နောက်လည်း ဆုံးမပါ ဘုရား

” အင်းဝခေတ် နန်းမတော်မယ်နုကိုးကွယ်တဲ့ဆရာတော် ဦးဗုဓ် ဆီကိုစစ်ကိုင်းက ကိုရင်လေးတစ်ပါး လာပါတယ် ။ဘုရားရှိခိုး တယ် ။သင့်လျော်တဲ့နေရာမှာထိုင်တယ် ။ဆရာတော်ဦးဗုဓ်က လုံးဝ မကြည့်ဘူး ။

သူ့စာသူ ဖတ်နေတာ ၊ လုံးဝ ဂရုမပြုဘူး ။ကြာလာတော့ ကိုရင်လေးက ပြောတယ်” မြတ်စွာဘုရားကို သတိရလိုက်တာ ” .တဲ့။ ဆရာတော် ဦးဗုဓ် နည်းနည်းတွန့်သွား တယ် ။ဂရုမပြုလို့ မဖြစ်တော့ဘူး ။

” မြတ်စွာဘုရား ” ဆိုတဲ့အသံကိုကြားလိုက်တာကိုး ။ကိုရင်က ဆက်ပြောတယ်…” မြတ်စွာဘုရားကို သတိရလိုက်တာအာဝါသိကဝတ်ကို ..မသိတဲ့ကျောင်းတိုက်ကိုရောက်တဲ့အခါအာဂန္တုတွေအနေရခက်တယ်လို့မိန့်တော်မူခဲ့တာမှန်လိုက်တာ….” တဲ့ ။

ဘုရားဒေသနာအတိုင်းကျောင်းနေ ရဟန်းဝတ် ပြောတာကိုဆရာတော် ဦး ဗုဓ် ကြားတော့…ပြာပြာသလဲ ” ထိုင်ပါကိုရင် .. ထိုင်ပါခု ငါ မေးပါတယ်ကွာ ..ကိုရင့် ဘွဲ့အမည် က ဘယ်လိုခေါ်လဲဘာကိစ္စနဲ့ ကြွလာသလဲ “ပေါ့ .. ဖြစ်ရော။

ကိုရင် က လျှောက်တယ်” အရှင်ဘုရားက ဝိနည်း, သုတ္တန်,အဘိဓမ္မာ တွေကို အာဂုံရွတ်ဆိုရင်နှစ်သက်တယ် ပြောလို့စာလာပြန်တာပါဘုရား ” လို့လျှောက်တော့ ” ကြွပါကိုရင် ” ဆိုပြီးချက်ချင်းပဲ နေရာထိုင်ခင်း ကိုယ်တိုင်ကျကျနန ခင်းပေးပြီး အဲဒီအခင်းပေါ်မှာကိုရင်ကို ထိုင်ခိုင်းပါတယ် ။

ကိုရင်က ” ဓမ္မစကြာတရား “ကို ပြန်ပါတယ်။တရားဆုံးတော့ ဆရာတော်ကြီးက” သာဓု သာဓု သာဓု ” ဆိုပြီးသာဓု သုံးကြိမ် ခေါ်ဆိုပါတယ်။ပြီးတော့သင်္ကန်းတစ်စုံကိုရိုရိုသေသေကပ်လှူပါတယ်။သင်္ကန်းလှူတာသာမန်ကိစ္စထားတော့…။

သင်္ကန်းလှူပြီး ဆရာတော်ဗုဓ်ပြောတဲ့စကားကနမူနာထား အတုယူစရာကောင်းတဲ့ ရာဇဝင်တွင်ကျန်ရစ်တဲ့စကားဖြစ်စေခဲ့ပါတယ်။

ရှင်ဘုရင် ,အမတ်ကြီး ,မဟာဒါန်ဝန်တို့အပေါ် တင်းတင်းမာမာပြတ်ပြတ်တောင်းတောင်း ပြောဆိုခဲ့ တဲ့ဆရာတော်က… ကိုရင်လေးအပေါ်အနူးအညွှတ်တောင်းပန်ပြီးပြောလိုက်တဲ့စကားက” နောက်များဝိနည်းတော်နဲ့မညီတာများတွေ့ရင်တပည့်တော်ကိုဆုံးမပါဘုရား”တဲ့။

သူတော်ကောင်းတို့ စကားဟာကြားရသူနားဝမှာအေးမြစေပြီိးကြက်သီးထလောက်ပါပေတယ်….။ သူတော်ကောင်းတို့ နှလုံးသားဟာမာကြောသင့်တဲ့နေရာမှာသံမဏိလို..မာကြောပြီး .. ပျော့ပြောင်းသင့်တဲ့ နေရာမှာလည်းမာန်မာနမရှိ.. ဖော့ဖယောင်းလိုပျော့ပျောင်းနူးညံ့လွန်းသည်မှာအသည်းခိုက်တမျှဦးတိုက်ပူဇော်ထိုက်ပါပေစွတကား….။

Crd : ဓမ္မရေစင်

Likes:
0 0
Views:
405
Article Categories:
BooksKNOWLEDGE

Leave a Reply

Your email address will not be published. Required fields are marked *