ချင်းချောင်းနန်းတော်ကြီး

ချင်းချောင်းနန်းတော်ကြီးဟာ ဗဟန်းမြို့နယ်အပိုင်ထဲမှာရှိပေမယ့် ရန်ကင်းနဲ့အရမ်းနီးစပ်ပါတယ်။လမ်းနီလေးမှတ်တိုင်ကလှမ်းကြည့်ရင်ချင်းချောင်းနန်းတော်မျော်စင်ကိုမြင်နေရပြီ။လမ်းနီ၊ကုက္ကိုင်း၊ပါခ့်ကလိန်း၊ဟာမစ်တစ်ဘတ်စ်ကားမှတ်တိုင်မှာချင်းချောင်းနန်းတော်ကြီးကပါခ်ကလိန်းနဲ့ကုက္ကိုင်းမီးပ္ပိုင့်ကြားထဲမှာပါ။

ရှစ်မြောင့်(အဋ္ဌဂံ) ပုံသဏ္ဍန်ရှိတဲ့ ဥရောပ – အာရှဗိသုကာအခြေခံပြီးတရုပ်ဂျီဩမဲထရီနည်းပညာနဲ့ ၁၉၁၇ ခုနှစ်ကတည်ဆောက်ထားတဲ့အဆောက်အဦးကြီးကို “ချင်းချောင်းနန်းတော်” ခေါ်ကြတယ်။ခမ်းနားလှတဲ့နန်းတော်အတွင်းပိုင်းဆေးသုတ်လုပ်ငန်းကိုအင်္ဂလိပ်ကုမ္ပဏီတခုကိုအလုပ်အပ်ခဲ့တယ်။

တန်ဘိုးကြီးအီတလီနေပူခံကျောက်ပြားနဲ့အလှဆင်ထားတဲ့ငါးထပ်အဆောက်အဦးကြီးမှာ ဗမာကျွန်းတိုင်လုံးကြီးနဲ့တည်ဆောက်ထားပြီးပါရှန်းကော်ဇော်ချပ်နဲ့အလှဆင်ထားပါတယ်။ချင်းချောင်းနန်တော်ဝင်းပန်းခြံနဲ့မြေယာရှုမျော်ခင်းကိုအင်္ဂလိပ်ရိုးရာစတိုင်ရေပန်းနဲ့အလှဆင်ထားပါတယ်။

နန်းတော်တည်ဆောက်စားရိတ်အဲ့ဒီခေတ်ရူပီးငွေနှစ်သိန်းကုန်ကျခဲ့တယ်။ချင်းချောင်းနာမည်အပြည့်အစုံက လင်ချင်းချောင်း (Lim Chin Tsong)၊တရုတ်ဗမာစီးပွားရေးသမားပါ။သူကရေနံ၊ရာဘာ၊ဆန်စီးပွားရေးအကုန်လုပ်တယ်၊သင်္ဘောကိုယ်စားလှယ်၊ BOC (Burma Oil Corp)ကိုယ်စားလှယ်ဖြစ်ပြီးတိုင်းပြည်ရဲ့အဓိကထုတ်ကုန်များအရောင်းအဝယ်တယ်။

တရုတ်သူဋ္ဌေးကြီးဦးချင်းချောင်းဟာဆန် Export လုပ်ငန်းနဲ့အကြီးအကျယ်ချမ်းသာလာပြီးအစိုးရကဆန်တင်ပို့တာ ၁၉၂၁ ခုနှစ်ကကန့်သတ်လိုက်လို့ သူဋ္ဌေး အကြီးအကျယ်ဒုက္ခရောက်ခဲ့ရသေးတယ်။ သူဋ္ဌေးကြီးဦးချင်းချောင်းဟာကျိက္ကဆံမြင်းပြိုင်ကွင်း (Rangoon Turf Club)ရှယ်ယာအများဆုံး ပိုင်တဲ့မူလပိုင်ရှင်ဖြစ်ပြီးဒုတိယကမ္ဘာစစ်မှာအင်္ဂလိပ်အစိုးရကိုငွေကြေးကူညီခဲ့လို့အစိုးရကဦးချင်းချောင်းကို OBE (Order of British Emperor) ဘွဲ့သူကောင်းပြုခဲ့တယ်။

ဦးချင်းချောင်းဟာစီးပွားရေးအင်ပါယာကိုသူ့အဖေဆီကဆက်ခံခဲ့ပြီးအဲ့ခေတ်ရန်ကုန်မှာအအောင်မြင်ဆုံးတရုတ်စီးပွားရေးသမားတစ်ယောက်ဖြစ်ခဲ့တယ်။သူ့အိမ်ချင်းချောင်းနန်းတော်ကြီးမှာပါတီပွဲမကြာခဏကျင်းပပြီးအဲ့ခေတ်လူကုံတန်တွေပုံမှန်ပျော်ပါးကျက်စားခဲ့ကြတယ်။အောင်မြင်နေတုံးသူဋ္ဌေးကြီးချင်းချောင်းဟာဆေးရုံ၊ကျောင်းတရုတ်ဘုရားကျောင်းဆောက်လုပ်လှူဒန်းခဲ့တယ်။

ဒါပေမယ့်ကံကြမ္မာမျက်နှာသာမပေးခံရတဲ့အချိန်မှာသူဋ္ဌေကြီးကုမ္မဏီဒေဝါလီခံခဲ့ရတယ်။သူဋ္ဌေးကြီးဦးချင်းချောင်းမိဘဟာတရုတ်နိုင်ငံ Xiamen ကနေမြန်မာပြည်ကို ၁၈၆၁ မှပြောင်းရွှေ့လာခဲ့ကြတယ်။သူ့ဖခင်ဟာ Lim Soo Hean ကုမ္ပဏီတည်ထောင်ခဲ့ပြီးချင်ချောင်းကသူ့အဖေကုမ္ပဏီမှာအလုပ်သင်ဝင်လုပ်ခဲ့ပြီဗမာ့စီးပွားရေးမှာပါဝင်ခဲ့တယ်။

ချင်းချောင်း အဖေသူဋ္ဌေးကြီးဟာ သူအင်္ဂလိပ်စာအားနည်းပေမယ့်သူ့သားကိုကျောင်းကောင်းကောင်းထားခဲ့တယ်။ဒါကြောင့်သူ့သား”ချင်းချောင်း”ကို အင်္ဂလိပ်စာတတ်ပညာတတ်ကြီးဖြစ်အောင်အထက်တန်းကျောင်းကိုဗိုလ်တထောင်သာသနာပြုစိန်ပေါ်လ်ကျောင်းမှာထားခဲ့ပြီးရန်ကုန်တက္ကသိုလ်ဆက်တက်စေခဲ့တယ်။

ဦးချင်းချောင်းဟာဒေါ်ပိုးဥခေါ်တဲ့ ဗမာတရုတ်မတယောက်နဲ့အိမ်ထောင်ကျခဲ့ပြီးကလေး ၈ ယောက်ရခဲ့တယ်။ဒေါ်ပိုးဥက ပညာမတတ်လို့လက်မှတ်ထိုးရင်(X)ထိုးတယ်။သူဋ္ဌေးကြီးချင်းချောင်းဟာသူ့သားယောင်္ကျားလေးတွေကိုအင်္ဂလန်ကိုပညာတော်သင်လွတ်ခဲ့တယ်။မလေးရှား၊စင်ကာပူ၊ကနေဒါမှာဦးချင်းချောင်းအမျိုးများလက်ရှိနေထိုင်ကြပါတယ်။

အဲ့ခေတ်ဥရောပ-အာရှဗိသုကာပုံစံ တည်ဆောက်ထားတဲ့ချင်းချောင်းအ်ိမ်တော်အရမ်းခမ်းနားပြီးဦးချင်းချောင်းသားအကြီးဆုံးမင်္ဂလာဆောင်ကိုချင်းချောင်းနန်းတော်ကြီးမှာခြိမ့်ခြိမ့်သည်းကျင်းပခဲ့တယ်။မင်္ဂလာအခမ်းအနားကိုဂုဏ်သရေရှိ ဗမာအသိုင်းအဝိုင်းမူဆလင်လူကုံတန်အသိုင်းအဝိုင်းနဲ့ပိုက်ဆံရှိဗမာတရုတ်အသိုင်းအဝိုင်းကိုသုံးကြိမ်ခွဲပြီးချင်းချောင်းနန်းတော်ကြီးမှာသုံးရက်တိတိတခမ်းတနားကျင်းပခဲ့တယ်။

သူဋ္ဌေးကြီးချင်းချောင်းကွယ်လွန်ပြီးသူ့သားအကြီးဆုံးကကုမ္ပဏီကိုဆက်ခံပြီးကုန်သွယ်ရေးအရှုပ်အထွေးဖြစ်နေတဲ့အဖေ့ကြွေးမြီကိုဖြေရှင်းဖို့ကြိုးစားခဲ့ရတယ်။ဘဏ်မှာပေါင်ထားတဲ့အိမ်နဲ့အတွင်းပစ္စည်းကိုပြန်ရွေးဖို့ကျိုးစားပေမယ့်မအောင်မြင်ခဲ့ဘူး။တရားရုံးမှာကြွေးမြီနဲ့ပတ်သက်ပြီးအမှုဖြစ်နေတုံးဦးချင်းချောင်းနဲ့ ရင်းနှီးပတ်သက်ခဲ့တယ်ဆိုတဲ့ဥရောပသူတစ်ယောက်မထင်မှတ်ပဲရောက်လာတယ်။သူ့ကိုအမေရိကန်စပိုင်ဟုအများပြောကြတယ်။

ဒီဥရောပသူကချင်းချောင်းနန်းတော်ပေါ်လာတက်နေပြီးချင်းချောင်းနန်တော်ကိုသူပိုင်ဆိုင်ခွင့်ရှိတယ်ဆိုပြီးရှေ့နေရှေ့ရပ်နဲ့အခိုင်အမာတောင်းဆိုခဲ့တယ်။နောက်ဆုံးမှာချင်းချောင်းနန်းတော်ကိုကြွေးမြီဆုံးအဆောက်အဦးအဖြစ်တရားရုံးတော်ကသတ်မှတ်ခဲ့တယ်။

ချင်းချောင်းနန်းတော်ကြီးကို ၁၉၄၁-၁၉၄၅ ဂျပန်ခေတ်တုန်းကအသံလွှင့်ဋ္ဌာနအဖြစ်အသုံးပြုခဲ့တယ်။လွတ်လပ်ရေးရပြီး၁၉၅၁ ခုနှစ်မှာဖလပလအစိုးရကကမ္ဘောဇဟိုတယ်အဖြစ်ဖွင့်လှစ်ခဲ့တယ်။ ချင်းချောင်းနန်းတော်အပေါ်ဆုံးထပ်ကိုယဉ်ကျေးမူဝန်ကြီးဌာနက ပန်းချီကျောင်းဖွင့်လှစ်ခဲ့တယ်။

ချင်းချောင်းနန်း‌တော်ခမ်းနားထည်ဝါတဲ့မုဒ်ဦးပါတဲ့ပင်မတံခါးပေါက်ကြီးနှစ်ပေါက်၊ လှေကားခွင်၊ဥရောပုံစံတိုင်လုံးကြီး၊ရန်ကုန်မြို့ကိုအရပ်ရှစ်မျက်နာကြည့်နိုင်တဲ့ အပေါ်ဆုံးထပ်ရှုမျော်ခင်းကြည့်မျော်စင်ပါဝင်ကြတယ်။ ထူးခြားတာကချင်းချောင်းနန်းတော်ကနေအင်းယားကန်ကို လျှိ့ဝှက်မြေအောက်ဥမင်လိုဏ်းခေါင်းဖေါက်ထားတယ်ဆိုတယ်။

ကျွန်တော်တို့ရန်ကင်းသားတွေငယ်ငယ်ကသွားလေ့ရှိတဲ့အင်းယားကန်တိုက်ပျက်ကြီးနဲ့ချင်းချောင်းနန်းတော်အဆက်အစပ်ရှိမရှိဘယ်သူမှမပြောနိုင်ကြဘူး။လက်ရှိချင်းချောင်းနန်းတော်ကြီးမှာယဉ်ကျေးမှုဝန်ကြီးဌာနလက်အောက်ခံဌာနအချို့ရှိတယ်။မဆလပါတီတဖြစ်လဲ တစညပါတီရုံးချူပ်လုပ်ထားတယ်။

ချင်ချောင်းနန်းတော်ကိုအမျိုးသားယဉ်ကျေးမှုအမွေအနှစ်အဆောက်အအုံအဖြစ်အစိုးရက ၂၀၁၄ ခုနှစ်ကသတ်မှတ်ခဲ့တယ်။တချိန်ကရန်ကုန်မြို့သူကြွယ်စာရင်းဝင်ချင်းချောင်းနန်းတော်ပိုင်ရှင်သူဋ္ဌေးကြီးဦးချင်းချောင်းဟာ ၁၉၂၃ ခုနှစ်ကအ်ိပ်ပျော်ရင်းနှလုံးရောဂါနဲ့ သေဆုံးခဲ့ပါတယ်။ ချင်းချောင်းနန်းတော်တည်ဆောက်အပြီး ၅ နှစ်အကြာမှာပါ။

အသုဘလာကြွေးရှင်တွေဟာဦးချင်းချောင်းဆီကရဖို့ရှိတဲ့ကြွေးစာရင်းစာရွက်တထပ်ကြီးကိုအသုဘရှုရင်းနဲ့ယူလာခဲ့ကြတယ်ကောလဟလထွက်ခဲ့သေးတယ်။

Ref : Wikipediaလွင်ဦး(ရန်ကင်း)#lwinooyankin

Likes:
0 0
Views:
781
Article Categories:
BooksHistoryKNOWLEDGE

Leave a Reply

Your email address will not be published. Required fields are marked *