သူမပြုလုပ်မယ့် အစီအစဉ်တွေကို ပြေပြရင်း မသိနားမလည် တာတွေကိုတောင်းပန်လိုက်တဲ့ ပိုင်ဖြိုးသု……

သရုပ်ဆောင် ပိုင်ဖြိုးသု ကတော့ ပီပြင် လှတဲ့ သရုပ်ဆောင် မှုတွေကြောင့် ပရိသတ်တွေ က သဘာဝ မင်းသမီးလို့ တောင် သတ်မှတ် ထားကြတာပါ။ လူတိုင်းအပေါ်မှာ လည်း အမြဲ ကူ ညီတတ်တဲ့ စိတ်ထား လေးကြောင့် အားလုံးက ချစ်ခင်နေ ကြတာလည်း ဖြစ်ပါတယ်။

လတ်တလော ဖြစ်ပေါ်နေတဲ့ လူထု လှုပ်ရှားမှုတွေမှာလည်း ကျရာ အခန်းကဏ္ဍ ကနေ ပြည်သူတွေ နဲ့ အတူ ပူးပေါင်း ပါဝင်နေ တာလည်း ဖြစ်ပါတယ်။

လက်ရှိမှာ အခြေအနေ အရပ်ရပ်ကြောင့် တိမ်းရှောင် နေရပေမယ့် လည်း တတ်နိုင်တဲ့ ဘက်ကနေ လူထု လှုပ်ရှားမှု အတွက် ပါဝင်ဆောင် ရွက်ပေးနေ ဆဲပဲ ဖြစ်ပါတယ်။

လူမှု ကွန်ယက် စာမျက်နှာ များကနေလည်း ဖမ်းဆီး ထိန်းသိမ်းခံ ထားရတဲ့ ကျောင်းသား ၊ ကျောင်းသူ များကို အမြန်ဆုံး ပြန်လွှတ် ပေးရန် speak out လုပ်ပေးနေ တာပဲ ဖြစ်ပါတယ်။

မကြာ သေးခင် နာရီပိုင်း လောက်က လည်း သူမ ရဲ့ Facebook အကောင့် တွင် အရေးတော်ပုံ အောင်သွားတဲ့ အခါ အလုပ်တွေကြိုးစားပြီး တိုင်းရင်းသား တွေနေထိုင်ရာဒေသ တွေဆီသွားကာ လိုအပ်တာတွေ လှူဒါန်းသွားမယ့် အကြောင်း ရေးသား ထားတာပဲ ဖြစ်ပါတယ်။

” အရေးတော် ပုံ အောင်မြင်ပြီးသွားရင်….အလုပ် ကြိုးစားပြီး ပိုက်ဆံ စုမယ်…(ပိုက်ဆံကတော့ အရင်စု ရဦးမယ် ကိုဗစ် နဲ့ မအလ ပေါင်းပြီး နှိပ်စက်တာ သနားစရာ ဘဏ် စာရင်းလေး ဖြစ်နေပြီ) ပြီးရင် ကျေးဇူးရှင် တိုင်းရင်းသား ဒေသတွေ ဆီကို သွားမယ်….သူတို့ဒေသမှာ လိုအပ်နေတဲ့ နေရာတွေကို လိုက်လှူမယ်….အရင်တုန်းက မသိနားမလည်ခဲ့မိတာတွေ အတွက်တောင်းပန်မယ်….#အရေးတော်ပုံ အောင်ရမည် ”

ဆိုပြီး ရေးသားထားတာပဲ ဖြစ်ပြီး ပရိသတ်တွေ အတွက် ဒီသတင်း လေးကို တစ်ဆင့် ပြန်လည် ကူးယူ တင်ဆက် ပေးလိုက်ရ ပါတယ်နော်။

crd-original

Likes:
0 0
Views:
733
Article Categories:
NEWS

Leave a Reply

Your email address will not be published. Required fields are marked *