မိခင် ဖြစ်သူကို အလွန် စိုးရိမ်နေ တာကြောင့် ဖုန်းပြောခွင့်ပြုဖို့ တောင်းဆို လိုက်တဲ့ အမေစုရဲ့ သားငယ်လေး

ဖမ်းဆီး ထိန်းသိမ်း ခံထားရတဲ့ နိုင်ငံတော် အတို င်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နဲ့ ဖုန်ပြော ခွင့်ပြုဖို့ သားအငယ် ဖြစ်သူ ကိုထိန်လင်း (ခေါ်) Dannian Kim Arundel Aris က တောင်းဆို

လိုက် ပါတယ်။ မတ် လ ၂၅ ရက်နေ့က ဗြိတိန်နို င်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်စွာမင်းနဲ့ တွေ့ဆုံချိန်မှာ ကိုထိန်လင်းက မိခင်ဖြစ်သူနဲ့ ဖုန်းပြောဆို ခွင့်ပြုဖို့ သံအမတ်ကြီးကို တောင်း

ဆိုလိုက် တာလို့ ဗြိတိန် အခြေစိုက် မြန်မာ သံရုံးရဲ့ facebook စာမျက်နှာ ကနေ ထုတ်ပြန် ပါတယ်။ ကိုထိန်လင်းက မိခင်ဖြစ်သူအတွက် အလွန်စိုးရိမ် လျှက်ရှိပြီးလက်ရှိမိခငရဲ့ အခြေအနေနဲ့ကျန်းမာရေးအခြေအနေတွေ ကိုလည်း သံအမတ်ကြီး ဦးကျော်စွာမင်းကို မေးမြန်းခဲ့တယ်လို့ ဆိုပါတယ်။

သံအမတ်ကြီး ဦကျော်စွာမင်း ဘက်က တော့ လက်ရှိ မြန်မာပြည် အခြေ အနေနဲ့ နေပြည်တော်ကို အကြောင်း ကြားစာသုံးခါ ရေးပို့ခဲ့ကြော င်းနဲ့ နောက် ထပ် အသိ ပေးစာ တစောင် ထပ်ရေး ဖို့ ပြင် ဆင် နေကြောင်း ကိုထိန်လင်း ကို ရှင်းပြခဲ့တယ် လို့ သံရုံးရဲ့ ထုတ် ပြန် ချက် ထဲမှာ ဖော် ပြ

ထားပါတယ်။ ဒီနေ့သံရုံးရဲ့ ထုတ်ပြန် ချက်နဲ့၊ စာသုံးစောင်မှာ ဘာတွေရေး သားပေးပို့ ခဲ့လဲဆိုတာ သိနိုင်ဖို့ သံအမတ်ကြီး ဦးကျော်စွာမင်းကို RFA က ဆက်သွယ်နေဆဲ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် မှာ Alexander Aris (ခေါ်) ကိုမြင့်ဆန်းအောင် နဲ့ Dannian Kim Arundel Aris (ခေါ်) ကိုထိန်လင်း ဆိုတဲ့ သားနှစ်ယောက်ရှိပါတယ်။ သားကြီးဖြစ်သူ

ကိုမြင့်ဆန်းအောင်နဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ အဆက်အသွယ် လုံးဝ မရှိဘူးလို့ လူအများကယူဆကြပေမယ့် သားငယ် ဖြစ်သူ ကိုထိန်လင်းနဲ့တော့ အဆက်အသွယ်ရှိပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ၂၀၁၀ ခုနှစ် နေအိမ်အကျယ်ချုပ်ကလွတ်တဲ့အချိန်မှာ သားငယ်ဖြစ်သူကိုထိန်လင်းဟာ မြန်မာနိုင်ငံထဲ ရောက်လာပြီး မိခင်ဖြစ်သူ နဲ့တွေ့ဆုံခဲ့သလို အဲ့ဒီနောက်ပိုင်း

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဗြိတိန်နဲ့ ဥရောပခရီးစဉ်တွေအတွင်းမှာလည်း တွေ့ဆုံမှုတွေရှိပါတယ်။

credit

Likes:
0 0
Views:
701
Article Categories:
NEWS

Leave a Reply

Your email address will not be published. Required fields are marked *