မြစ်ကြီးလည်း မခမ်းစေနဲ့ သစ်ပင်ကြီးလည်း မလဲစေနဲ့ ထုံးအိုးကြီးလည်း မကြဲစေနဲ့ ဆိုတဲ့ စကားကြီး သုံးခွန်း အဓိပ္ပါယ်

မြစ်ကြီးလည်း မခမ်းစေနဲ့ သစ်ပင်ကြီးလည်း မလဲစေနဲ့ ထုံးအိုးကြီးလည်း မကြဲစေနဲ့ ဆိုတဲ့ စကားကြီး သုံးခွန်း အဓိပ္ပါယ်

ရွှေစကားကြီး သုံးခွန်း၁ ။ မြစ်ကြီးလည်း မခမ်းစေနဲ့၂ ။ သစ်ပင်ကြီးလည်း မလဲစေနဲ့၃ ။ ထုံးအိုးကြီးလည်း မကွဲစေနဲ့ကြားတော့ကြားဖူး၏ သို့သော်တွင်တွင်ကျယ်ကျယ် သိသူတော့ ရှား၏မြစ်ကြီးလည်း မခမ်းစေနဲ့မြစ်ကြီးလည်းမခမ်းပါစေနဲ့ ဆိုတာ ကြည်လင်အေးမြတဲ့ တသွင်သွင်စီဆင်းနေတဲ့မြစ်ကြီးနဲ့တူတဲ့ မေတ္တာတရားများ လူသားတွေမှာ မခမ်းခြောက်ပါစေနဲ့ လို့ ဆိုလိုခြင်းဖြစ်၏ ၊

လူသား အချင်းချင်း ဆွေမျိုး မိတ်သင်္ဂဟအချင်းချင်း မေတ္တာထားပြီး နေထိုင်ကြမယ်အားလုံးသော သတ္တဝါအနန္တ အပေါ်မှာလည်း မေတ္တာစမ်းရေများ မခမ်းခြောက်အောင် အမြဲပွားများပြီး နေထိုင်ကြရပါမယ်မြစ်အတွင်းမှာစီးဆင်းနေတဲ့ စမ်းရေသည်ကြည်လင်အေးမြတဲ့ သဘောရှိသလို သတ္တဝါအားလုံးအပေါမှာ ပွားများနေတဲ့မေတ္တာဆိုတာလည်းကြည်လင်အေးမြလှ၏ ၊

မေတ္တာ ပွားများသူရဲ့ သန္တာန်မှာ မေတ္တာဓာတ်တွေ ဝင်ရောက်လာပြီဆိုယင် အဲ့ဒီပုဂ္ဂိုလ်ရဲ့ နှလုံးသားဟာလဲ တခြားအချိန်မှာ ဖြစ်နေတဲ့ နှလုံးသားနဲ့မတူတော့ဘဲ ကြည်လင်လာ၏ ဘုရားရှင်က စိတ္တေ ပသန္နေ လောဟိတံ ပသီဒတိ လို့မိန့်၏စိတ်ကြည်လင်လာပြီဆိုယင် ရုပ်လဲကြည်လင်လာ၏

အထူးသဖြင့် မေတ္တာ အမြဲပွားများနေတဲ့ပုဂ္ဂိုလ် ရဲ့ မျတ်နှာဟာ သာမန်ပုဂ္ဂိုလ်တွေနဲ့ မတူတော့ပါဘူး ၊ သတိထားကြည့်ယင် ကွာခြားနေတာ တွေ့ရပါလိမ့်မယ်ဘာကြောင့်လဲဆိုတော့ မေတ္တာ ဆိုတဲ့ အကြည်ဓာတ်ကလေးက သူ့သန္တာန်မှာ ကိန်းဝပ်နေလို့ပါဘဲ ။

သစ်ပင်ကြီးလည်း မလဲစေနဲ့သစ်ပင်ကြီးဆိုတာ ဘုရား တရား သံဃာ လို့ခေါ်ဆိုအပ်တဲ့ ရတနာသုံးပါး ကို ဆိုလိုခြင်းဖြစ်၏ ။ပကတိ သစ်ပင်ကြီးသည် အကိုင်းအခတ် ဝေဝေစာစာလည်း ရှိတယ် ၊ ပင်စည်ကလဲ ပြန့်ပွား အရိပ်အာဝါသ လည်း ကောင်းနေမယ်ဆိုယင် အဲ့ဒီ သစ်ပင်ကြီးရဲ့ အရိပ်မှာ သတ္တဝါ ခိုနားနေနိုင်၏ ၊

ထို သစ်ပင်ရဲ့ အရိပ်အောက် ဝင်လိုက်တာနဲ့တပြိုင်နက်ထဲ ကိုယ်စိတ်နှစ်ပါးအေးချမ်းမှုကိုခံစားရသလိုပါဘဲ ရတနာသုံးပါး ဆိုတဲ့ အရိပ်ဟာလည်းဝင်ရောက် ခိုနားတဲ့ သတ္တဝါတိုင်းကိုကိုယ်စိတ်နှစ်ပါး အေးမြမှုကိုအပြည့်အဝပေးနိုင်၏ ။

ဝင်ရောက် ခိုနားတဲ့ သူတိုင်းဟာ ရတနာသုံးပါး ရဲ့အရိပ်ကြောင့် ကိုယ်စိတ်နှစ်ပါး ငြိမ်းချမ်းသွားတာခြည်းပါဘဲ ။ဒါကြောင့် ရှေးလူကြီး သူမများက မိမိကို အရိပ်အာဝါသပေးနေတဲ့ သစ်ပင်ကြီးကို ခုတ်လဲ မမိပါစေနဲ့ လိုပြေားဆိုကြခြင်းဖြစ်၏ ထို့အတူပါဘဲမိမိတို့ နားခိုရာ အားထားရာကိုးကွယ်ရာ ဖြစ်တဲ့ ရတနာသုံးပါး အရိပ်ကိုလဲ မပစ်ပယ်ရဘူး မမေ့ရဘူးဘာကြောင့်လဲ ရတနာသုံးပါးရဲ့ဂုဏ်ကျေးဇူးဟာသိပ်ပြီးတော့ကြီးမားလို့ပါဘဲ သစ်ပင်ကြီးရဲ့ အရိပ်ဟာ

အေးမြသလိုရတနာသုံးပါး ၏အရိပ်ဟာလည်း ပစ္စုပ္ပန်ဘဝသာမကတမလွန်ဘဝအတွက်ပါ ငြိမ်းအေးမှုကိုပေး၏ဒါကြောင့် ရတနာသုံးပါး လို့ ခေါ်ဆိုရတဲ့ သစ်ပင်ကြီးကို မမေ့ပါနဲ့ အမြဲသတိရပြီးကိုးကွယ်ဆည်းကပ်ရမည်ဟုဆိုလို၏ ။

ထုံးအိုးကြီးလည်း မကွဲပါစေနဲ့ထုံးအိုးကြီးဆိုတာ ရှေးက မိဘ ဘိုးဘွား တွေရဲ့ အစဉ်အလာလုပ်ထုံး လုပ်နည်းကိုပြေားတာပါဘဲမိဘ ဘိုးဘွား တွေရဲ့ ယဉ်ကျေးမှု အစဉ်အလာ ကောင်းများ ၊ မိဘဘိုးဘွား တွေပြုခဲ့တဲ့ဘာသာရေး သာသနာရေးအစဉ်အလာကောင်းမြတ်တဲ့ ထုံးတမ်စဉ်လာတွေ အဆုံးအမတွေ အကျင့်စာရိတ္တတွေ အားလုံးကို မဖျတ်စီးရဘူး မမေ့ပျောက်ရဘူးအစဉ်လာကို ထိန်းသိမ်းပြီး ဆတ်လက်ဆေင်ရွက်ရမယ် ဒါကိုဘဲ ထုံးအိုးကြီး မကွဲစေနဲ့ ´´ ဟုပြေားဆိုခြင်းဖြစ်၏ ။

ဒါကြောင့် ဗုဒ္ဓဘာသာ သူတော်စဉ် ပုဂ္ဂိုလ် များရှေးက ဆုံးမခဲ့တဲ့ “ စကားကြီး ´´ သုံးခွန်း၏အဓိပ္ပါယ် ကို နားလည်နိုင်ပါစေနားလည်သည်အားလျှော်စွာ ကျင့်သုံးနိုင်ပါစေ ကျင့်သုံးနိုင်သည်အလျှောက် ဘာသာ သာသနာကို ထိမ်းသိမ်း စောင့်ရှောက် နိုင်ကြပါစေမိမိကိုယ်ကို ချမ်းသာအောင် ဆောင်ရွက်နိုင်ပါစေ။#

crdဒေါနမောင် # နော်ဂဲလယ်ထူး(စာပေရဟိတ)

Likes:
0 0
Views:
469
Article Categories:
စကားပုံ

Leave a Reply

Your email address will not be published. Required fields are marked *