“ရေခဲရေ” ကိုကြိုက်တယ်

“ရေခဲရေ” ကိုကြိုက်တယ်။ကြီးတော့မှကျမ်းမာရေးအရနည်းနည်းရှောင်တာ။အရင်တုံးကရေခဲ‌ရေအရမ်းသောက်ခဲ့တယ်။ရေခဲသေတ္တာဆိုတာအရင်ကအိမ်တိုင်းရှိတာမဟုတ်ဘူး။ပိုက်ဆံရှိလူတန်းစားရဲ့ခေတ်မှီအသုံးအဆောင်တခုပါ။

ရေခဲသေတ္တာရှိတဲ့သူငယ်ချင်းအိမ်ရောက်ရင်အနည်းဆုံးရေခဲရေတခွက်သောက်လိုက်ရမှကျေနပ်တယ်။အအေးဆိုင်မှာရေခဲသုပ်စားမှရေခဲရေတခွက်အလကားချပေးတာ။

ဒီအတိုင်းရေခဲရေကြီးပဲမှာသောက်တဲ့သူအနည်းအကျဉ်းရှိတယ်ရှားတယ်။ရန်ကင်းက မထသ ၇(အနီ)စီးသွားပြီးဆူးလေရောက်ပြီဆိုတာနဲ့ “ ရေခဲရေ….ရေခဲရေ ” အသံကိုဆူညံအောင်ကြားရလိမ့်မယ်။အဲ့ဒီတုန်းက “ရေခဲရေသည်” ဆိုတာအခုကွမ်းယာဆိုင်မြင်ရသလို‌ နေရာတိုင်း။

အရင်းအနှီးနည်းတော့အခြေခံလူတန်းစားအတွက်အလုပ်အကိုင်အခွင့်ကောင်းတခု။ရေထည့်ထားတဲ့ဒန်ချိုင့်ကြီးကိုစတီးခွက်နဲ့တဒေါင်ဒေါင်ခေါက်ရင်း “ရေခဲရေ…ရေခဲရေ” အဆက်မပြတ်အော်သံနားငြီးအောင်ကြားရလိမ့်မယ်။

ရေခဲတုံးကိုရေစစ်နှစ်ခုသုံးခုနဲ့ခံထားပြီးရေခဲတုံးပေါ်ကရေကိုအောက်ကခွက်ထဲခဏခဏလောင်းချမယ်။မျက်လုံးကျီးကန်းတောင်းမှောက်နဲ့ရေခဲရေသောက်မဲ့သူရှာနေလိမ့်မယ်။

နောက်ဆုံးမှတ်မိတာတခွက်ငါးမူးထင်တယ်။ ၈၈၈၈ ပြီးကာစ ၁၉၈၉ နှစ်ဆန်းပိုင်း။အဲတုန်းကလဖက်ရည်တခွက်ငါးကျပ်။ခေတ်တဖြည်းဖြည်းပြောင်းသွားပြီ။

ရန်ကုန်မြို့လယ်နေရာတိုင်းလွှမ်းမိုးထားနိုင်တဲ့တခေတ်က “ရေခဲရေသည်” ကိုအခုခေတ်ကလေးတွေသိချင်မှသိတော့မှာ။

လွင်ဦး(ရန်ကင်း)#lwinooyankin

Likes:
0 0
Views:
397
Article Categories:
HistoryKNOWLEDGE

Leave a Reply

Your email address will not be published. Required fields are marked *