင်မှုတွေ ကို အများဆုံး ရရှိထားတဲ့ သရုပ်ဆောင် မင်းသမီး ချော အေးဝတ်ရည်သောင်းကတော့ အနုပညာလောကမှာ အောင်မြင်မှုတွေ အခိုင်အမာ နဲ့ လျှောက်လှမ်း နေသူပဲ ဖြစ်ပါတယ်..။

မအေးသောင်း လို့ အများက ချစ်စနိုး ခေါ်ကြတဲ့ သူမ ကတော့ တော်လှန်ရေးတိုက်ပွဲ ကြီးမှာ ရဲရဲ ရင့်ရင့် ပါဝင်ပြီး လူထုလှုပ်ရှားမှုတွေမှာကိုယ်တိုင်ပါဝင်သလို လှူဒါန်းမှုတွေပြုလုပ်ပြီးတော့လည်း ပြည်သူတွေနဲ့ရပ်တည်နေသူလည်း ဖြစ်ပါတယ်..။

အေးဝတ်ရည်သောင်း ကတော့ မတ်လ(၂၇) ရက်နေ့ က မန္တလေးမြို့ ၁၁၆ လမ်း ၅၆ / ၅၇ ကြားမှာ မီးလောင်မှု ဖြစ်ပွားခဲ့ပြီး အိမ်ထောင်စု (၇၀) ကျော် အိုးမဲ့အိမ်မဲ့ဖြစ်သွား ခဲ့ရ တဲ့ မီးဘေးသင့်ခဲ့တဲ့ ပြည်သူတွေ အတွက်ဒီက နေ့မှာပဲလှူဒါန်းမှု တွေပြုလုပ်ခဲ့ပါတယ်..။

အခက်အခဲ တွေနဲ့ ရင်ဆိုင် ကြုံတွေ့နေ ကြရတဲ့ မီးဘေးသင့် ပြည်သူတွေ အတွက် အလှူရှင် တွေနဲ့အတူစားသောက် ကုန်တွေအပြင်၊ အိမ်အသုံး အဆောင်ပစ္စည်းတွေ နဲ့ အလှူငွေ တွေလည်း ပေးအပ်လှူဒါန်းခဲ့ပြီး ကိုယ်တိုင် ကိုယ်ကျအားပေး စကားလေး တွေပြောကာ ဖေးမ ကူညီခဲ့တာ ဖြစ်ပါတယ်..။

“၂၇ ရက်နေ့ မနေ့ညက မန္တလေး ၁၁၆ လမ်း ၅၆ / ၅၇ ကြား မီးလောင်မှု ဖြစ်ပွားသွားရာတွင် အိမ်ခြေအိမ်ထောင်စု ၇၀ကျော် ၈၀ နီးပါး အိုးမဲ့ အိမ်မဲ့ ဖြစ်သွားတယ်လို့ သိရ ပါတယ်ရှင်။

ဒီနေ့ အိမ်ထောင်စု များအတွက် ကျမ နှင့် online မှအလှူရှင်များ လိုအပ်တဲ့ အိုးခွက် ဒယ်အိုး ပန်ကန် ဇွန်း ရေခွက် အစရှိ သည်တို့ နှင့်အတူ တစ်အိမ်ထောင်စု လျှင်အလှူငွေ ၂၀၀၀၀ ကျပ် လှူဒါန်းခဲ့ ပါသည်ရှင့်။ပါဝင်ပေးတဲ့ အလှူရှင်များ နဲ့ မိတ်ဆွေများ သာဓု သာဓု သာဓုပါရှင်။

အစစ အရာရာ စီစဉ်ပေးတဲ့ ကိုမျိုးကြီး( ပန်းပျိုးသူ) ပရဟိတ အဖွဲ့ကိုလည်းကျေးဇူး အထူးတင်ပါတယ်ရှင့်ဒီနေ့ နေ့လည် ၁ နာရီမှာ လည်းမီးဘေးသင့်ကိုယ်ဝန်ဆောင် အမျိုးသမီးမှ မိန်းကလေး တစ်ဦးလည်း ဖွားမြင်ခဲ့ ပါတယ်ရှင့်။..

” ဆိုပြီး အလှူပုံရိပ်တွေကို မျှဝေ ထားတာ ဖြစ်ပါတယ်..။

မီးဘေးသင့်ပြည်သူတွေအတွက် လိုအပ်တာတွေလှူဒါန်းရင်း ကိုယ်တိုင် ကိုယ်ကျ ဖေးမ ကူညီခဲ့တဲ့ အေးဝတ်ရည်သောင်း ရဲ့ စိတ်ထားလေး နဲ့ အလှူပုံရိပ်လေး တွေကိုလည်း ပရိသတ်တွေက ချီးကျူးကာ အားပေးစကားလေး တွေ ပြောထား ကြတာလည်း တွေ့ရပါတယ်..။

သတင်းအရင်းမြစ်: Aye Thaung’s Fb Acc

Crd to Cele Weekly

Likes:
0 0
Views:
695
Article Categories:
NEWS

Leave a Reply

Your email address will not be published. Required fields are marked *