တရုတ်စစ်သူကြီး ဂါမဏိကိုပင် စီးချင်းထိုးကာ အနိုင်တိုက်နိုင်ခဲ့သည့် မွန်သူရဲကောင်း သမိန်ဗရမ်း အကြောင်း

တရုတ်စစ်သူကြီး ဂါမဏိကိုပင် စီးချင်းထိုးကာ အနိုင်တိုက်နိုင်ခဲ့သည့် မွန်သူရဲကောင်း သမိန်ဗရမ်း အကြောင်း

 

 

သမိန်ဗရမ်းသည်သမိန်ဗရမ်းသည် သူရှင် ရာဇာဓိရာဇ်၏ ထင်ရှားသော သူရဲကောင်း တစ်ယောက် ဖြစ်သည်။ ရန်သူ ဗမာဘုရင်ကပင် ချီးကျူး ဂုဏ်ပြုရသော မွန်သူရဲကောင်းတစ်ယောက် ဖြစ်သည်။

စိတ်ဓာတ် အရာမှာလည်း စံတင်လောက်သည့် သူရဲကောင်း တစ်ယောက် ဖြစ်သည်။ သဗိန်ဗရမ်းဟု ဆိုသည်နှင့် သံခြေ ချင်းကို လည်ကောင်း၊ တရုတ်စစ်သူကြီး ဂါမဏိကို လည်း ကောင်း၊ ခြင်းတောင်းကို လည်းကောင်း၊ မြင်ယောင်မိသည်။

မှန်ပါသည် သမိန်ဗရမ်းသည် ရန်သူဗမာဘုရင် ထံတွင် အကျဉ်းကျ နေသည်ကိုပင် ဗမာ၏ ရန်သူဖြစ်သော တရုတ်စစ်သူကြီးကို စီးချင်းထိုးခြင်း အားဖြင့် မိမိကို အကျဉ်းချထားခဲ့သော ဗမာဘုရင်ကို ကူညီခဲ့သည်။ ရန်သူ၏ အခက်အခဲကို မိမိအနေဖြစ် လျစ်လျူရှု ထားနိုင်သော်လည်း သမိန်ဗရမ်းက လျစ်လျူမရှုခဲ့ပေ။

 

သမိန်ဗရမ်းသည် လက်ဖျံရိုး တစ်ချောင်းတည်းသာ ရှိသဖြင့် အလွန်သန်မာသည်။ သူ၏ စစ်ရေးစွမ်းရည်ကို အလွန်နှစ်လို လေးစား သဖြင့် ထိုအချိန်က အင်းဝတွင် နန်းစံနေသော ဘုရင်မင်းခေါင် ကပင် စစ်ရပ်နားချိန်၌ သူ၏ တဲနန်းသို့ ဖိတ်ခေါ်ကာ ချီးမြှင့်ခဲ့သေးသည်။

တစ်ခါသော် သူ့ရှင်ရာဇာဓိရာဇ် တပ်များဆုတ်ခွာ ချိန်တွင် သမိန်ဗရမ်း၏ တပ်သည် နောက်ချန်၍ ဆုတ်ခဲ့သည်။ ထိုသို့ ဆုတ်သွားရာတွင် တစ်နေရာတွင် လူရောဆင်ပါ တွင်းကြီးတစ်တွင်း ထဲသို့ ကျသွားလေသည်။

နောက်မှ လိုက်လံတိုက် ခိုက်သော မင်းရဲကျော်စွာ၏ တပ်များက သမိန်ဗရမ်းကို အရှင်ဖမ်းမိကြသည်။သမိန်ဗရမ်း ကဲ့သို့သော သူရဲကောင်းကို စစ်ကာလတွင် အလွတ်ပေး၍ မဖြစ်ချေ ။ ထိုသူရဲကောင်း ရှိသည့်ဘက်က အသာစီးရမည် ဖြစ်သဖြင့် သူ့ကိုအကျဉ်း ချထားခဲ့သည်။ထိုအချိန်တွင် တရုတ်တပ်ကြီး တစ်တပ်သည် အင်းဝနေပြည်တော်သို့ ချီတက်လာသည်။

 

 

ထိုတပ်တွင် တရုတ်သူရဲကောင်း ဂါမဏိ ဆိုသူပါလေသည်။ တရုတ်ဘုရင်က မိမိသည် မိမိ၏ သူရဲကောင်း ဂါမဏိနှင့် လက်ရုံးရည်အရ ယှဉ်ပြိုင်နိုင်မည့်သူကို ရှာဖွေနေသူ ဖြစ်ကြောင်း၊ မိမိ၏ သူရဲကောင်းနှင့် ယှဉ်ပြိုင်နိုင်မည့် လူတစ်ယောက်ယောက်ကို ထုတ်ပေးပါ၊ သူရဲကောင်းနှစ်ယောက် ယှဉ်ပြိုင်ကြသည့် အချိန်တွင် အင်းဝဘက်မှ သူရဲကောင်းက နိုင်ပါက မိမိ၏ တပ်များက ရုပ်သိမ်း၍ပြန်မည်။

အင်းဝဘက်က ရှုံးနိမ့်ခဲ့ပါက အင်းဝကို မိမိလက်သို့ အပ်ပါဟု ပြောကြားခဲ့သည်။ သူရဲကောင်းကို ရှာဖွေရန်အတွက် အချိန် ၇ ရက်ပေးမည်ဟု ဆိုသည်။ သူ၏ များလာလှသော တပ်များကလည်း အင်းဝနေပြည်တော်ကို ဝိုင်းထားလိုက်ကြသည်။ သို့သော်မြို့တွင်းနှင့် မြို့အပြင် ကူးသန်းသွားလာနိုင်ခွင့် ရှိသည်။

 

အင်းဝဘုရင်၏ သူရဲကောင်းများလည်း စစ်မြေပြင်တွင် ရောက်ရှိနေကြသဖြင့် အင်းဝတွင် မြို့စောင့်တပ်မျှသာ ကျန်ရစ်ခဲ့သည်ဖြစ်ရာ တရုတ်နိုင်ငံ အဝှမ်းတွင် ပွဲတိုင်းကျော် ဖြစ်နေသဖြင့် မြန်မာနိုင်ငံတွင်းသို့ လာရောက် ယှဉ်ပြိုင်သော ဂါမဏိကို နိုင်အောင်တိုက်ပေး မည့်သူကို ၇ ရက်အတွင်း အဆင့်သင့်ဖြစ်အောင် ရှာဖွေရသည့် အလုပ်သည် ခက်ခဲသော အလုပ်တစ်ခုဖြစ်သည်။

မြို့တော် ပတ်လည်တွင် မောင်းကြေးနင်းခတ်ကာ သူရဲကောင်းကို ရှာဖွေပါသော်လည်း မရဘဲဖြစ်နေခဲ့သည်။ ထိုသို့ သူရဲကောင်းများ ရှာမရသည့်အကြောင်းနှင့် တရုတ်တို့ ကျူးကျော်လာသည့် အကြောင်းကို ထောင်မှူးများအချင်းချင်း ပြောဆိုနေကြသဖြင့် သမိန်ဗရမ်းက ကြားလိုက်သည်။

သမိန်ဗရမ်းက စဉ်းစားသည်မှာ “ငါသည် အင်းဝပြည်တွင် ရှိနေပါလျက် အင်းဝပြည် မကျဆုံးစကောင်း။ ထို့ပြင် အင်းဝသည် ဟံသာဝတီ(ပဲခူး-မွန်နေပြည်တော်)၏ တံခါးဝလည်း ဖြစ်သည်။ တရုတ်တို့သည် အင်းဝကို နိုင်လျှင်သော်မှ ပြန်ကြမည်မထင်။ အင်းဝပျက်လျှင် ဟံသာဝတီကိုလည်း အလွတ်ပေးမည်မဟုတ်။

 

ထိုကြောင့် အင်းဝမကျဆုံးအောင် ငါ့ကိုထောင်မှ ထွက်ခွင့်ပြုပါ။ အင်းဝသားများ ကိုယ်စား ဂါမဏိနှင့် စီးချင်းထိုးပေးပါမည်ဟု ငါပြောရသော် ကောင်းမည်” ဟူ၍ စဉ်းစားလိုက်သည် ဆို၏။ ထိုသို့ စဉ်းစားထားသည့် အတိုင်းလည်း သူက ထောင်မှူးများမှ တစ်ဆင့် ဘုရင်မင်းခေါင်ထံသို့ လျှောက်ထားခဲ့လေသည်။

ဘုရင်မင်းခေါင်သည် ထောင်မှူးများမှ တဆင့် သမိန်ဗရမ်း၏ လျောက်တင်ချက်ကို ကြားရသည်တွင် များစွာဝမ်းမြောက် ဝမ်းသာ ဖြစ်သွားခဲ့သည်။ သမိန်ဗရမ်းကို သစ္စာရေတိုက်ပြီးနောက် ထောင်မှထုတ်ယူခဲ့ကြသည်။ ဘုရင်မင်းခေါင်က သမိန်ဗရမ်းကို ကောင်းစွာ ပြုစုကြစေရန် မင်းချင်းများအား အမိန့်ပေးထားသည်။

ထိုနောက် လိုအပ်သည့်ပစ္စည်းများကို မေးမြန်းသည်။ သမိန်ဗရမ်းက မြင်းကောင်းတစ်စီးကို လိုချင်သည်ဟုဆို၍ ဘုရင်မင်းခေါင်က သူ၏ မြင်းဇောင်းများထဲမှ မြင်းများကို သမိန်ဗရမ်း ကိုယ်တိုင်လိုက်လံ ကြည့်ရှု့စေသည်။ သမိန်ဗရမ်းက သူကြိုက်သည့်မြင်းကို ကိုယ်တိုင် ရှာခွင့်ပြုရန် ဘုရင်ထံမှ အခွင့်တောင်းလေသည်။ ဘုရင်ဆီမှ အခွင့်ရသည့် အချိန်တွင် သမိန်ဗရမ်းသည် မြင်းရှာရန် နန်းတော်မှ ထွက်သွားလိုက်သည်မှာ မြို့ရိုးအပြင်ဘက်သို့ပင် ရောက်သွားခဲ့သည်။

 

မြို့ရိုး အပြင်ဘက်တွင် မုဆိုးမတစ်ဦး ပိုင်သော မြင်းသားအမိကို သမိန်ဗရမ်းတွေ့သည့် အချိန်တွင် သမိန်ဗရမ်းက မြင်းမလေး၏ ကြန်အင်ကို ကြည့်ကာ သဘောကျသွားသည်။ မြင်းပိုင်ရှင် သခင်မကိုယ်တိုင် မြင်းမလေးကို ဖမ်း၍ သမိန်ဗရမ်းကို ပေးသဖြင့် သမိန်ဗရမ်းသည် တစ်နေ့လုံးလိုလို လေ့ကျင့်စီးနင်းသည်။

 

ထိုကဲ့သို့တစ်နေကုန် သမိန်ဗရမ်း ပျောက်နေသည့်အတွက် မှူးမတ်တချို့က သမိန်ဗရမ်း ထွက်ပြေးလေပြီဟု ပြောကြသည်။ ဘုရင်မင်းခေါင်ကမူ သူရဲကောင်း သမိန်ဗရမ်းကို ယုံသည်။ ပြန်လာမည် ဧကန်ဖြစ်သည်ဟု ဆိုလေသည်။ သူဆိုသည့်အတိုင်း ညနေအေးချိန်တွင် သမိန်ဗရမ်းသည် မြင်းမလေးကို အသားကျစီးကာ အေးဆေးစွာ နန်းတော်သို့ ပြန်လေသည်။

ဘုရင်မင်းခေါင်ကိုယ်တိုင် သူ့ကိုစောင့်နေသည်ကို မြင်သော သမိန်ဗရမ်းသည် ဘုရင်ထံသို့သွားကာ စိတ်ကြိုက်မြင်းကောင်းကို တွေ့သဖြင့် ရန်သူနှင့် စီးချင်းတိုက်ရန် အသင့်ဖြစ်ပြီဟုလျောက် တင်လေသည်။ ဘုရင်မင်းခေါင်က နောက်ထပ်ဘာများ လိုသေးသနည်းဟု မေးသောအခါတွင် သမိန်ဗရမ်းက သံကြိုးဖြင့် ရက်လုပ် ထားသော ခြင်းတောင်းတစ်တောင်းကို လိုသည်ဟု လျောက်တင်သည်။

ဘုရင်မင်းခေါင်က မည်သည့်အတွက်ကြောင့် ခြင်းတောင်းကို တောင်းသနည်းဟု မေးသည်တွင် ဂါမဏိ၏ ဦးခေါင်းကို ထည့်ယူခဲ့ရန် အတွက်ဖြစ်သည်ဟု သမိန်ဗရမ်းက ဖြေသည်။ ထိုသို့ ဖြေလိုက်သည့် အချိန်တွင် မှူးမတ်တချို့ထံမှ ရယ်သံခပ်အုပ်အုပ်ကို ကြားရသည်။ ယုန်မရခင် သံပရာ ရှာသည်ဟု လှောင်ပြောင်ခဲ့ကြ သေးသည်။

စီးချင်းထိုးမည့်ရက်သို့ ရောက်ရှိလာလေပြီ။ သမိန်ဗရမ်း တောင်းဆိုထားသော ခြင်းတောင်းကို ဘုရင်မင်းခေါင်က အသင့်ပြင်ပေးထားသည်။ သူရဲကောင်းနှစ်ယောက် စီးချင်းထိုးမည့် နေရမှာ အင်းဝမြို့ မုခ်ဦး၏ အရှေ့ဘက်ဆင်ကျူံးနေရာတွင် ရှိသည်။ နှစ်ဖက်သောမင်းများနှင့် မင်းပရိသတ်များ ထိုင်ကြည့်သည့် ပွဲကြည့်ဆောင် များ၏ အလယ်တွင် တံခွန်များအလံများ စိုက်ထူထားသည်။

တင်းတိမ်များလည်း ကာရံထားသည်။ ပိုးဖဲကတ္ထီပါ ထိုင်ဖုံးများဖြင့်လည်း အပြိုင်အဆိုင် လှသထက်လှအောင် ပြင်ဆင်ထားသည်။ အကြောင်းမှာ သူရဲကောင်း တစ်ယောက်ချင်းသည် တစ်နိုင်ငံချင်းကို ကိုယ်စားပြုသောကြောင့် နိုင်ငံတော်ပွဲဟု ယူဆသောကြောင့် ခမ်းနားစွာပြင်ဆင် ထားခြင်းဖြစ်သည်။

တိုက်ပွဲဝင်ကြမည့် သူရဲကောင်း များသည်လည်း သူ့ခေတ် နှင့်သူ ပြင်ဆင်ထားသည်။ ဂါမဏိသည် သူ၏တစ်ကိုယ် လုံးကို ရွှေနန်းကြိုးများဖြင့် ယက်လုပ်ထားသော ရွှေချပ်ဝတ်တန်ဆာကို ဝတ်ကာ လက်နက်များထည့်ထားသည့် ခြင်းတောင်းကို ကျောတွင်လွယ်၍ မြင်းစီးကာ ကွင်းလယ်ကို ထွက်လာသည်။

သမိန်ဗရမ်းကမူ ဂါမဏိကဲ့သို့ လေးလံသော ချပ်ဝတ်တန်ဆာ ကိုမဝတ်ပဲ ပေါ့ပါးသော ချပ်ဝတ်တန်ဆာကို ဝတ်ကာ ရွှေဖြင့်မွမ်းမံထားသော ခေါင်းပေါင်းအနီကို ပေါင်းထားသည်။ ရွှေဆွဲကြိုး ရွှေလက်ကောက် ရွှေလက်စွပ်များကိုလည်း ဆင်မြန်းထားသည်။

လက်သန်းတွင် နဝရတ်ကိုးပါးလက်စွပ် ကိုဝတ်ဆင်ထားသည်။ ကျောပြင်ထက်တွင် ဓားရှည်တစ်ချောင်းကိုသာ လွယ်ထားလေသည်။ သူ၏မြင်းကုန်းနှီးတွင်မူ သံကြိုးဖြင့် ယက်လုပ်ထားသော ခြင်းတောင်းတစ်လုံးပါသည်။ သမိန်ဗရမ်းသည် တစ်ဖက်သား၏ ပျော့ကွက်ကို ရှာပြီးမှ ပျော့ကွက်ကိုထိုးဖောက် တိုက်ခိုက်ရမည်ဟု ဉာဏ်ဖြင့် ချင့်ချိန်ထားသည်။

ထို့ကြောင့် သူရဲကောင်းများ တွေ့ဆုံကာ နှုတ်ဆက်ပြီးသည့်နောက် သမိန်ဗရမ်းက ချိုသာသော အသံဖြင့်ပြောဆိုသည်မှာ “ဂါမဏိ သင်နှင့် ကျူပ်တို့ ယနေ့တိုက်ကြမည့်ပွဲသည် တစ်ယောက်ယောက် အတွက် နောက်ဆုံးတိုက်ပွဲ ဖြစ်နိုင်သည်။ စ၍တိုက်သည်နှင့် တိုက်ပွဲကလည်း အဆုံးသတ်သွားမည် ဖြစ်သည်။

ထိုသို့ဆိုသော် ကျူပ်တို့နှစ်ဦး မည်သို့မည်ပုံ တိုက်ခိုက်မည်ကို စောင့်ကြည့်နေသာ ပရိသတ်အဖို့ စိတ်မကျေနပ်စဖွယ် ဖြစ်လိမ့်မည်။ ထိုကြောင့် သင်ကလည်း သင်တို့၏ တေးသီချင်းကို ဆိုပြ၍ တေးနှင့်အတူကရသော ကကြိုးအတိုင်းကပြပါ။ ငါကလည်း သင်တို့ကကြိုးအတိုင်း လိုက်၍ကပါမည်။ ထို့နောက် ငါက သီချင်းဆိုက ငါတို့ကဟန် များကို ကပြမည်ဖြစ်သည်။ သင်ကလည်း ငါတို့ကဟန်အတိုင်း လိုက်၍က ပြပါဟု ပြောလေသည်။

ဂါမဏိကလည်း သဘောတူ၍ သီချင်းဆိုကာ မြင်းပေါ်တွင်ပင် ကပြလေသည်။ သမိန်ဗရမ်းကလည်း အားကျမခံ လိုက်၍ကလေသည်။ ထိုခေတ်က မြင်းကျောပေါ်တွင် စီးနင်းရင်း လက်နက်များကို ကစားကာကပြသော ဓလေ့ရှိခဲ့ကြသည်။ ထိုကြောင့် ဂါမဏိက မငြင်းမဆန် ကပြခြင်းဖြစ်သည်။

ဂါမဏိအလှည့် အပြီးတွင် သမိန်ဗရမ်းက မြင်းကျောပေါ်တွင် ကပြသည်။ သူ၏ကကွက်များကို ဂါမဏိက လိုက်လံအတုယူ ကပြနေသဖြင့် သူသိလိုသော ဂါမဏိ၏ပျော့ကွက်ကို သိရှိနိုင်ရန် လက်ကို မြှောက်ချည် ချချည် လုပ်၍လည်းကောင်း၊ ကင်းမြီးကောက် ထောင်၍လည်းကောင်း ကပြလေသည်။ ထိုနည်းအဖုံဖုံဖြင့် ကပြချိန်တွင် ဂါမဏိ၏ ချပ်ဝတ်တန်ဆာတွင် ချိုင်းအတွင်း၌ ချပ်ကြိုးပြတ်က အသားပေါ်နေသည်ကို သမိန်းဗရမ်းက မြင်လိုက်သည်။

 

 

သမိန်ဗရမ်းသည် ထိုသို့သော ရန်သူ၏ပျော့ကွက်ကို မြင်သည်တွင် ကကြိုးကို ရပ်လိုက်သည်။ ထို့နောက်တိုက်ပွဲ စလေသည်။ တိုက်ပွဲတွင် ဂါမဏိက မြင်းကို ဇက်ဖွင့်၍ လိုက်တိုင်း သမိန်ဗရမ်းက ပြေးသည်။ ထို့နောက်မြင်းကို ရုတ်တရက် လှည့်ကာ ဂါမဏိကို ပြန်လိုက်သည်။

ထိုသို့ပြေးလိုက်၊ လိုက်လိုက်နှင့် ဂါမဏိမောသွားသည့် အချိန်တွင်မှ သမိန်ဗရမ်းက ဂါမဏိအနီးသို့ ကပ်သွားသည်။ ဂါမဏိက လက်ကိုမြှောက်ကာ ဓားဖြင့် သမိန်ဗရမ်း၏ လည်ကိုပိုင်းမည် အပြုတွင် အမောလွန်နေသာ ဂါမဏိက လက်ကို လျင်မြန်စွာ မလှုပ်ရှားနိုင်တော့ချေ။

ထိုအချိန်တွင် သမိန်ဗရမ်းသည် ဂါမဏိ၏ ချပ်ကြိုးပြတ်နေသာ ချိုင်းကြားနေရာကို လှံဖြင့်ထိုးကာ ဂါမဏိ၏ ခန္ဓာကိုယ် မြင်းပေါ်မှမကျမီ သူ၏ဇက်ကို ဓားရှည်ဖြင့်ပိုင်း၍ ချွန်းဖြင့် ချိတ်ယူပြီး သံခြင်းထဲသို့ ထည့်လိုက်လေသည်။

သမိန်ဗရမ်းသည် ထိုသို့ ရန်သူ့ခေါင်းကို ရသည်တွင် ဘုရင်မင်းမြတ် စံတော်မူနေသည့် ပွဲကြည့်သဘင်သို့ ပြန်လာခဲ့သည်။ ထိုသို့ပြန်လာရာတွင် မြင်းကိုအသားကျ စီးကာ ပြန်လာခြင်းဖြစ်သည်။ သမိန်ဗရမ်းသည် ဘုရင်မင်းခေါင်၏ အစွမ်းကုန် ချီးမြှောက်ခြင်း ခံရသည်။

မွန်မူတွင် သမီးတော်နှင့်ပင်လက်ဆက်ပေးသည်ဟု လွန်လွန်ကျူးကျူးရေးသားထားသော်လည်း မြန်မာမူတွင် တူမတော်သူနှင့်ပေးစားသည်ဟုဆိုသည်။ သို့သော် မိမိတို့ဘုရင်အပေါ် သစ္စာစောင့်သိတတ်သော သူရဲကောင်း သမိန်ဗရမ်းကမူ သူ၏ဌာနီသို့ ရောက်အောင် ပြန်ခဲ့လေသည်။ ဘုရင်မင်းခေါင်ကလည်း မင်းခမ်းမင်းနားဖြင့် ပို့စေခဲ့သည်။

ဘုရင်မင်းခေါင် အနေနှင့် ဤတရုတ်သူရဲ့ကောင်း ဂါမဏိကို နိုင်အောင်တိုက်နိုင်လျှင် မည်သူမဆို အိမ်ရှေ့ဥပမရာဇဓိရာဇ်ပေးမည်ဟု မောင်းကြေးနင်းခတ်ကြေညာစေခဲ့သည်။ သမိန်ဗရမ်းက တိုက်မည်ဆိုသောအခါ ရာဇဓိရာဇ်ပေးသော စည်းစိမ်နှင့်ညီမျှအောင်ငါပေးမည်ဟု ကတိကဝတ်ထားခဲ့သည်။ ဘုရင်မင်ခေါင်းက မိမိ၏သမီးတော် ရာဇဓိတာအားအပ်နှင်း၍ အိမ်ရှေ့ဥပရာဇအား ပေးတော်မူသည်။

သို့သော် သမိန်ဗရမ်းက ကျွန်နိုပ်သည် သည်အမှုတော်ကိုထမ်းဆောင်ခဲ့သည်မှာ (၁) သံခြေချင်းမှ လွတ်စေလိုခြင်း၊ (၂) ကျွနိုပ်၏ကျော်ကြားမှုကို အဆုံးတိုင်ကျော်ကြားစေလိုခြင်း၊ (၃) ကျွန်ုပ်အားကွပ်မျက်ခြင်း (သို့) ဟံသာဝတီသို့ပြန်ညလည်ပို့ဆောင်စေလိုခြင်းကြောင့် ဖြစ်သည်ဟုဆိုကာငြင်းပယ်ခဲ့သည်။

ဘုရင်မင်းခေါင်းကလဲ သမိန်ဗရမ်းသည် ထီးဖြူကိုတည်တံ့အောင် ပြုလုပ်ပေးခဲ့သူဖြစ်သော်ကြောင့် ကျေးဇူးရှိ၍ မကွပ်မျက်နိုင်။ တဖက်တွင်လည်း စစ်အတွင်းကာလဖြစ်၍ ရန်သူဘုရင် ဟံသာဝတီပြည့်ရှင်ထံပြန်မလွှတ်နိုင်သောကြောင့်အင်းဝတွင် အနေမြဲစေလို၏။ အဂ္ဂမလေသီ မိဖုရားကြီးနှင့်တိုင်ပင်၍ သမီးတော် ရာဇဓိတာအားမြင်လျှင် ပိတိသောမနုဿချင်ခြင်းအာရုံနှင့် ငြိတွယ်ပေမည်ဟု အကြံဉာဏ်ပေးသည်။

နောင်တနေ့မနက်တွင် ဘုရင်မင်းခေါင်းသည် သမိန်ဗရမ်းနှင့် နံနက်စာသုံးဆောင်နေစဉ် သမီးတော်အား ကွမ်းတည်ခိုင်း၏။ မင်းသမီးသည်လည်း တခါမျှ တပါးသောယောက်ျားတို့အား ကွမ်းမတည်စဖူး၊ မျက်နှာမပြစဖူးရှိလေရာ ရှက်သောစိတ်နှင့် တင်းတိမ်အကွယ်မှ မထွက်လာပေ။ ဘုရင်မင်းခေါင်းက ခေါ်သောအခါမှ ကွမ်းခွက်ကိုထုတ်လာ၏။

ရှက်အမ်းအမ်းနှင့် မျက်လွှာချကာ ခပ်ဝေးဝေးမှ သမိန်ဗရမ်းအားကြည့်သည်။ ထို့နောက် ရွှေကွမ်းခွက်ကို လာချပြီးသည်နှင့် ခပ်သုတ်သုတ်ပင် အတွင်းဆောင်သို့ပြန်ဝင်လေ၏။ သမိန်ဗရမ်းလည်း ရှုချင်ဖွယ်ကောင်းသော၊ ကျက်သရေမင်္ဂလာ ကောင်းခြည်းမင်္ဂလာအဖြာဖြာနှင့်ပြည်စုံသော မင်းသမီးကိုငေးကြည့်မိသည်မှာ ဝင်လာသည်မှာ ပြန်ထွက်သွားသည်ထိပင်။

ဘုရင်မင်းခေါင်းလဲသဘောကျကာ တဖန်ပြန်လည်မေးသောအခါ သမိန်းဗရမ်းအနေနှင့် ငါးအားပြန်လွှတ်တော့မည်မဟုတ်။ ငါ့အနေနှင့် ကုသိုလ်ကံရှိသော် ဟံသာဝတီသို့ပြန်ရပေမည်ဟုတွေးတောပြီး မိမိအနေနှင့် ဥပရာဇာကိုမခံယူသည်မှာ သားတော်ကြီးရှိ၍ဖြစ်ကြောင်း၊ မင်းကြီးအနေနှင့် ခြွင်းချက်နှစ်ခုကိုလိုက်နာပါက သမီးတော်နှင့်လက်ဆက်ကာ အမှုထမ်းမည်ဖြစ်ကြောင်းလျှောက်ထားသည်။

 

(၁) ဟံသာဝတီနှင့် အင်းဝစစ်ဖြစ်ပါက မည်သည်ဘက်ကမျှမကူပဲ ကြားနေအဖြစ်နေရန်၊ (၂) ကျွန်ဟူသော အသုံးကိုမသုံးရန်၊ ကျွန်ဟူသော အသုံးကို ကြားပါက ဟံသာဝတီသို့ ပြန်မည်ဖြစ်ကြောင်းကို တောင်းဆိုခဲ့သည်။ ဘုရင်မင်းခေါင်းက လက်ခံ၍ သမိန်ဗရမ်းအား အိမ်ရှေ့ဥပရာဇ ပေးအပ်ကာ သမီးတော်နှင့်လက်ဆက်စေ၏။

 

သုံးလလွန်သော် သမီးတော်တွင်ကိုယ်ဝန်ရှိလာ၍ ဆယ်လပြည့်သောအခါ သားယောက်ျားမွေးဖွားလေ၏။ ထိုမြေးကို ဘုရင်မင်းခေါင်က ချစ်တော်မှု၍ လမ်းလျှောက်သင်စအရွယ် တနှစ်သားမြေးကို ညီလာခံတွင် ရင်ခွင်ပိုက်၍ တိုင်းပြည်ရေးရာဆွေးနွေးတော်၏။

တနေ့သော ဘုရင်မင်းခေါင်၏ ဆံပင်ကိုဆွဲချ၍ ခက်ထန်သော သည်ကျွန်သားတော့ ကြာလျှင် မင်းရဲကျော်စွာဖြစ်ပေးအုံးမည်ဟု မိန့်လေ၏။ ထိုနေ့ညတွင် သမိန်ဗရမ်းသည် ဟံသာဝတီသို့ပြန်လေ၏။ ဘုရင်မင်းခေါင်ကသိ၍ မြင်းတပ်နှင့်လိုက်စေသော် မြင်းတပ်ဗိုလ်မှူးအား ခါးကြားမှ ဘုရင်မင်းခေါင်အတွက် ရေးထားသော စာကိုပေးကာ မြင်းတပ်လဲပြန်လေ၏။

ပဘုရင်မင်းခေါင်လဲ စာကိုဖတ်ကာ မိမိနှုတ်မှအမှတ်မထင် ထွက်သွားသောအမှားအတွက် လွန်စွာစိတ်ထိခိုက်လေ၏။ မနက်မိုးလင်းသော် သမီးတော် ရာဇဓိတာလဲ ခေါင်းအုံးအောက်မှ သူ့အတွက်ထားခဲ့သောစာကိုဖတ်၍ သည်းထန်စွာငိုသည်။

သမိန်ဗရမ်းသည် ဟံသာဝတီသို့ပြန်ရောက်သော် ရာဇဓိရာဇ်ထံဖြစ်ကြောင်းကုန်စင်လျှောက်လေသော် ရာဇဓိရာဇ်လဲ သမိန်ဗရမ်းကို ဒုန်ဝန်ကိုစားစေ၏။

တနေ့သော် သမိန်ဗရမ်းသည် ဟံသာဝတီမှအပြန် လမ်းခရီးတွင် သရဲ၊ တစ္ဆေတို့ခြောက်လှန့်သော သူခိုးခေါင်းပြတ်သည်မှ ဒူးခေါင်းကိုကိုက်မိသော သွားသုံးချောင်းမှ အဆိပ်သက်ကာ သမိန်ဗရမ်း အနိစ္စရောက်၏။

စာကြွင်း။ ။ သမိန်ဗရမ်းနှင့် ရာဇဓိတာ တို့မှဖွားမြင်သော ရာမရာဇဝံသမင်းသည် သက္ကရာဇ် ၇၈၇ တွင် တွင်အင်းဝထီးနန်းကိုရသော်မူသည်ဟု မွန်မူတွင်ပြသသည်။

Credit

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *