ဆရာကြီးဦးဂိုအင်ကာ အတ္ထုပတ္တိအကျဉ်း

ဆရာကြီးဦးဂိုအင်ကာ အတ္ထုပတ္တိအကျဉ်း

ဆရာကြီးဦးဂိုအင်ကာကို မြန်မာနိုင်ငံ မန္တလေးမြို့၌ မြန်မာနှစ် ၁၂၈၆ ခုနှစ် တပို့တွဲလဆန်း(၁၂) ရက် ခရစ်နှစ် ၁၉၂၄ခု ဇန်န ဝါရီလ(၃၀) ရက်နေ့ တွင် မွေးဖွားခဲ့သည်။ ဘိုးဘွားများမှာ သီပေါမင်းလက်ထက် ကတည်းကအိန္ဒိယနိုင်ငံမှ မန္တလေးမြို့သို့ ပြောင်းရွေ့ကာ အထည်အလိပ်နှင့် ကူးသန်း ရောင်း၀ယ်ရေး လုပ်ငန်းလုပ်ကိုင် သူများဖြစ်သည်။ ငယ်စဉ်က မန္တလေး စိန့်ပီတာကျောင်းတွင် တက်ရောက်သင်ကြားခဲ့ပြီး ပင်ကိုယ်ညဏ်ထက် မြက်သူ လူငယ်ဖြစ်၍ မြန်မာနိုင်ငံ၌ (၁၀) တန်းစာမေးပွဲကို အမှတ်အများ ဆုံးဖြင့် အောင်မြင်ခဲ့သည်။ အစိုးရ ထောက်ပံကြေးဖြင့် ပညာသင်ခွင့်ရ သော်လည်း မိသားစုအလုပ်ကို ကူညီဆောင်ရွက်ပေးဖို့ တာဝန်ရှိနေ၍ တက္ကသိုလ်ပညာဆက်လက် မဆည်းပူးနိုင်ခဲ့ပေ။ မိဘလက်ငုတ်စီးပွားရေး လုပ်ငန်းများဖြစ်သည့် အရောင်းအ၀ယ် လုပ်ငန်းများဖွံဖြိုးရန် ဆက် လက် လုပ်ဆောင်ခဲ့သည်။ (၁၀) တန်းမအောင်ခင်ကလည်း ဗြိတိသျှဘုရင်ခံ လော့ကရိုကရင် ချီးမြှင့်သော ရွှေတံဆိပ် ရရှိသည်။ ၁၉၄၂ခုနှစ်တွင် ဦးဂိုအင်ကာသည် ရှရီမတီဣလာယကျီဒေဝီဂိုအင် ကာ(ခေါ်) ဒေါ်လှအေးကြည် နှင့် လက်ထပ်သည်။ ဆရာကြီးတွင် သား (၆) ယောက်ထွန်းကားခဲ့ပါသည်။

ဒုတိယကမ္ဘာစစ်အတွင်းတွင် အိန္ဒိယနိုင် ငံသို့ ထွက် ခွာသွားရသည်။ ဒုတိယကမ္ဘာစစ်အပြီးတွင် မိသားစုနှင့်အတူ ရန်ကုန်မြို့သို့ ပြန် လာပြီးလျှင် ရန်ကုန်မြို့၌ ကုန်သွယ်ရေးနှင့်စက်မူလုပ် ငန်းများကို အောင်မြင်မူရရှိသည့်အထိ ကျွမ်းကျွမ်းကျင်ကျင် လုပ်ကိုင် ဆောင်ရွက်သည်။ တစ် ဖက်ကလည်း စာပေ၊ ယဉ်ကျေးမူ၊ လူမူရေး လုပ် ငန်းဆောင်ရွက်သူများနှင့်ပူးပေါင်းလျက် “Myanmar Marawari Chamber of Commerce “”မြန်မာနိုင်ငံ မရဝါရီကုန်သည်များအသင်း” ထပ်မံတည်ထောင်ပြီးလျှင် အသင်းဥက္ကဋ္ဌအဖြစ် အသင်းအကျိုးအတွက် အားကျိုးမာန်တက်လုပ်ကိုင်ဆောင် ရွက်သည်။ မြန်မာနိုင်ငံလွတ်လပ်ရေး ရသောအခါ လွတ်လပ်သော မြန်မာနိုင်ငံ၏ ကုန်သွယ်ရေး ဝန်ကြီးဋ္ဌာန အ ကြံပေးအဖွဲ့ဝင် တစ်ဦးအဖြစ် ခန့်အပ်ခြင်းခံရသည်။

မြန်မာနိုင်ငံသား အ ဖြစ် ခံယူလိုက်သည်ဖြစ်၍ “Rangon (Yangon) Chamber of Commerce and Industries” “ရန်ကုန် ကုန်သွယ် ရေးနှင့်စက်မူအ သင်း”တည်ထောင်ရာ၌ ကိုယ်ဘိရင်ဘိပါဝင်ပြီး အသင်းကြီး၏ ဥက္ကဋ္ဌ အဖြစ်လည်း ဆောင်ရွက်ရသည်။ မြန်မာနိုင်ငံ၌ ရှိနေစဉ်ဦးဂိုအင်ကာ သည် “အခိလ ဗြဟ္မ ဒေသိယဟိန္ဒီ ဆာဟိတျ ဆမ္မေလန်” “မြန်မာနိုင်ငံ ဟိန္ဒူစာပေအသင်း” တည် ထောင်ပြီးလျှင် နှစ်ပေါင်းများစွာအထိ အသင်း ကြီး၏ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့သည်။ မြန်မာနိုင် ငံ၌လာရောက်အခြေ ချကြသော အိန္ဒိယအမျိုးသားများ၏ ပညာရေးနှင့်ပတ်သက်သော အဖွဲ့ အစည်းများ တည်တံ့ခိုင်မြဲ ရေးအတွက် “Indian Education Society” “အိန္ဒိယ ပညာရေးအဖွဲ့” တည်ထောင်ဖွဲ့ စည်းပေးပြီးလျှင် ယင်းအဖွဲ့၏ လုပ်ငန်းများအဆင် ပြေရေးအတွက်လည်း ထူးထူးခြားခြား အကူညီပေး ခဲ့သည်။

ဦးဂိုအင်ကာသည် အောင်မြင်မူရှိသော စာရေးဆ ရာနှင့် ကဗျာဆရာ လည်း ဖြစ်သည်။ မြန်မာနိုင်ငံ၌ စင်မြင့် အတော်များများတွင် ကျင်းပသော ကဗျာရွတ်ပြိုင်ပွဲတွင် ပါဝင်ဆင်နွှဲဖူးသည်။ ဦးဂိုအင်ကာ ကဗျာရွတ် သည့် အခါ တိုင်း၌ ပရိတ်သတ်၏ တခဲနက် သြဘာပေးခြင်း ခံယူရရှိသည်။ ဦးဂိုအင်ကာ သည် မြန်မာကိုယ်စားလှယ်အဖွဲ့ဝင် တစ်ဦးအဖြစ် ရု ရှားနိုင်ငံသွားခဲ့ရစဉ် မော်စကို ရေဒီယို၌ အားလုံး ၏တိုက်တွန်းချက် အရ ကိုယ်တိုင်ဆပ်ဆိုသော “ဧရာဝတီ” ကဗျာရွတ်ပြသောအခါ အားလုံးက ချီးကျူး ထောပနာပြုကြသည်။ တဖန် မြန်မာ့အသံမှလည်း ဟိန္ဒီ ကဗျာ “ဆယ်နာနီ” ဇာတ်ထုတ်ကို လွှင့်သည်။ ယခုအချိန်ထိ ဦးဂိုအင်ကာ၏ စာ အုပ်(၁၄) အုပ်၊ ဆောင်းပါးပေါင်း ၂၀၀မျှ ဟိန္ဒီဘာသာ၊ အင်္ဂ လိပ်ဘာသာ၊ ပါဠိ ဘာသာ၊ ရာဂျစတာနီ၊ ဘာသာများဖြင့်ရေးသားထုတ်ဝေပြီးပြီ။ယင်း စာအုပ်များ၊ ဆောင်းပါးများကို အိန္ဒိယဘာသာအမျိုးမျိုးဖြင့်လည်း ကောင်း တခြားကမ္ဘာ့ဘာသာပေါင်းများစွာဖြင့်လည်းကောင်း ဘာသာပြန် ဆိုပြီးပြီ။ ဦးဂိုအင်ကာသည် “မြန်မာနိုင်ငံ စာရေးဆရာအသင်း” အဖွဲ့ဝင် တစ်ဦးလည်းဖြစ်သည်။ မြန်မာစာရေးဆရာ အတော် များများကိုလည်း အားပေးခြင်း၊ ဆုပေးခြင်း အလုပ်ကို အားတက်သရော ပြုလုပ်သည်။ စာ ရေးဆရာပါရဂူသည် ဟိန္ဒီစာပေ ပြန့်ပွားအောင် ဆောင်ရွက်သည့်အတွက် “မြန်မာနိုင်ငံဟိန္ဒီစာပေ “အသင်းကြီး၏ဥက္ကဋ္ဌအနေနှင့် ဦးဂိုအင်ကာ ချီးမြှင့် သောရွှေတံဆိပ် လက်ခံရရှိသူဖြစ်သည်။

ဦးဂိုအင်ကာသည် “Mahatma Gandhi Memorial Trust””မဟတ္တ မဂန္ဒီ အမှတ်တရ ဂေါပကအဖွဲ့”တည် ထောင် ပြီးလျှင် ဂေါပကအဖွဲ့ အနေ ဖြင့် ရန်ကုန်မြို့တွင် ဂန္ဒီအထိမ်းအမှတ်အဆောက်အဦကြီးကို ဆောက်လုပ်၍ ဂန္ဒီ၏ အတ္တကထာ (ခေါ်) ကိုယ်တိုင်ရေးစာအုပ်၊ ဦးကိတ္တိမ မြန်မာ ပြန်သော ရာမာယဏ စသောတခြား စာအုပ်များကို မြန်မာဘာသာ ပြန် ဆို ထုတ်ဝေသည်။ ဦးဂိုအင်ကာသည် အချိန်အတန် ကြာ ကာလအထိ “All Burma Hindu Central Board” “မြန်မာနိုင်ငံလုံးဆိုင်ရာ ဟိန္ဒူဗဟို အဖွဲ့ချုပ်” ၏ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့သည်။ ရန်ကုန်မြို့ “ရှရီဆတျနာ ရာယဏဘုရားကျောင်း”၏ Managing Trustee တာဝန်ကိုလည်းယူ ခဲ့သည်။ ရန်ကုန်မြို့ နာမည်ကျော် ကာလီဗာရီဘုရားကျောင်း ဂေါပက ရွေးချယ်ရေး ကော်မတီ အဖွဲ့ဝင်လည်းဖြစ်သည်။ ရန်ကုန်မြို့”လာထိ ယာ အာရှရမ်”(ဒုက္ခသည်စခန်း) တည်ထောင်သူဖြစ်သည့် အပြင် နှစ်ပေါင်း များစွာ ဥက္ကဋ္ဌအဖြစ်လည်းဆောင်ရွက် ခဲ့သည်။ ထို့ပြင် အ ခြားအဖွဲ့စည်းပေါင်းများစွာ၏ လူမူရေး၊စာပေ၊ယဉ် ကျေးမူနှင့် ပညာရေးဆောင်ရွက် ချက်များတွင် ဦးဂိုအင်ကာသည် အဓိက အခန်းကဏ္ဍမှ ပါဝင်သည်။

စည်းစိမ်ဥစ္စာ၊ စွမ်းအား၊ အကျော်အစောများ အတွက် လုံးပန်းနေစဉ် ကာလအတွင်း ဦးဂိုအင်ကာတွင် အတ္တစွဲစိတ် ပိုင်းဆိုင်ရာ တင်းမာမူ ကြီး ထွားလာသည် ဖြစ်၍ မိုက်ဂရင်း ကဲ့သို့သော ခေါင်းခဲရောဂါ ပြင်းပြင်းထန် ထန် စွဲကပ်လာသည်။ မခံမရပ်နိုင်အောင် ဝေဒနာခံစားရသောအခါ မောဖီ ယားဆေး ထိုးရသည်။ မြန်မာနိုင်ငံ၌သာမကဘဲ အိန္ဒိယ၊ အင်္ဂလန်၊ အမေ ရိကန်၊ ဆွစ်ဇလန်၊ ဂျာမဏီ၊ ဂျပန် နိုင်ငံတို့၌ကုသသော်လည်း အကြောင်း မည်သို့မျှ ထူးခြားမလာပေ။ ထိုအချိန်ကမိတ်ဆွေတစ်ဦးဖြစ်သော ရှေ့နေ ချုပ် နောက်ပိုင်း ဟိုက်ကုပ်တရားသူ ကြီး ဦးချန်ထွန်းက ဦးဂိုအင်ကာကို ဆယ်ရက်တရားစခန်း ဝင်ကြည့်ရန် အကြံညဏ် ပေးသည်။ အစဉ် အလာက ယုံကြည် လာခဲ့သော အယူစွဲထဲတွင် နစ် မြုပ်နေသည့်အတွက် ကြီးကြီးမားမား အခက်အခဲများကို ရင်ဆိုင်ပြီးမှ တရားစခန်းသို့ သွားရသည်။၁၉၅၅ခုနှစ်စက်တင်ဘာလ၌ ရန်ကုန်မြို့ ဆရာ ကြီးဦးဘခင်၏ ဝိပဿနာ ရိပ်သာ “International Meditation Centre” “အပြည်ပြည် ဆိုင်ရာ ဝိပဿ နာရိပ်သာ” တွင် ပထမဆုံး ဆယ်ရက်တရားစခန်း တရား အားထုတ်ပြီးသည့်နောက်တွင် မခံမရပ်နိုင်အောင် ခံစားနေရသော မိုက် ဂရင်း ရောဂါဝေဒနာသည် ယူပစ်လိုက်သလိုပျောက်သွားသည်။ဤတ ရား ပတ်ပြီးနောက် ရန်ကုန်မြို့၌ နေထိုင်ကြသော ဦးဂိုအင်ကာ၏ မိသားစု များနှင့် မိတ်ဆွေသင်္ဂဟများ သည် တစ်ယောက်ပြီးတစ်ယောက် ဝိပဿ နာစခန်းတွင် တရားထိုင်ကြပြီးယောဂီများဖြစ်လာကြသည်။ ကုန်သွယ် မူနှင့် စက်မူလုပ်ငန်းပြည်သူပိုင်လုပ်ပြီးသည့် နောက်တွင်ကား ဦးဂိုအင် ကာအတွက်ဝိပဿ နာတရားပွားများ အားထုတ်ရန် အချိန်လုံလုံလောက် လောက်ရရှိလာသည်။

★ထိုအချိန်၌ ဆရာကြီးဦးဘခင်က ဆရာကြီးဦးဂိုအင်ကာကို ဤသို့ ပြောပြခဲ့သည်။ “”ဒီ ဝိပဿနာဘာဝနာပွားများ နည်းနိဿယည်းဟာ လွန် ခဲ့သောနှစ်ပေါင်း ‘၂၃၀၀’ ကျော်က အိန္ဒိယနိုင်ငံက ဆောင်ကျဉ်းလာခဲ့တဲ့ နည်းနိဿယည်းဖြစ်ပြီး ယခုအချိန်ထိ မြန်မာနိုင်ငံမှာ ရှေးမူမပျက် ထိန်း သိမ်း ထားခဲ့တယ်။ ဒါပေမဲ့ ကံမကောင်းအကြောင်းမသင့်တဲ့အတွက် အိန္ဒိ ယနိုင်ငံ၏အလွန်တရာမြင့်မြတ်တဲ့ အဲဒီနည်းပညာဟာ အိန္ဒိယမှာအစအန တောင် မကျန်ခဲ့တော့ဘူး။ ယခု အိန္ဒိယနိုင်ငံ၏ ကြွေးမြီးကို ပြန်ဆပ်ဖို့ အ ချိန် ရောက်လာပြီ”” သူ၏ ဂုရု ဆရာ ကြီးဦးဘခင်ထံတွင် ဝိပဿနာနှင့် ပက်သက်၍ ‘၁၄’ နှစ်ကြာမျှ ဘာဝနာပွားများအားထုတ်ပြီးနောက် ‘၁၉၆၆’ခုနှစ်တွင် ဆရာကြီးဦးဘခင်က ဦးဂိုအင်ကာအား အစဉ်အလာ အရ ဆင်းသက်လာသော တရား ဝင်ကမ္မဋ္ဌာနာစရိယ တရားပြဆရာ အဆင့် တိုးမြှင့် ခန့်အပ်ပြီးလျှင် မြန်မာနိုင်ငံမှ အဖိုးအနဂ္ဃထိုက်တန်သည့် ဝိပဿနာရတနာကို အိန္ဒိယနိုင်ငံ ပြန်ယူသွားပြီး အိန္ဒိယနိုင်ငံအပေါ် တင် ရှိနေသည့် ကြွေးမြီးကိုပြန်ဆပ်ရန် မဟာတာဝန်ကြီးလွှဲအပ်သည်။

၁၉၆၉ခုနှစ်တွင် ဦးဂိုအင်ကာသည် အန္ဒိယသို့ ရောက်ရှိသွားခဲ့သည်။ ၁၉၆၉ခုနှစ် ဇူလှိုင်လ (၃) ရက်မှ (၁၄) ရက် အထိ ဝိပဿနာတရားစခန်း တစ်ခုကို မွန်ဘိုင်းမြို့ ဓမ္မသာလာတစ်ခုတွင် စတင်ကျင်း ပခဲ့သည်။ ဆရာ ကြီးဦးဂိုအင်ကာ၏ အမိအဖအား တရားဖြင့် ကျေးဇူးဆပ်သော ဤ တ ရားပတ်တွင် ဦးဂိုအင်ကာ၏ မိဘနှစ်ပါးအပါဝင် ယောဂီစုစု ပေါင်းယောဂီ (၁၄ ) ဦးဝင်ရောက် အားထုတ်ခဲ့ကြသည်။ နှစ်ပေါင်း (၂၀၀၀) ကျော် ရှည်လျားသော အချိန်ကာလ ကျော်လွန်ပြီးနောက် မဇ္ဈိမဒေသ အိန္ဒိယနိုင် ငံ၏ ပုညဘူမိ လယ်ယာမြေကောင်းနယ်မြေဒေသ၌ လုံးဝမျှော်လင့်မထား သော ဝိပ ဿနာတရားစခန်းတစ်ခု စတင်ဖွင့်လစ်နိုင်ခဲ့ပါ သည်။ ထိုတရား ပတ်ပြီးနောက် နေရာဒေသအသီး သီးမှ ဝိပဿနာတရားစခန်း လာရောက် ဖွင့်လှစ်ရန် တောင်းဆိုချက်များ ရောက်ရှိလာသည်။ (၁၉၇၆) ခုနှစ်တွင် အီဂတ်ပူရီ၌ ဝိပဿနာဋ္ဌာန ချုပ် ” ဝိပဿနာ ဗိရွှဝိ ဒျာပီဋ္ဌ” “ဝိပဿနာကမ္ဘာ့ကျောင်းတော်” ဓမ္မဂီရိ တည်ထောင်ပြီးနောက် နေရာဋ္ဌာန အတော်များများ၌ အမြဲတမ်းရိပ်သာများ တည်ထောင်ဖွင့်လှစ် နိုင်ခဲ့သည်။ ယောဂီဦးရေလည်းနေ့စဉ်နှင့်အမျှ တိုးပွားများပြားလာသည်။ ဘာသာအသီးသီး ဂိုဏ်းဂဏအသီးသီးမှ ပုဂ္ဂိုလ် များသည် ရိပ်သာများ တွင်တရားလာထိုင်ကြပြီး ယောဂီပုဂ္ဂိုလ်များ ဖြစ်လာကြသည်။ နေရာအနှံအပြား၌ ဝိပဿနာရိပ်သာများ ဖွင့်လှစ်နိုင်ခဲ့ပြီးလျှင် ဖွင့်ဆဲ ဖွင့်လတ္တံ လည်းဖြစ်နေသည်။ အိန္ဒိယနိုင်ငံရှိ အကျဉ်းထောင် နှင့် ပုလိပ်အကယ်ဒမီ ၌ လည်း ဝိပဿနာတရားစခန်း ဖွင့်လှစ်နိုင်ခဲ့သည်။ ယင်း နေရာဋ္ဌာနများ၌ ဝိပဿနာရိပ်သာများ ဖွင့်လှစ်ပြီးလျှင် ရိပ်သာများတွင် ပုံမှန်တရားစခန်း များစီစဉ်ပေးသည်။

ထိုနည်းအတိုင်းပင် ပူးနားရှိ “ယရှဒါ” ခေါ် အစိုးရ သင်တန်းကျောင်း၌လည်း ပုံမှန် ဝိပဿနာစခန်းများ ဖွင့်လှစ်သည်။ သို့ သော် လည်း ယင်း စခန်းများ၌ နေရာအလုံအလောက် မရှိ၍ အရာရှိကြီး များကို တခြားရိပ်သာများရှိ စခန်းများသို့ ပို့ပေးရသည်။ အိန္ဒိယပြည် တွင်းနှင့် ပြည်ပနိုင်ငံများမှ အစိုးရပေါင်းများစွာတို့သည် လစာဖြတ် တောက်ခြင်းမရှိပဲ တရားထိုင်ရန်အတွက် ဝိပဿ နာတရားစခန်းများသို့ ပို့ပေးကြသည်။ ယင်းသို့ တ ရားထိုင်သည့်အတွက် အရာရှိများ လုပ်ငန်း ကျွမ်း ကျင်မှုနှင့် တာဝန်သိမှု ပိုပြီး ထက်သန်အားကောင်းလာကြသည်။ ယင်းသို့အားဖြင့် ဝိပဿနာပွားများသည့်အတွက် ရရှိသော ပစ္စက္ခအကျိုး တရားများဖြစ်သည့် စိတ်ဖေါက်ပြန်မှုများပေါ်တွင် အနိုင်ရရှိခြင်း၊ သော ကဗျာပါဒ ကင်းဝေးခြင်း၊ တင်းမာမှုအမျိုးမျိုးမရှိခြင်း စသောကောင်း ကျိုးများကြောင့် ကမ္ဘာ့နိုင်ငံနေရာ အနှံအပြား ဝိပဿနာ အောင်တံ ခွန် တစ်လူလူလွင့်နေပြီ။အခြေအနေ မည်မျှ ကောင်းလာသနည်း ဟူမူ ကုလသမဂ္ဂအတွင်းရေး မူးချုပ် ကိုဖီအာနန်၏ဦးစီးမှုဖြင့် ကျင်းပပြုလုပ်သော “ထောင်စုနှစ် ကမ္ဘာ့ ငြိမ်း ချမ်းရေးထိပ်သီးညီလာခံ” သို့ တက်ရောက်ရန် ရှရီဂိုအင်ကာဂျီကို ဖိတ်ကြားသည့် အထိဖြစ်လာသည်။ ယင်းညီလာခံ၌ ကမ္ဘာပေါ်ရှိ တစ်ထောင်ကျော်ဘာ သာရေးခေါင်းဆောင်များနှင့် တရား ဓမ္မခေါင်း ဆောင် များသည် ဂိုအင်ကာဂျီ မိန့်ကြားသောဓမ္မမိန့်ခွန်းကို ဂရုတစိုက် နားထောင် ကြသည်။ ထိုနည်းတူပင် ဆွစ်ဇာလန်World Economic Forum (ကမ္ဘာ့ စီးပွားရေးအသင်း)၏ နှစ်ပတ်လည် အထိမ်းမှတ်ပွဲတွင် ကမ္ဘာ့ထိပ်တန်း နိုင်ငံခေါင်းဆောင်များနှင့် စက် မှုလုပ်ငန်းရှင်ကြီးများသည် ဂိုအင်ကာဂျီ မြွက်ကြားသော ဓမ္မမိန့်ခွန်းကို အာရုံစိုက်ပြီး နားထောင်ကြသည်။

ကမ္ဘာ့ ငြိမ်းချမ်းရေးကို အကောင်အထည်ဖေါ်ရန် ကမ္ဘာ့နိုင်ငံရေးခေါင်းဆာင် ကြီးများက ဘာ သာရေး ခေါင်းဆောင်ကြီးများအား တရားဝင်အပ် နှင်းကာ ကုလသမဂ္ဂကမ္ဘာ့နိုင်ငံရေးစင်မြင့်ကြီးကိုပါ အသုံးပြုခွင့်ပေးခဲ့ကြ၏။ ဆရာကြီးဦးဂိုအင်ကာလည်း ထို စင်မြင့်ပေါ်တက်ရောက်ရန် ဖိတ်ကြား ခြင်းခံရသဖြင့် သြဘာလက်ခုပ်သံတွေကြားက ကိုယ်တွေ့ ကမ္ဘာ့ငြိမ်းချမ်း ရေးတရားကို ဖော်ပြခဲ့ရ၏။ သြဘာလက်ခုပ်သံ တွေကြောင့် ဆိုင်းငံ၍ ဟောပြောရလေရာ ဟောပြော၍မပြီးဆုံးခင်မှာပင် သဘာပတိ၏ သတိ ပေးဘဲလ်သံ ထွက် ပေါ်လာသဖြင့် မိန့်ခွန်း ပြီးအောင် သဘာပတိထံခွင့်ပန် ရင်း ဟောပြောခဲ့ရလေသည်။ (၂၀၀၀) ပြည့်နှစ် ဆွစ်ဇာလန် စီးပွားရေး ညီလာခံတွင်လည်း မူလက ဆရာ ကြီးအား (၁၅)မိနစ်သာ ဟောပြောရန် စီစဉ်ထား ၏။ ပြီးလျှင် (၂၅)မိနစ် မေးခွန်းဖြေချိန် သတ်မှတ်ထားကြ သည်။

သို့ရာတွင် လက်တွေ့ဟောပြောရာ၌ သမ္မတကြီးကလင်တန် နှင့်တ ကွတက်ရောက်လာသော ကမ္ဘာ့ခေါင်းဆောင်ကြီးများက တစ်ယောက်ပြီး တစ်ယောက် စိတ်ဝင်တစား မေးမြန်းသည်ကို ဖြေကြားနေရသဖြင့် စုစု ပေါင်း မိနစ်(၄၀) မျှသာပေးထားသောအချိန်နှင့်မရ၊ တစ်နာရီခွဲ အထိပင် ကြာသွားခဲ့သည်ဟု ဆိုလေသည်။ ဆွေးနွေးပွဲအပြီးတွင် အမေရိကန်သမ္မ တကြီးက ဆရာကြီးအားအမေရိကန်သို့ကြွရောက်ရန် ဖိတ်ကြားခဲ့သည်။ ★အခါအခွင့်သင့်သည့် ဟောပြောပွဲတုိ့တွင်လည်း မြန်မာပြည်မှသံဃာ တော်တို့ ကျေးဇူးတရားကိုလည်း အထူးဂုဏ်ပြု ပြောဆို ရေးသားဟော ပြောလေ့ရှိသည်။ ထီးနန်းစွန့်ခွာသွားသော သိဒ္ဓတ္ထမင်းသားကိုယ်တိုင် မဇ္ဈိ မဒေသအိန္ဒိယ၏ ပျောက်ဆုံးနေသော ရှေးဟောင်း ဝိဿနာဘာဝနာကို ရှာဖွေပြီး ယင်းလမ်းစဉ်ပေါ်တွင် လျှောက်သွားလျက် သမ္မာသမ္ဗုဒ္ဓဘုရား စင်စစ် ဧကန်ဖြစ်လာသည်။ ယင်းလွတ်ငြိမ်းမှုကိုပေးသော ဘဝနေနည်း ပညာ ဝိပ ဿနာဘာဝနာကို ဂုရုဒေဝဂိုအင်ကာဂျီသည် သတ် မှတ်ဘောင် ခတ်ထားသော ဗုဒ္ဓဘာသာဝင်များ၏ နယ်ပယ်မှ အပြင်အပ ထုတ်ပြီးလျှင် အခြေခံကျသော အားလုံး၏ ဓမ္မအဖြစ်လည်းကောင်း၊ သစ္စာဓမ္မအဖြစ် လည်းကောင်း သိပ္ပံနည်းကျနည်းစနစ်အဖြစ်လည်းကောင်း တည်ဆောက် သည်။ ကြီးထွားအောင်လုပ်သည်။ ပြန့်နှံ့သွားအောင်လုပ်သည်။★ဆရာကြီးဦးဂိုအင်ကာသည် သီလ သမာဓိ ပညာ မဂ္ဂင်ရှစ်ပါးဝိပဿနာ တရားကျင့်စဉ် နည်းနိဿယကို အိန္ဒိယနိုင်ငံသာမကပဲ ကမ္ဘာ့နိုင်ငံအသီး သီးသို့ ပြန့်ပွားအောင် ဆောင်ရွက်ခဲ့ရာ တောင်အာဖရိက၊ ရုရှား၊ အီရတ်၊ ယူအေအီး၊ အစ္စရေး၊ မလေးရှား စသည့်နိုင်ငံများအပါအဝင် နိုင်ငံပေါင်း (၉၀)ကျော်တွင် အမြဲတမ်းဝိပဿနာရိပ်သာပေါင်း(၂၀၀) ယာ ယီတရား ရိပ်သာ(၁၂၀)၌ ဘာသာစကားပေါင်း (၅၄) မျိုးဖြင့် ကျင့်ကြံအားထုတ်နိုင်ရန် စီမံဆောင် ရွက်ပေးခဲ့ပါသည်။ တစ်ကမ္ဘာလုံးတွင် လူပုဂ္ဂိုလ်တရားပြ ဆရာပေါင်း(၁၅၀၀)ကျော် ရဟန်းတရားပြဆရာ(၁၅)ပါးတို့ဖြင့် တစ်နှစ် လျှင် ယောဂီပေါင်းတစ်သိန်းလေးသောင်း(၁၄၀၀၀၀)ကျော်ကို နှစ်စဉ် တ ရားပြသပေးလျက် ရှိနေပါသည်။

ဝင်ရောက်အားထုတ်ကြသော ယောဂီ များထဲတွင် ဘာသာပေါင်းစုံမှ ဘာသာရေးခေါင်းဆောင်ကြီးများ၊ နိုင်ငံ ခေါင်းဆောင်ကြီးများ၊ အစိုးရအမှုထမ်းအရာထမ်းများ၊ လုပ်ငန်းရှင်ကြီး များ စသည်တို့ ပါဝင်ကြပါ သည်။ ပထမဆုံး ကလေးအာနာပါနသတိ သင်တန်း ကိုလည်း အိန္ဒိယနိုင်ငံ မွန်ဘိုင်းမြို့တွင် ၁၉၈၆ခုနှစ် ဧပြီလတွင် (၄) ရက်ကြာ ရင်သွေးငယ်များအတွက် ဆရာကြီးဦးဂိုအင်ကာက သင်ကြား ပေးခဲ့သည်။ ထို့နောက်ပိုင်းတွင် ထောင်ပေါင်းများစွာသော က လေးတရား စခန်း ဆရာ/ဆရာမများသည် နှစ်စဉ်နှစ်တိုင်း သိန်းပေါင်းများစွာသော လူများကိုလည်း ကောင်း၊ ကလေးသူငယ်များကိုလည်းကောင်း၊ နည်းပေး လမ်းပြ ပြုလုပ်နေကြသည်။ ဆရာကြီးဦးဂိုအင်ကာသည်အမိမြေ မြန်မာနိုင်ငံသို့ မြန်မာနှစ်(၁၃၅၂) ခရစ်နှစ် (၁၉၉၀)ခုနှစ်တွင် ပြန်လည် ရောက်ရှိလာရာ ရန်ကုန်ရှိ ဆွေမျိုး၊ ဥာတိ၊ တပည့်၊ မိတ်ဆွေများအားလုံး ဂန္ဒီခန်းမကြီး၌ စုရုံးကြိုဆို ဂုဏ်ပြု နှုတ်ဆက်ပွဲ လုပ်ခဲ့ကြပါသည်။ ထို့ နောက် မြန်မာနိုင်ငံ၊ ရန်ကုန်မြို့ ဓမ္မဇော တိရိပ်သာတွင် (၁၉၉၃) ခုနှစ်၌ ဝိပဿနာ သင်တန်းကို ဆရာ ကြီးဦးဂိုအင်ကာ သင်ကြားပြသပေးခဲ့ပါသည်။ မြန် မာနိုင်ငံတွင် ပထမဆုံး ကလေးအာနာပါန သတိသင်တန်းကို (၁၉၉၆) ခုနှစ်တွင် စတင်ခဲ့ပါသည်။ဆရာကြီး ဦးဂိုအင်ကာမှ ရင်သွေးငယ်များအတွက် အာနာပါန ညွှန်ကြားချက်ကို အင်္ဂလိပ်လိုပေးခဲ့ပြီး ရန်ကုန်မြို့ဓမ္မဇောတိရိပ်သာမှ မြန်မာလိုပြန်ဆိုခဲ့ပါ သည်။ ထိုညွှန်ကြား ချက်များသည် မြတ်စွာဘုရား အဆုံးမအောက်တွင် နေထိုင်သော မြန်မာရင်သွေးငယ်များအတွက် သီးသန့်ညွှန်ကြားချက်များ သာဖြစ်ပါသည်။

(၂၀၀၄) ဒီဇင်ဘာလတွင် ဆရာကြီးဦးဂိုအင်ကာမှ ရှင် သာမဏေများ အတွက် သီးသန့်အာနာပါနညွှန်ကြားချက် နှင့် ဓမ္မဒေသ နာများကို အင်္ဂလိပ်လို ညွှန်ကြားခဲ့ပြီး မြန်မာလိုဘာသာပြန်ဆိုမူ ပြုလုပ်ခဲ့ ကြပါသည်။ ဂုရုဒေဝဂိုအင်ကာဂျီ၏ ပါရမီဖြည့်ဖက် ရှရီမတီဣလာယ ကျီဒေဝီဂိုအင်ကာ (မာတာကြီး)လည်း ရန်ကုန်မြို့၌ နေလျက် ဂုရုဒေဝ ဆရာကြီးဦးဘခင်ထံမှ ဝိပဿနာဘာဝနာပွားများအားထုတ်နည်း သင် ကြားလေ့လာပြီး တရားအမြင်ရင့်ကျက်လာသူ တစ်ဦးဖြစ်သည်။(၁၉၇၁) တွင် အိန္ဒိယနိုင်ငံရောက်လာပြီးနောက် လွန်ခဲ့သော (၄၆) နှစ်မှ စ ၍ ပဓာနဝိပဿနာတရားပြဆရာမအဖြစ် ဆောင်ရွက်ပြီးလျှင် ပြည်တွင်း ပြည်ပတရားစခန်းများ၌ အမျိုးသမီးများအား ဓမ္မသင်ပြပေးသည့် မွန် မြတ်သောတာဝန်ပိုင်းတွင် ဂုရုကြီးကို ကူညီလုပ်ကိုင် ပေးခဲ့သည်။ ဂုရု ဒေဝ၏ နောင်တော်နှစ်ဦးဖြစ်သော ရှရီဗာလကရိရှဏ၊ ရှရီဗာဗူလာလနှင့် ညီတော်ရာဓေသျှမ်တို့လည်း ဓမ္မပြန့်ပွားရေး လုပ်ငန်းတွင် အပြည့်အဝ အကူအညီပေးကြပြီးလျှင် သူတို့ကိုယ်တိုင် ဓမ္မနှင့်ပတ်သက်၍ ရင့်ကျက် နေ သူများဖြစ်၍ တရားပြဆရာအဖြစ် ခန့်အပ်ခြင်းခံရသူများ ဖြစ်သည်။ ယင်းတို့၏ နှမများလည်း တရားဓမ္မနှင့်ပတ်သက်ပြီး ရင့်ကျက်နေသူများ ဖြစ်၍ တရားပြဆရာမများဖြစ်လာကြပြီးလျှင် တရားစခန်းများ၌ ပံ့ပိုး ကူညီသူများ ဖြစ်နေကြသည်။ ယင်းသို့အားဖြင့် မိသားစုတစ်ခုလုံး တရား ဓမ္မဖြန့်ဖြူးရေးအလုပ်များ၌ အရေးပါ အရာရောက်သော အခန်းကပါဝင် ဆောင်ရွက်နေကြသည်။ ဆရာကြီး၏သား ဦးရွှေသည်လည်းယနေ့တိုင် မြန်မာပြည် အပြည်ပြည်ဆိုင်ရာဓမ္မဂီရိဝိပဿနာ အဖွဲ့၏ နာယကကြီး အဖြစ် အရေးပါအရာရောက်သော အခန်းက ပါဝင်ဆောင်ရွက်နေပါ သည်။

နာယကကြီးဦးရွှေ၏ဇနီး ဒေါ်ရှီလာဒေဝီသည်လည်း ဝိပဿနာ တရားပြဆရာမ အဖြစ်ဆောင်ရွက်ပြီးလျှင် အမျိုးသမီးများအား တရား ဓမ္မသင်ပြပေး၍ တရားစခန်းများ၌ ပံ့ပိုးကူညီသူဖြစ်ပါသည်။ ရှေးဟောင်း ဝိပဿနာစာပေနှင့်လည်းကောင်း ဝိပဿနာနည်းနိဿ ယည်းနှင့်လည်းကောင်း သု တေသနအလုပ် လုပ်နိုင်ရန်အတွက် အီဂတ်ပူ ရီအနီးတွင်”ဝိပဿနာသုတေသန အကယ်ဒမီ” ဌာန ဖွင့်လှစ် တည်ထောင် ထားသည်။ ဗုဒ္ဓဘုရားရှင်၏ မူ ရင်းဒေသနာတော်ဖြစ်သော ပိဋကတ်သုံးပုံ နှင့် အဋ္ဌ ကထာ၊ ဋီကာစာမျက်နှာ ငါးသောင်းခန့် ကျယ်ဝန်းသည့်စာပေကို ပါဠိပညာရှင်များ၏အကူအညီဖြင့် တည်းဖြတ်သုတ်သင်ပြီးလျှင် ကွန်ပျု တာ လုံးရေများစွာဖြင့်ရိုက်လျက် နာဂရီအက္ခရာဖြင့် အတွဲကျမ်းပေါင်း (၁၄၅) တွဲဖြင့်ထုတ်ဝေသည်။

မူရင်းပါဠိကို မြန်မာအက္ခရာ ဖြင့်လည်း ပုံနှိပ်လျက် မြန် မာနိုင်ငံပါဠိပညာရှင်များနှင့် ကျောင်းတိုက်အသီး သီး များထံ ဖြန့်ဝေပေးသည်။ ပိဋကတ်သုံးပုံ အပြည့်အစုံကို အင်္ဂလိပ် (ရိုမန်) အက္ခရာဖြင့် ပုံနိုပ်ထုတ်ဝေရန် ကြိုးစားအားထုတ်ခဲ့သည်။ ပါဠိဘာသာ ဖြင့်လည်းကောင်း ဟိန္ဒီဘာသာဖြင့်လည်းကောင်း အဓိပ္ပါယ်ဖွင့်ပြခြင်း တည်းဖြတ်ခြင်း ပုံနှိပ်ထုတ်ဝေခြင်း အ လုပ်များအပြင့် ပိဋကတ်စာပေ တစ်ရပ်လုံးကို စီ.ဒီ ရွမ်ထဲသွင်းပြီး သုတေသနပြုလုပ်ဖို့အတွက် ရှိသင့်ရှိ ထိုက်သော “ပရိဂရမ်းမင်း”ကိုလည်းလုပ်ခဲ့ပြီးပြီ။ ပါဠိပိဋကတ်စာပေ တစ် ရပ်လုံးကို “ဝက်ဗ်ဆိုက်”၌လည်း လေ့လာဖတ်ရှု၍ ရပါပြီ။ အလွန်တ ရာ ကျယ်ပြန့်ကြီးမားသော ပါဠိစာပေတစ်ခုလုံးကို ဒေဝနာဂရီ၊ ရိုမန်၊ မြန်မာ၊ ထိုင်း၊ သီရိလင်္ကာ၊ ကမ္ဘောဒီးယား၊ မွန်ဂို အဓိကအက္ခရာ (၇) မျိုးဖြင့် ထုတ်ဝေထားပြီးပြီဖြစ်၍ ယင်းအက္ခရာ (၇) မျိုးဖြင့် ရှိနေသော ပါဠိစာ ပေကို ကြည့်ရှုလေ့လာပြီး သုတေ သန လုပ်နိုင်ကြပြီ။ ဆရာကြီး၏ ဆဋ္ဌ သင်္ဂါယနာ ပိဋက စီဒီရွန်နှင့်အတူ ဓမ္မ ဂီရိဝိပဿနာသုတေသနကြီး (VRI) ၏ လုပ်ဆောင်အောင် မြင်မူများကို အင်တာနက်ဝက်ဘ်ဆိုက် “www.vri. dhamma.org”၌ တစ်ကမ္ဘာလုံးက ဖတ်ရှုလေ့လာနိုင်ကြပြီ ဖြစ်၏။ ရှရီဂိုအင်ကာဂျီသည် ဗုဒ္ဓရှင်တော်မြတ်ဘုရား၏ ဝိပဿနာနည်းနိ ဿယည်း၏ ဘာသာအစွဲဂိုဏ်း ဂဏ အစွဲကင်းပြီး အားလုံအတွက်ဖြစ် သော သရုပ် သကန်ကို ဖော်ထုတ်သည်။ ထို့ကြောင့် ဝိပဿနာနည်းနိဿ ယည်းကို ဘာသာတိုင်း၊ ဂိုဏ်းဂဏတိုင်းက တွန့်ဆုတ်ခြင်းအလျဉ်းမရှိဘဲ လက်ခံကြသည်။ ဝိပဿနာတရားရိပ်သာများ မဖွင့်လှစ်နိုင်ခင်က အိန္ဒိယ နိုင်ငံ၌ ဟိန္ဒူဘုရားကျောင်းများ၌လည်း ကောင်း ဗုဒ္ဓဘာသာဘုန်းကြီး ကျောင်းများ၌လည်း ကောင်း မွတ်စင်ဗလီများ၌လည်းကောင်းခရစ်ယာန် ချာ့ခ်ျများ၌လည်းကောင်း တရားစခန်းများ ဖွင့်လှစ်ခဲ့သည်။

ယင်းဘာသာ အားလုံံးက ပုဂ္ဂိုလ်များသည် အရေအတွက် အမြောက်အများ ဝိပဿနာ တရားစခန်းများတွင် တရားလာထိုင်ကြသည်။★ဗုဒ္ဓဘာသာနိုင်ငံများအပြင့် ဒူဘိုင်း၊ အိုမန်၊ ကဂျာကိစတန်၊ ပါကစ္စတန်၊ တူရကီ၊ မလေးရှား၊ အီရန်၊ အင်ဒိုနီးရှား စသော မွတ်စလင်နိုင်ငံများ၌ လည်း ကောင်း အစ္စရေးလို ရဟူဒီနိုင်ငံများ၌လည်းကောင်း ဥရောပ၊အမေ ရိက၊ သြစတြေလိယား၊ နယူးဇီလန်လို ခရစ်ယာန်နိုင်ငံများ၌လည်း ကောင်း ဝိပဿ နာတရားရိပ်သာများ ဖွင့်လှစ်ပြီး ဖွင့်လှစ်ဆဲဖြစ်သည်။ တရားအမြင် ထက်သန်ကြီးထွားရေးအတွက်ယောဂီ များအဆင်ပြေစေရန် (၁)ရက် တရားစခန်းမှ စ၍ ရက်(၆၀)တရား စခန်းအထိ စီစဉ်ထား သည်။ ဦးဂိုအင်ကာပြသသော တရားပတ်များတွင် မဝင်ဘူးသေးသော လူသစ်များအတွက် ပထမဆုံး ဆယ်ရက်တရားပတ်ကို တရားထိုင်ဖို့ လို အပ်ပါသည်။ ယခုအခါ ကမ္ဘာ့နိုင်ငံပေါင်း (၉၀) ကျော်တွင် ဆရာ ကြီးဦးဂို အင်ကာကို အကြောင်းပြု၍ ဖွဲ့စည်းထားသော အပြည်ပြည်ဆိုင်ရာ ဓမ္မဂီ ရိဝိပဿနာအဖွဲ့၏ ရိပ်သာခွဲပေါင်း (၂၀၀) ကျော် တည်ထောင်ထားပြီး ဖြစ်ပါသည်။ အပြည်ပြည်ဆိုင်ရာ ဓမ္မဂီရိဝိပဿနာ အဖွဲ့မှ ခန့်အပ်ထား သော တရားပြဆရာ/ဆရာမများမှ ဆရာကြီးဦးဂိုအင်ကာ၏ အသံကို သွင်းထားသော တိတ်၊ စီဒီ၊ ဗီစီဒီများ အသုံးပြု၍ လယ်တီဆရာတော် ဘုရားကြီးနည်းနိဿယည်းအတိုင်း တရားရိပ်သာများတွင် တရားပြသ ကြပါသည်။ ★အိန္ဒိယ စီးပွားရေးအချက်အချာမြို့တော်မန်ဘိုင်းမှာ (၃၂၅)ပေမြင့်တဲ့ဝိပဿနာကမ္ဘာ့စေတီကြီးတည် ထားခဲ့ပါတယ်။ နှစ်ထောင်ပေါင်းများစွာအထိ တည် တံ့မယ်လို့အာမခံထားတဲ့ ကျောက်သားသန့်သန့်နဲ့ချည်း တည် ဆောက်ထားပြီး အမိုးခုံးကြီးဟာ ကမ္ဘာ့အကြီးဆုံးတိုင်မဲ့ ကျောက်သား အမိုးခုံးကြီးဖြစ်ပါတယ်။

အမိုးခုံးကြီးဟာ အကျယ် (၂၈၀) ပေ နဲ့ အ မြင့် (၉၀) ပေရှိပြီး လူပေါင်း(၈၀၀၀)တပြိုင်တည်း စုပေါင်းတရားထိုင်နိုင် လောက်အောင် ကျယ်ဝန်းပါတယ်။ ရင်ပြင်တော်တွင်ယောဂီပေါင်း (၂၀၀၀၀) တစ်ပြိုင်နက် တရားထိုင်နိုင်ပါသည်။ ဗုဒ္ဓဓာတ် တော်တွေကို ကမ္ဘာ့စေတီကြီးမှာ ဌာပနာခဲ့ပါသည်။ နောက်ထပ် ဓာတ်တော်တွေ လုံခြုံ စွာဌာပနာဖို့လည်းစီစဉ်ထားပါတယ်။ နောင်လာ မဲ့နှစ် ထောင် ပေါင်းများ စွာက အနာဂါတ်မျိုးဆက်တွေ ဗုဒ္ဓဓာတ် တော်တွေကို ပူဇော်ကတော့နိုင် အောင် ဒီဗုဒ္ဓဓာတ် တော်တွေဟာ ကမ္ဘာ့စေတီကြီးတည်နေသမျှ ကာလ ပတ်လုံး လုံခြုံစွာတည်တံနေ ကြပါလိမ့်မည်။ ကမ္ဘာ့စေတီကြီး ပြီးမြောက် ဖို့ စုစုပေါင်း အိန္ဒိယရူပီကုဋေတစ်ရာ(ဒေါ်လာ ၂၄သန်း)ခန့်ကုန်ကျခဲ့ပါ သည်။ မန်ဘိုင်းမြို့နားက အလှူခံရရှိထားတဲ့ ဒေါ်လာ(၅)သန်းတန်သော မြေ (၁၁) ဧကပေါ် မှာတည်ထားပါတယ်။

စေတီတော် အပြင်ပန်းပိုင်းမှာ ရွှေတိဂုံစေတီတော်မြတ်ကြီးနဲ့တူပြီး အတွင်းမှာ လှိုက်ဂူပါတဲ့ ကမ္ဘာ့စေတီ တော်ကြီးဟာ ရွှေတိဂုံ စေတီတော်မြတ်ကြီးကို ဦးညွှတ်တဲ့အနေနဲ့ ရွှေတိ ဂုံစေတီတော် ထက် (၁)ပေလျော့ပြီး (၃၂၅)ပေ ညဏ်တော်အမြင့် နဲ့ မန်ဘိုင်းမြို့ ကောင်းကင်ယံမှာ ရွှေရောင်ထွန်းလင်းတောက်ပစွာဖြင့် နောင်နှစ်ပေါင်းများစွာ အထိ ထင်ထင်ရှားရှား တည်ရှိ နေပါတော့မည်။ဆရာကြီးဦးဂိုအင်ကာဟာ သူ့ဘ၀ရဲ့နောက်ဆုံးလတွေမှာတော့ ဘီးတပ် ကုလားထိုင်ပေါ်မှာပဲ ကုန်လွန်ခဲ့ပါတယ်။ နာကျင်ခံစားရတဲ့ဝေဒနာကလည်း ပိုတိုး တိုးလာတယ်။ ဒါပေမယ့် သူ့ရဲ့ နေ့စဉ်ဆောင်ရွက်မြဲ လုပ်ငန်း ဆောင်တာတွေကိုတော့ မပျက်ကွက်အောင် ကြိုးစားအားထုတ်ခဲ့ပါ တယ်။ ဗုဒ္ဓဘုရားရှင်ကိုယ်တော်မြတ်ကြီးရဲ့ နောက်ဆုံး ကာလတွေမှာ တောင်မှ သတ္တဝါဝေနေယျတွေ အကျိုးကျေးဇူးများအောင် ဆောင်ရွက် တော်မူခဲ့ပုံ တွေအကြောင်း မကြာခဏ ပြန်ပြောင်းသတိရနေခဲ့ပါတယ်။ ဆရာကြီးဦးဂိုအင်ကာ အနေနဲ့ ဒီလိုကြီးမြတ်လှတဲ့ စံနမူနာကောင်းအ တိုင်း လျှောက်လှမ်းဖို့ ရည်မှန်းချက်ထားပါတယ်။ ဓမ္မလုပ်ငန်းတွေကို စိတ်၀င်တစားဆက်လက် ကြပ်မတ် ဆောင်ရွက်ခဲ့ပါတယ်။ ဧည့်သည် တွေနဲ့ တွေ့ဆုံမှုတွေကိုလည်း ဆက်လက်လုပ်ဆောင်နေခဲ့တယ်။★ ဆရာကြီးရဲ့ နောက်ဆုံးနေ့မှာတော့သားဖြစ်သူ ရှရီပရာကက်ရ်ှကို ဝိ ပဿနာစေတီကြီးတည်ဆောက် မှုအခြေအနေ ဘယ်လို ခရီးဆက်နေသလဲ ဆိုတာကို နံနက်စောစော နံနက်စာ စားချိန်မှာမေးပါတယ်။ ရှရီပရာ ကတ်ရှ် ကလည်း သူ ဒီနေ့ပဲ ဝိပဿနာစေတီတော်ကြီးဆီသွားမှာဖြစ်ပြီး ပြန်လာတဲ့အခါ အပြည့် အစုံ တင်ပြပါ့မယ် လို့ဖြေခဲ့တယ်။ နေ့လည်ခင်း မှာတော့ ဆရာကြီးဟာ ဒိုဟာကဗျာ (၅၀၀) ကို နောင်အလျဉ်းသင့်တဲ့ တစ်ချိန်ချိန်မှာ ထုတ်ဝေနိုင်ဖို့ ရွေး ချယ်နေခဲ့တယ်။ ကဗျာတွေနဲ့ အလုပ် လုပ်ရတာကို သူ နှစ်သက်သဘောကျလေ့ရှိပါတယ်။

နေ့လည်စာ စားချိန် မှာတော့ ဆရာ၀န်တွေ နားကြပါစေတော့လို့ ဆရာကြီးက မာတာကြီးကိုပြောပါတယ်။ ဆရာကြီး အနေနဲ့ ဒီ တစ်နေ့တာ ကို တိတ်တိတ်ဆိတ်ဆိတ် အ နှောင့်အယှက်ကင်းကင်းနဲ့ ကုန်ဆုံးဖို့လိုလားနေပုံပါပဲ။ နေ့လယ် လက်ဖက်ရည် သောက်ပြီးတဲ့အချိန်မှာတော့ ဆရာကြီးဟာ သတင်းစာ တွေထဲက အဓိကသတင်းတွေကိုဖတ်ရှုပါတယ်။ ပြီးတော့ သူ့အခန်းထဲ ၀င်သွားပြီး ဘီးတပ်ကုလားထိုင်ပေါ်မှာတရားရှုမှတ်ပါတယ်။ နောက် တိတ်တိတ် ဆိတ်ဆိတ်ပဲ ညစာ စားတယ်။ စားပြီးတာနဲ့ သူ့အခန်းထဲ တန်းပြန်သွားကာ ကုလားထိုင်ပေါ်မှာ တရားရှုမှတ်ပါတယ်။ နောက် တိတ်တိတ် ဆိတ်ဆိတ်ပဲ ညစာ စားတယ်။ စားပြီးတာနဲ့ သူ့အခန်းထဲ တန်းပြန်သွားကာ ကုလားထိုင်ပေါ်မှာ တရားရှုမှတ်ပါ တယ်။ ပြီးတော့ ကုတင်ပေါ်ရွေ့ပေးဖို့ အကူအညီတောင်းပါတယ်။ကုတင်ပေါ်လှဲလိုက် တာနဲ့ အသက်ရှုသံမြန်လာတယ်။ မာတာကြီးအခန်းထဲ၀င်လာတဲ့အခါမှာ ဒါကို သတိ ပြုမိသွားတဲ့အတွက် သားဖြစ်သူရှရီပရာကတ်ရ်ှကို လှမ်းခေါ် တယ်။ ဆရာကြီးက မျက်လုံးဖွင့်ကြည့်ပြီး အသိအမှတ်ပြုကြောင်းပြ တယ်။ ဒါပေမယ့် စကား မပြောတော့ဘူး။ ရှရီပရာကတ်ရှ် က မိသားစု ဆရာ ၀န်ကို လှမ်းခေါ်တယ်။ ဆရာ၀န်ကချက်ချင်းရောက် လာပါတယ်။ ဒါပေမယ့် အသက်ရှုသွင်းလိုက်တယ်။ အသက်ရှုထုတ်လိုက်တယ်။ အ သက် ရှု မှု ချုပ်ငြိမ်း သွားတယ်။ နှလုံးသားက အသက် ရှုမှုကို ရပ်တန့် သွားစေ ခဲ့ပါတယ်။ ဆရာကြီးရဲ့မျက်နှာပေါ်မှာ ဝေ ဒနာခံစားရတဲ့ လက္ခ ဏာမရှိသလို မည်သည့်ဖိစီး မှုမျိုးမှ မရှိခဲ့ပါ။

အခန်း တစ်ခုလုံးတည်ငြိမ် အေးမြလှစွာသော အငွေ့အသက်များနဲ့ ငြိမ်းချမ်းနေခဲ့ပါတော့တယ်။ ဆရာကြီးဦးဂိုအင်ကာသည် အသက်(၉၀) အရွယ် (၂၀၁၃)ခုနှစ် စက်တင် ဘာလ (၂၉) ရက်နေ့ည ဆယ်နာရီ မိနစ်လေးဆယ်တွင် အိန္ဒိယနိုင်ငံ မွန် ဘိုင်းမြို့နေအိမ်၌ လူကြီးရောဂါဖြင့် ကွယ်လွန်ခဲ့ပါသည်။ ရှည်လျားလှတဲ့ ဘ၀ တစ်ခုကို ဓမ္မနဲ့ထပ် တူထပ်မျှ တစ်သားတည်းကျအောင် နေထိုင်ကျင့် ကြံခဲ့သူ တစ်ဦးရဲ့ ဝိပဿနာတရားရိပ်သာ များက တော့ ကမ္ဘာ့အနှံ မှာ ဆက်လက်အောင်မြင့်စွာ ဖွင့်လှစ်တရားပြသနေဆဲဖြစ်ပါတယ်။ ဆရာကြီးဦးဘခင်နှင့် ဆရာကြီးဦးဂိုအင်ကာတို့အကြောင်း ဖတ်မှတ် လေ့လာရာတွင် ဤ ဆရာကြီးနှစ်ဦးတို့မှာ ပါရမီရှင်များဖြစ်ကြောင်း နှ လုံးသွင်းထား၍ ဆရာကြီးနှစ်ဦးတို့၏ သီလဂုဏ်၊ သမာဓိ ဂုဏ်၊ ပညာ ဂုဏ်ကို လေးစားအားကျစိတ်ဖြင့် မိမိလည်း ပါရမီရှင်ဖြစ်အောင် ယခု ဘဝတွင် ပါရမီဖြည့်သွားရမည်ဟု နားလည်ခံယူပြီး ဖတ်ရှုမိပါသည်။ ကျွန်တော်တို့အား တရားဓမ္မအလင်းရောင်ပေး၍ ဝိပဿနာညဏ်ရင့်သန် စေခဲ့ပြီး ဝိပဿနာတရားများကမ္ဘာ့သို့ ပြသ လမ်းညွှန်ဆုံးမညွှန်ကြားပေး ခဲ့သော ဓမ္မဖခင်ကြီး ဦးဂိုအင်ကာအား ဤ စာပိုဒ်ဖြင့် ရိုသေလေးစားစွာ ဖြင့် ရှိခိုးပူဇော်ပါသည်။ ဤကုသိုလ် အဖို့ပါကသည် နိဗ္ဗာန်ရောက် ကြောင်း အထောက်အပံ ဖြစ်ရပါလို၏။

ဆရာကြီးအတ္ထုပတ္တိအကျဉ်းတွင် အချက်လက်လွဲမှားမှုများပါရှိပါက ဝေဖန် ထောက်ပြ သင်ကြားပေးကြပါရန်နှင့် ကျွန်တော် ၏ လေ့လာမှတ် သား၍ တင်ပြမှုများက လွဲချော်မှုပါက ခွင့်လွတ်နားလည် ပေးကြပါရန် လေးစားစွာဖြင့် မေတ္တာရပ်ခံပါသည်။ မှားယွင်းမှုရှိပါကလည်း အပြည်ပြည်ဆိုင်ရာဓမ္မဂီရိဝိပဿနာအဖွဲ့နှင့် မသက်ဆိုင်ပါ စုစည်းတင်ပြသူ ကျွန်တော်၏ အားနည်းချက်သာ ဖြစ်ပါသည်။ ဆရာကြီးဦးဂိုအင်ကာ ကွယ် လွန်ခြင်း(၇)နှစ်ပြည့် အမှတ်တရအဖြစ် တင်ပြပေးပါသည်။

NYOLONE ကောက်နှုတ်ချက်စာအုပ်များ

၁။ဝိပဿနာစရိယ ရှရီဆတျနာရာယဏဂျီ ၏ အတ္ထုပတ္တိအကျဉ်း၂။Children Anapana Courses In Myanmar 1996-2010၃။ဂိုအင်ကာနှင့်သူ၏ခေတ်ပြိုင်များ(ပါရဂူ)၄။ဝိပဿနာသတင်းလွှာများ၅။ကမ္ဘာ့ငြိမ်းချမ်းရေးဗိသုကာကြီး ဓမ္မာစရိယဦးဌေးလှိုင် ၆။ ဦးဂိုအင်ကာ၏ ဓမ္မမှတ်တိုင်များ#Credit_Aye min han#CRDJohnVinoth#နော်ဂဲလယ်ထူး(စာပေပရဟိတ)

Likes:
0 0
Views:
596
Article Categories:
BooksHistoryKNOWLEDGE

Leave a Reply

Your email address will not be published. Required fields are marked *