မျက်လုံးအားနည်းသူများ ၊ ဖုန်း၊ကွန်ပျူတာ အကြည့်များသူများအတွက် မျက်စိ လေ့ကျင့်ခန်း

မျက်လုံး အားနည်းသူများ မဖြစ်မနေလုပ်သင့်သည် မျက်စိ လေ့ကျင့်ခန်းများ

မင်္ဂလာပါ မိတ်ဆွေများ။ အခုခေတ်မှာ လူတိုင်းလိုလို ဖုန်းသုံးကြတယ်နော်။ ဖုန်းဟာ မျက်စိကို ထိခိုက်စေတယ်ဆိုပေမယ့် အခုခေတ်မှာ လူတိုင်းလိုလို ဖုန်း၊ကွန်ပျူတာ အသုံးပြုကြပြီး မျက်စိကို တစ်ချိန်လုံးအနားမရအောင် ကြည့်နေကြပါတယ်။

screen အလင်းရောင်ကို တောက်လျှောက်ကြည့်နေတဲ့ အခါ ရေရှည်မှာ မျက်စိကို ထိခိုက်လာစေပါတယ်။screen အလင်းရောင် အကြည့်များလို့ ပင်ပန်းပြီး အားနည်းနေတဲ့ မျက်လုံးတွေ ကို သွေးလှည့်ပတ်မှုကောင်းစေပြီး အမြင်ကြည်လင်စေ ဖို့ နေ့စဉ် လုပ်ပေးသင့်တဲ့ မျက်လုံးလေ့ ကျင့်ခန်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

(၁) နှစ်မိ နစ် မျက်တောင် ခတ်ခြင်းာ

လူအများနဲ့ ဆက်ဆံတဲ့နေရာမှာ သင့်ကို လက်ခံဖို့ ချစ်ခင်ဖို့ ဆိုတာ အလွန်အရေးကြီးပါတယ် မလိုအပ်ဘူးထင်ပြီး သင့် ရဲ့ဆက်ဆံပုံ ဆက်ဆံနည်း လွဲမှားသွားခဲ့ရင်တော့ သင် မိတ်ပျက်ပါပြီ ဒါကြောင့် ဒီ ဗီဒီယိုလေးကိုသာ ကြည့်ဖြစ်အောင်ကြည့်လိုက်ပါ

screen ကိုကြည့်တာများတဲ့အခါ မျက်တောင်ခတ်တဲ့အကြိမ်အရေအတွက်နည်းပြီး မျက်လုံးခြောက်သွေ့ခြင်းကို ဖြစ်စေပါတယ်။

ဒါကြောင့် ဖုန်း၊ ကွန်ပျူတာကိုဆက်တိုက်ကြည့်ပြီးတဲ့အခါ နှစ်မိနစ်လောက်မျက်တောင်ခတ်ပေးပါ။မျက်လုံးညောင်းညာနေတာကိုပြေစေပြီး အမြင်ကြည်လင်စေပါတယ်။

(၂) မျက်နှာကျက် ကိုမော့ကြည့်ပြီး ဦးခေါင်းဘယ်ညာလှည့်ခြင်း

ခေါင်းကိုမော့ပြီး မျက်နှာကျက်ကိုကြည့်ကာ ဦးခေါင်းကိုဘယ်ညာလှည့်ပေးပါ။ အဲ့ဒါကို နှစ်မိနစ်ခန့်လုပ်ပေးပါ။ ခေါင်းကိုမော့ပြီး မျက်နှာကျက်ကိုကြည့်ကာ ဦးခေါင်းကိုဘယ်ညာလှည့်ပေးပါ။ အဲ့ဒါကို နှစ်မိနစ်ခန့်လုပ်ပေးပါ။

(၃) ငါးမိနစ်လောက် မျက်စိ မှိတ်ထားခြင်း

ဖုန်း ကွန်ပျူတာ ကိုကြည့်တာကြာလာတဲ့အခါ မျက်စိကိုမှိတ်ထားပြီး ငါးမိနစ်လောက်နေပေးပါ။ အဲ့ဒါက မျက်စိကိုအနားရစေပြီး မျက်စိအားနည်းခြင်းမဖြစ်အောင်ကာကွယ်ပေးပါတယ်။

(၄)စက္ကန့်အနည်းငယ်လောက် မျက်စိကို တင်းတင်းမှိတ်ထားခြင်း

မျက်စိအရမ်းညောင်းပြီး တင်းကြပ်နေတဲ့ အခါ မျက်လုံးကို ၂ စက္ကန့်၊ ၃စက္ကန့်လောက် တင်းတင်းမှိတ်ထားပြီး ပြန်ဖွင့်လိုက်ပါ။ ဒါက မျက်လုံးကို အနားရစေပါတယ်။

(၅) မျက်ခုံးတလျှောက်နှိပ်နယ်ပေးခြင်း

screen ကိုကြည့်တာများပြီး မျက်လုံးက ပင်ပန်းလာတဲ့အခါ မျက်စိ ကို ခဏမှိတ်ထားပြီး မျက်ခုံးတလျှောက် ကို လက်ချောင်းထိပ်လေးတွေနဲ့ နှိပ်နယ်ပေး လိုက်ပါ။

မျက်လုံး ကိုသွေးလှည့်ပတ်မှုကောင်းစေပါတယ်။

(၆) အနီး၊အဝေးတ လှည့် စီကြည့်ခြင်း

လက်ကိုဆန့် လိုက်ပြီး လက်မကိုထောင်ထားကာ မျက်စိက အဲ့ဒီလက်မကို ၅ စက္ကန့်လောက်စိုက်ကြည့်ပါ။ ပြီးတာနဲ့ အဝေးကသစ်ပင် ဒါမှမဟုတ် အရာဝတ္ထုဆီကို အကြည့်လွဲလိုက်ပြီး အဲ့ဒီအရာကိုလည်း ၅ စက္ကန့်လောက်စိုက်ကြည့်ပါ။

ဒီလိုမျိုး အနီး၊အဝေးတလှည့်စီကြည့်ပေးခြင်းက မျက်မှန်သမားတွေကို ပါဝါလျော့အောင်ကူညီပေးနိုင် ပါတယ်။

ခရစ်ဒစ်

Likes:
0 0
Views:
871
Article Categories:
KNOWLEDGE

Leave a Reply

Your email address will not be published. Required fields are marked *