ထီး

၁၉၆၂ ဗိုလ်နေဝင်းတော်လှန်ရေးကောင်စီစစ်အာဏာမသိမ်းခင်အထိ “ ကြက်ဆင် ” တံဆိပ်ဖဲထီးဆိုတာမြန်မာပြည်မှာအရမ်းနာမည်ကြီးခဲ့တယ်။လှိုင်မြို့နယ်မှာစက်ရုံရှိပြီးပိုင်ရှင်ကပဲခူးတိုင်းအုန္နဲမြို့ကလယ်ပိုင်ရှင်မျိုးရိုးပါ။ မန္တလေးနဲ့အထက်မြန်မာနိုင်ငံမှာ “ အိမ်တော်ရာထီး “ အရမ်းနာမည်ကြီးခဲ့တယ်။

သံဃာတော်ထီးနဲ့အမျိုးသမီးဆောင်းထီးအထူးထုတ်လုပ်ခဲ့တယ်။ဧရာဝတီတိုင်းမြို့တော်ပုသိမ်မြို့ကထုတ်လုပ်တဲ့ “ ပုသိမ်ထီး ” ကမြန်မာတနိုင်ငံလုံးဟိုးဟိုးကျော်ခဲ့ပါတယ်။ငယ်ငယ်ကကစားရင်းနဲ့နေပူရင် ပုဆိုးခြုံပြီးဆက်ဆော့တယ်။ဦးထုပ်ဆောင်းလေ့မရှိတော့နေဘယ်လောက်ပူပူဘာမှမဖြစ်ဘူး။

နေပူတာကိုယ်နဲ့မဆိုင်ဘူးထင်တာ။အချို့နယ်ဘက်ကပြောင်းလာတဲ့ သူငယ်ချင်းတွေနေပူထဲသွားရင် အမြဲဦးထုပ်ဆောင်းလေ့ရှိတာသတိထားမိတယ်။မိန်းကလေးဆောင်းခေါက်ထီးက အနက်ရောင်များတယ်။

ခေါက်ထီးနှစ်ဆစ်ချိုး၊သုံးဆစ်ချိုး၊ထိုင်းကမှောင်ခိုဝင်တာ။ထီးကိုအရောင်နဲ့မတွေ့သလောက်ပဲ။အချို့အရွယ်ရောက်ပြီးမမတွေက ကျောင်းစာအုပ်မဂ္ဂဇင်းစာအုပ်လေးကိုခေါင်းပေါ်တင်ပြီးနေပူထဲသွားတာကားဂိတ်မှာကားစောင့်နေတာတွေ့တယ်။

ကျနော်တို့အသက်နှစ်ဆယ်အစိတ်မှာဝါးဆစ်ရိုးထီးခေတ်စားတယ်။လက်ကိုင်ဝါးဆစ်ရိုးပုံစံဖြစ်လို့ ဝါးဆစ်ရိုးထီးပဲခေါ်ကြတယ်။ထီးကောက်အရှည်အနက်ရောင်တစ်မျိုးထဲ။တရုပ်လုပ် ၁၉၈၃-၈၄ ကတစ်ချောင်း ၄၅ ကျပ်။တိုက်လေးလုံးကသူငယ်ချင်းတယောက်သူဘယ်သွားသွားဝါးဆစ်ရိုးထီးပါတယ်။

သူ့ထီးကိုကြည့်ပြီးသဘောကျတယ်။ထီးရှည်တော့ အရေးအကြောင်းလက်နက်ဖြစ်တယ်။အနည်းဆုံးခွေးခြောက်လို့ရတယ်။ဝါးဆစ်ရိုးထီးလေးတစ်ချောင်းဝယ်ကိုင်ပါတယ်။တစ်လလောက်ပဲသုံးရသေးတယ်ဝါးဆစ်ရိုးလက်ကိုင်ကျိုးသွားလို့စိတ်လေသွားတယ်။အဲ့တုံးကလက်ကိုင်အသစ်ပြန်လဲတာမရှိသေးဘူ။

ကော်ကပ်လည်းခဏပဲခံတယ်။ထီးကိုလွန်ခဲ့တဲ့ နှစ်ပေါင်းလေးထောင်ကပထမဦးဆုံးစအသုံးပြုခဲ့တယ်။ကမ္ဘာ့ရှေးအကျဆုံးထီးကို အီဂျစ်၊ဆီးရီးယား၊ဂရိနဲ့တရုပ်နိုင်ငံမှာတွေ့ရတယ်။ခရစ်တော်မပေါ်မှာ နှစ် ၃၅၀၀ ထဲကထီးကိုတရုပ်နိုင်ငံမှာတည်ထွင်ခဲ့တယ်။နေပူဒဏ်ကာကွယ်ဖို့အတွက်ထီးကိုတရုပ်ထွင်သုံးခဲ့ကြတယ်။

ထီးကိုဝါး၊ဆီစိမ်စက္ကူနဲ့လုပ်တာ။ဘိုလို Umbrella ခေါ်တဲ့ထီးက မူရင်းလက်တင်စကား Umbra ကဆင်းသက်လာတာ။Umbra ဆိုတာ လက်တင် (Latin) ဘာသာ “အရိပ်” ဖြစ်တယ်။ ၁၆ ရာစုမှာထီးဟာဥရောပနဲ့အမေရိကတိုက်မှာမိုးတွင်းသုံးအဓိကလူသုံးပစ္စည်းဖြစ်လာတယ်။

ထီးရွက် ကို Parasol ခေါ်တယ်။ပြင်သစ်(ဒါမှမဟုတ်)စပိန်စကားပါ။Para ဆိုတာရပ်ဆိုင်းတာ၊ဒိုင်းလိုကာကွယ်ပေးတာ၊ Sol ဆိုတာနေမင်းနေဒဏ်ကာကွယ်ပေးတဲ့အဓိပ္ပါယ်ပါ။အင်္ဂလန်အပါအဝင်ဓနသဟာယနိုင်ငံမှာထီးကို Umbrella မခေါ်ဘူး။ဘန်းစကား Brolly ခေါ်ကြတယ်။

သမိုင်းမှတ်တမ်းအရခေါက်ချိုးရတဲ့ထီးကိုတရုပ်နိုင်ငံမှာ AD 21 မှာ စအသုံးပြုခဲ့တယ်။မြန်မာဂုဏ်ယူတဲ့ပုသိမ်ထီးဆိုတာဂျပန်ရိုးရာထီးကိုဆင့်ပွားယူထားတာ။ထီးပျောက်တာထီးမှားဆောင်းခဲ့တာအများကြီးပဲ။အခုတော့နွေ၊မိုးဘယ်အချိန်အပြင်ထွက်ထွက်ထီးမပါလို့မရတော့ဘူး။

နေပူမိရင်လူမသက်သာဘူး။ခေါက်ထီးထက်စာရင်ထီးအရှည်ကိုကိုင်ရတာပိုကြိုက်တယ်။အိမ်တော်ရာထီးနဲ့တခေတ်ကမိန်းမပျိုတဦး။

Ref: wikipedia.org လွင်ဦး(ရန်ကင်း)#lwinooyankin

Likes:
0 0
Views:
731
Article Tags:
Article Categories:
BooksHistoryKNOWLEDGE

Leave a Reply

Your email address will not be published. Required fields are marked *