ကျိုက်ဒေးဝိ ဆံတော်ရှင် ရဲ့ ထူးခြားတဲ့နတ်ကျားအစောင့် နဲ့ဘုရားလေးဆူမီခဲ့သောပတ္တမြား

ကျိုက်ဒေးဝိ ဆံတော်ရှင် ရဲ့ ထူးခြားတဲ့နတ်ကျားအစောင့် နဲ့ဘုရားလေးဆူမီခဲ့သောပတ္တမြား

 

 

 

တချို့သောအဖြစ်အပျက်တွေဟာ တစ်ခါတစ်ရံစိတ်ကူးယဉ်တာထက် ဆန်းကြယ်နေပါတယ်။အထူးသဖြင့် မမြင်အပ်တဲ့ပုဂ္ဂိုလ် တွေနဲ့ဆက် စပ်တဲ့အခါမျိုးမှာ သာမန်အတွေးနဲ့ယုံကြည်လက်ခံဖို့ အတော်ခဲယဉ်းနေတတ်ပါတယ် ။သုဝဏ္ဏ အားကစား ရုံတည်ဆောက်နေစဉ်ကာလနိုင်ငံခြားပညာရှင်တွေဟာ အားကစားဝင်းမှာစိုက်ပျိုးမယ့် မြက်အမျိုးအစားရှာဖွေဖို့ ပဲခူးဘက်ကိုထွက်လာခဲ့ရာက အင်းတိုင်လမ်းဆုံမရောက်ခင် ပုံသဏ္ဌာန်ထူးခြားတဲ့ စေတီတော်တစ်ဆူကိုတွေ့တာနဲ့ ဝင်ရောက်ဖူးမြော်ကြပါတယ် ။ရင်ပြင်တော်ကို လှည့်ပတ်ကြည့်ရာက တနလာင်္ဒေါင့်ကကျားနှစ်ကောင်ကိုတွေ့တဲ့ခါ တစ်ကောင်နဲ့တစ်ကောင် နှုတ်ခမ်းမွှေးကစ ခွဲခြားမရအောင်လက်ရာတူညီနေတာကိုသဘောကျပီး ပညာရှင်ကို လုပ်ငန်းမှာအသုံးပြုဖို့ ဂေါပကအဖွဲ့ထံ သွားရောက်စုံစမ်းကြပါတယ် ။စကားပြန်ကတဆင့် အကျိုးအကြောင်းပြောပီးစုံစမ်းတဲ့အခါမှာ ဂေါပက အဖွဲ့ဝင်တွေက …တနင်္လာဒေါင့်မှာ ကျားတစ်ကောင်တည်းထုလုပ်ထားတာပါလို့ ရှင်းပြပေမယ့် သေချာကြည့်ပီးစစ်ဆေးခဲ့တဲ့ နိုင်ငံခြားသား အဖွဲ့ကလည်း ကျားနှစ်ကောင်ကိုသေချာမြင်ခဲ့တဲ့အကြောင်း ငြင်းခုံကြရင်း ဂေါပကအဖွဲ့နဲ့အတူ တနလာင်္ဒေါင့်ကို ထပ်မံသွားကြည့်တဲ့အခါမှာတော့ အမှန်တကယ် ကျားတစ်ကောင်ထဲသာရှိနေတာကို မြင်ပီး နိုင်ငံခြားသားတွေ အံ့သြတုံလှုပ်ကုန်ကြပါတယ် ။(ကျိုက်ဒေးဝိ သမိုင်း)-ကျိုက်ထီးရိုးဘိုးဘိုးကြီး – သင်္ကန်းကျွန်းမြို့နယ်မှာနေထိုင်တဲ့ ဦးသိန်းမောင်တို့ဇနီးမောင်နှံဟာ တစ်နေ့မှာ ကျိုက်ထီးရိုးစေတီ သွားရောက်ဖူးမြော်ကြပါတယ် ။စေတီတော်ကိုကန်တော့ပီး လက်အုပ်ကို ပြန်ကြွလိုက်တဲ့အခါဦးသိန်းမောင်ရဲ့လက်အုပ်ထဲမှာ ခိုးလို့ခုလုနဲ့ မာကျောကျောအရာတစ်ခု ပါလာပါတယ်။ အညိုရောင်ခပ်မွဲမွဲနဲ့ ကွမ်းသီးလုံးခန့်ရှိကျောက်တစ်လုံးကိုတွေ့တာနဲ့ သူ့စိတ်ထဲမှာ ဒါငါ့ကိုပေးတာဖြစ်မယ်လို့ယူဆပီး ကျောက်ကို အိမ်အပြန်ယူလာခဲ့ပါတယ် ။အမှတ်မဲ့နေရာက တစ်နေ့မှာတော့ သိမ်းထားတဲ့ကျောက် ကို မဂိုလမ်းသွားပြကြည့်တဲ့ခါ ( ထိုခေတ်က ) ရှစ်ကျပ်ပေးပါတယ် ။မကျေနပ်လို့ထပ်ပီး ဗိုလ်ချုပ်ဈေး ကျောက်ပွဲစားတန်းကို သွားပြပြန်ပါတယ် ။ ကျောက်ကိုသေချာစစ်ဆေးပီး ၉၀ ကျပ်တန်ဖိုးဖြတ်တာနဲ့မရောင်းပဲ ပြန်သိမ်းထားလိုက်ပါတယ် ။တစ်ညမှာတော့ ကျိုက်ထီးရိုးဘိုးဘိုးကြီးကဒါ မင်းပစ္စည်းမဟုတ်ဘူး အင်းတိုင်လမ်းဆုံနားမှာဘုရားတည်နေတယ် လပြည့်နေ့ နေ့လည်တစ်နာရီအရောက်သွား အဲသည်ဘုရားမှာဌာပနာထည့်လိုက်လို့ အိပ်မက်ပေးပါတယ် ။ကျိုက်ဒေးဝိ ဆံတော်ရှင် ရဲ့ ထူးခြားတဲ့နတ်ကျားအစောင့် နဲ့ ဘုရားလေးဆူမီခဲ့သောပတ္တမြား။ပတ္တမြားကြီးလာပြီ..ထိုအချိန်က ပါရမီရှင် အမေကြည်ဆိုသူဟာအထက်ပုဂ္ဂိုလ်တွေရဲ့ ဓါတ်မိန့်ကိုနာခံပြီးကျိုက်ဒေးဝိစေတီတော်ကို ဦးစီးပီး တည်နေတဲ့အချိန်ဖြစ်ပါတယ် ။ စေတီတော်တည်ဆောက်ပြီးစီးလို့ လပြည့်နေ့မှာထီးတော်တင်မင်္ဂလာနဲ့ဌာပနာတော်သွင်းမင်္ဂလာ တပြိုင်တည်းကျင်းပမှာဖြစ်ပီး အထက်ပုဂ္ဂိုလ်ကြီးများက…ဘုရားလေးဆူကိုမီခဲ့တဲ့ပတ္တမြားကြီး ရောက်လာလိမ့်မယ်လို့ ညွှန်ကြားထားပြီးဖြစ်ပါတယ် ။

 

 

 

အမေကြည်ရဲ့ပြောကြားချက်ကို မယုံတစ်ဝက်ယုံတစ်ဝက်နဲ့ ဟုတ်မှဟုတ်ပါ့မလားဆိုသူတွေလည်းရှိပါတယ် ။ ဘယ်လိုပဲထင်ထင် အထက်ပုဂ္ဂိုလ်တွေရဲ့အမိန့်ဟာဘယ်ခါမှ မလွဲမှားတဲ့အတွက် အမေကြည်က ပတ္တမြားကြီးတင်ဖို့ကလာပ်တစ်ခုပေါ်မှာ ဆွတ်ဆွတ်ဖြူတဲ့ ဂွမ်းတွေတင်ထားပီးပါပြီ။ ပတ္တမြားကြီးရောက်လာမှာတဲ့ဆိုပီး တစ်ဆင့်စကား တစ်ဆင့်နားနဲ့လာကြတဲ့သူတွေကလည်း တိုးမပေါက်အောင်ပြည့် ကျပ် နေပါတယ် ။တဖြေးဖြေးနဲ့ အစီအစဉ်တွေ တစ်ခုပီးတစ်ခုကျင်းပနေရာက ဌာပနာတော်သွင်းမင်္ဂလာချိန်ရောက်ဖို့ မိနစ်အနည်းငယ်သာကျန်ပါတော့တယ် ။လူတွေအားလုံးဟာဂွမ်းဆိုင်ပုံကြီးကိုတစ်လှည့် အမေကြည်ကိုတစ်လှည့် ကြည့်ပီးသို့လော သို့လောနဲ့စောင့်ဆိုင်းနေကြပါတယ်။အမေကြည်ကတော့ ယုံကြည်ချက်အပြည့်နဲ့ပတ္တမြားကြီးရောက်လာမယ့်လမ်းကို စောင့်နေရာက ဟော လာပီ ပတ္တမြားကြီးရောက် လာပါပြီလို့ ကြွေးကြော်လိုက်ပါတယ် ။ဦးသိန်းမောင်တို့ဇနီးမောင်နှံဟာ ကျိုက်ထီးရိုးဘိုးဘိုးကြီးအိပ်မက်အရ ဌာပနာထည့်သွင်းဖို့လပြည့် နေ့မှာ ကျောက်ကို ယူဆောင်လာခဲ့ပါတယ် ။ ကြက်ပျံမကျ ကြိတ်ကြိတ်တိုးနေတဲ့လူတွေကိုဖြတ်ကျော်ပီး လက်ထဲကညိုမွဲမွဲ ၉၀ တန် ကျောက်ကို အမေကြည့်လက်ထဲ အချိန်မီပေးအပ်လိုက်ပါတယ် ။အမေကြည်က ကျောက်ကို လက်နှစ်ဘက်နဲ့တရိုတသေလှမ်းယူလိုက်ပီး နေရောင်မှာကိုင်မြှောက်ပြလိုက်တဲ့ခါ လူတွေအားလုံး အမေ့လက်ထဲကကျောက်ကိုစုပြုံကြည့်ရင်း သာမန်ကျောက်ခဲလိုဘာမှလည်းမထူးခြားပဲ အထင်နဲ့အမြင်တက်တက်စင်လွဲနေတာမို့ စိတ်ပျက်သွားကြပါတယ် ။အမေကြည်ကအပြုံးမပျက်ပဲ ကျောက်ကိုဂွမ်းဆိုင်ပေါ်တင်လိုက်တဲ့အချိန်မှာတော့ …အရောင်အဆင်းမရှိတဲ့ကျောက်ခဲဟာ မျက်လှည့်ပြလိုက်သလို နေရောင်အောက်မှာရွှန်းစိုလာပီး တဖြေးဖြေး နီရဲနေတဲ့အရောင်တွေတဖိတ်ဖိတ် တလက်လက်ယှက်ဖြာလာရင်းဂွမ်းဆိုင်ထုတစ်ခုလုံး အနီရောင်တွေကူးစက်သွားပီး ပတ္တမြားရည်တွေ စီးကျနေသလိုချင်းချင်း နီရဲသွားပါတယ် ။ ပတ္တမြားကြီးရဲ့အရောင်တွေဟာ နေရောင်ခတဲ့အချိန်မှာပြိုးပြိုးပြက်ပြက်အလင်းတန်းတွေဖြာပီး လူတွေဆီပါ အရောင်တွေဟပ်နေပါတော့တယ်။အောင်ပြီပတ္တမြားကြီးကို ဌာပနာသွင်းပီးချိန်မှာတော့အမေကြည်နဲ့အတူ ပရိတ်သတ်ကြီးအား လုံးအောင်ပြီ … အောင်ပြီ … အောင်ပြီ … ဆိုပြီးတခဲနက်ကြွေးကြော်လိုက်ကြပါတော့တယ်။ဘုရားရဲ့ဘွဲ့တော်က ကျိုက်ဒေးဝိ ဖြစ်ပါတယ်။ တော်ရုံသမာဓိနဲ့ အဓိဌာန်မဝင်သင့်တဲ့နေရာပါကုက္ကိုသစ်ကွင်းပင်တစ်ပင်ရှိပီး နတ်ကျားတစ်ကောင် စောင့်ရှောက်နေပါတယ် ။တစ်ခါ တစ်ခေါက် လာရောက်ဖူးမြော်ပါလို့တိုက်တွန်းလိုက်ပါရစေ … ။ မုခ်ဦးအဝင်မှာ ကိုယ်တိုင် ကျားဟိန်းသံကြားခဲ့ဖူးပါတယ်။ ယုံကြည်ဖို့မည်သူ့ကိုမျှမတိုက်တွန်းပါ..။

 

Credit – မကြာဖြူ

 

Leave a Reply

Your email address will not be published. Required fields are marked *