ဖခင်ရဲ့မျက်နှာကို မထောက် တိုင်းပြည်အား သစ္စာဖောက်ခဲ့သူ

မြန်မာသက္ကရာဇ် ၁၂၁၄ ခုနှစ် ပုဂံမင်းလက်ထက်၌ နယ်ချဲ့အင်္ဂလိပ် နှင့် မြန်မာတို့ ဒုတိယအကြိမ်စစ်ပွဲဖြစ် ကြ၏။ ထိုကာလတွင် အင်္ဂလိပ်တို့၏ နယ်ချဲ့ရန်စမှုကို ခေါင်းငုံ့မခံပဲ စွမ်းစွမ်းတမံတွန်းလှန်ခဲ့ကြတဲ့မြန်မာ့ သူရဲကောင်းများစွာ ထွက်ပေါ်လာခဲ့ပါတယ်။ လက်နက်ချင်း မည်မျှ ကွာခြားစေခါမှု လက်ရုံးရည်နှလုံးရည် ပြည့်စုံသော မြန်မာစစ်သည်တို့အား အင်္ဂလိပ်တို့ အလွယ်တကူ အောင်ပွဲ မခံနိုင်ခဲ့ပါချေ။

ပထမ အင်္ဂလိပ်-မြန်မာ စစ်ပွဲတွင် စစ်သူကြီးမဟာဗန္ဓုလ နှင့် မြဝတီမင်းကြီး ဦးစ တို့ပူးပေါင်းတိုက်ခဲ့သောပန်းဝါစစ်ပွဲဟာ နယ်ချဲ့အင်္ဂလိပ်တို့ကို အကြီးအကျယ်ရှုံးနိမ့်စေတဲ့ တိုက်ပွဲအဖြစ်ရာဇဝင် တွင်ခဲ့ပါတယ်။

စစ်သူကြီး ဗန္ဓုလ၏စွမ်းရည်ကို ဗြိတိသျှတို့ လေးစားခဲ့ရပါတယ်။ သူဟာ စစ်ရေးစစ်ရာ အတိုက်အခိုက် ကျွမ်းကျင်သည်သာမက အအုပ် အချုပ်၊ စီမံခန့်ခွဲမှု၊ တပ်ချီတပ်ဆုတ် တို့အပြင် ခံတပ်ဆောက်ရာ၌လည်း ကျွမ်းကျင်လှပါတယ်။

ဗန္ဓုလရဲ့ နောက်ဆုံးတိုက်ပွဲဖြစ်သော ဓနုဖြူ တိုက်ပွဲမှာ မြန်မာနှင့် အင်္ဂလိပ်တို့ လူအင်အားရော လက်နက်အင်အားပါ အလွန်ကွာခြားခဲ့ပါတယ်။ သို့သော် ဗန္ဓုလက မမူပဲအပြင်းအထန်ပြန်လည် တိုက်ခိုက်ခဲ့ပါတယ်။ ထိုအတွင်းမှာပဲ အမြှောက်ဆံတစ်ခု အနီးတွင် ပေါက်ကွဲပြီး ဗန္ဓုလ ကျဆုံးခဲ့ ရပါတယ်။ ထိုအချိန်၌ ဗန္ဓုလ အသက်ဟာ ၃၂ နှစ် သာ ရှိသေး ပါတယ်။ အလွန်ရဲရင့်သော သူရဲကောင်းပင်..

ဗန္ဓုလအလွန် နယ်ချဲ့ တို့နှင့် ဒုတိယအကြိမ်စစ်မက် ဖြစ်ပွားခဲ့ရာပုဂံမင်းက မင်းလှမဟာမင်းခေါင်ရာဇာ ဘွဲ့ခံ သုံးဆယ်ဝန်ကြီး အားခေါ်ယူခဲ့ပါတယ်။ စစ်သည်အင်အား ၂ သောင်း ခန့် ဖြည့် တင်းပေးလိုက်ပြီး အင်္ဂလိပ်တို့အား ကြိုတိုက်ရန် ရန်ကုန်သို့စေလွှတ်ခဲ့ပါတယ်။

ထိုအချိန်မှာပဲ သမိုင်းတွင် အရုပ်ဆိုးအကျည်းတန် လှတဲ့ ဖြစ်ရပ်တစ်ခုပေါ်ပေါက်ခဲ့ပါတယ်။ မင်းလှမင်းခေါင်ဟာ အင်္ဂလိပ်တို့အားမတိုက်ဝံ့ပဲ နယ်ချဲ့တို့ရဲ့ လက်အောက်သို့ခိုဝင် သွားခဲ့တာကြောင့်ပါ။

တိုင်းပြည်အပေါ် သစ္စာဖောက်ခြင်းအား ကြားရသူတိုင်း တအံတသြရင်ထုမနာ ဖြစ်ခဲ့ရပါတယ်။ အခြားသူဆိုရင် ကိစ္စမရှိ။ အကြောင်းကား သုံးဆယ်ဝန်ကြီး မင်းလှမင်းခေါင်ဟာ မြန်မာ့သမိုင်းမှာ ရဲရင့်ပြောင်မြောက်လှပါတယ်ဆိုတဲ့ စစ်သူကြီးမဟာဗန္ဓုလရဲ့ သားအရင်းစစ်စစ်ဖြစ်နေတာကြောင့်ပင်။

ဖခင်က မျိုးချစ်အာဇာနည်၊ သားကား အမျိုးသားသစ္စာဖောက်၊ အံသြဖို့ကောင်းလေစွ..

Likes:
0 0
Views:
1015
Article Categories:
HistoryKNOWLEDGE

Leave a Reply

Your email address will not be published. Required fields are marked *