ခိုတောင်မုန့်တီ အစ စကြာဒေဝီမိဖုရားကြီး က(နန်းတွင်းအစားအစာ ခိုတောင် မုန့်တီဖြစ်ပေါ်လာပုံရာဇဝင်)

ခိုတောင်မုန့်တီ အစ စကြာဒေဝီမိဖုရားကြီး က(နန်းတွင်းအစားအစာ ခိုတောင် မုန့်တီဖြစ်ပေါ်လာပုံရာဇဝင်)

 

 

ခိုတောင်မုန့်တီသည် မန္တလေးမြို့ ဧရာဝတီမြစ် တစ်ဖက်ကမ်း စစ်ကိုင်း မင်းကွန်းကားလမ်းပေါ်ရှိ ခိုတောင်ရွာကိုအစွဲပြု၍ ခေါ်ခြင်းဖြစ်သည်။

ဒေသခံများ အစဉ်အဆက် ပါးစပ်ရာဇဝင်အဖြစ် မှတ်ယူလာသော ခိုတောင်မုန့်တီရာဇဝင်မှာ စကြာဒေဝီ မိဖုရားခေါင်ကြီးနှင့် ဆက်စပ်နေသည်။ ခိုတောင်မုန့်တီအစ စကြာဒေဝီမိဖုရားကြီးကဟု ပင် ဒေသခံများက ယနေ့တိုင် မှတ်ယူလျက် ရှိသည်။

စကြာဒေဝီမိဖုရားကြီး နာမကျန်းဖြစ်ကာ အစားအ သောက် ပျက်သည့်ကာလတွင် သမားတော်များက ဓာတ်စာအဖြစ် တီ နဲ့တူသောမုန့်ကို စားပါမှ အသက်ရှည်မည်ဟု ဆိုသည့်အတွက် ခိုတောင်ရွာမှ မင်းမှုထမ်းများ၏ အကူအညီဖြင့် တီနှင့်တူသော မုန့်ကို ပြုလုပ်စေရာမှ မုန့်တီကို စတင်ကြံဆလုပ်ကိုင်ခဲ့သည်။

တောရွာများတွင် အရွက်သုပ်သည့် နည်းစနစ်ကို အခြေခံကာ ခိုတောင်မုန့်တီသုပ် ပြုလုပ်ပြီးဆက်သရာ မိဖုရားကြီး ခံတွင်းလိုက်ကာ ကျန်းမာလာခဲ့သည်။ အခြားအစားအသောက်များပါ စားသောက်ချင်စိတ် ဖြစ်ပေါ်လာသည့်အတွက် လူမမာစာ သာမက အမြဲတမ်းစားသောက်ဖွယ်အဖြစ် ပြုလုပ်ရောင်းချခိုင်းရာမှ ခိုတောင်မုန့်တီ ဖြစ်ပေါ်လာသည်။

 

ရှေးယခင်က ခိုတောင်ရွာရှိ အမျိုးသမီးအများစုသည် ခိုတောင်ရွာမှ လှေကလေးများ၊ မော်တော်များဖြင့် ဧရာဝတီမြစ် ကိုဖြတ်ကာ မန္တလေးမြို့သို့ ကူးလာကာ မုန့်တီရောင်းကြသည်။ ယနေ့ခေတ်တွင်မူ စစ်ကိုင်း ဘက်မှ လိုင်းကားများဖြင့် မန္တလေးသို့ လာရောက် ရောင်းချကြသည်။

ခိုတောင်မုန့်တီပြုလုပ်သည့် နည်းပညာတွင် ဟင်းချိုချက်သည့် နည်းစနစ်၊ ဆီချက်နည်းစနစ်၊ အစာပလာ ထည့်သည့်နည်းစနစ်များက အားသာပြီး မည်သည့်နယ်တွင်ပင် ရောင်းချစေကာမူ ခိုတောင်မုန့်တီနည်းစနစ်အတိုင်း ပြုလုပ်ကာ ခိုတောင်မုန့်တီအဖြစ်သာ ရောင်းချပြီး လက်ရှိကာလ မင်းကွန်းဒေသသို့ သွားရောက်သူအများစုမှာ အရသာထူးကဲသည့် ခိုတောင်မုန့်တီကို အားထား စားသောက်လေ့ရှိသည်။

 

ချက်ပြုတ်နည်းပြင်ဆင်

ခိုတောင်မုန့်တီသည် မန္တလေးမုန့်တီကဲ့သို့ မုန့်ဖတ်မကြီး၊ အသားဟင်းနှစ်မပါ။ ကြက်သွန်ဖြူနီဆီချက်၊ အရောင်တင်ဆီချက်၊ နနွင်းဆီချက်၊ ပဲသီး၊ မုန်လာထုပ် (ဂေါ်ဖီထုပ်) တို့ဖြင့် ရိုးရိုးသုပ်ထားခြင်းဖြစ်သည်။ ဟင်းချိုရည်ကို ပိတ်စွယ်၊ တရုတ်နံနံ၊ နံနံ၊ ငါးခေါင်း၊ ချင်း၊ ကြက်သွန်ဖြူတို့ ထည့်ချက်သည်။

ခိုတောင်မုန့်တီသည်တို့ ဆီချက်ထည့်သော် ဒန်အိုး မသုံးဘဲ ဒေသထွက် စဉ့်အိုးသေး၊ စဉ့်အင်တုံများဖြင့် ထည့်ထားတတ်ကြသည်။ ဟင်းချိုရည်အိုးကိုလည်း မြေအိုး ဖြင့်ထည့်ပြီး ဟင်းချို တစ်နေကုန်နွေးနေစေရန် အိုးကို ဖျင်ကြမ်းသန့်သန့်ဖြင့် ပတ်ထားတတ်ကြသည်။

ယခင်က ခိုတောင်မုန့်တီသည်များသည် ရောင်းမည့်မုန့်ဖတ်ကို ကိုယ်တိုင်ညှစ်ကြသည်။

နံနက်စောစောထကာ မုန့်တီဖတ်ညှစ်ပြီး မန္တလေးမြို့ပေါ်သို့ ခိုတောင်မြစ်ဆိပ်မှတဆင့် ငှက်လှေများဖြင့် ကူးကြသည်။ ဂေါဝိန်ဆိပ် မှတဆင့် ဆေးလိပ်ခုံ၊ ဖိနပ်ရုံ၊ ဈေးချိုတော်၊ တရုတ်တန်းဈေး စသည့်နေရာများသို့ သွားရောင်းကြသည်။

Credit

 

Zawgyi

 

 

ခိုေတာင္မုန႔္တီ အစ စၾကာေဒဝီမိဖုရားႀကီး က(နန္းတြင္းအစားအစာ ခိုေတာင္ မုန့္တီျဖစ္ေပၚလာပုံရာဇဝင္)

 

 

ခိုေတာင္မုန႔္တီသည္ မႏၲေလးၿမိဳ႕ ဧရာဝတီျမစ္ တစ္ဖက္ကမ္း စစ္ကိုင္း မင္းကြန္းကားလမ္းေပၚရွိ ခိုေတာင္႐ြာကိုအစြဲျပဳ၍ ေခၚျခင္းျဖစ္သည္။

ေဒသခံမ်ား အစဥ္အဆက္ ပါးစပ္ရာဇဝင္အျဖစ္ မွတ္ယူလာေသာ ခိုေတာင္မုန႔္တီရာဇဝင္မွာ စၾကာေဒဝီ မိဖုရားေခါင္ႀကီးႏွင့္ ဆက္စပ္ေနသည္။ ခိုေတာင္မုန႔္တီအစ စၾကာေဒဝီမိဖုရားႀကီးကဟု ပင္ ေဒသခံမ်ားက ယေန႕တိုင္ မွတ္ယူလ်က္ ရွိသည္။

စၾကာေဒဝီမိဖုရားႀကီး နာမက်န္းျဖစ္ကာ အစားအ ေသာက္ ပ်က္သည့္ကာလတြင္ သမားေတာ္မ်ားက ဓာတ္စာအျဖစ္ တီ နဲ႕တူေသာမုန႔္ကို စားပါမွ အသက္ရွည္မည္ဟု ဆိုသည့္အတြက္ ခိုေတာင္႐ြာမွ မင္းမႈထမ္းမ်ား၏ အကူအညီျဖင့္ တီႏွင့္တူေသာ မုန႔္ကို ျပဳလုပ္ေစရာမွ မုန႔္တီကို စတင္ႀကံဆလုပ္ကိုင္ခဲ့သည္။

ေတာ႐ြာမ်ားတြင္ အ႐ြက္သုပ္သည့္ နည္းစနစ္ကို အေျခခံကာ ခိုေတာင္မုန႔္တီသုပ္ ျပဳလုပ္ၿပီးဆက္သရာ မိဖုရားႀကီး ခံတြင္းလိုက္ကာ က်န္းမာလာခဲ့သည္။ အျခားအစားအေသာက္မ်ားပါ စားေသာက္ခ်င္စိတ္ ျဖစ္ေပၚလာသည့္အတြက္ လူမမာစာ သာမက အၿမဲတမ္းစားေသာက္ဖြယ္အျဖစ္ ျပဳလုပ္ေရာင္းခ်ခိဳင္းရာမွ ခိုေတာင္မုန႔္တီ ျဖစ္ေပၚလာသည္။

 

ေရွးယခင္က ခိုေတာင္႐ြာရွိ အမ်ိဳးသမီးအမ်ားစုသည္ ခိုေတာင္႐ြာမွ ေလွကေလးမ်ား၊ ေမာ္ေတာ္မ်ားျဖင့္ ဧရာဝတီျမစ္ ကိုျဖတ္ကာ မႏၲေလးၿမိဳ႕သို႔ ကူးလာကာ မုန႔္တီေရာင္းၾကသည္။ ယေန႕ေခတ္တြင္မူ စစ္ကိုင္း ဘက္မွ လိုင္းကားမ်ားျဖင့္ မႏၲေလးသို႔ လာေရာက္ ေရာင္းခ်ၾကသည္။

ခိုေတာင္မုန႔္တီျပဳလုပ္သည့္ နည္းပညာတြင္ ဟင္းခ်ိဳခ်က္သည့္ နည္းစနစ္၊ ဆီခ်က္နည္းစနစ္၊ အစာပလာ ထည့္သည့္နည္းစနစ္မ်ားက အားသာၿပီး မည္သည့္နယ္တြင္ပင္ ေရာင္းခ်ေစကာမူ ခိုေတာင္မုန႔္တီနည္းစနစ္အတိုင္း ျပဳလုပ္ကာ ခိုေတာင္မုန႔္တီအျဖစ္သာ ေရာင္းခ်ၿပီး လက္ရွိကာလ မင္းကြန္းေဒသသို႔ သြားေရာက္သူအမ်ားစုမွာ အရသာထူးကဲသည့္ ခိုေတာင္မုန႔္တီကို အားထား စားေသာက္ေလ့ရွိသည္။

 

ခ်က္ျပဳတ္နည္းျပင္ဆင္

ခိုေတာင္မုန႔္တီသည္ မႏၲေလးမုန႔္တီကဲ့သို႔ မုန႔္ဖတ္မႀကီး၊ အသားဟင္းႏွစ္မပါ။ ၾကက္သြန္ျဖဴနီဆီခ်က္၊ အေရာင္တင္ဆီခ်က္၊ နႏြင္းဆီခ်က္၊ ပဲသီး၊ မုန္လာထုပ္ (ေဂၚဖီထုပ္) တို႔ျဖင့္ ရိုးရိုးသုပ္ထားျခင္းျဖစ္သည္။ ဟင္းခ်ိဳရည္ကို ပိတ္စြယ္၊ တ႐ုတ္နံနံ၊ နံနံ၊ ငါးေခါင္း၊ ခ်င္း၊ ၾကက္သြန္ျဖဴတို႔ ထည့္ခ်က္သည္။

ခိုေတာင္မုန႔္တီသည္တို႔ ဆီခ်က္ထည့္ေသာ္ ဒန္အိုး မသုံးဘဲ ေဒသထြက္ စဉ့္အိုးေသး၊ စဉ့္အင္တုံမ်ားျဖင့္ ထည့္ထားတတ္ၾကသည္။ ဟင္းခ်ိဳရည္အိုးကိုလည္း ေျမအိုး ျဖင့္ထည့္ၿပီး ဟင္းခ်ိဳ တစ္ေနကုန္ေႏြးေနေစရန္ အိုးကို ဖ်င္ၾကမ္းသန႔္သန႔္ျဖင့္ ပတ္ထားတတ္ၾကသည္။

ယခင္က ခိုေတာင္မုန႔္တီသည္မ်ားသည္ ေရာင္းမည့္မုန႔္ဖတ္ကို ကိုယ္တိုင္ညွစ္ၾကသည္။

နံနက္ေစာေစာထကာ မုန႔္တီဖတ္ညွစ္ၿပီး မႏၲေလးၿမိဳ႕ေပၚသို႔ ခိုေတာင္ျမစ္ဆိပ္မွတဆင့္ ငွက္ေလွမ်ားျဖင့္ ကူးၾကသည္။ ေဂါဝိန္ဆိပ္ မွတဆင့္ ေဆးလိပ္ခုံ၊ ဖိနပ္႐ုံ၊ ေဈးခ်ိဳေတာ္၊ တ႐ုတ္တန္းေဈး စသည့္ေနရာမ်ားသို႔ သြားေရာင္းၾကသည္။

Credit

 

Leave a Reply

Your email address will not be published. Required fields are marked *