အကြံ နဲ့ ဉာဏ် ရဲ့ ခြားနားချက်

အကြံ နဲ့ ဉာဏ် ရဲ့ ခြားနားချက်

 

 

 

တစ်ခါက ဆိုကရေးတီးကို သူ့ကျောင်းက တပည့်တစ်ယောက်ကမေးတယ်။ ” ဆရာကြီး အကြံ နဲ့ ဉာဏ်ကို တွဲပြီးရေးထားတာတွေ့ရတယ်။ အဲဒီတော့ အကြံ နဲ့ ဉာဏ်ဟာ ဆိုလိုရင်း အတူတူပေါ့နော် ” လို့မေးတယ်။ ဆိုကရေးတီးက ဘာမှမပြောပဲ အနီးနားက ကျောက်တုံးနှစ်တုံးကို ကောက်လိုက်တယ်။ ပြီးတော့ ကျောက်တုံးနှစ်တုံး ကို အရှိန်ပြင်းပြင်းနဲ့ ပွတ်တိုက်တယ်။ ကျောက်တုံးက မီးစလေးတွေဖျက်ခနဲ ဖျက်ခနဲ ထွက်လာတယ်။ ဒါကိုပြပြီးတော့ ဆိုကရေးတီးက ” အကြံဆိုတာ ဒီကျောက်တုံးလိုပဲ မီးမဖြစ်နိုင်ဘူးလို့ ထင်ပေမယ့် ခတ်လိုက်တဲ့ အခါ တဖြတ်ဖြတ် ပွင့်လာတဲ့ မီးပွားလေးတွေလိုပဲ အကြံဆိုတာ တစ်ချက်တစ်ချက် ရလာတဲ့မီးပွားလေးနဲ့တူတယ် လင်းတယ်။အမှောင်ထဲမှာ လက်တယ်။ ဒါပေမယ့် ကြာကြာမခံဘူး “အဲဒီနောက်မှာတော့ ဆိုကရေးတီးက ကောက်ရိုးပုံနားကို သွားတယ်။ ကောက်ရိုးပုံနားမှာ ခုနကလို ကျောက်တုံးတွေ ခတ်တယ်။

 

 

 

အနားက ကောက်ရိုးတွေ မီးလောင်သွားပြီးတော့ ကောက်ရိုးပုံကြီး တစ်ခုလုံးကို မီးကူးစက်သွားတယ်။ဒါကိုပြပြီးတော့ ဆိုကရေးတီးက..” ဉာဏ်ဆိုတာ ဒီလိုပဲ ပြောရမယ်ဆိုရင် ပိုပြီး မီးတောက်စေမယ့် ကောက်ရိုးတွေလိုပဲ။ အကြံတွေက မီးပွားလေးတွေဖြစ်ပြီး အကြာကြီးမခံပေမယ့် ဉာဏ်က အဲဒီမီးပွားလေးတွေကို ထက်ပွားစေပြီးတော့ ကြီးထွားစေတယ်။ တကယ်လို့ သစ်ချောင်းတွေဆိုရင် ပိုပြီးတော့ ထိန်းသိမ်းထားနိုင်စေတယ်။အကြံပဲရှိပြီး ဉာဏ်မရှိတဲ့သူတစ်ယောက်ဟာ ခဏတာကောင်းစားတယ်။ ဉာဏ်ရှိပြီး အကြံမရှိတဲ့သူဟာလဲ မီးတောက်ဖို့ အလားအလာမရှိတဲ့ ကောက်ရိုးပုံကြီးလိုပဲ မထက်မြက်ဘူး။ဒါကြောင့် လောကမှာ အကြံရှိသူတွေက ဉာဏ်ရှိသူတွေကို သွားရောက်ခစားကြသတဲ့ ကဲငါ့တပည့် အကြံနဲ့ ဉာဏ်ရဲ့ ခြားနားချက်ကို မြင်ပီလား။

 

မူရင်း Credit

 

Likes:
0 0
Views:
213
Article Categories:
KNOWLEDGE

Leave a Reply

Your email address will not be published. Required fields are marked *