ချင်းအမျိုးသားနေ့ ဖြစ်ပေါ်လာပုံ။

ပြည်ထောင်စုမြန်မာနိုင်ငံတော်တွင် ချင်းအမျိုးသားတစ်ရပ်လုံးက ချင်းအမျိုးသားနေ့ကို ၁၉၅၁ခုနှစ်မှစ၍နှစ်စဉ် ကျင်းပ လာခဲ့ကြသည်မှာ ၂၀၂၀ ခုနှစ်တွင် (၇၂)ကြိမ်မြောက်ရှိခဲ့ပြီဖြစ်သည်။ချင်းအမျိုးသားနေ့သည် ချင်းလူမျိုးများ၏ သူ့ကျွန်မခံလို သည့်စိတ်ဓာတ်၊နယ်ချဲ့ဆန့်ကျင်ရေးစိတ်ဓာတ်၊ အမျိုးသားရေးစိတ်ဓာတ်နှင့် လူထုဆန္ဒအရ ဒီမိုကရေစီ စနစ်ဖြင့် အုပ်ချုပ်သည့် စနစ်ကိုမြတ်နိုးသည့်စိတ်ဓာတ်တို့အပေါ်အခြေခံ၍ ပေါက်ဖွားလာခဲ့ခြင်းဖြစ်သည်။

ဖေဖော်ဝါရီလ (၂၀)ရက်နေ့ကို ချင်းအမျိုးသားနေ့အဖြစ် သတ်မှတ်ရသည့်အကြောင်းရင်းဖြစ်သောသမိုင်း၀င် ဖြစ်ရပ်ကြီး (၃)ရပ်ရှိခဲ့သည်။

ပထမသမိုင်းဖြစ်ရပ်မှာ – နယ်ချဲ့အင်္ဂလိပ်တို့လက်အောက်ကျရောက်ခဲ့ကြရသည့် ချင်းအမျိုးသားတို့သည် အခြေ အနေအရ နယ်ချဲ့စစ်တပ်တွင် အမှုထမ်းခဲ့ကြရသော်လည်းမိမိလူမျိုးလွတ်လပ်ရေးအတွက်နယ်ချဲ့ကိုပြန်လည် တွန်းလှန်မောင်း ထုတ်နိုင်ရန် ခေတ်ပညာတတ်မြောက်ဖို့လိုအပ်ကြောင်း သဘောပေါက်သည့်အလျောက် မင်းတပ်မြို့နယ် ၀မ်မသူးရှာသား ဦး၀မ္မသူးမောင်း ဦးဆောင်သောချင်းမျိုးချစ်ပုဂ္ဂိုလ်များကဦးဆောင်၍ ၁၉၁၈ခုနှစ်ဖေဖော်ဝါရီလ (၂၀)ရက်နေ့တွင် ချင်းအမျိုးသား များ ပညာမြှင့်တင်ရေးအဖွဲ့ကို မေမြို့(ပြင်ဦးလွင်)တွင် ဖွဲ့စည်းပြီး ချင်းအမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးကို စတင်ဆောင်ရွက် ခဲ့သည်။

ဒုတိယသမိုင်းဖြစ်ရပ်မှာ – ချင်းအမျိုးသားများ၏နိုင်ငံရေးသမိုင်းတွင် ပထမဦးဆုံးနိုင်ငံရေးအဖွဲ့အစည်းဖြစ်သော ချင်းတောင်ညီညွတ်ရေးအဖွဲ့၏ နယ်ချဲ့ဆန့်ကျင်ရေးလှုပ်ရှားမှုဖြစ်သည်။ဦး၀မ္မသူးမောင်းသည် ၁၉၂၄ခုနှစ်တွင် နယ်ချဲ့စစ်တပ်မှ နှုတ်ထွက်ပြီး ၁၉၂၅ခုနှစ်တွင် သူ၏ဇာတိ ၀မ်မသူးရှာ၌ မူလတန်းကျောင်းဖွင့်ပြီး အမျိုးသားရေးအတွက် စတင်လှုပ်ရှားခဲ့သည်။

၁၉၃၄ခုနှစ် မတ်လတွင်မင်းတပ်မြို့နယ် မသုန်နူးကျေးရွာ၌ချင်းအမျိုးသားများ စည်းလုံးညီညွတ်ရေးအဖွဲ့ ဖွဲ့စည်းပြီး ၁၉၃၉ခုနှစ် ဇူလိူင်လ (၂၈)ရက်နေ့တွင်ချင်းတောင်ညီညွတ်ရေးအဖွဲ့ဟုပြောင်းလဲခေါ်ဝေါ်ကာ နယ်ချဲ့ဆန့်ကျင်ရေးလှုပ်ရှားမှုများလုပ်ဆောင် ခဲ့သည်။

ယင်းအဖွဲ့သည် ဒို့ဗမာအစည်းအရုံးနှင့် ဖဆပလ အဖွဲ့ချုပ်တို့ကို ဆက်သွယ်ကာ ဗြိတိသျှဘုရင်ခံထံ ချင်းအမျိုးသားတို့၏ အခွင့်အရေးနစ်နာချက်(၉)ချက်ကိုတောင်းဆိုခဲ့သည်။ မြန်မာပြည်ဆိုင်ရာအင်္ဂလိပ်ဘုရင်ခံကချင်းအမျိုးသားတို့၏တောင်း ဆိုချက် များကိစ္စကို ဖြေရှင်းရန် မကွေးတိုင်းမင်းကြီး မစ္စတာနီလာ၊ကန်ပက်လက်နယ်ခြား၀န်ထောက်ဂျေဖူးညိုတို့ကိုကန်ပက်လက်မြို့ သို့ စေလွှတ်ခဲ့သည်။

၁၉၄၀ခုနှစ် ဖေဖော်ဝါရီလ(၂၀)ရက်နေ့တွင်ဦး၀မ္မသူးမောင်းခေါင်းဆောင်သော ချင်းတောင်ညီညွတ်ရေးအဖွဲ့နှင့် လူထု (၁၀၀၀) တစ်ထောင်ခန့်တို့သည် ကန်ပက်လက်မြို့၌ ဗြိတိသျှနယ်ချဲ့ကိုယ်စားလှယ်အဖွဲ့နှင့်တွေ့ဆုံပွဲ (ဒါဘာပွဲ) ပြုလုပ်ခဲ့ကြ သည်။ ဒါဘာပွဲတွင်မစ္စတာမက္ကရီကင်းက ချင်းတောင်ညီညွတ်ရေးအဖွဲ့၏ အရေးကြီးသောတောင်းဆိုချက်အချို့ကို မလိုက်လျော ပေးနိုင် ကြောင်းဖြေကြားရာ ဗြုန်းကနဲချင်းလူထုကြီးကထလာက လက်သီးလက်မောင်းတန်း၍ အော်ဟစ်ဆန့်ကျင်ခဲ့ကြသည်။

လုံးဝမျှော် လင့်မထားသော ချိုးချင်းလူမျိုးတို့၏ ဆန့်ကျင်ဆန္ဒပြမှုကို ထိတ်လန့်တုန်လှုပ်ကာ နယ်ချဲ့ဗြိတိသျှကိုယ်စားလှယ် အဖွဲ့ သည် ဆောမြို့သို့ချက်ချင်းထွက်ပြေးခဲ့ကြသည်။ မကြာမီ ဗြိတိသျှအစိုးရက ချင်းတောင်ညီညွတ်ရေးအဖွဲ့ကို မတရား အသင်းဟု ကြေညာကာ ချင်းတောင်အုပ်ချုပ်ရေး စည်းမျဉ်းဥပဒေအရ ဦး၀မ္မသူးမောင်းနှင့် ချိုးချင်းခေါင်းဆောင်(၉)ဦးတို့ကို ၂၄ – ၃ – ၁၉၄၀ ခုနှစ်တွင် စတင်ဖမ်းဆီးခဲ့သည်။ ချိုးချင်းမျိုးချစ် (၁၃၀)ကျော်ဖမ်းဆီးခံရပြီး ဖလမ်း၊ တီးတိန်၊ ဟားခါး၊ မြင်းခြံ ၊ ကသာနှင့် မန္တလေးထောင်များ တွင် အကျဉ်းချထားခြင်းခံခဲ့ကြရသည်။

တတိယသမိုင်းဖြစ်ရပ်မှာ – လွတ်လပ်ရေးရပြီးနောက် ချင်းဝိသေသတိုင်း၌ နယ်ချဲ့အမွေ ဗြူရိုကရက်အုပ်ချုပ်ရေးစနစ် ဖျက်သိမ်းပြီး ခေတ်မီဒီမိုကရေစီအုပ်ချုပ်ရေးစနစ်အစားထိုးကျင့်သုံးရန်အဆိုကို အတည်ပြုဆုံးဖြတ်ခဲ့သည့် လူထုလှုပ်ရှားမှုဖြစ် သည်။

မြန်မာနိုင်ငံလွတ်လပ်ရေးရပြီးနောက် ၁၉၄၇ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေအရ ပေါ်ပေါက်လာသော ချင်းဝိသေသ တိုင်းတွင် ချင်းအမျိုးသားအများစုက နယ်ချဲ့စနစ်၏ အမွေဟောင်းဗြူရိုကရေစီအုပ်ချုပ်ရေးစနစ်ကို မလိုလားမှုများပိုမိုပြင်းထန် လာရာ ချင်းရေးရာဌာနက ၀နျကွီးအဖှဲ့သို့ခငြျးတောငျစုံစမျးရေးကောျမရှငျအဖှဲ့ ဖွဲ့ပေးရန်တင်ပြခဲ့ရာ ၅-၂-၁၉၄၈ တွင်ဖွဲ့စည်းပေး ခဲ့သည်။ ထိုအဖွဲ့က စုံစမ်းလေ့လာပြီး ၂၂-၉-၁၉၄၈ တွင်ဗြူရိုကရေစီအုပ်ချုပ်ရေးကိုဖျက်သိမ်း၍ ဒီမိုကရေစီစနစ်ဖြင့် အုပ်ချုပ်သည့် စနစ်ကိုကျင့်သုံးရန်နှင့်တိုက်သူကြီးများဖြင့်အုပ်ချုပ်သည့်စနစ်ကို အဆုံးသတ်သင့်ကြောင်း ထောက်ခံတင်ပြခဲ့သည်။

ဤအတောအတွင်း ၁၉၄၈ခုနှစ် ဖေဖော်ဝါရီလ (၂၀)ရက်နေ့တွင် ဖလမ်းမြို့၌ လူထုအစည်းအဝေးပွဲတစ်ရပ်ကျင်းပခဲ့ သည်။ထိုအစည်းအဝေးတွင် ချင်းဝိသေသတိုင်း၌ ဒီမိုကရေစီအုပ်ချုပ်ရေးစနစ် ကျင့်သုံးရေးအတွက် နယ်ချဲ့အမွေအုပ်ချုပ်ရေး စနစ်ဟောင်းကိုဖျက်သိမ်းရန်အဆိုကို တင်သွင်းရာ အားလုံးကထောက်ခံအတည်ပြုခဲ့သည်။

ထိုသို့လျှင်ချင်းဝိသေသတိုင်း၌ နယ်ချဲ့အမွေအုပ်ချုပ်ရေးစနစ်ဟောင်းကိုဖျက်သိမ်းပြီး ဒီမိုကရေစီစနစ်ဖြင့်အုပ်ချုပ်သော စနစ်တည်ထောင်ရန်ဆုံးဖြတ်ခဲ့သည့် ၁၉၄၈ခုနှစ် ဖေဖော်ဝါရီလ (၂၀)ရက်နေ့၊ ကန်ပက်လက်ဒါဘာပွဲ၌ နယ်ချဲ့ဗြိတိသျှအစိုးရကို ရဲဝံ့စွာဆန့်ကျင်ဆန္ဒပြခဲ့သည့်၁၉၄၀ခုနှစ် ဖေဖော်ဝါရီလ(၂၀)၊

ချင်းအမျိုးသားများပညာမြှင့်တင်ရေးအဖွဲ့ ဖွဲ့စည်း၍ အမျိုးသား ဖွံ့ဖြိုး တိုးတက်ရေးအတွက် စတင်လှုပ်ရှားခဲ့သည့် ၁၉၁၈ ခုနှစ် ဖေဖော်ဝါရီလ(၂၀)ရက်တို့သည်ချင်းအမျိုးသားတစ်ရပ်လုံးအတွက် အလွန်ထူးခြားဂုဏ်ယူဖွယ်ရာနေ့ရက်များဖြစ်သည်ဟု ချင်းရေးရာကောင်စီက သုံးသပ်ခံယူလျက် ဤနေ့ထူးနေ့မြတ်ဖေဖော်ဝါရီလ (၂၀)ရက်နေ့ကို ချင်းအမျိုးသားနေ့အဖြစ်သတ်မှတ်ကာ နှစ်စဉ်ဂုဏ်ပြုကျင်းပရန် ၁၉၅၀ခုနှစ် အောက်တိုဘာလ (၉)ရက်နေ့တွင် ဆုံးဖြတ်ခဲ့ပါသည်။

ထိုသို့သတ်မှတ်ပြီး ပထမဆုံးအကြိမ် ချင်းအမျိုးသားနေ့ကို မင်းတပ်မြို့၌ ၁၉၅၁ ခုနှစ် ဖေဖော်ဝါရီလ (၂၀)ရက် နေ့တွင်စတင်ကျင်းပခဲ့ပေသည်။

ချင်းလူမျိုးအပေါင်းတို့၏ ချင်းအမျိုးသားနေ့သည်ကား သူ့ကျွန်မခံလိုသောစိတ်ဓာတ်၊ဒီမိုကရေစီစနစ်ကိုချစ်မြတ်နိုးသောစိတ်
ဓာတ်နှင့်အမျိုးသားရေးစိတ်ဓာတ်တို့မှ မွေးဖွားလာခဲ့သော နေ့ထူးနေ့မွတျဖွဈသညျ။ဤနေ့ထူးနေ့မွတျခငြျးအမြိုးသားနေ့ကိုကြှနျုပျတို့ခငြျးတဈမြိုးသားလုံးက နှစ်စဉ်ဖေဖော်ဝါရီလ(၂၀)ရက်နေ့ရောက်တိုင်း ဂုဏ်ယူကျင်းပကာ ချင်းအမျိုးသားညီညွတ်ရေးကို တည်ဆောက်လျက်ရှေ့သို့ချီတက်ကြပါစို့။

(ဆလိုင်းအောင်မင်းလှိုင်)

photo : credit

Credit

Likes:
0 0
Views:
572
Article Tags:
Article Categories:
BooksHistoryKNOWLEDGE

Leave a Reply

Your email address will not be published. Required fields are marked *