ဗိုလ်မှူးချုပ်(ငြိမ်း) အေဘဲလ်

နအဖခေတ်စစ်ယူနီဖေါင်းနဲ့ဗိုလ်ချုပ်အမျိုးမျိုးပုံအဲ့ဒီခေတ်သတင်းစာတီဗွီမှာနေ့တိုင်းမြင်ခဲ့ရတယ်။သူတို့အားလုံးထဲမှာအထူးခြားဆုံးကဗိုလ်မှူးချုပ်အေဘဲလ် (Brig-Gen David Abel) ပါ။‌ ခေတ်သစ်မြန်မာစစ်ဖက်မှာရာထူးမြင့်တဦးထဲသော ” ဘိုကပြား ” တယောက်ပါ။နာမည်ဆန်းပြီးလူကဘိုဆန်ဆန်ရုပ်နဲ့အရပ်အမောင်းကောင်းကောင်းကပြားစစ်ဗိုလ်တယောက်ပါ။ဒါပေမယ့်စစ်ဗိုလ်ရုပ်မပေါက်ပဲဘဏ်အရာရှိလိုစာရင်းကိုင်လိုဥပဓိရုပ်ကောင်းကောင်းပုဂ္ဂိုလ်တယောက်ပါ။

ဗိုလ်မှူးချုပ်(ငြိမ်း) အေဘဲလ်ကို ၁၉၃၅ ခုနှစ်ရန်ကုန်အင်းစိန်မှာမွေးခဲ့တယ်။၁၉၈၈ အရေးတော်ပုံမတိုင်ခင်ကကာကွယ်ရေးဝန်ကြီးဋ္ဌာန၊ပစ္စည်းဝယ်ယူရေးရုံး(Directorate of Procurement)မှာညွှန်ကြားရေးမှူးပါ။ပညာသည်ဘာသာခြားကပြားစစ်ဗိုလ်တယောက်ပါ။

ဗိုလ်မှူးချူပ်အေဘဲလ်ဟာစစ်အာဏာရှင် နဝတခေတ် နအဖ ခေတ်မှာကုန်သွယ်ရေးဝန်ကြီး စီမံဘဏ္ဍာဝန်ကြီးစတဲ့အရေးပါတဲ့ဝန်ကြီးနေရာကတိုင်းပြည်စီးပွားရေးအဓိကမောင်းနှင်တဲ့ဋ္ဌာနတာဝန်ယူခဲ့ရတယ်။Davide Abel တို့မိသားစုဟာပြင်ဦးလွင် (မေမြို့)ဇာတိဖြစ်ပြီးသူ့ အဖေ Alfred Abel က မြန်မာ့မီးရထားအင်ဂျင်နီယာတဦးဖြစ်တယ်။သူ့အဖေကအိန္ဒိယ – ဂျူးကပြားဖြစ်ပြီးခရစ်ယန် Catholic ဘာသာကိုးကွယ်ကြတယ်။

David Abel အမေဒေါ်ရေချယ်က ကျောင်းဆရာမတဦးဖြစ်တယ် ၁၉၅၁ မှာပြင်ဦးလွင် စိန့်အဲလ်ဘတ်အထက်တန်းကျောင်းကဆယ်တန်းအောင်မြင်ပြီး David Abel ဟာမန္တလေးဆေးတက္ကသိုလ်မှာပညာဆက်လက်ဆည်းပူးခဲ့တယ်။ဒါပေမယ့်ပြည်တွင်းသောင်းကျန်းမှုကာလဖြစ်လို့ David Abel ဟာဆေးကျောင်းပြီးအောင်မတက်နိုင်ခဲ့ဘူး။ဒါကြောင့် David ဟာ ၁၉၅၂ မှာ မြန်မာ့စစ်တပ်ထဲဝင်ရောက်ခဲ့တယ်။

အင်္ဂလန်ကမ္ဘာကျော် စစ်တက္ကသိုလ် Sandhurst မှာ ၃ နှစ်တက်ရောက်ပြီး ၁၉၅၆ ခုနှစ်မှာစီးပွားရေးဆိုင်ရာဘွဲ့နဲ့စစ်တက္ကသိုလ်ကျောင်းဆင်းခဲ့တယ်။ဗိုလ်မှူးချူပ်(ငြိမ်း)ဒေးဗစ်အေဘဲလ်ဟာစစ်တပ်ပစ္စည်းဝယ်ယူရေးဋ္ဌာန(က.က/ဝယ်) ကနေ ၁၉၉၁ ခုနှစ်ညွှန်ကြားရေးမှူးရာထူးနဲ့ပင်စင်ယူခဲ့ပါတယ်။စစ်ဘက်ရာထူးဗိုလ်မှူးချုပ်အဆင့်ရှိ”ဘိုကပြား”တယောက်ပါ။

ဗိုလ်မှူးချုပ်(ငြိမ်း)အေဘဲလ်အရည်အချင်းကိုသိလို့ နဝတစစ်အစိုးရကသူ့ကိုကုန်သွယ်ရေးဝန်ကြီးစီမံဘဏ္ဍာဝန်ကြီး၊နအဖရုံးဝန်ကြီးခန့်အပ်ခဲ့တယ်။၂၀၀၃ မှာ ဗိုလ်မှူးချူပ်(ငြိမ်း) အေဘဲလ်ဟာစစ်အာဏာရှင်အဖွဲ့နအဖ မှအငြိမ်းစားယူခဲ့တယ်။ဗိုလ်မှူးချုပ်(ငြိမ်း)အေဘဲလ် ရဲ့ထူးခြားတဲ့လုပ်ဆောင်မှုကဒီနေ့ခေတ်စားနေတဲ့ ” ဦးပိုင် “ခေါ်တဲ့မြန်မာ့စီးပွားရေးဦးပိုင်လီမီတက်ကို ၁၉၉၀ မှာစတင်ဖွဲ့စည်းနိုင်ခဲ့တာပါ။

ဒါ့အပြင်ဒီနေ့နာမည်ကြီးစစ်တပ်ပိုင်စီးပွားရေးကော်ပိုရေရှင်းတခုဖြစ်တဲ့ MEC (Myanmar Economic Corp) ကိုဗိုလ်မှူးချုပ်(ငြိမ်း)အေဘဲလ်ဦးစီးပြီး ၁၉၉၇ မှာတည်ထောင်ခဲ့တယ်။နအဖခေတ်နာမည်ကြီး JV (JointVenture) ခေါ်တဲ့ ဖက်စပ်ကုမ္ပဏီရှိခဲ့ပါတယ်။ဒီဖက်စပ်ကုမ္ပဏီး (၁၂)ခုကို ဗိုလ်မှူးချုပ်(ငြိမ်း)အေဘဲလ်ဦးဆောင်ဖွဲ့စည်းခဲ့တယ်။

ဗိုလ်မှူးချူပ်(ငြိမ်း)အေဘဲလ်ရဲ့အထူးခြားဆုံးဆောင်ရွက်ချက်က MIC (Myanmar Investment Commission) မြန်မာနိုင်ငံရင်းနှီးမြုပ်နှံမှုကော်မရှင်ကို ၁၉၉၇ မှာ ဖွဲ့စည်းနိုင်ခဲ့တာပါ။ ဒီနေ့နိုင်ငံခြားရင်းနှီးမြုပ်နှံမှုမှန်သမျှ MIC ကတဆင့်လာနေတာ။ MIC ကိုဦးဆောင်ဖွဲ့စည်းခဲ့တာ ဗိုလ်မှူးချုပ်(ငြိမ်း)အေဘဲလ်နဲ့အတူစီမံကိန်းနဲ့ဘဏ္ဍာရေးဝန်ကြီးဋ္ဌာနညွှန်မှူးဒေါ်ခိုင်ခိုင်အဓိကနေရာကပါဝင်ခဲ့တယ်။

အင်္ဂလန် Sandhurst စစ်တက္ကသိုလ်ဆင်း ဗမာစစ်တပ်ကပြားဗိုလ်မှူးချုပ်(ငြိမ်း)အေဘဲလ်အမြင်ဟာ ပုံမှန်ဗမာစစ်ဗိုလ်တွေနဲ့ကွာပါလိမ့်မယ်။သူဟာ မြန်မာပြည်အဓိကစီးပွားရေးယန္တယားကိုကိုင်တွယ်ထားရပြီး စီးပွားရေးပြုပြင်ပြောင်းလဲရေးလုပ်ဖို့ အထက်စစ်ဗိုလ်ကိုတင်ပြခဲ့ပေမယ့်ပယ်ချခံခဲ့ရတယ်ဆိုတယ်။

စစ်တပ်မှာတာဝန်ထမ်းဆောင်စဉ်ဗိုလ်မှူးချုပ်(ငြိမ်း)အေဘဲလ်ဟာ ဗကပနဲ့ရခိုင်မူဂျာဟစ်ဒင်သူပုန်နိုင်နှင်ရေးစစ်ဆင်ရေးမှာပါဝင်ဆင်နွဲခဲ့ပါတယ်။ ၁၉၈၈ စစ်အာဏာသိမ်းနဝတစစ် အစိုးရလက်ထက်တိုင်းပြည်အဓိကစီးပွားရေးကိုတာဝန်ယူခဲ့တယ်။ဦးပိုင်ကုမ္မဏီနဲ့ နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများ( SOE , State Own Enterprises)စီးပွားရေးမော်ဒယ်ကိုစင်္ကာပူ Temasek Holding ကိုမှီငြမ်းခဲ့တယ်ဗိုလ်မှူးချုပ်(ငြိမ်း)အေဘဲလ်ကအင်တာဗျူးတခုမှာနောက်ပိုင်းပြန်ပြောခဲ့တယ်။ပြည်သူတွေက စီးပွားရေးလုပ်ငန်းကြီးမှာအစုရှယ်ယာဝယ်ပြီးပိုင်ဆိုင်မှုပါဝင်နိုင်တယ်ဆိုပါတယ်။

ခေတ်စနစ်အရဆင်းရဲတဲ့သူကပိုဆင်းရဲပြီးချမ်းသာတဲ့သူကပိုချမ်းသာလို့အစိုးရဟာ Robin Hood လိုဖြစ်လာရတယ် Myanmar Frontier နဲ့အင်တာဗျူးတခုမှာဗိုလ်မှူးချုပ်(ငြိမ်း)အေဘဲလ်ပြောခဲ့ဖူးတယ်။Robin Hood ဆိုတာအင်္ဂလန်မှာ ၁၃ ရာစုပေါ်ခဲ့တဲ့တောပုန်းဓါးပြကြီးနာမည်ပါ။

ဒါပေမယ့်သူကသူဋ္ဌေးကိုဓါးပြတိုက်ပြီးဥစ္စာဓနကို ဆင်းရဲသားကိုဝေငှပေးတဲ့ မေတ္တာရှင်ပြည်သူ့အချစ်တော်တောပုန်းဓါးပြကြီးပါ။အခုခေတ်နာမည်ကြီး SME (Small and Medium Enterprise)အသေးစားနဲ့ အလတ်စားစီးပွားရေးလုပ်ငန်း များဆိုတာ ဗိုလ်မှူးချုပ်(ငြိမ်း)အေဘဲလ်ရဲ့စီးပွားရေးဆိုင်ရာမူဝါဒတခုကပေါ်ထွက်လာတာပါ။

အင်္ဂလန်ဝန်ကြီးချုပ်ဟောင်းသံမဏိမယ် မာဂရက်သက်ချာကိုလေးစားတဲ့ဗိုလ်မှူးချုပ်(ငြိမ်း)အေဘဲလ်ဟာဗုဒ္ဓဘာသာအများစုရှိတဲ့ဗမာစစ်တပ်ထဲက ဘာသာခြားကပြားစစ်ဘက်အရာရှိတယောက်ဖြစ်ပါတယ်။ဗိုလ်မှူးချုပ်(ငြိမ်း)အေဘဲလ် ဟာ ၂၀၁၉ အသက် ၈၄ အရွယ်မှာနှလုံးရောဂါနဲ့ကွယ်လွန်ခဲ့ပြီးဇနီး ဗိုလ်မှူး(ငြိမ်း)ဒေါ်ခင်သိန်းမှုနဲ့ သားတယောက်ကျန်ရစ်ခဲ့တယ်။

Source : Googleလွင်ဦး(ရန်ကင်း)#lwinooyankin

Likes:
0 0
Views:
381
Article Categories:
HistoryKNOWLEDGE

Leave a Reply

Your email address will not be published. Required fields are marked *