ဂတ်စ်မီးဖိုကို အန္တရာယ်ကင်းစွာ အသုံးပြုနိုင်ဖို့အတွက် သတိထားသင့်တဲ့ အချက် (၁၃) ချက်

ဂတ်စ်မီးဖိုကို အန္တရာယ်ကင်းစွာ အသုံးပြုနိုင်ဖို့အတွက် သတိထားသင့်တဲ့ အချက် (၁၃) ချက်

 

 

 

ယနေ့အချိန်အခါမှာ မြန်မာပြည်အရပ်ရပ်ရှိ နေအိမ်များ၊ တိုက် ခန်းများ၊ စားသောက်ဆိုင်တွေမှာ ဂတ်စ်မီးဖိုကို တွင်ကျယ်စွာအသုံးပြုလာကြတယ်။ ဂတ်စ်မီးဖိုကို လုံခြုံစိတ်ချစွာ အန္တရာယ်ကင်းစွာ အသုံးပြုနိုင်ဖို့အတွက် သတိထားသင့်တဲ့ အချက်လေးတွေ မျှဝေပေးလိုက်ပါတယ်။၁။ အိုးအထွက် valve ၊ pressure regulator valve ၊ မီးဖို spark and gas valve တွေ ကောင်း/မကောင်း အမြဲစစ်ဆေးရပါမယ်။အိုးအထွက် valve ကိုပိတ်တဲ့အခါမှာ ထုရိုက်ပြီးပိတ်မျိုးတွေမလုပ်ရပါဘူး။ Gas အိုးကို ရွေ့တဲ့အခါ စောင့်ချတာ၊ ပစ်ချတာ၊ တလိမ့်တုံးလို လှိမ့်တာတွေ မလုပ်ရပါဘူး။အိုးအထွက် valve ကို pressure regulator valve နဲ့ လှည့်တပ်တဲ့အခါ အိုးအထွက် valve အမခေါင်း အရစ်က ဘယ်ရစ်ဖြစ်သလို pressure regulator valve အဖိုခေါင်းကလဲ ဘယ်ရစ်ပဲဖြစ်ပါတယ်။pressure regulator valve အဖိုခေါင်းထိပ်မှာ rubber seal တပ်ထားပါတယ်။ အဲ့ rubber seal ပြတ်နေရင် ပဲ့နေရင် မကောင်းရင် pressure regulator valve ကိုဆက်မသုံးသင့်ပါဘူး။အိုးအထွက် valve နဲ့ pressure regulator valve တွေရဲ့ အရစ်တွေကို အမဲဆီ လုံးဝသုတ်လိမ်းခြင်း မပြုလုပ်ရပါ။၂။ Pressure regulator valve ကို အတွင်းမှာ diaphragm ၊ spring တို့နဲ့ပြုလုပ်ထားတဲ့အတွက် pressure regulator valve ထိပ်က ဘုလုံးလေးကို တွန်းလိုက်ရင် valve ပွင့်ပြီး မီးဖိုဆီ Gas ရောက်ပါတယ်။ဒါ့ကြောင့် အဲ့ ဘုလုံး (knob) လေးဟာ တွန်းလို့ ဖိလို့ရ ရပါမယ်။ ဘုလုံးလေးကို တွန်းမှ Gas က မီးဖိုက ထွက်လာရမှာဖြစ်ပါတယ်။ ဒီလိုအလုပ်မလုပ်ရင် pressure regulator valve အသစ်လဲဖို့လိုပါတယ်။၃။ ပိုက်လိုင်း ကောင်း/ မကောင်း အခါအားလျော်စွာ စစ်ဆေးရမှာ ဖြစ်ပါတယ်။ အ လွယ်တကူစ စ်ဆေးနိုင်တဲ့ နည်းလမ်းကတော့ Gas အိုးအထွက် valve နဲ့ pressure regulator valve ဖွင့်ထားချိန် (ဘုလုံး (knob) လေးကို ဖိပြီးဖွင့်ထားပြီးတဲ့အခါ) ဆပ်ပြာရည်ဖျော်ကို အမြုပ်ထအောင်မွေပြီး ဆပ်ပြာရည်မြုပ်တွေကို ပိုက်လိုင်းတလျောက်ဖြစ်စေ ၊ Gas ယိုစိမ့်နေတယ်လို့သံသယရှိတဲ့နေရာကိုဖြစ်စေ၊ ပိုက်ဆက်တွေကိုဖြစ်စေ သုတ်ကြည့်ရင် ဘူစီပေါင်းလေးတွေထလာတဲ့နေရာမှာ Gas ယိုစိမ့်နေပါတယ်။ပိုက်လိုင်းတလျောက် ပူစီပေါင်းလေးတွေ မထဖူးဆိုရင်တော့ ပိုက်လိုင်းကောင်းတယ်လို့ ယူဆရမှာဖြစ်ပါတယ်။ အကောင်းဆုံးနည်းလမ်းကတော့ အိုးနဲ့မီးဖိုက ပိုက်ဆက်ကိုဖြုတ်ပြီး တဖက်ကပိတ် ၊ အခြားတဖက်ကနေ စက်ဘီးလေထိုးတံနဲ့ထိုး၊ဆပ်ပြာရည် (သို့မဟုတ်) ရေဇလုံထဲနှစ်ကြည့်လို့ ပူစီပေါင်း (bubbles) လေးတွေ ထတာတွေ့ရရင် အဲ့ဒိနေရာဟာ Gas ယိုစိမ့်နေပါတယ်။ ဒါဆိုရင်တော့ ဒီပိုက်ကိုအသစ်လဲဖို့လိုအပ်ပါတယ်။ ပိုက်တွေဟာ ရာသီဥတုဒါဏ်ကြောင့်မာသွားရင် အသစ်လဲပေးဖို့လိုပါတယ်။၄။ ထို့အတူ မီးဖိုမှာကပ်ငြိနေတဲ့ ဆီခိုးဆီငွေ့များနဲ့အညစ်အကြေးများ ၊ အမှိုက်များဟာလဲ မီးလောင်လွယ်တာမို့ အခါအားလျော်စွာ သန့်ရှင်းပေးဖို့ လိုအပ်သလို မီးဖိုက ဓါတ်ငွေ့ထွက်ပေါက်များကိုလဲ အခါအားလျော်စွာ သန့်ရှင်းပေးဖို့ လိုအပ်ပါတယ်။

 

 

 

၅။ Gas ယိုစိမ့်ရင် အနံရပါတယ်။ Gas အနံက အလွန်အနံပြင်းပြီး သိသာထင်ရှားလှပါတယ်။ Gas ယိုစိမ့်နေတယ်လို့သံသယရှိနေရင် လျှပ်စစ်မီးခလုပ်တောင်မဖွင့်သင့်ပါ။Gas ယိုစိမ့်နေကြောင်းသံသယရှိပါက မီးဖိုက switch valve ကိုအရင်ပိတ်ပါ။ ပြီးရင် အိုးအထွက် valve ကိုပိတ်ပြီး Gas ယိုစိမ့်မှုကိုသေချာစွာ စစ်ဆေးရမှာဖြစ်ပါတယ်။ထိုအခါ Gas ယိုစိမ့်နေပါက ပိုက်လိုင်းလက်ကျန်သာ ယိုစိမ့်နိုင်မှာဖြစ်သလို Gas ယိုစိမ့်မှုကိုလဲ ရှာဖွေနိုင်မှာဖြစ်ပါတယ်။ Gas ယိုစိမ့်မှုမစစ်ဆေးပဲ လုံးဝအသုံးမပြုသင့်ပါဘူး။၆။ ချက်ပြုတ်တဲ့အခါ တံခါးများဖွင့်ထားခြင်း၊ လေဝင်လေထွက်ကောင်းမွန်အောင် လေမှုတ်စက်များ၊ အပူငွေ့နှင့်မီးခိုးထုတ်စက်များ ဖွင့်ထားခြင်းတွေလဲပြုလုပ်သင့်ပါတယ်။ ၇။ ရေနံဓါတ်ငွေ့ရည် (LPG) ဟာ လေထက်လေးတာကြောင့် အောက်ခြေပိုင်းမှာပဲ ရှိနေတတ်ပြီး ထိုနေရာတွေမှာ လျှပ်စစ်မီးခလုပ်တွေ၊ extention wire ကြိုးခွေတွေ စတဲ့ မီးလောင်နိုင်တဲ့ ပစ္စည်းတွေနဲ့ ရှုပ်ထွေးမနေသင့်ပါဘူး။ ရှင်းလင်းနေရမှာဖြစ်ပါတယ်။၈။ Gas အိုးနားမှာ အခြားမီးဖိုများရှိမနေသင့်ပါ။ Gas အိုးကို နေရောင်တိုက်ရိုက်ထိတွေ့ခြင်းများ၊ အပူချိန်မြင့်မားတဲ့နေရာများ၊ Gas အိုးအနီးသို့ လွယ်လွယ်ကူကူသွားလာလို့မရတဲ့နေရာတွေမှာ မထားသင့်ပါ။ နွေရာသီလိုပူပြင်းတဲ့ကာလမျိုးမှာ Gas အိုးကို ဂုံနီအိတ် (သို့မ ဟုတ်) စောင်ကဲ့သို့ အဝတ်စထူထူကို ရေစွတ်ပြီးအုပ်ထားသင့်ပါတယ်။၉။ ချက်ပြုတ်ပြီးတဲ့အခါမှာ အိုးအထွက် valve ကို ဦးစွာပိတ်ပြီး မီးဖိုပေါ်ကမီးငြိမ်းသွားတော့မှ မီးဖိုမှ switch valve ကိုပိတ်ပါ။ သို့မှသာ ပိုက်လိုင်းထဲမှာ Gas များကျန်ရှိမနေမှာ ဖြစ်ပါတယ်။၁၀။ Gas အိုးနဲ့ မီးဖိုရှိတဲ့နေရာဟာ လေဝင်လေထွက်ကောင်းဖို့ အလွန်အရေးကြီးပါတယ်။ (အကယ်၍ Gas ယိုစိမ့်သည်ရှိသော်) စုပ်ထုတ်နိုင်ရန် exhaust fans များလဲတပ်ဆင်ထားသင့်ပါတယ်။ Gas အိုးနဲ့ မီးဖိုကို ကလေးများလက်လှမ်းမှီနိုင်တဲ့နေရာမှာ မထားဖို့လဲ ဂရုပြုသင့်ပါတယ်။၁၁။ ပိန်ရှုံနေတဲ့အိုးများ၊ သံချေးကိုက်နေတဲ့အိုးများ၊ အထွက် valve မကောင်းတဲ့အိုးများကို မသုံးသင့်ပါ။၁၂။ မီးဖိုအနီးနားမှာ အလွယ်တကူအသုံးပြုနိုင်တဲ့ ပေါင်ဒါ (သို့မဟုတ်) အမြုပ်မီးသတ်ဆေးဗူး ဆောင်ထားသင့်ပါတယ်။ အကယ်၍ပိုက်လိုင်းအနီးအနားမှာမီးလောင်ပါက စောင်ကဲ့သို့ ခပ်ထူထူအဝတ်စမျိုးကို ရေစွတ်ပြီး မီးလောင်တဲ့နေရာပေါ်ကို ပစ်တင်ခြင်းဖြင့် မီးငြိမ်းသတ်နိုင်ပါတယ်။၁၃။ မီးဖိုနဲ့ ပါတ်သက်ပြီး သံသယတခုခုရှိရင် နားလည်တတ်ကျွမ်းသူများနဲ့သာ ခေါ်ယူဆွေးနွေးပါ။

 

မူရင်း – Credit

 

Leave a Reply

Your email address will not be published. Required fields are marked *