သုဝဏ္ဏဘူမိ ပြည့်ရှင် မနူဟာမင်းကြီးအကြောင်း

သုဝဏ္ဏဘူမိ ပြည့်ရှင် မနူဟာမင်းကြီးအကြောင်း

 

 

 

မနူဟာ မင်းတရားဆိုသည်မှာ ပထမမြန်မာနိုင်ငံတော်တည်ထောင်ခဲ့သော အနော်ရထာမင်းနှင့် ခေတ်ပြိုင်ပေါ်ထွန်းခဲ့သော ဘုရင်တစ်ပါးဖြစ်လေသည်။မနူဟာ မင်းတရားကြီးသည် အကြောင်းပြောလျှင်မပါမဖြစ် သုဝဏ္ဏဘူမိ သထုံပြည်အကြောင်း ပါရပေတော့မည်။သထုံပြည်သည် ပထဝီအနေထားအရ ပင်လယ်ထွက်ပေါက် ၊ ကာရန်နေသော တောင်တန်းများ ၊ ခိုင်မာသော ခံတပ်များနှင့် သာသနာရောင်ထွန်း ပြောင် ပြီး သူ့ခေတ်သူခါက စည်ပင်သာယာသော ၊ယဉ်ကျေးမှုထွန်းကားသော နိုင်ငံတစ်ခုဖြစ်ပေသည်။သထုံပြည်သည် စစ်ရေးအရပဲကြည့်ကြည့် စီးပွားရေးအရပဲကြည့်ကြည့် ဘာသာရေးအရပဲကြည့်ကြည့် အဖက်ဖက်က ပြည့်စုံနေတော့ ဘုရင်ကြီး မနူဟာ မာန်တက်ချင်စရာ…မနူဟာ ဘုရင်ကြီးသည်လည်း ပုထုဇဉ်ပင်ဖြစ်လေတော့ သူ၏ထိုင်ခုံလေး မြဲချင်ပေမည်။ထို့ကြောင့် အရာရာကို စည်ရုံးရေးဖြင့်မသွားဘဲ တစ်သွေးတစ်သံတစ်မိန့် ဖြင့် စိတ်ရှိသမျှ အလိုရှိသလို ပြုမှုလေသည်။ဗျတ်ဝိနှင့်ဗျတ္တ အဖြစ်ကိုပဲ ကြည့်ပါအုံး။ရေမျောကမ်းတင်ကုလားညီကို နှစ်ယောက်ကို သနားသဖြင့် မင်းဆရာဘုန်းတော်ကြီးဘုရားမှ ကျောင်းတွင် မွေးထားပြီး ပညာများသင်ကြားပေးသည်။သူတို့ညီကို နှစ်ယောက်၏ကံသည် ကောင်းခြင်၍လား ဆိုးခြင်လို့လားမသိ,တစ်ရက်တွင် ဆရာတော်မှ ထူးခြားရှားပါးသော ဆေးမြစ်တစ်ခုကိုတွေ့သည်။ထိုဆေးမြစ်၏အစွမ်းသည် ဆင်ပြောင်ဆယ်စီးအားကိုဆောင်သည် ခုန်ပျံကျော်လွှားနိုင်စွမ်းရှိသည် အသက်ရှည်သည် ဟုကျမ်း ဂန်များတွင် ဖော်ပြထားသည်။ဆရာတော် သေချာစစ်ဆေးပြီးရေမျောကမ်းတင် ကုလားလေး နှစ်ယောက်ကို ဆေးမြစ်တူးခိုင်းသည်။ထိုမျှမကသေး ဆေးမြစ်၏အစွမ်းကိုလည်း ဆရာတော့မှ ကုလားနှစ်ယောက်ကို ပြောမိသည်။ဘုန်းကြီးချစ်တော် ကုလားလေး နှစ်ယောက်သည်လည်း သူတို့ စားရမည်အထင်ဖြင့် အားကျိုးမာန်တက် တူးလေသည် သို့သော် ဆေးမြစ်ရလာ၍ ကျောင်းသို့ ပြန်ရောက်သောအခါ ကုလားလေး နှစ်ယောက် နောက်ထပ်မြင်ခွင့် မရတော့ပေ။ဆရာတော်မှ ဖွတ်ထားလေတော့သည်။တစ်ရက် ဆရာတော် နန်းတော်သို့ ဆွမ်းစားကြွလေသည်။ကုလားလေး နှစ်ယောက်အတွက် မဟာအခွင့်အရေးပင်။အခွင့်အရေးကို အမိရအသုံးချသည်။ဆေးမြစ်ကို တစ်ကျောင်းလုံး မြေလှန်ရှာသည် နောက်ဆုံးတွင် ဘုရားဆင်းတု အန်ဝှက်ထဲမှ တွေ့လေသည်။ဆေးမြစ်ကို ကျောက်ပြင်တွင်သွေးသည်။သွေးသည်မှ ဘာမှမကျန်အောင်ကိုသွေးသည်။ထို့နောက် ညီကိုနှစ်ယောက် တစ်ယောက်တစ်ဝက် ခွဲပြီးသောက်လိုက်လေသည်။ဆေးစွမ်းပြလေပြီ။ခန္ဓာကိုယ်သည် ပေါ့ပါးလာသည်။ လူလည်းအငြိမ်နေ၍မရတော့ ထို့ကြောင့် ကျောင်းပေါ ်မှ ပစ္စည်းများအောက်သို့ချသည် အခြားနေရာမှ ပစ္စည်းများလည်း နေရာရွှေ့သည် ဒါလည်းဂဏှာကမငြိမ်သေး ရွှေ့စရာလည်းကုန်ပြီ။နောက်ဆုံး ကြံရာမရတော့တဲ့အဆုံး ကျောင်းအပြင်မှ ကျောက်ဖျာကြီး တစ်ချပ်ကို ညီကိုနှစ်ယောက်မပြီး ကျောင်းပေါက်ဝနားရွှေ့လိုက်သည်။ထိုသို့ ရွှေ့လိုက်မှ နေသာထိုင်သာရှိသွားသည်။ဆရာတော် နန်းတော်မှ ပြန်ရောက်လာသောအခါ အခြေနေပျက်နေသော ကျောင်းကိုကြည့်၍ အဖြစ်ပျက်ကို သဘောပေါက်သွားလေသည်။ကောင်း၍ရသော ဆေးမြစ်လေး ရေမျောကမ်းတင် ကုလားနှစ်ယောက် လက်ချက်မိသွားလေပြီ နှမျှောနေရုံဖြင့်လည်း ပြန်မရနိုင်တော့ တရားနှင့်သာဖြေရပေတော့မည်။သြော် အနိစ္စ မမြဲပါတကား။ရေမျောကမ်းတင် ကပ္ပိယ ကုလားလေး နှစ်ယောက် ချက်ချင်းလက် ငင်း လူစွမ်းကောင်းဖြစ်လာသည်။လူစွမ်းတော့ စမ်းလိုသူများပေါလာသည်။ချစ်လိုသူများပေါလားသည်။ဘယ်လိုပင်စမ်းသက်ပါစေ ကု လားလေးတို့ အသာရမြဲ။သိလို၍စမ်းသက်ကျသော်လည်း အရှုံးနှင့်ရင်ဆိုင်ရသောအခါ လူ့သဘာဝအရ မနာလို မရှု့စိမ့် ဖြစ်လာသည်။ပိုဆိုးလာသည်မှာ အကြီးကောင်”ဗျတ်ဝိ”ကြောင့်ဖြစ်သည်။သူသည် အချောအလှ ကွမ်းတောင် ပန်းတောင်ကိုင် လူပျိုတို့ အသည်းစွဲ မအိုဇာနှင့် ရည်ငံနေသည်။တရွာသား ရေမျောကမ်းတင်က ကိုယ့်ရပ်ရွာက အဖူးအညွန့်လေးကို ဆွတ်ခူးလေတော့ ကိုကိုကာလာသားများ မကျေနပ်ချက်က အထွဋ်ထိပ် ရောက်လေပြီ။ကုလားလေး နှစ်ယောက်ကို ယှဉ်ပြိုင်သတ်ပုတ်ရန်ကလည်း မဖြစ်နိုင်။ဤတော့ တစ်ချက်ခုတ် နှစ်ချက်ပြတ် ဆိုသလို ဘုရင့်ထံသွားပြီး ထီးနန်းအတွက် အန္တရာယ်ရှိသူတွေပါဆိုပြီး လျှောက်ထားလိုက်လျှင် ဗျတ်ဝိ နှင့် ဗျတ္တလည်းသေ မအိုဇာကိုလည်း ပြန်ပြီးပိုးပန်း၍ရ ဘယ်လောက်ကောင်းတဲ့ အကြံပါလဲ။(သြော် ကျွန်တော်တို့ မြန်မာတွေက ဟိုးရှေးတည်းက မစားရတဲ့အမဲ သဲနှင့်ပတ်ခဲ့တာကို။ အခုခတ်မှာ ရိုးရာယဉ်ကျေးမှုအမွေတွေ ပျောက်သွားပေမယ့် ဆိုးမွေတော့ ကျန်နေတုန်းပါပဲ)တိုင်းပြည်အုပ်ချုပ် မင်းလုပ်သူကလည်း လူစွမ်းကောင်းဆိုလျှင် မွေးမည်မကြံ သူ့ထီးနန်းအတွက် ခလုတ်ဆူးငြောင့် ဆိုပြီး ဖမ်းစေသည်။

 

 

 

အကြီးဖြစ်သူ ဗျတ်ဝိ မှာရည်းစားဖြစ်သူ မအိုဇာ အိမ်တွင် မအိုဇာ ကိုအကြောင်းပြု၍ အဖမ်းခံခဲ့ရသည်။အငယ်ဖြစ်သူ ဗျတ္တမှာ ပုဂံပြည်သို့ ထွက်ပြေးလွှတ်မြောက်သွားသည်။အဖမ်းခံရသော ဗျတ်ဝိမှာ အသတ်ခံခဲ့ရသည်။ဗျတ်ဝိကို သတ်သောအချိန်သည် ပုဂံမင်းနေပြည်နှင့် မသင့်မတင့် ဖြစ်နေသော အချိန်ဖြစ်သည်။ပုဂံမင်းနေပြည်တော်သည် ဘုရင်အနော်ရထာ နန်းတက်လာသော အချိန်မှ စ၍ အပြောင်းလဲများ ဖြစ်လာသည်။ပထမဆုံး အပြောင်းလဲမှာ အဘက်ဘက်မှ ယိုယွင်းနေသော ပုဂံပြည်ကို ပြန်လည်တည်ထောင်ရန် တော်သော စွမ်းသော ကောင်းသော သူများကို စတင်စုဆောင်းသည်။ကျန်စစ်သား ငထွေရု ငလုံးလဖယ် ညောင်ဦးဖီ စသော သူရဲကောင်း များရလာသည်။နောက်အပြောင်းလဲ တစ်ခုမှာ အရှင်အရဟံမထေရ်မြတ်၏ သွန်သင်ဆုံးမ လမ်းပြမှုဖြင့် အနော်ရထာမင်းကြီးသည် ဗုဒ္ဓဘာသာ ဖြစ်လာသည်။သူ၏နန်းတွင်းမှသူများသည်လည်း ဗုဒ္ဓဘာသာဖြစ်လာသည်။သို့သော် ပုဂံတွင် အရည်းကြီး သာသနာထွန်းကားခဲ့သည်မှာ နှစ်ပေါင်းရာကျော် ရှိနေပြီ။ပြည်သူတို့မှာလည်း အရည်းကြီးရဟန်းတု များ၏ အင်း အိုင် လက်ဖွဲ့ ပေးခြင်း,ရှေ့ဖြစ် နောက်ဖြစ် ဟောပြောခြင်း တို့ဖြင့် စည်းရှုံးမှု အပြင် အရည်းကြီးတို့၏ ဓားရေးထက်မှုတို့ကြောင့် အရိုးထဲ အသားထဲထိ အရည်းကြီးသားသနာ စွဲနေသည်။ထိုအရည်းကြီးသာသနာကို အနော်ရထာမင်းသည် ရှင်အရဟံ နှင့် စစ်သူကြီးလေးဦး အကူညီဖြင့်ရှင်းလင်းခဲ့သည်။ယခုအခါတွင် ပုဂံပြည်သည် သာသနာစတင်ထွန်းကားလာပြီ သို့သော် လိုအပ်ချက်များက ရှိနေဆဲပင်။ထိုအိုအပ်ချက်မှာ ပိဋကတ် ကျမ်းစာအုပ်များဖြစ်သည်။ထို့အတွက် သထုံမင်းတရားထံ ချစ်ကြည်ရေးလည်းဖြစ် ပိဋကတ်လည်းရ အကြံစည်ဖြင့် လက်ဆောင်ပဏာများ ပေးပို့ ပိဋကတ် အလှုုခံသံတမန်အဖွဲ့ကို စေလွှတ်ခဲ့သည်။မနူဟာမင်းသည် ပုဂံပြည်မှ စေလွှတ်လိုက်သော ပိဋကပ်အလှုုခံ သံတမန်အဖွဲ့ကို ပိဋကတ်မလှုုလိုက်သည့်အပြင် မစဉ်း စားမဆင်ခြင်ပဲ”အရည်းကြီးသာသနာထွန်းကားခဲ့သော ပုဂံပြည်တွင် ဗုဒ္ဓဘာသာထွန်းကားမည်ဟု ငါမယုံကြည် ၊ သင်တို့လို မိစ္ဆာနိုင်ငံနှင့် ပိဋကတ်တော်သည် တန်သလော ၊ ငါသေမှ ပိဋကတ်ကျမ်းစားများရမည်”ဟူသောစကားကို ပြောဆိုပြီး နန်းဆောင်းအတွင်းသို့ ဝင်သွားသည်။သံတမန်အဖွဲ့လည်း ပြည်တော်ပြန်ခဲ့လေသည်။အနော်ရထာမင်း၏ ပိဋကတ်တော်ကို အခန်းနားဖြင့် ကြိုဆိုမည့် အစီစဉ်လည်း ဖျက်ခဲ့ရလေသည်။အနော်ရထားမင်း စဉ်းစားရလေပြီ။ချစ်ကြည်ရေး ရွှေလမ်းခင်းခဲ့သော်လည်း ကမ်းလက်ကို မနူဟာ ဘုရင်ပုတ်ထုတ်ခဲ့သည်။တစ်ရာ့တစ်ပါးသော မင်းနိုင်ငံများကြားတွင် ပုဂံပြည် စော်ကားခံရသော သတင်းသည်ပြန့်နှံ့နေတော့မည်။ရှက်ဖွယ်ဖြစ်လေစွ။တစ်ဖက်ကလည်း ပိဋကတ်တော်သည် ပုဂံသာသနာအတွက် မရှိမဖြစ်လိုအပ်နေပြန်သည်။သ့ိုသော် စစ်လည်းမဖြစ်လို။စစ်ဖြစ်လျင် ပြည်သူများမြေစာပင်ဖြစ်ရပေတော့မည် အနော်ရထာမလိုလား စဉ်းစားရခက်ပါဘိ။ထိုအချိန်တွင် သထုံပြည်မှ ဗျတ္တ ပုဂံပြည်သို့ရောက်လာသည်။ဗျတ္တသည် သူသထုံပြည်မှ ထွက်ပြေးလာရသောအကြောင်းကို အနော်ရထာမင်းထံ လျှောက်တင်သည်။ထို့နောက် သထုံပြည်ရှင် မနူဟာမင်း ၏ စစ်အတွက် ကြိုတင်ပြင်ဆင်နေပုံကို ထပ်မံလျှောက်တင်သည်။သြော်မနူဟာဘုရင်တောင် စစ်အတွက်ပြင်နေမှတော့ ပုဂံသည်လည်း စစ်တိုက်ရပေတော့မည်။စစ်သူကြီး ကျန်စစ်သားနှင့်အဖွဲ့ကို စစ်အတွက်ပြင်ဆင်စေသည်။သို့သော် ဖြစ်နိုင်လျင်မတိုက်ချင်။နောက်တစ်ကြိမ် သံတမန် အဖွဲ့ကို ထပ်၍စေလွှတ်ဦးမည် မရပါမှ စစ်ကိုတိုက်တော့မည်ဟု ဆုံးဖြတ်လိုက်သည်။ဤသို့ဖြင့် နောက်တစ်ကြိမ် သံအဖွဲ့ကို ဆင် ဖြူတော် ပဏာဆက်၍ သထုံသို့ ထက်မံစေလွှတ်သည်။မနူဟာ မင်းသည် သံအဖွဲ့ကို အတွေ့ပင်မခံခဲ့။ခက်ပါဘိ မနူဟာရယ်။ဤသိုဖြင့် ပုဂံနှင့် သထုံ စစ်ဖြစ်ကြသည်။ထိုစစ်ပွဲတွင် ဗျတ္တသည် ပုဂံဘက်မှ အသက်ပေး၍ တိုက်ခဲ့သည်။အကယ်၍ မနူဟာမင်းသည် ဗျတ်ဝိနှင့် ဗျတ္တ၏အသက်ကို ရန်မရှာခဲ့ပါက ယခုလို စစ်ပွဲမျိုးတွင် သထုံအတွက် အားတစ်ရပ်ဖြစ်မည်မှာ အမှန်ပင်ဖြစ်ပေသည်။အခုတော့ ကိုယ့်အားက သူများအားဖြစ်သွားရသည်။သထုံ စစ်ရှုံးခဲ့သည်။အနော်ရထာမင်းသည် သဘောထားကြီးစွာ စစ်ရှုံးဘုရင်ကို မကွတ်မျက်ဘဲ အ သက် ချမ်းသာပေးခဲ့သည်။စစ်ရှုံးသောသထုံမှ ဘုရင်အပါဝင် လူပညာတက် ရဟန်းပညာတက်များ ပိဋကတ်ကျမ်းစာများ ပုဂံသို့ ယူစောင်ခြင်းခံခဲ့ရသည်။မနူဟာ စစ်ရှုံးဘုရင်သည် ကိုယ့်ထီး ကိုယ့်နန်း တွင်အုပ်ချုပ်သူ ဘုရင်အဖြစ်နေလာခဲ့ရမှ သူများလက်အောက်တွင် အသက်မသေပဲ ပြည့်ပြည့်စုံစုံ နေခွင့်ရသော်လည်း စိတ်ဆင်းရဲခြင်း နောင်တရခြင်း ဖြင့်ဘဝကို အဆုံးသက်ခဲ့ရသည်။မနူဟာမင်းအတွက် အခွင့်ရေး နှစ်ကြိမ်ရခဲ့သော်လည်း အသုံးမချနိုင်ခဲ့ပေ။အကယ်၍သာ အနော်ရထာမင်း ချစ်ကြည်ရေး လမ်းဖောက်ခဲ့စဉ်က ကြည်သာစွာလက်ခံပါလျင် မိမိကိုယ်ကို အယုံကြည်မလွန်ခဲ့ပါလျင် အမျက်မာန်မထွက်ခဲ့ပါလျင် စဉ်းစားဆင်ခြင်တိုင်းထွာခဲ့လျင် အခုလို သူလက်အောက်တွင် ရှင်လျှက်သေသလိုအဖြစ်မျိုး ကြုံရမည်မဟုတ်ပါ။သမိုင်းတွင် သုဝဏ္ဏဘူမိ သထုံပြည်၏ရွှေနန်းကျော့ရှင် ဘုရင်မင်းတရားကြီး မနူဟာ။ဘုရားကျောင်းကန်ဇရပ် ဒါယိကာကြီး မနူဟာ။မောက်မာထောင်လွှားလွန်းသော မနူဟာ။မိမိကိုယ်ကို ယုံကြည်လွန်းသော မနူဟာ။စဉ်းစားဆင်ခြင်နည်းသော မနူဟာ အဖြစ်တွင်ခဲ့လေပြီ။လူတို့ မည်သည် ကိုယ့်သမိုင်းကို ကိုယ်သာရေးထိုးခဲ့ခြင်း ဖြစ်လေသည်။

 

မူရင်း Credit

 

Leave a Reply

Your email address will not be published. Required fields are marked *