နှစ်ပေါင်း ၂၅၀၀ ရှိတာတောင် ဟောင်းနွမ်းသွားခြင်း လုံးဝမရှိတဲ့ Goujian ဘုရင်ရဲ့ “ဓား”

နှစ်ပေါင်း ၂၅၀၀ ရှိတာတောင် ဟောင်းနွမ်းသွားခြင်း လုံးဝမရှိတဲ့ Goujian ဘုရင်ရဲ့ “ဓား”

 

 

 

နှစ်ပေါင်း ၂၅၀၀ ရှိတာတောင် ဟောင်းနွမ်းသွားခြင်း လုံးဝမရှိတဲ့ Goujian ဘုရင်ရဲ့ “ဓား”

ရှေးဟောင်း သုတေသနအဖွဲ့တစ်ဖွဲ့ဟာ ၁၉၆၅ခုနှစ်က တရုတ်နိုင်ငံ Hubei ပြည်နယ်က ရှေးဟောင်းသချႋုင်းတစ်ခုမှ ာအရိုးစုဘေးရှိ သစ်သားသေတ္တာအတွင်းကနေ အံဖွယ် ဓားတစ်ချောင်းကို

ရှာဖွေတွေ့ရှိခဲ့ပါတယ်။သ မိုင်း ပ ညာ ရှင်များရဲ့ လေ့လာချက်အရ ဒီဓားဟာ ရှေးနှစ်ပေါင်း ၂၅၀၀ ခန့် (ဘီစီ ၄၉၆) ဝန်းကျင်မှာ စိုးစံခဲ့တဲ့ Yue ရဲ့ ရှေးဘုရင် Goujian က ပိုင်ဆိုင်ခဲ့တာလို့ ဆိုပါတယ်။

အဲဒီနောက်မှာတော့ ဒီ ရှေးဟောင်းဓားကို Sword of Goujian လို့ ခေါ်ခဲ့ ကြပါတယ်။အံ့သြစရာကောင်းတာကတော့ နှစ် ၂၅၀၀ သက်တမ်းရှိတဲ့ တရုတ်ဓားဟာ ဟောင်းနွမ်းခြင်းမရှိတဲ့အပြင်

အသစ်အတိုင်းနဲ့ စာရွက် အရွက် ၂၀ ကို လွယ်လွယ်ကူကူ ဖြတ်တောက်နိုင်ခဲ့ပါတယ်။ ဓားထိပ်ကနေ လက်ကိုင်အထိ ကို အရှည် ၂၂ လက်မ ရှိပြီး သူ့ရဲ့ အောက်ခြေမှာ ရှေးဟောင်းစာများနှင့် ကမ္ပည်းရေးထိုးထားတာ ဖြစ်ပါတယ်။

ဒီဓားကို ယွီဘုရင်ဟာ ကိုယ်ရေးကိုယ်တာ အသုံးပြုဖို့အတွက်သာ ထုလုပ်ထားပုံပေါ်တယ်လို့ ပညာရှင်များက ယူဆ ထားကြပါတယ်။ရှေးခေတ် တရုတ်စစ်သည်တော်များဟာ

 

 

 

ရန်သူများကို တိုက်ခိုက်ရာမှာ အံ့ဖွယ်ဓားများကို ကိုင်ဆောင်ကြသလို အသက်အန္တရယ် ကာကွယ်တဲ့ သံချပ်ကာများကိုလည်း ဝတ်ဆင်ပြီး တိုက်ပွဲဝင်ခဲ့ကြတာ ဖြစ်ပါတယ်။

ထိုခေတ်ကာလများက ဓားပန်းထိမ်ဆရာ အများအပြားဟာ သူတို့ရဲ့စစ်သည်တော်များနှင့်ထင်ရှားကျော်ကြားတဲ့ရုပ်ပုံများကိုစိတ်ကြိုက်ပုံဖော်ပြီး ဓားများကို အကောင်းဆုံး ထုလုပ်ကြတယ်လို့ ဆိုပါတယ်။ဒါပေမယ့်

စစ်သည်တော်များအတွက် အရေးကြီးဆုံးဖြစ်တဲ့ ဓားတွေကို အဓိကထား လုပ်ကြတာ ဖြစ်ပါတယ်။ ဓားတွေကို အများအားဖြင့် ကြေးနှင့် ကြေးနီကဲ့သို့သော အရည်အသွေးမြင့် ပစ္စည်းများဖြင့် ထုလုပ်ထားတာ ဖြစ်ပါတယ်။

ဓားရဲ့ လက်ကိုင်များကိုလည်း ထင်ပေါ်မှုရှိအောင် အဖိုးတန် ကျောက်မျက်ရတနာများနှင့် သလင်းကျောက်များကို အလှဆင်ထားတာပါ။တစ်ခါတလေမှာတော့ လူအများ ငေးမောစရာဖြစ်အောင် ဆွဲဆောင်မှုရှိတဲ့ အချို့ပုံစံများဖြင့်

အလှဆင်ထားကြတာ ဖြစ်ပါတယ်။ထူးခြားတာကတော့ဓားတွေရဲ့အရည်အသွေးကိုကြည့်ခြင်းအားဖြင့်လည်းကိုင်ဆောင်ခဲ့သူရဲ့ထင်ရှားကျော်ကြားမှုကိုအဲ့ဒီခေတ်ကတွက်ဆနိုင်တယ်လို့ ဆိုပါတယ်။

 

 

မူရင်းရေးသားသူအား လေးစားစွာဖြင့် ခရက်ဒစ် ပေးပါသည်။

 

Leave a Reply

Your email address will not be published. Required fields are marked *