ညီအစ်ကို နှစ်ယောက် နဲ့ ရွှေအိုး

ညီအစ်ကို နှစ်ယောက် နဲ့ ရွှေအိုး

 

 

 

တစ်ခါတုန်းက လယ်ပိုင်ရှင်ကြီးတစ်ဦးမှာ သားနှစ်ယာက်ရှိတယ်။သား နှစ်ယောက်စလုံးဟာ ဉာဏ်ပညာကို အသုံးပြုခြင်းမရှိပဲ တစွတ်ထိုးဆန်ဆန် လုပ်တတ်သူတွေပေါ့ကွယ်။ ဒါကြောင့်လဲ လယ်ရှင်ကြီးက သူ့သားနှစ်ယောက်ကို စိတ်မချနိုင်ဖြစ်နေရရှာသတဲ့..ဒီလိုနဲ့ လယ်ရှင်ကြီး လည်း မီးစာကုန်ဆီခမ်းချိန် ရောက်လာခဲ့တာပေါ့။ လယ်ရှင်ကြီးဟာ မသေခင်မှာ သားတွေကို စိတ်ချရစေဖို့ ရွာထဲက ပညာရှိဆရာကြီး တစ်ဦးနဲ့ တိုင်ပင်ပြီး သေတမ်းစာရေးသားခဲ့တယ်။ သေတမ်းစာထဲမှာတော့ မိမိပိုင်တဲ့ လယ်မြေတွေထဲတွင် ရွှေအိုးကြီးတစ်လုံးရှိတယ်။ သား နှစ်ယောက်ထဲက ထိုက်သူရစေ..။လယ်ရှင်ကြီး သေခါနီးအချိန်မှာ လယ်ရှင်ကြီးက သားအငယ်ကို ငါ့သား ဖေဖေရဲ့ လယ်မြေကြီးထဲမှာ ရွှေအိုးကြီးတစ်လုံးရှိတယ်။ အဖေသေရင် မင်းတို့ညီအကို နှစ်ယောက် တိုင်တိုင်ပင်ပင်နဲ့ အဲ့ရွှေအိုးကြီးကို ထိန်းသိမ်းလုပ်ဆောင်ကြ။ သားကြီးကိုလည်း အဲ့အကြောင်းပြောရအောင် သွားခေါ်ပေးပါ လို့ ပြောသတဲ့။အကိုလုပ်သူကို သွားခေါ်ဖို့ ထွက်လာတဲ့ ညီငယ်က စဉ်းစားတယ်။လယ်မြေတွေကို တစ်ဝက်ပိုင်းပြီး အကိုနဲ့ ငါ ရှာကြရင် ကံဆိုးလို့များ အကိုဘက်မှာ ရွှေအိုးပါခဲ့သော် ငါ ငတ်ရတော့မယ်။တစ်ခုခုတော့ ကြံမှပဲ။ လို့တွေးတယ်။ဒါကြောင့် ဖခင်ခေါ်ခိုင်းပေမယ့် ညီလုပ်တဲ့သူဟာ အစ်ကိုကို တစ်ခွန်းမှ မပြောဘူးတဲ့။အကိုကြီးလဲ ညနေယာခင်းကျ ပြန်လာတော့ ဖခင်ရဲ့အသက်ကို မမှီတော့ဘူးပေါ့ကွယ်။ ဖခင်သေပြီးမကြာခင်မှာ ညီအကိုနှစ်ယောက်က ဖခင်ရဲ့ကြီးမားတဲ့ယာခင်းကြီးကို၂ခြမ်းခွဲလိုက်သတဲ့.အမွေခွဲပီးမကြာခင်မှာ ညီလုပ်သူဟာ သူ့ရဲ့သူငယ်ချင်းနောက်လိုက်အပေါင်းနဲ့ ရောက်လာပြီး ” အစ်ကို.. ယာအလုပ်တွေဟာ တစ်ယောက်တည်းလုပ်ရတာပင်ပန်းလှပါတယ်.အကို့ယာခင်းတွေကို ဝိုင်းဝန်းတူးဆွပေးပါရစေ ” အကိုလုပ်တဲ့သူကလည်း ” ညီငယ်သည် ငါ့အပေါ်တွင် သိတတ်လှပေစွ ” ဟုတွေးထင်ကာ ခွင့်ပြုပေးလိုက်ပေသည်..အကိုကြီးခွင့်ပြုချက်ရသည်နှင့် အစ်ကိုပိုင်သောယာများအား နေ့မအားညမနား ရက်အတော်ကြာတူးဆွပါသော်လည်း ရွှေအိုးကြီးကိုမူ လုံးဝတွေ့ရှိခြင်းမရှိပေ..

 

 

 

ထိုအခါ ညီငယ်က “တကယ်တော့ ငါသည်သာ ကံကောင်းသူပဲ.ရွှေအိုးကြီးသည် ငါပိုင်သော ယာခင်းအတွင်းတွင်သာ ဧကန်မုချ ရှိနေလိမ့် မည် “ဟုထင်ကာ ပင်ပန်းခြင်းကိုပင်မမှုအပျော်ကြီးပျော်နေပေတော့သည်။အစ်ကိုလုပ်သူလည်း မြေဆီလွှာ သန့်ရှင်းတူးဆွထားသော မြေ ပေါ်တွင် ဖခင်လက်ထက်ကအတိုင်း သစ်သီးဝလံစုံစွာ စတင်စိုက်ပျိုးတော့သည်.ညီငယ်မှာတော့ ဖခင်ပေးထားသော အခြားငွေတိုငွေစလေးများနှင့် မိတ်ဆွေသူငယ်ချင်းနောက်လိုက်များကို ကျွေးမွေးငှါးရမ်းကာ မြေတူးဆွခြင်းအလုပ်သာပင်ပြုလုပ်လျှက်ရှိတော့သည်။ထို့ကြောင့် ညီလုပ်သူသည် တစ်နေ့တခြား စီးပွားကျသထက်ကျလာ၍ အကိုလုပ်သူမှာမူ သစ်သီးဝလံများရောင်းချရငွေများကြောင့် ကြွယ်ဝချမ်းသာ ၍လာတော့သည်..အစ်ကိုဖြစ်သူကြွယ်ဝချမ်းသာလာသည်ကို ညီငယ်သိသောအခါ “ငါသည်မျက်စိလျှမ်း၍ရွှေအိုးကြီးအား မမြင်မိပါတ ကား.အစ်ကိုသည်ရွှေအိုးကြီးကိုရရှိသွားခြင်းသာဖြစ်ပေလိမ့်မည်.ငါ၏ဝေစုအားသွားတောင်းအံ” ဟုပြောပြီးအစ်ကိုလုပ်သူထံသို့ ရောက်ရှိလာလေသည်.အစ်ကိုဖြစ်သူလည်း မည်သို့ပင်ငြင်းဆိုစေကာမူ လက်မခံသဖြင့် ရွာထဲရှိ ပညာရှိဆရာကြီးထံသို့ ညီအစ်ကို၂ယောက်ရောက်ရှိလာတော့သည်..ပညာရှိဆရာကြီးလည်း အကြောင်းအရာအလုံးစုံကိုသိသောအခါ ညီငယ်အား ” သင်သည် လူမိုက်သာဖြစ်ပေတော့ သည်. သင်၏ဖခင် နောက်ဆုံးပြောကြားခဲ့သော ရွှေအိုးဆိုသည်ကား ဉာဏ်ပညာ၊ဇွဲလုံ့လ နှင့် ရိုးသားစွာလုပ်ကိုင်ခြင်းတို့သာဖြစ်ပေသည်.ရိုးသားစွာလုပ်ကိုင်ခြင်းအား သင်တို့ညီအစ်ကိုနှစ်ယောက်၏ဇွဲလုံ့လနှင့်ပေါင်းစည်းကာ အမျှော်အမြင်ရှိစွာ လုပ်ကိုင်ခြင်းဖြင့် ရရှိလာသော အသီးအပွင့်တို့သည် သင်တို့စားမကုန်သောရွှေအိုးကြီးပင်ဖြစ်ပေတော့သည်။ လောဘဆိုသော အကြောင်းအရာကို မသိရှိခဲ့ခြင်းကြောင့် အစ်ကိုဖြစ်သူသည် သင်တို့ဖခင်ပြောကြားသော ရွှေအိုးကြီးအား ရရှိခဲ့ခြင်းဖြစ်ပေသည်ဟု ဆုံးမလိုက်လေသည်။

 

Credit – နွေမင်းသစ်

 

Leave a Reply

Your email address will not be published. Required fields are marked *