ရန်ကုန်ဆေးရုံကြီးနဲ့ ရေခဲတိုက်

ရန်ကုန်ဆေးရုံကြီးနဲ့ရေခဲတိုက်ကို အင်္ဂလိပ်သိမ်းပိုက်ထားတဲ့‌ အောက်မြန်မာပြည်ရန်ကုန်မြို့မှာ ဝိတိုရိရခေတ်ဗိသုကာပုံစံနဲ့ ၁၈၉၉ ခုနှစ်တည်ဆောက်ခဲ့တယ်။ရွှေတိဂုံဘုရားလမ်းလေဟာပြင်ဈေးညဘက်ရောက်ရင်ကားလမ်းတဖက်ခြမ်းအုတ်တံတိုင်းနောက် ဆေးရုံကြီး ” ရေခဲတိုက် ” မြင်ရတာကျောချမ်းစရာ။

ရေခဲတိုက်ကိုအင်္ဂလိပ်လို Morgue ခေါ်ပေမယ့် အင်္ဂလိပ် – ပြင်သစ် ကပြားစကားမော်ကျူရီ (Mortuary) သုံးတာများကြတယ်။‌Mortuary ဆိုတာ ” ရင်ခွဲရုံ ” ပါ။အများသိတဲ့အတိုင်း Mortuary ဆိုတာလူသေကိုခဏသိမ်းထားတဲ့အအေးခန်းပါ။ရေခဲတိုက်ခေါ်ပါတယ်။လူသေကိုမသင်္ဂြုံလ်ခင်ရင်ခွဲစစ်ဆေးတာ၊သရဏဂုံတင်တာ၊သေလွန်သူရဲ့ဘာသာရေးဆိုင်ရာဓလေ့ထုံးတမ်းဆောင်ရွက်တဲ့နေရာဖြစ်ပါတယ်။

ရေခဲတိုက်ထဲမှာအပူချိန် 2 ~ 4 Degree Celsius ပဲထားပြီးလူသေကိုတစ်ပတ်ခန့်ထိမ်းသ်ိမ်းပေးထားတယ်။ဆေးကျောင်းသားကိုခန္ဒာဗေဒသင်ကြားပေးဖို့ထားတဲ့ဆေးတက္ကသိုလ်ရေခဲတိုက်မှာအပူချိန်ကို (- )10 မှ (-) 50 Degree Celsius အထိထားတယ်။

အအေးလွန်အောက်မှာလူသေကိုနှစ်ရှည်လများထိမ်းသိမ်းထားရင်ဒီလူသေဘယ်သူဆိုတာမခွဲခြားနိုင်‌ပါဘူး။ညဘက်မြို့ထဲရောက်လို့အဝေးကလှမ်းကြည့်ရင်အမြဲချောက်ခြားမိတဲ့ဆေးရုံကြီးရေခဲတိုက်ထဲကိုအဖေဆုံးတော့ပထမဦးဆုံးရောက်ဖူးတယ်။ရေခဲတိုက်ကနေအဖေ့ကိုရေဝေးပို့တဲ့နေ့ရေခဲတိုက်ထဲပထမဆုံးအကြိမ်ဝင်ဖူးခဲ့တယ်။

ကိုယ့်အဖေမှန်မမှန် ” ရေခဲတိုက် ” ကိုအတည်ပြုပေးရတာပါ။ငယ်ငယ်ကအိမ်မှာဆေးလာကုတဲ့နယ်ကဘကြီးတစ်ယောက်ရန်ကုန်ဆေးရုံကြီးမှာဆုံးသွားတယ်။ဖြစ်ခြင်တော့ဒီဘကြီးမှာ “ရွှေသွား”ရှိတယ်။အဖေကကျွန်တော့်အကိုကိုဆေးရုံကြီးရေခဲတိုက်ရောက်နေတဲ့ဘကြီးရွှေသွားကိုသွားဖြုတ်ခိုင်းတယ်။

ဆွေမျိုးတွေကိုပြန်ပေးနိုင်ဖို့ပါ။အခု ၆၃ နှစ်ရှိတဲ့အကိုကအဲ့တုံးကအသက် (၂၀) ပဲရှိသေးတယ်။သတ္တိခဲအကို ပလာယာခါးကြားထိုးပြီးရေခဲတိုက်ထဲကဘကြီးရဲ့”ရွှေသွား” ပြန်ဖြုတ်ယူလာနိုင်ခဲ့တယ်။ရေခဲတိုက်စောင့်ဝန်ထမ်းကိုအသုဘရှင်အသိအမှတ်ပြုလက်မှတ်ပြပြီး “ရွှေသွား” ပြန်တောင်းတာအစောင့်ဝန်ထမ်းကကိုယ်တိုင်ဝင်ယူဆိုတော့ယူခဲ့တာ။

ဝန်ထမ်းကကိုယ်ဝင်မယူရဲဘူးထင်လို့ဝင်ယူခိုင်းတာသိရတယ်။ရေခဲတိုက်အလောင်းကြားထဲမှာဘကြီးကိုအလောင်းနံပတ်နဲ့လိုက်ရှာပြီးဘကြီးပါးစပ်ထဲက”ရွှေသွား” ကိုပလာယာနဲ့ပြန်ဖြုတ်ယူခဲ့တာ။အကိုပြောပြတာကရေခဲတိုက်ထဲမှာအလောင်းကိုယောင်္ကျားမိန်းမ၊ကလေးမခွဲစင်ပေါ်မှာရောကြမ်းပေါ်မှာပါဖြစ်သလိုပုံထားကြတယ်။

အလောင်းအချို့ကဒွါရကိုးပေါက်ဂွမ်းဆို့ထားတယ်။P.R နံပတ်ခေါ်တဲ့ဆေးရုံကြီးကထုတ်ပေးတဲ့နံပတ်ပါတဲ့အဝတ်စလေးကို အလောင်းလက်မှာသားရည်ကွင်းနဲ့ပတ်ထားပြီးအလောင်းဘယ်သူဘယ်ဝါခွဲခြားနိုင်တယ်။ရန်ကုန်ဆေးရုံကြီး ” ရေခဲတိုက် ” သက်တမ်း ၁၂၃ နှစ်ရှိပြီ။

လွင်ဦး(ရန်ကင်း)#lwinooyankin

Likes:
0 0
Views:
398
Article Categories:
HistoryKNOWLEDGE

Leave a Reply

Your email address will not be published. Required fields are marked *