ကျနော်စဉ်စားမိသော ကလေးဘဝကပုံပြင်များနှင့်အငုံစိတ် – အညံ့စိတ် – ကြောက်စိတ် ( ၁ )

ငယ်ငယ်က ကျောင်းစာထဲမှာ တစ်နေ့ရွှေဥတစ်လုံး ဥပေးသော ငန်းကြီး ဗိုက်ထဲ ၌ ရွှေဥအများကြီးရှိမည်အထင်နှင့် ဗိုက်ခွဲသတ်မိသော လူကြီးအကြောင်းကို “အလိုကြီးလို့အရနည်းသူ”ဆိုတဲ့ ပုံပြင်လေးအဖြစ် သတိရမိတယ် ။

ပုံပြင်ကပေးတဲ့ message ကတော့ အလိုကြီးလို့ အရနည်းသွားတယ်ဆိုတာနဲ့ ဒီလို လောဘကြီးရင် ခံရတယ် ဆိုပြီး ၊ ပုံပြင်ထဲကလူကြီးကို သာသာနှင့်နာနာလေးနှက်ထားခြင်းဖြစ်သည် ။

အခြားသူတွေတော့ ဘယ်လိုခံစားရသည်မသိ ၊ ကျွန်တော်ကတော့ အသက်ကြီးလာလေ၊ ဒီပုံပြင်ကို ရယ်ချင်ရပက်ကျိ ဖြစ်လေ ဖြစ်သည်။လူငယ်တွေရဲ့အတွေးနုနုထဲကို ရိုက်ထည့်ပေးနေတဲ့ အတွေးအခေါ်အမှားတွေဟုသာမြင်သည် ။ဒီလိုပုံပြင်တွေကြောင့် လူငယ်တွေရဲ့ အပြင်းအထန်ရလိုစိတ် ကျိုးသွားသည် ။

“ရသလောက်လေးပဲ မှန်မှန်ယူတာကောင်းတယ် စွန့်စားလိုက်ရင် မူလရထားတာလေးတောင် ပျောက်သွားနိုင်သည်” ဆိုသော ကြောက်စိတ်ကို ထည့်ပေးခြင်းသာဖြစ်သည်။ဒီလိုလူတွေ ကြီးလာတော့ ——–“

“ငါတို့ကတော့ ဘာမှမလုပ်ချင်ပါဘူး ၊မရင်းရဲပါဘူး ၊ ဘဏ်တိုးလေးနဲ့ပဲထိုင်းစားတော့မယ်””ဆိုသော သူတွေဖြစ်လာပေသည်။ဘယ်အရာကိုမှမစွန့်စားချင် ၊ရတာလေးနှင့်မှိန်းနေချင်သည့် “အလုပ်ဖင်စွဲ လူတန်းစား” တွေဖြစ်လာပေသည်။

စွန်းစားသူ ၊ ရင်နှီးမြတ်စွန်းလိုသူတွေ အခက်အခဲတွေ့၊ အရှုံးပေါ်ချိန်မှာ ၊ လက်ညှိုးထိုး လှောင်သူ ၊ ပြစ်တင်ရှုံ့ချသူတွေသာ ဖြစ်လာကြမည်ဖြစ်သည် ။ မည်သို့ပင်ဖြစ်စေ ငန်းများသည် နေ့တိုင်းဥမဥသလို ၊ ရွှေဥလည်း မဥ ကြပါ ။

ထိုငန်းများ နှင့် ရွှေဥများကို အကြောင်းပြုပြီး ကလေးငယ်များ၏ စွန့့်စားလိုစိတ်နှင့် စီးပွားရေးစွန့်စား စွန့်ဦးတီထွင်သူများ ဖြစ်လိုစိတ်ကို သင်းသပ်ခံလိုက်ရပေသည်။

အလွယ်ဆုံး ဥပမာပေရလျှင် …တိုင်းပြည်နှင့်အနာဂတ်အတွက် ရွှေဥများစွာရှိသည်ကို တစ်နေ့ တစ်ဥနှုန်းကျ ငန်းဖင်ထဲ ပြန်သွင်းနေခြင်း ဖြစ်သည်။ရေတိုမှာ မသိသာပေမဲ့၊ ရည်ရှည်မှာတော့ မြင်သည့်အတိုင်းပင်….။

crd##winhlaingoo

Likes:
0 0
Views:
574

Leave a Reply

Your email address will not be published. Required fields are marked *