လမ်းပေါ်က ကလေးတွေဗိုက်ဆာနေ ကြပြီဆိုပြီး အိမ်ကိုသုံးဘီးနဲ့ပြန်ကာ ထမင်းနဲ့ဟင်းအိုးတွေယူ လာပြီးကျွေးလိုက်တဲ့ စေတနာရှင်ပြည်သူတစ်ဦး

ဖေဖော်ဝါရီလ(၂၇)ရက်နေ့ ဒီနေ့မှာဆိုရင်တော့ လူထုလှုပ်ရှားမှုတွေမှာ လူထောင်ပေါင်းများစွာပါဝင်ကြပြီး မြို့နယ်တိုင်းနီးပါး မှာတက်တက် ကြွကြွနဲ့ ဆောင်ရွက်နေကြတာဖြစ်ပါတယ်။

လူငယ်တွေကလည်း မိမိတို့ရဲ့အသက်အန္တရာယ်လုံခြုံရေးအတွက် အကာအကွယ်ပစ္စည်းတွေကို ယူဆောင်လာပြီး လမ်းပေါ်ထွက်နေကြတာ ဖြစ်ပါတယ်။

လက်ရှိအခြေအနေမှာဆိုရင် ပြည်သူတွေက ရက်ပေါင်း(၅၀)ကျော် ကြာ မြင့် နေပြီ ဖြစ် ပေ မယ့်လည်း ဘယ်သူမှအားမလျော့ကြဘဲ နည်းလမ်းအမျိုးမျိုးနဲ့ လှုပ်ရှားနေကြဆဲ ဖြစ်ပါတယ်။

လူငယ်တွေကတော့ နေ့စဉ်ရက်ဆက်လမ်းပေါ်ထွက်နေကြပေမယ့် မမောမပန်းကြဘဲ အားအင်အပြည့်နဲ့ ရင်ဆိုင်နေကြလို့ အရမ်းလေးစားဖို့ ကောင်း တဲ့ Gen Zတွေ ဖြစ်ပါ တယ်။

လမ်းပေါ် မှာ လှုပ်ရှားနေကြတဲ့ လူငယ်တွေအတွက်လည်း စေတနာရှင်ပြည်သူတစ်စုက စားစရာတွေ ကို အမြဲလှူဒါန်းပေးနေကြတာ ဖြစ်ပါတယ်။အခုဆိုရင်လည်းစေတနာရှင်ပြည်သူတစ်ဦးက ကလေးတွေဗိုက်ဆာ နေကြပြီ ဆိုပြီး အိမ်ကိုသုံး ဘီး နဲ့ ပြန်ကာ ထမင်းနဲ့ဟင်းအိုးတွေကိုယူလာပေးတာ ဖြစ်ပါတယ်။

လူငယ်တွေကလည်း လမ်းဘေးမှာပဲ ထမင်းနဲ့ဟင်းတွေကို အားရပါးရစားနေကြတာဖြစ်လို့ လှူရတဲ့စေတနာရှင်အနေနဲ့လည်း ပီတိဖြစ် စရာ ကောင်းပါတယ်။

အခုလိုမျိုး ကိုယ်ချင်းစာစိတ်အပြည့်ရှိပြီး ရက်ရက်ရောရောလှူဒါန်းတတ်တဲ့ပြည်သူတွေကြောင့် လမ်းပေါ်မှာရင်ဆိုင်နေကြ တဲ့လူငယ်တွေလည်း အဆင်ပြေပြေနဲ့ ရှေ့သို့ချီတက်နေနိုင်ကြတာပဲဖြစ်ပါတယ်။

မိမိမှာရှိတာလေးကိုစေတနာအပြည့်နဲ့ကျွေးမွေးနေတဲ့ပြည် သူတစ်ဦးရဲ့အလှူကို သာဓုခေါ်ရင်း ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Source-Myanmarload

Likes:
0 0
Views:
796
Article Categories:
NEWS

Leave a Reply

Your email address will not be published. Required fields are marked *