ကိုဗမာပြည်နေရာအနှံ့မှာအရင်ကတွေ့နိုင်ခဲ့တယ်။ ရေအကျိုးဆယ်ပါးကိုမြန်မာတိုင်းသိကြတယ်။ခရီးသွားများသောက်ရေသုံးရေလိုအပ်ချက်ကိုစေတနာမေတ္တာနဲ့ဖြည့်ဆည်းပေးခဲ့ကြတယ်
။အခုရေအိုးစင်မတွေ့တာကြာပြီ။အခိုင်အခန့်ရေအိုးစင်အချို့တွေ့ပေမယ့်ရေအိုးမရှိတော့ဘူး။အချို့စင်တွေမှာမြေရေအိုးအစား သောက်ရေသန့်ပလတ်စတစ်ရေပုံးကြီးတွေ့ရတယ်။ပလတ်စတစ်ပုံးကစတီးရေခွက်ကိုသံကြိုးနဲ့ချည်ထားလေ့ရှိတယ်။
မြို့ကြီးတွေကဘုရားနဲ့ဘုန်းကြီးကျောင်းမှာမြေရေအိုးမသုံးတော့ဘူး။အကုန်သောက်ရေသန့်ဗူး၊သောက်ရည်သန့်စက်ချည်းပဲ။နယ်မြို့လေးရောက်ရင်တောင် ခေတ်စနစ်ပြောင်းသွားလို့မြေရေအိုးမတွေ့ရတော့ဘူး။
မြေရေအိုးထဲကရေကသောက်လိုက်ရင်ရင်ထဲအေးနေတာပဲ။ပလတ်စတစ်ပုံးထဲကရေသန့်ဖီးလ်နဲ့မတူဘူး။အခုပလတ်စတစ်ဘူးထဲကရေသန့်သောက်တာရိုးသွားလို့မြေရေအိုးတွေ့ရင်တောင်သောက်ရမှာမဝံ့မရဲဖြစ်မိလိမ့်မယ်။ ရန်ကင်းထဲမှာကျွန်တော်မှတ်မိသလောက်ရေအိုးစင်ကိုဆိုက်ကားဂိတ်အနားမှာတွေ့လေ့ရှိတယ်။
အခုတော့ရေအိုးစင်ယဉ်ကျေးမှုပျောက်ကွယ်သွားပြီထင်တယ်။ဆိုက်ကားဂိတ်အချို့ပလတ်စတစ်သောက်ရည်သန့်ဗူးကြီးပဲတွေ့တယ်။ရန်ကင်းကံဘဲ့ဘူတာရုံလမ်းထိပ်ကမြေအိုး၊စဉ့်အိုး၊ပန်းအိုးအရောင်းဆိုင်ကကျွန်တော်တို့ခပ်ငယ်ငယ်ထဲကရှိတာ။အခုထိအိုးဆိုင်ရှိသေးလို့သားစဉ်မြေးဆက်လုပ်ငန်းပြောလို့ရတယ်။
မြန်မာ့သမိုင်းမှာမုတ္တမအိုး၊တွံတေးအိုးနာမည်ကြီးခဲ့တယ်။လက်ရှိမြန်မာပြည်ရဲ့အကြီးဆုံးမြေအိုးလုပ်ငန်းကဧရာဝတီမြစ်အနောက်ဘက်ကမ်းစစ်ကိုင်းတိုင်းရွှေဘိုခရိုင်၊ကျောက်မြောင်းမြို့နယ်နွယ်ငြိမ်းကျေးရွာကပိုထင်ရှားတယ်။ကျောက်မြောင်း “နွယ်ငြိမ်းအိုး” လို့နာမည်ကြီးတယ်။
ကျောက်မြောင်းရာဝင်စဉ့်အိုးတအိုးဟာအများဆုံးပိသာ ၁၅၀(၂၀၀ လီတာ)အထိဝင်ဆန့်တယ်။မြေရေအိုးအိမ်မှာမရှိတော့ဘူး။အပြင်ကအိမ်ပြန်ရောက်ရင်ရေတခွက်လောက်သောက်လိုက်ရမှာနေသာထိုင်သာရှိတယ်။
ရေခဲရေသောက်ခဲတယ်။ရေကျက်အေးသောက်တာကြာပြီ။ညဘက်တရေးနိူးရင်ရေနည်းနည်းသောက်ပြီးပြန်အိပ်တယ်။မနက်အိမ်ယာထထခြင်းရေမသောက်ရရင်မနေနိုင်ဘူး။
ရေချမ်းစင်ခေါ်တဲ့တချိန်ကရေအိုးစင်ကိုသတိရမိတယ်။
Google မှာတွေ့တဲ့ရေအိုးစင်၊ဘယ်မှာလဲမသိဘူး
လွင်ဦး(ရန်ကင်း)#lwinooyankin