အေးရိပ် ( ဝတ္ထုတို )

အလျင်လိုနေသော သူ့ခြေထောက်တွေက နှေးကွေးနေသလို ခံစားရသည်။ဝေးကွာနေပြီဖြစ်သော မိသားစု အိမ်ကလေးကို အချိန်တိုင်း တမ်းတနေမိသည်။ ပြန်လည်ဆုံဆည်းဖို့ရာ အကြောင်းဖန်လာပြီမို့ ဒီတခါတော့ ဘယ်တော့မှ မခွဲတော့ဘူးလို့ ဆုံးဖြတ်ချက် ချထားသည်။မိုက်နောင်တသည် အချိန်မနှောင်းသေးပါဘူးဟု သူမျှော်လင့်မိသည်။

ဇနီးသည် ဝေမာနဲ့ သားလေး ဇင်မျိုး သူအရမ်းတွေ့ချင်နေသည်။ ခုချိန်ဆို သားလေးဇင်မျိုးတောင် လူပျိုကြီးဖြစ်နေလောက်ပြီပေါ့။အေးလေ အချိန်တွေက နည်းမှမနည်းတော့တာ….သူ့ရဲ့ အတွေးတွေက လွန်ခဲ့တဲ့ ဆယ်နှစ်ဆီသို့ ရောက်သွားသည်။”ဝေမာ နင့်မှာ ပိုက်ဆံဘယ်လောက်ရှိသေးလည်းရှိရင် မြန်မြန်ပေးဟာ သည်နေ့ ဝိုင်းကောင်းတယ်””မရှိတော့ဘူးလေ… ရှင်ပေးထားတာ အိမ်လခနဲ့ ဆန်ဝယ်လိုက်ပြီ လက်ထဲ သုံးထောင်ပဲရှိတော့တယ်””

ဟာ.. သည်မိန်းမ အကုန်သုံးလိုက်ရလားဟ..နည်းနည်းပါးပါးချန်ထားပါလား””ကို သိန်းဇင်..ရှင် သည်အလောင်းကစားကြီးကို မလုပ်ပါနဲ့လား၊ ပတ်ဝန်းကျင်မှာလည်း ဖဲသမားမယားအမြဲအပြောခံရတယ်။ကျွန်မအတွက် ဘာမှမဖြစ်ပေမယ့် ကျွန်မ သားလေးအတွက် ရှင်စဥ်းစားပေးပါ ပတ်ဝန်းကျင်မှာ ရှင့်သားလေး အမြဲမျက်နှာငယ်ရတာ ရှင်မသနားဘူးလား””တော်စမ်း ဝေမာ ပတ်ဝန်းကျင် ဘာဂရုစိုက်ရမှာလည်း ငါ့မရှိရင် သူတို့ထမင်းကျွေးထားတာမဟုတ်ဘူး။

ဘာမှ ဂရုစိုက်စရာမလိုဘူး နင်ကို တစ်သတ်လုံး ဖဲရိုက်ကျွေးလာတာ ခုမှ ဘာပတ်ဝန်းကျင်လည်း၊ ဘာရှက်တာလည်း ငါနားမလည်ဘူး ထွီး…””မဟုတ်ပါဘူး…ရှင် ကျွန်မတို့ သားအမိနှစ်ယောက်ကို မငတ်အောင်ထားခဲ့ပါတယ်။ ဒါပေမယ့်လေ…ဟို ဟို…သားလေးအတွက်…””တော်စမ်းဟာ…ဖဲရိုက်စားတဲ့ကောင်ရဲ့သားဖဲသမားသား ပြောတာ ဆန်းလားဟ..ဘာမှ မပြောတော့နဲ့…. နင့်လက်စွပ်ပေး”ဝေမာ ဘာမှမပြော ဝတ်ထားတဲ့ လက်စွပ်လေးကို ချွတ်ပေးလိုက်သည်။

သူလိုချင်တာ ရသွား၍က်ိုသိန်းဇင် ..အိမ်ပေါ်က အမြန်ဆင်းသွားသည်။လင်ဖြစ်သူ..နောက်ကျောကိုကြည့်ရင်း မရေရာတဲ့ သူတို့ဘဝလေးအတွက် ဝေမာရင်လေးနေမိသည်။ခုဆို သားလေးက ဒုတိယတန်းကျောင်းသားဖြစ်နေပြီ အရွယ်ကြီးလာရင် ပတ်ဝန်းကျင်ရဲ့ စကားတွေကြောင့် သိမ်ငယ်မှာ၊ မျက်နှာငယ်ရမှာ မိခင်တစ်ယောက်အနေနဲ့ အမြဲစိတ်ပူနေရသည်။အိမ်ထောင်ကျကတည်းက တခြားအလုပ်လုပ်ပါလားအမြဲပြောတိုင်း သည်အလုပ်ပဲလုပ်တတ်သည်ဟုပြောသည်။

သူ့ဝါသနာကို မစွန့်နိုင်ဟု ပြော၍ဖဲသမား မယားအဖြစ် ကံကြမ္မာအတိုင်းနေခဲ့ရသည်။ ခုတော့ သားလေးလည်း သူလိုပင် ခံစားရတော့မည်။ အလောင်းကစားသမားတို့ရဲထုံးစံအတိုင်း အိမ်ပြန်မရောက်သေးသမျှ စိတ်ပူနေရတာထုံးစံလိုဖြစ်နေပြီဖြစ်သည်။ကိုယ်တိုင်အလုပ်ထွက်လုပ်မယ်ဆိုလည်း လက်မခံ၊သူရှာကျွေးတာ စားဆိုတော့လည်း ဘာမှ မပြောချင်တော့၊သူ့တတ်တဲ့ပညာနဲ့ သားနဲ့မယားကို လုပ်ကျွေးနေသူမို့…

လင်ဖြစ်သူကိုလည်း ဝေမာ အပြစ်မမြင်၊အလောင်းကစား သမားတို့ ထုံးစံအတိုင်း နိုင်တလှည့်၊ရှုံးတလှည့်မို့….သူ့ဆင်ပေးသမျှ ရွှေထည်သည်လည်း နေ့မြင်ညပျောက်မို့ ဝေမာအတွက် မက်မောမူမရှိတော့ပေ။အတွေးကောင်းနေဆဲ…”ဝေမာ…ဟိုဖက်လမ်းထဲ ဖဲဝိုင်းမှာ လူသတ်မူဖြစ်လို့တဲ့ လူနှစ်ယောက်ပွဲချင်းပြီး သေ သွားတာတဲ့…နင် သွားစုံစမ်းအုံး…နင့်လင်က ဖဲဝိုင်းဆို သူပါပြီးသား””ဟုတ်လား..ဒါ…

ဒါဆို ဝေမာ သွားကြည့်အုံးမယ် မမြရေ”လင်ယော်ကျားကို စိတ်ပူ၍ ဝေမာ အခင်းဖြစ်ရာနေရာသို့ အပြေးလေးသွားမိသည်။ရောက်သွားတော့ ရဲကားများ၊ ရပ်ကွက်လူကြီးများအလုပ်ရှုပ်နေကြသည်။ ဘယ်သူကိုမှပေးမဝင် ၊အတန်ကြာတော့ လက်ထိပ် ခတ်ကြီးနဲ့ ကိုသိန်းဇင်ကို တွေ့လိုက်ရသည်။ ဝေမာ မျက်လုံးတွေပြာဝေသွားသည်။

မဟုတ်ပါဘူး၊ မဟုတ်လောက်ပါဘူး၊”ကိုသိန်းဇင်..ဟင့်.ဟင့်””ဝေမာ…ငါလူနှစ်ယောက်ကို သတ်မိပြီ…စိတ်မထိန်းနိုင်ခဲ့ဘူး…ငါ့အပေါ်လူလည်ကျ ဖဲလိမ်ရိုက်လို့….နင်.သားလေးကို ခေါ်ပြီး နင့်အမေအိမ်ပြန်”ဟင့်..ဟင့်ကိုသိန်းဇင်ရယ်…”ငါပြောတာကြားလား..ဘာထောင်ဝင်စာမှ လာမတွေ့နဲ့ ဘာမှ လာမပေးနဲ့… ဘယ်တော့မှ လာမတွေ့နဲ့၊ငါ့မိုက်ပြစ် ငါခံမယ်။ငို မနေနဲ့ နင်သွားတော့”ပြတ်သားလှတဲ့ လူမိုက်ကြီးကို အချုပ်ကားပေါ်တင်သွားကြပြီဖြစ်သည်။

သူ့မိုက်ပြစ်ဒဏ်က ထောင်(12)နှစ်ကျသည်။ခုတော့ ဆယ်နှစ်ကျော်မတွေ့ရသေးတဲ့ ဇနီးနဲ့သားလေးကို သူတွေ့ချင်နေမိသည်။ဝေမာ သူ့အမေ အိမ်မှာ ပဲရှိမှာပါလေ။ “ဝေမာ.ဝေမာ..သား….သားလေးဇင်မျိုး”သူ့အော်သံကြောင့် ဆယ့်ရှစ်နှစ်အရွယ် ကောင်းလေးတစ်ယောက်ထွက်လာသည်။ အရပ်က အမြင့်ကြီး သူ့ထက်ကို မြင့်သည်။”အဖေ.. “”အမေ သည်မှာ အဖေပြန်လာပြီ…”သားအော်သံကြောင့်…… အထဲမှာစက်ချုပ်နေရင်းနဲ့ ဒေါ်ဝေမာ ပြေးထွက်လာသည်။

“ကို သိန်းဇင် ရှင် ရှင် ကို သိန်းဇင်ရယ်”..လင်ဖြစ်သူ ရင်ခွင်ထဲဝင်၍ ငို မိသည်။”ဝမ်းသာလိုက်တာ ရှင်.။ဒီမှာ…ရှင့်သား ဇင်မျိုး လေ..”သားရယ်…သူသားက်ု ပွေဖက် နမ်းမိသည်။နုထွားလှ​သော သားကြီးက လူချောကြီးဖြစ်သည်။”သည်မယ်…ကိုသိန်းဇင် ရှင့်စကားကို ကျွန်မနားထောင်တယ်နော်၊ အလောင်းကစားသမားပေမယ်​့ ပြတ်သားတဲ့ ရှင့်စိတ်ဓာတ်ကို ကျွန်မလေးစားတယ်။ကိုယ်မိုက်ပြစ်ကိုလည်း မရှောင်တတ်ဘူး။

ခုဆို ကျွန်မကို ဖဲသမားမယားအပြင် လူသတ်သမားမယား၊ထောင်ထွက်မယားလည်း ပြောကြတော့မယ်။ သားလေးကိုလည်း ဒီလ်ိုပဲ ပြောကြတော့မယ်””ဝေမာရယ်…..ငါ ငါ…””အမေရယ် သားမရှက်ပါဘူးဗျာ ၊ အဖေက သားတို့ကို သူတတ်တဲ့ ပညာနဲ့ လုပ်ကျွေးခဲ့တာပဲ ၊ အဖေ့ကို မမုန်းဘူး၊လုပ်ရဲရင်ခံရဲတဲ့ စိတ်ဓာတ်ကို ကြိုက်တာ၊အဖေ့ကို သားဘယ်တုန်းကမှ မမုန်းခဲ့ဘူး”အဖေ့ကြောင့် သားမျက်နှာငယ်ခဲ့ရလည်း ခဏပါပဲဗျာ”သားရယ်….. သိတတ်လှသော သားလိမ္မာလေးကို တင်းတင်းပွေ့ဖက်ရင်း….လူကြမ်းကြီး ငိုနေပြီဖြစ်သည်။

သားအဖနှစ်ယောက်ကို ကြည့်ရင်း ဒေါ်ဝေမာတစ်ယောက် မျက်ရည်တွေနဲ့ ကြည်နူးမဆုံးတော့ပေ။”ရှင့်သားလေ…..ဟို ဘယ်သူနဲ့တူလည်းမသိဘူးတော်ရေ…..ဆယ်တန်းကို ဘာသာစုံဂုဏ်ထူးနဲ့အောင်ပြီး…ခု ဆေးတက္ကသိုလ် ဒုတိယနှစ်ဖြေထားပြီ””ဟင်….သားက သားက….””သားက နောက်ဆို ဆရာဝန်ဖြစ်မှာလေ…အဖေက ဆရာဝန်ကြီးရဲ့အဖေဖြစ်ပြီ””ဖဲသမားသား ဆရာဝန်မဖြစ်ဘူးလို့ ဘယ်သူပြောလည်း ခုရှင့်ကို ဘယ်သူမှ သိမှာမဟုတ်ဘူး။

စိတ်လည်းဝင်စားကြမှာမဟုတ်ဘူး။နှစ်တွေလည်းကြာပြီလေ…ရှင့်ကိုလူသတ်သမား၊ဖဲသမားလို့ မြင်လည်းခဏပဲ…..ရှင့်သားရဲ့ ဂုဏ်က လွှမ်းသွားပြီလေ။ ဆရာဝန်တစ်ယောက်ရဲ့ အဖေလို့ပဲ မြင်ကြမှာ.”ဒေါ်ဝေမာ… ရင်ကော့ခေါင်းမော့၍ ပြောသည်။”သားရယ်….””ဒီမှာ…ရှင်ဘာမှ မလုပ်တော့နဲ့ ရှင့်သားက အားတဲ့အချိန် စာပြပေးနေတာ။ ကျွန်မလည်း စက်ချုပ်နေတာ အောင်မြင်နေပြီ။ ဒီတစ်ခါ ရှင်ထိုင်စားရမယ့်အလှည့် အေးဆေးနေတော့”

“ငါ…ငါ….””ရှင်ဖဲရိုက်ချင်လား…သွားရိုက် မတားဘူး…””ဝေမာရယ်….””အမေကလည်း…..အဟီး…စနေတာ အဖေ့ကိုအဖေ့စိတ်ကြိုက်ပါ…..သားက အဖေ့ကို အလိုလိုက်မှာ…””ငါ့သားကလည်း ရိုက်စရာလားကွာ.”ဟား ဟား ဟားအားလုံးရဲ့ ပျော်ရွှင်သံတွေက သူတို့အိမ်လေးကို ဖုံးလွှမ်းသွားတော့သည်။

ပြီးဆောင်းမာန်ဝင့်အောင်(တောင်ကြီး)21.9.2013Photo.

Crd#ဆောင်းမာန်ဝင့်အောင်

Likes:
0 0
Views:
521
Article Categories:
Booksဝတ္ထုတို

Leave a Reply

Your email address will not be published. Required fields are marked *